အင်္ဂလိပ်စာ လေ့လာနည်း ၊ ဘယ်က စလေ့လာရမလဲ ? ( English Lessons for Myanmar )

Поделиться
HTML-код
  • Опубликовано: 8 фев 2025
  • အင်္ဂလိပ် ဘာသာစကား လေ့လာချင်ရင်
    👉 ဘယ်က စလေ့လာသင့်လဲ ?
    👉 ဘာတွေ စလုပ်သင့်လဲ ?
    👉 အခြေခံ အားနည်းရင် ဘယ်က စရမလဲ ? ဆိုတာကို သိချင်နေသူတွေအတွက်
    ရေရှည် အကျိုးရှိစေမယ့် အကြံပြုချက်တွေကို
    ဒီ Video မှာ မိနစ် ၄၀ စာလောက် သေချာရှင်းပြပေးထားပါတယ် ။
    ( အဲ့လို မိနစ် ၄၀ လောက် အကြံပြုချက်တွေ ရှင်းပြပြီးတဲ့
    နောက်ပိုင်း ၁၅ မိနစ်လောက်မှာတော့
    ကျွန်တော်တို့ Active English က စီစဉ်ပေးနေတဲ့
    သင်တန်းတွေ အကြောင်း ထပ် ရှင်းပြပေးထားပါတယ် )
    ! ဒီ Video က လွန်ခဲ့တဲ့ ၃ နှစ်လောက် - အာဏာမသိမ်းခင် က ဆိုတော့
    သင်တန်းကိစ္စတွေက ဘောင်မဝင်တော့ပါဘူးဗျာ ။
    ၅၀၅ - က နဲ့သတင်းစာ ၊ TV ထဲ ဝရန်း ပါလာချိန်က စပြီး သင်တန်း အားလုံး နားထားလိုက်ရပါပြီ ။ !
    ကျွန်တော်တို့ ဆီမှာ သင်တန်းတက်ဖြစ်မှ မဟုတ်ပဲ
    သင်တန်း မတက်ပဲ
    ကိုယ့်ဘာသာ တိုးတက်အောင် လေ့လာချင်တယ်ဆိုရင်လည်း
    ဒီ အကြံပြုချက်တွေကို လိုက်နာဖြစ်မယ်ဆိုရင်
    တကယ် ရေရှည်အတွက် အကျိုးရှိပါလိမ့်မယ် 😇
    တစ်ချို့တွေ အင်္ဂလိပ် ဘာသာစကား လေ့လာနေပေမယ့်
    ❗️ ခရီး တွင်သင့်သလောက် မတွင်တာတွေ ❗️ ရှိခဲ့ရင်လည်း
    ကိုယ် ဘာတွေ ပြန် ပြင်ဆင်သင့်လဲ ? ဆိုတာ
    စဉ်းစားချင့်ချိန်စရာ ရသွားနိုင်ပါတယ် ။
    သေချာ အစအဆုံး နားထောင်ဖြစ်တယ်ဆိုရင်
    အကျိုး ရှိကြမယ်လို့ မျှော်လင့်ပါတယ် ။
    အားလုံးပဲ အင်္ဂလိပ် ဘာသာစကား အရံအတားကို ကျော်လွှားနိုင်ပြီး
    အသိပညာနဲ့ အခွင့်အလမ်းကောင်းတွေ ရယူပိုင်ဆိုင်နိုင်ကြပါစေဗျာ 😇
    စေတနာဖြင့်
    #ကိုဇင်ဇေ
    ( Founder & Trainer @ActiveEnglish )
    📌
    မင်းအောင်လှိုင် အာဏာလုပြီး နောက်ပိုင်းမှာ
    ကျွန်တော်တတ်နိုင်သလောက် ဆန့်ကျင်လှုပ်ရှားခဲ့တာတွေကြောင့်
    ဝရန်းထုတ်ခံရပြီး နောက်ပိုင်း
    သင်တန်းတွေ မရှိတော့ပါဘူး ။
    စာ အဟောင်းတွေ မဖျက်ချင်လို့ပဲ ထားထားလိုက်တာပါ။
    📌
    သင်တန်းတက်ပြီး စနစ်တကျ လေ့လာသွားဖို့ စိတ်ဝင်စားလို့
    သင်တန်းတွေ အကြောင်း အသေးစိတ် ထပ်သိချင်တာရှိရင်
    📌
    သင်တန်းတွေ မတက်ဖြစ်သေးလည်း
    အင်္ဂလိပ် ဘာသာစကား လေ့လာနည်းနဲ့
    သင်ခန်းစာ အချို့ ကို
    အခမဲ့ လေ့လာကြည့်ချင်တယ်ဆိုရင်
    Gift လို့
    သင်တန်း Page
    👉 m.me/activeeng... 👈 ကို
    Message ပို့ပြီး
    တောင်းဆို ထားနိုင်ပါတယ်ဗျာ 😇
    📌
    ☎️ 09-4010-91-800 /
    ☎️ 09-4010-91-900 တို့ကို ဆက်ပြီးလည်း
    ဆက်သွယ် စုံစမ်းနိုင်ပါတယ် 😇

Комментарии • 105