[blog.ayeayeaung.me] 쓰다, 사용하다, 이용하다 တို့ရဲ့ ကွာခြားချက်
HTML-код
- Опубликовано: 6 авг 2020
- 1. 사용하다 နဲ့ 이용하다 ရဲ့ ကွာခြားချက်။
사용하다ကတော့ သေးငယ်တဲ့ အရာဝတ္ထုများ အသုံးပြုတဲ့အခါမှာ သုံးတဲ့ ကြိယာဖြစ်ပြီး၊
နင့်ဟန်းဖုန်း ခဏလောက် သုံးလို့ ရမလား။
네 휴대폰 잠깐 사용해도 돼?
이용하다ကတော့ အခြေခံအဆောက်အဦတို့ ဝန်ဆောင်မှုတို့ကို အသုံးပြုတဲ့အခါမှာ သုံးပါတယ်။
ရန်ကုန်-မန္တလေး အဝေးပြေးလမ်းမကြီးကို အသုံးပြုပါ။
양곤-만달레이 고속도로를 이용하세요.
2. 쓰다, 사용하다 နဲ့က နှစ်ခုကို ပြောင်းသုံးလို့ ရလောက်အောင် အတော်လေး ဆင်ပါတယ်။
သို့သော် 쓰다 က spend ဆိုတဲ့ အဓိပ္ပါယ်လည်း ရတယ်။ အဲ့လို အဓိပ္ပါယ်နဲ့ သုံးတဲ့ စာကြောင်းတွေမှာ 사용하다 ကို သုံးလို့ မရပါဘူး။
ပိုက်ဆံ အများကြီး သုံးလိုက်တယ်။
돈 많이 썼어요.
감사합니다
네 선생님 감사합니다 🙇
열심히 공부를 할게요.
고말고요
ရှင်းပြပေးပါလား တီချယ်
သန့်စင်ခန်းသုံးတာကိုရော ဘယ်လိုသုံးလို့ရလဲချယ်🙏
ဒီဆရာမ ရှင်းပြတာအရမ်းကောင်းတယ် ရှင်းနေတာပဲ
အင်တာနက် ကိုအသုံးပြုတာဆိုရင်ရောတီချယ်ဘယ်လိုသုံးရမလဲ
이용하다. သုံးရပါမယ်ရှင့်။
ဒီ ပစ္စည်း ကို ဘယ်မှာ အသုံးပြု လဲ မေးချင်ရင်ကော 쓰다လား 사용하다.이용하다.လား သိချင်ပါတယ် ကျေးဇူးပြု၍ ရှင်းပြပေးပါ အုံး ဆရာမ
쓰다 & 사용하다 두개 다 쓸 수 있어요.
ဗွီဒီယိုထဲမှာ သေချာ ရှင်းပြထားပါတယ်။ သေချာ ကြည့်ရင် နားလည်သွားပါလိမ့်မယ်။
Aye Aye Aung ကျေးဇူးတင်ပါတယ် ဆရာမ