Это видео недоступно.
Сожалеем об этом.

ရှေ့တန်းပြန် (ကဗျာ/ရုပ်သံ)

Поделиться
HTML-код
  • Опубликовано: 11 июл 2024
  • ရှေ့တန်းပြန် (ကဗျာ/ရုပ်သံ)
    .................
    ခြေတဖက်
    ပါမလာတော့တာထက် စာရင်
    ငါ့အသက်ငါ ပြန်ယူလာနိုင်တာကို
    ဖြေသာရတယ်။
    ဘယ်သူနဲ့
    သွားတိုက်တာလဲဆိုတော့
    ငါပစ်လိုက်လို့ တမြေတည်းငါ့ညီလေး
    မျက်လုံးထွက်သွားတယ်
    တရေတည်း ငါ့ ညီလေးထုလိုက်လို့ ထမ်းစင်နဲ့ ငါ ပြန်လာတယ်။
    သပြေပန်းတွေက
    ကျားစွယ်တွေသွေးပြီး
    လုပ်ထားတာလား
    သပြေပန်းတွေဟာလည်း
    မြင်းဆေးနဲ့တူလို့။
    ပါးကြီးယောင်နေတဲ့ ငါ့မိန်းမက
    ကြိုရှာတယ်
    ဟို လူကြီးက ဘွတ်ဖိနက်ကိုတိုက် တာ
    မပြောင်လို့တဲ့
    ငါ့မိန်းမ ပါးကြီးဟာ
    ယောင်ကိုင်းနေတယ်။
    လက်ကလေး ပဲကြီးရေပွနေတဲ့
    ငါ့ သမီးက ကြိုရှာတယ်။
    ဟို ကတော်ရဲ့ အဝတ်ပုံကြီးကောင်းမှုတဲ့
    ငါ့သမီးရဲ့ လက်ကလေးဟာ စုတ်ပြတ်ကွဲအက်နေတယ်။
    ဘဏ်ငွေစာရင်းစာအုပ် ဖတ်နေရာကနေ ငါ့ကျောကိုပုတ်
    ကြီးမြတ်တဲ့အဲ့ဒီ လူကြီးတွေကလေ
    ငါဟာ ကြီးမြတ်သော နိုင်ငံတော်ရဲ့
    ကြီးမြတ်တဲ့သူရဲကောင်းလို့ပြောတယ်။
    ငါ့မနက်ဖြန်တွေဟာ
    ခြေပြတ်ထဲပါသွားပြီး
    ငါ့ ကောင်းကင်မှာ
    ခြေပြတ်ကြီး ပျံလို့။
    ဘုရားက
    ငါ့ချိုင်းအောက်ကချိုင်းထောက်ကို ဦးနှောက်တပ်ပေးမထားတော့
    မရှိတော့တဲ့ခြေတဖက် ဘာအတွက်
    တိုက်ခဲ့ရတာလဲ ဆိုတာ
    ချိုင်းထောက်ကိုယ်စား
    တွေးကြည့်ပေးနေရတယ်။
    အော် .......
    ကောက်ကျစ်ခြင်းရွှေစလွယ်ကို
    သိုင်းလို့
    အတ္တ မေးဆစ်နှစ်ထပ်နဲ့
    အဓမ္မ ဗိုက်ပူတွေရဲ့အောက်မှာ
    လူတွေအားလုံး ပိနေပါတယ်။
    အော် ....
    အမြောက်ဆံခွံကိုမှ
    ဘုရားပန်းအိုး လုပ်နေကြရတဲ့
    တိုင်းပြည်။
    ပုခုံးပေါ် တိုးနေတဲ့
    သူတို့ရဲ့ ကြယ်အသစ်တွေမှာ
    ငါ့ခြေတဖက်နဲ့ ငါ့ရဲဘော်တွေရဲ့
    အသက်တွေပါနေတယ်။
    သူတို့ ဘဏ်စာအုပ်ရဲ့
    လျှံကျနေတဲ့ ကိန်းဂဏန်းတွေမှာ
    ယောင်ကိုင်းပါးတဖက်နဲ့
    စပ်နေတဲ့ လက်ကလေးလည်း
    ပါပါတယ်။
    သေသော် ငရဲ မလားတဲ့
    ခြေပြတ်တာ တခုပါပဲ။
    •••••••
    စံညိမ်းဦး
    #ငွေမောင်းသံ မီဒီယာ

Комментарии • 12

  • @blueberry3402
    @blueberry3402 Месяц назад

    ကြိုက်တယ်ဗျာ❤❤❤❤❤❤❤❤❤❤❤❤❤❤

  • @ohnmarswe25
    @ohnmarswe25 Месяц назад +1

    Thanks ❤

  • @ThuYa-gk7sn
    @ThuYa-gk7sn Месяц назад

    Heart....ထိတယ်အမှန်တရားတွေမို့။

  • @dawmon4944
    @dawmon4944 Месяц назад

    မင်္ဂလာပါရှင့် 🎉🎉❤🎉🎉

  • @user-ed4td9eb9w
    @user-ed4td9eb9w Месяц назад +1

    ပြည်တွင်းစစ်ကငါးအသားနဲ့ငါးမျှားသလို့။ကြွက်အမြီးနဲ့ကြွက်ထောင်ခြောက ်မှာဖမ်းသလို့။
    စစ်သားတွေကသူယုတ်တွေအတွက်တိုက်ပေးနေကြတယ်။တို့ကလေးတွေကတိုင်းရင်းသားအားလုံးသူယုတ်တွေလက်ကလွတ်မြောက်ကြရအောင်အသက်ပေး။ဘဝပေးလုပ်ပေးနေကြတာ။ထမင်းစားကြီးသူတိုင်းသိဖို့။

  • @myohtet9981
    @myohtet9981 Месяц назад

    ကျွန်စိတ်ကြီးကြီးမားမားဝင်နေတဲ့ကောင်တွေကသိမှာမဟုတ်ဘူးအဲဒါလဲ အတော်အရေခွံထူတဲ့ကျွန်ခွေးတွေပါဘဲ့ကွာ သူတို့ကိုဒေါသဖြစ်စရာကောင်းနေတာအခုက အပေါ်ကခွေးတွေအပစ်မဟုတ်သလိုဖြစ်နေပီအောက်ကကောင်တွေအရေခွံထူပီးအသိခေါက်ခက်အဝင်နက်ဖြစ်နေတာအဲလိုဘဝကို‌ေတာင်နှစ်ခြိုက်နေကြတာလားကွာ

  • @khin9976
    @khin9976 Месяц назад +1

    ခင်ဗျားတို့ ကခြင်းကျားလွယ်..ဒင်းတို့ကခေတ်ပျက်သူကြွယ်...အရာရှိတွေတိုက်ဆောက်တယ်...အမှန်မြင်စေချင်တယ်ဂျိုင်းထောက်ရယ်...😂😂😂😂😂

  • @thinthinkhaing728
    @thinthinkhaing728 Месяц назад

    😊

  • @NawPyae579
    @NawPyae579 Месяц назад

    မဂ်လာပါရှင့်❤❤❤နားဆင်ခဲ့ပါပြီ❤❤❤

  • @user-et6hs2xu8v
    @user-et6hs2xu8v Месяц назад

    ❤❤❤တော်လှန်နေ့လည်ခင်းပါ❤❤❤