လေးဖြူ - စာမျက်နှာ ၁၅ (Lyrics)

Поделиться
HTML-код
  • Опубликовано: 17 окт 2024
  • #lyrics #layphyu #လေးဖြူ

Комментарии • 233

  • @Junesusi_october
    @Junesusi_october 11 месяцев назад +344

    ‌ကျွန်မမှာ ပြောပြလို့မရအောင် သိပ်ချစ်ရတဲ့သူရှိတယ် အဲ့ဒီလူနဲ့ ကြည်နူးစရာ အမှတ်တရတွေအများဖန်တီးခဲ့ကြတယ် ဒါပေမဲ့ အဲ့ဒီလူကတော့ အမှတ်တရတွေကို အမှတ်တမဲ့ နဲ့ပဲမြင်ပြီး ကျွန်မဆီက ထွက်သွားခဲ့တယ်။ သူ့အတွက်ပဲ မကောင်းဖြစ်တာပေါ့ သူ့ကို အရမ်းအရမ်းချစ်တဲ့သူကို ကန်ထုတ်ပီးတော့ သူဆုံးရှုံးလိုက်ရတယ်လေ။ ဒီလောက် ချစ်ပေး ဂရုစိုက်ပေးနေတာကို နောက်လူနောက်လိုက်သွားတာမို့ သူ့ရဲ့နောက်လူကို ပြောချင်ပါတယ် ‌သေသေချာချာ ဂရုစိုက်ပေးလိုက်ပါလို့။

    • @ayemoe4099
      @ayemoe4099 8 месяцев назад +5

      👍💕

    • @LyricsAnfx
      @LyricsAnfx  7 месяцев назад +36

      လောကကြီးမှာ ကိုယ်ပေးသလောက်ပြန်မရရင် စွန့်လွှတ်လိုက်တာ အကောင်းဆုံးပါပဲဗျ ကိုယ်ပေးသလောက်ပြန်ချစ်ပေးနိုင်မဲ့လူကိုပဲ ထိုက်တန်တဲ့လူလို့အဖြစ်သတ်မှတ်ပြီးချစ်ပေးလိုက်ပါဗျ မရောက်နိုင်သေးတဲ့အနာဂတ်မှာ အဲ့လိုလူမျိုးအစ်မဆီရောက်လာမှာပါ❤

    • @soethuzar-oh3hn
      @soethuzar-oh3hn 7 месяцев назад +2

      ပြန်တင်မယ်နော်စာသားလေးကတိုက်ဆိုင်လို့😢❤

    • @kai-is-flirting
      @kai-is-flirting 6 месяцев назад +6

      လူတွေက မြင်မြင်ချင်းချစ်မိကြတယ်ကျွန်တော်လည်းအစ်မစိတ်ဓာတ်လေးကိုမြင်ပြီးမြင်မြင်ချင်းချစ်မိသွားပြီ (gift for you💝)

    • @Hannayye
      @Hannayye 5 месяцев назад +5

      အခုချိန်မာသိပ်ချစ်တဲ့ငါ့ကိုရွေးချယ်ခဲ့ရင် အခုချိန်ဆိုအများကြီးပျော်နေရပြီ
      ဒါမယ့်တခြားသူကို ရွေးချယ်ခဲ့တယ် စိတ်နာတယ်☺️

  • @MinThantAung-o2t
    @MinThantAung-o2t 11 месяцев назад +64

    မင်းaccလေးနေ့တိုင်းဝင်ကြည့်ဖစ်တယ်ကိုမရှိတဲ့မင်းရောအဆင်ပြေရဲ့လားပေါ့မင်းကတော့ဘယ်သိမလဲညတိုင်းမျက်ရည်တေနဲ့ဖြတ်သန်းနေတယ်ဆိုတာမေမေပြောဖူးတဲ့စကားလေးရှိတယ်ခုတ်လိုက်တဲ့ပုစိန်ကတော့မမှတ်မိပေမဲ့အခုတ်ခံလိုက်ရတဲ့သစ်ပင်ကတော့မှတ်မိနေတတ်တယ်တဲ့မင်းကိုမေ့လို့ရတယ်ဆိုတာတရက်လေးတောင်မရှိခဲ့ပါဘူးမင်းနိုင်ပါတယ် ချစ်လွန်းလို့လက်လွတ်ပေးခဲ့တာမင်းတော့သိမယ်မထင်ခဲ့ဘူး

    • @LyricsAnfx
      @LyricsAnfx  7 месяцев назад +5

      အဲ့လိုအခါမျိုးကျ ကိုယ်ဘက်က ဆက်ချစ်သင့်လား မချစ်သင့်ဘူးလားဆိုတာ သေချာပြန်စဥ်းစားပြီး လုပ်သင့်ပါတယ်ဗျ အဆုံးမရှိတဲ့ကြိုးကြီးနောက်လိုက်နေမဲ့တူတူ တခြားကြိုးလေးဆီလိုက်သွားလိုက်တာက ဘဝအတွက်ပိုပြီးပြည့်စုံစေမယ်လို့ထင်မိလို့ပါ

    • @yeyinthtunlwin
      @yeyinthtunlwin 21 день назад

      ခင်ဗျားအပြောသိပ်လွယ်တယ်ဗျာ နောက်ကြိုးက ပထမကြိုးလောက် ကို့ကိုမငြိနေဘူး ဒါလဲ အချစ်နတ်သကြားတွေခတ်တဲ့ ပြစ်ဒါဏ်ဗျ​@@LyricsAnfx

    • @zukenemo
      @zukenemo 5 дней назад

      loe py mal

  • @venn_rito_kim105
    @venn_rito_kim105 10 месяцев назад +29

    လွမ်းတယ်အချစ်ရယ် ကိုယ်တို့ လမ်းလွဲသွားခဲ့ကြတာ‌....ဒီတစ်ခေါက်လွဲတာကတော့ တစ်သတ်လုံးပဲတဲ့အချစ်ရယ်...!🫀💔

    • @khantminoo266
      @khantminoo266 4 месяца назад

      ထိတယ် ဗျာ အချိန်တွေ ကြာကြီးစောင့်မယါတဲ့ဗျာ ဒါမဲ့ ခနတာတွက် နောက်ဘဲ ထားသွားတယ်။ ကိုယ်ကတော့ သူနံ ကိုယ်ရှေးရေးတွက် ပိူက်ဆံတေ ရှာလိူ့

  • @DarDar-y3g
    @DarDar-y3g 8 месяцев назад +10

    မထင်ထားလောက်ကို မင်းပြောင်းလဲလာပုံက
    တရေးနိုးအိပ်မက်တစ်ခုလိုပဲ
    မနေ့ကအဆင်ပြေနေကြရင်း ဒီနေ့ မင်းမချစ်တော့တာမျိုး💔

  • @Rõßërèd-o3k
    @Rõßërèd-o3k 4 месяца назад +56

    ဘယ်လိုဘဲ မေ့တယ်ပြောပြော°°
    တိုက်ဆိုင်မှုရှိလာရင်တော့
    ပြန်သတိရတာပါဘဲ💔🚬

  • @Pookie_Kookie9597
    @Pookie_Kookie9597 4 месяца назад +21

    အတိတ်တဲ့ ‌အမှတ်တရအားလုံးကကျွန်တော်တို့လိုကျန်ခဲ့တဲ့သူတွေအတွက်အသစ်လိုဘဲ မေ့နိုင်ဖို့ကြိုးစားပေမဲ့မှတ်ဉာဏ်တွေကဖျောက်ဖို့ခက်တယ်သူတို့ကတော့မေ့နိုင်ပေမဲ့ကျွန်တော်တို့ကသာလွမ်းမောနေကျတာ။

  • @ThaeSuMon-u4r
    @ThaeSuMon-u4r 9 месяцев назад +12

    လွမ်းလိုက်တာ အချစ်ရယ်😢 ငါ့ဘက်ကိုမင်းငဲ့ကြည့်ရင် သိပ်ကောင်းမှာပဲကွာ😔

    • @hanthein3568
      @hanthein3568 4 месяца назад +1

      ဒါပေါ့ကျနော်လဲအိုက်လိုတွေးခဲ့မိပါတယ်😢😢

  • @ThatOoSan
    @ThatOoSan Месяц назад +3

    ခုတလော ဒီသီချင်းက fav ဖြစ်နေတယ်💐

  • @ToePyaePyaeNaing
    @ToePyaePyaeNaing 11 дней назад +3

    ဟိုကောင်မထက်သာငါလှပခဲ့ရင်ထားခဲ့မှာမဟုတ်ဘူး
    ဟုတ်တယ်မို့လားအကို😊

    • @chitmu-p8u
      @chitmu-p8u 8 часов назад

      မဟုတ်ပါဘူးဗျာ😢

  • @naylinpyisone
    @naylinpyisone 4 месяца назад +10

    လွမ်းလိုက်တာ ဂိမ်းထဲမှာတွေ့ခဲ့တဲ့ broရယ်💔👥

  • @eimonkyaw-dh7kv
    @eimonkyaw-dh7kv 3 месяца назад +13

    ကျွန်မဘဝရဲ့ သိပ်ချစ်ရတဲ့သူတစ်ယောက်ရှိခဲ့တယ် သူလည်းကျွန်မကို သိပ်ချစ်ခဲ့သလို ကျွန်မလည်း ချစ်ခဲ့တယ် အချိန်နည်းငယ်ကြာလာတော့ တစ်ယောက်ကြောင်းတစ်ယောက်သိ တစ်ယောက်စိတ်တစ်ယောက်နားမလည်နိုင် ညှိကြပါသေးတယ် ပျော်ရပါတယ် နောက်ဆုံးအချိန်တစ်ခုထင်ပါတယ် ကျွန်မတို့ချစ်ကြတယ် အေးစက်သွားကြပြီ တစ်ခြား ဘယ်အရာမှမရှိတော့ပဲ ချစ်တဲ့ စိတ်တစ်ခုနဲ့ပဲ ရှေ့ဆက်နေကြတယ် သူဒီလို ဖြစ်အောင် ကျွန်မလုပ်ခဲ့သလို ကျွန်မဒီလို နေနိုင်အောင်
    သူလုပ်ခဲ့ မျှတပါတယ် ဒါပေမဲ့ ပိုကောင်းတာတွေပဲမျော်လင့်တယ်

    • @BilliMonn
      @BilliMonn 3 месяца назад

      စာသားကရင်ထဲထိတယ်မမရေ😭💗

    • @DawPu-om3hw
      @DawPu-om3hw 2 месяца назад

      အလိုစာသားမြင်ရတာ
      ပို၀မ်းနည်းမိတယ် ချစ်တာ ကိုယ်ပဲတိတယ်😭😭😔

  • @NgweKyalSinLinn-t3m
    @NgweKyalSinLinn-t3m Месяц назад +5

    ကိုယ်အချစ်ရဆုံးယောက်ျားတစ်ယောက်ကတခြားမိန်းမကိုချစ်ပြနေတော့ ဓားနဲ့မွှန်းခံနေရသလိုပဲ ဘာလို့လဲကိုကိုရာ နင်ငါ့တုန်းကသာအဲ့မိန်းမကိုတန်ဖိုးထားသလိုချစ်ပေးသလိုရဲ့တဝက်လောက်သာငါ့အပေါ်ချစ်ပြပေးခဲ့ရင်ငါနင့်စီထွက်သွားဖို့ရွေးချယ်မှာမဟုတ်ဘူးအခုလိုပျော်"ရွှင်"နဲ့နေနေရမှာလေဟာ ဘာလို့များငါ့အပေါ်ကျအမြဲငိုအောင်လုပ်ရတာလဲ ၁နှစ်၆လလောက်အနားမှာအမြဲသည်းခံအလျေ့ာပေးပြီးနေလာတဲ့မိန်းမက တန်ဖိုးထားဖို့မခံရသင့်ဘူးလား ကိုကိုပြောတော့အသဲကိုပဲစောင့်နေမှာစိုဘယ်ချိန်ပြန်လာလာ လာလို့ရပါတယ်စို တပတ်တောင်မကြာဘူး နောက်ကောင်မလေးရသွားတယ်ပေါ့ လူလိမ်နင်ကနင့်ကိုငါရအောင်မုန်းပစ်မယ်

  • @ShinMyaThwe-c2e
    @ShinMyaThwe-c2e 10 месяцев назад +4

    ဘယ်တော့မှမထားခဲ့ဘူး တစ်ယောက်ထဲရယ်စိတ်မချဘူးဆို ခုကျတော့လဲ မင်းမို့လို့ငါ့ကိုစိတ်ချလက်ချထားခဲ့တယ်💔🌻

  • @Angelina-jw1dv
    @Angelina-jw1dv 4 месяца назад +5

    အရင်ကတော့ငါ့ကိုအရမ်းချစ်တဲ့သူတစ်ယောက်ကို ငါနားမလည်နိုင်ခဲ့ဖူး
    အခုတော့ငါဘက်ကအရမ်းချစ်ရတဲ့သူနဲ့ကြတော့ ငါသူ့ကိုနားလည်နိုင်သွားခဲ့ပြီ
    ငါချစ်တဲ့သူနဲ့ဆိုငါအရာရာကိုမေ့နိုင်ခဲ့တယ် ဒါမဲ့သူက ငါ့အချစ်တေကို တနါဖ်ုးမထားခဲ့ပေမဲ့ မောင့်ကို ကိုယ် တစ်ကယ် ချစ်နေစဲပါ မောင်ရယ် မောင်ကတစ်ခြားသူနဲ့ပျော်နေမှာကိုမြင်နေရတာ ရင်နာရပေမဲ့ အဝေးကဘဲကြည့်နေပါမယ်မောင်ရယ် အချိန်မရွေးသာပြန်လာခဲ့ပါ ❤

  • @ElenraElenra
    @ElenraElenra 4 месяца назад +7

    တိုက်ဆိုင်မှုတွေရှိလာရင် မင်းကိုပဲသတိရတယ် ဝေးပြီရင်ဝေးနေရင်တောင် မင်းကိုပဲသတိရတယ် အချစ်ရယ်

  • @NannKhinHnin
    @NannKhinHnin 6 месяцев назад +2

    ဘယ်နေရာတွေရောက်ပြီ ဘယ်လိုများနေထိုင်နေလဲသိချင်တယ် ပျော်နေရဲ့လား ဆိုတာကော ပျော်နေမှရမယ် အချစ်ရဲ့ ကိုယ်က မင်းကို ပျော်ရွှင်စေချင်ခဲ့တဲ့လူပါ ကိုယ့်ကြောင့်နာကျင်စရာတွေရခဲ့ရင်တောင် ရည်ရွယ်ချက် ရှိ"နဲ့လုပ်ခဲ့တာမဟုတ်ဘူးဆိုတာကိုတော့ ယုံကြည်ပေးပါ ...

  • @cindymisaki6368
    @cindymisaki6368 5 месяцев назад +7

    ထွက်သွားတာ5နှစ်တောင်ပြည့်တော့မယ်လေ အချစ်ရယ် တစ်ကယ်ပြန်မလာတော့တာလားကွာ ဘယ်စီကိုရောက်နေတာလဲကွာ

  • @KMobile-f4h
    @KMobile-f4h 27 дней назад +3

    ဝေးသွားရင်သေမှာလို့ပြောတဲ့ ကောင်မလေးလည်းအခုတော့ နောက်လူရင်ခွင်ထဲပျော်လို့ ကိုယ်ကတော့အခုချိန်အထိအရူးတစ်ယောက်လိုစောင့်နေတုံးးး😢

  • @kyautmaykhaing-4609
    @kyautmaykhaing-4609 2 месяца назад +7

    ချစ်တယ် အကိုရယ်❤

    • @chitmu-p8u
      @chitmu-p8u 8 часов назад

      အတူတူပါဘဲညီမရယ်❤

  • @PonPon-i9m4x
    @PonPon-i9m4x 12 дней назад

    အော်2023ကချစ်သူလေးရေ2024တောင်ရောက်နေပြီး2025တောင်ဝင်တော့မယ် မင်းလေကိုအရမ်းသတိရတယ်

  • @MayKham-r6n
    @MayKham-r6n 3 месяца назад +2

    ပစ်မသွားပါနဲ့လို့အတင်းတောင်းဆိုလဲ ကိုယ့်အပေါ်မချစ်နိုင်ပေးရင် ထိုသူအတွက်ပစ်တာကိုလက်ခံနိုင်ရမယ်မလား ဒီသီချင်းကြားတိုင်းအမြဲသတိရပါတယ်💙

  • @cinnamoroll5872
    @cinnamoroll5872 5 месяцев назад +8

    ငါချစ်သလောက်သာနင်ငါ့ကိုချစ်ခဲ့ရင် ငါတို့ဝေးရမှာမဟုတ်ဘူး

  • @soethiha137
    @soethiha137 Год назад +9

    ကိုလေးဖြူ သီချင်းထပ် ခံစားချက်တွေက ပိုပြီး ပြောပြလို့မရအောင် သိပ်ချစ်တာလေ ကျွန်တော့်ချစ်သူလေးကို ဟူးး လွမ်းတယ်ဗျာ😓

    • @chitmu-p8u
      @chitmu-p8u 8 часов назад

      အတူတူပါဘဲဗျာလွမ်းတယ်

  • @ChitMyoMyoThel
    @ChitMyoMyoThel 20 дней назад +2

    အချစ်တွေသာ ထပ်တူကျခဲ့ရင် အရာရာဟာလှပနေခဲ့မှာပါ😌🥹

  • @NiKi-zz4pv
    @NiKi-zz4pv 14 дней назад

    ငေးကြည့်ခဲ့ရတာအခုတော့ငေးကြည့်ခွင့်တောင်မရှိတော့ဘူးနော်သူဘာတေလုပ်နေလဲဆိုတာတောင်မသိရတော့ဘူးပေါ့ favဖြစ်တဲ့ဒီsongလေးထဲကလိုပေါ့

  • @Eikaykhaing-g1v
    @Eikaykhaing-g1v 4 месяца назад +3

    ကျန်မမှာပြောပြလို့မရအောင်တဖတ်သတ်ချစ်နေတဲ့သူရှိခဲ့တယ်။ဒါပေမဲ့သူနဲ့ကျန်မနဲ့ကမိန်ကလေးအချင်းချင်းဖြစ်နေတော့သူကသချားသူနောက်ပါသွားတယ်။ဒီအကြောင်းက၉နှစ်တောင်ကြာနေပီ ကျန်မမမေ့နိုင်ခဲ့ဘူး

  • @MonMon-xf7kl
    @MonMon-xf7kl 3 месяца назад +6

    ကံမကုန်ရင်တောင်ပြန်မဆုံချင်တော့ဘူး
    ဒီတစ်ခါဝေးတာ တစ်သက်စာ💔

    • @chitmu-p8u
      @chitmu-p8u 8 часов назад

      သံသရာတစ်ကွေ့ပြန်ဆုံရမာဘဲ😢

  • @paingkhant7424
    @paingkhant7424 Месяц назад +3

    ကျွန်တော်နောင်တရတယ်ဘာလို့လဲဆိုတော့အချစ်ဆုံးသူငယ်ချင်းကိုချစ်မိလို့ပဲအခုတော့သူငယ်ချင်းသံယောဇဉ်တွေပျက်ကုနကြပြီအားလုံးကိုပြောချင်တာကတော့ကိုယ့်ရဲ့အချစ်ဆုံးသူငယ်ချင်းကိုမချစ်မိပါစေနဲ့💔 😖😢

  • @ThaeKyiPhyuLinn
    @ThaeKyiPhyuLinn 5 дней назад

    ချစ်တယ်ပြောပြီးနောက်ဆုံးတော့ထားသွားကြတာပါပဲ။ကျန်ခဲ့တဲ့သူကတော့ခံစားနေခဲ့ရတာပေါ့😭🥹

  • @ChoGyi-ed5zm
    @ChoGyi-ed5zm 4 дня назад

    လွမ်းတယ် ကိုကိုကျော်စွာလင်းရယ်😢😢

  • @ThaeThae-zs8qf
    @ThaeThae-zs8qf 3 месяца назад +1

    ငါနင့်ကိုလွမ်းနေတာမင်းသိပါစေအချစ်ရယ်..ဘာလို့ကိုယ့်ကိုရှောင်နေရတာလဲဟုတ်ပါတယ်ကိုယ်ကမင်းလိုချင်တဲ့ပုံစံလဲမဟုတ်ဘူးးပြီးတော့ကိုယ်ကသူ့ဘေးနားကကောင်မတွေနဲ့ယှဉ်ရင်အမြဲရှုံးနိမ့်သူပါ..

  • @ZinMin-hc7mn
    @ZinMin-hc7mn Месяц назад +2

    ငါ့ကိုချစ်တဲ့သူတွေကိုထားပြီး ငါ့ကိုမချစ်နိုင်တဲ့မင်းကိုငါတော်တော်ချစ်နေမိတယ်😢

  • @TecnoPop5-q5b
    @TecnoPop5-q5b 3 месяца назад

    သူ့ကိုဒီလောက်နားလည်းပေးပြီးချစ်ခဲ့တာကိုတောင်သိသားနဲ့ထားခဲ့ရက်‌တယ်နော်😂❤

  • @konotekhin-z2y
    @konotekhin-z2y 18 дней назад

    အချစ်ဆိုတဲ့အရာကြီးကမရှိရင်​ကောင်းမယ်

  • @KhinSandarKyaw-j2u
    @KhinSandarKyaw-j2u 3 месяца назад

    သိပ်ချစ်ရတယ် ရင်ထဲနင့်နေအောင်လို့
    လွမ်းရတယ် ကိုကိုရယ်
    ရင်ထဲနာရတယ်
    တဆစ်ဆစ်နာရတဲ့အထိလုပ်ရက်မျိုးတွေရှိခဲ့တာတောင် ခွင့်လွတ်မသိချင်ယောင်ဆောင်ပေးခဲ့တဲ့သူကို
    မျက်နှာလွှဲပစ်ခဲ့တယ် ကိုကို မျက်နှာမူတဲ့အရပ်မှာ သဲလေး မေတ္တာကြောင့် အေးချမ်းရပါစေနော်

  • @kyalzin364
    @kyalzin364 4 месяца назад +3

    အတိတ်တော့အတိတ်ဆိုပေမဲ့ မေ့မရတဲ့ အမှတ်တရတွေနဲ့ အတိတ်လေ ဘယ်လိုများမေ့နိုင်ရမှာလည်း မောင်ရယ် မောင်ကိုရွဲ့ပြီး ရှောက်ပီးလုပ်နေတာ မောင်မျက်နှာတစ်ချက်မဲ့ပြရင်တောင် ဒီကမိန်းမက အကုန်စွန့်လွှတ်ရဲခဲ့တာ မောင်ကတော့ ဘယ်လိုမှရှင်းပြမရအောင် ညည်းဆိုပီးပေါ့😢

  • @joncencse
    @joncencse 8 дней назад

    ကျွန်တော်မှာcrushရှိတယ်ကျွန်တော်သူ‌accထည်ခနခနဝင်ကြည့်တယ်သူကျွန်တော်ဝင်ကြည့်တာသိသွားလားမသိပါဘူး‌ဗျာသူacc pf ပိတ်သွားတယ်ဗျာကျွန်သူကိုကြိုက်နေတာ၃နှစ်တောင်ရှိနေပြီဗျာသူကိုသိစေချင်တယ်သူနာမည်ကyoon mi တဲ့ဗျာသူအရမ်းကိုရက်စက်တယ်ဗျာ😢

  • @BirdBig-r2w
    @BirdBig-r2w 6 дней назад

    လွမ်းတယ် အောင်မျိုးစံရေအခုဆိုနင်လဲငါထက်နင်အပေါာနားလည်မူတွေအများြကီးပေးနိုင်တဲ့သူ့နဲ့တွေ့နေလောက်ပြီး တောင်းပန်းပါတယ်က😢

  • @KoKo-qv8wd
    @KoKo-qv8wd Месяц назад

    ခုလိုအချိန်ဆိုအရမ်းလွမ်းတာပဲချစ်ရယ် မင်းနဲ့မှတ်တရတွေများရိးရှိခဲ့တာလေ 🥺💔😭

  • @eakayar1699
    @eakayar1699 3 месяца назад

    တကယ်ပါပျော်စရာမိသားစ​ုလေးပြိုကွဲပျက်စီးသွားတာသားလေးတစ်သက်ရှိပြီပေါ့ကိုလေးဖြူရဲ့သီချင်းတွေကတကယ့်ရင်တွင်းဖြစ်မို့အရမ်းခံစားရတယ်ဒီရင်ဘက်တည်းမှာပဲထားမယ် ပါပါးရေ ရှင်နောက်အိမ်ထောင်သစ်နဲ့ပျော်ရွှင်ပါစေ😭😭😭😭😭😭

  • @MinMin-nt9gp
    @MinMin-nt9gp Месяц назад

    ပူပြင်းတဲ့နွေရာသီမာ သူနက်စတွေ့ခဲ့တဲ့အချိန်ကိုမှတ်မိပါသေးတယ် အ့အချိန်မာ ကျန်မက အစခံရတော့ သူကအဝေးကကြည့်ပြီး ပြံုးပြီးကြည့်ကာချစ်စရာလေးလို့သူ့ဘော်ဒါကိုပြောတာပေါ့ အချိန်တခုမာနောက်တော့ သူနက်ကျန်မ ရည်းစားဖြစ်သွားတာပေါ့ သူ့ရဲ့မုသားစကားက ကျန်မကိုနောက်ဆံုးရွေးချယ်တာဆ်ုပဲ အခုချိန်ထိအမှတ်ရနေတုန်းပါမောင်ရယ်😢 ပြန်လာရင်ကောင်းမာ😢❤

  • @ella-j4e6u
    @ella-j4e6u Месяц назад

    သူမာပိုင်ရှင်ရှိလည်းဆက်ချစ်နေမယ်
    သူကိုယ့်ကိုဂရုမစိုက်လည်းကိုယ့်ကဂရုစိုက်တယ်
    သူနဲ့ကျမှခံစားတတ်လာတယ်
    ကိုယ့်ဘဝမာအမြဲတမ်းနိုင်နေတော့အရှူံးဆိုတာဘာလဲမသိခဲ့ဘူး
    သူနဲ့ကျမှကျရှူံးခဲ့တာ
    ဘယ်လိုမှမခံစားနိုင်ဘူး😭
    တစ်ခါမှအသည်းအသန်းမငိုဖူးတဲ့လူကသူနဲ့ကျမှအသည်းအသန်းငိုခဲ့ရတယ်
    သူ့မာပိုင်ရှင်ရှိနေတော့ဆက်ပြီးကပ်တွယ်မနေတော့ပါဘူး😞

  • @swezinhtet1876
    @swezinhtet1876 Месяц назад +1

    အကိုကိုယ်ပြောခြငိးပါတယ် အရာအားလုံးကိုဘေးဘယ်ပြီ အကိုစီလာခဲ့တယ် ‌ရောက်ခမ်းနီးမှ ဟိုအမကအကိုဪင်ခွင်မှာတွေ့တော့ ဒီမိန်းမကပြုံးကြည့်နေရပါတယ် အကိုရယ် သတိရပါတယ် အမှတ်ရတိုင်းကိုရင်ထည့်ထားပါတယ် တစ်ချို့အမှတ်တရတွေကနာကျင်ဖို့ကောင်းတယ် မေ့ပြစ်ခြင်းတယ် မမေ့နိုငိပါဘူးအကိုရယ်😢😢🥺🥺🥺

  • @kowai-g4c
    @kowai-g4c 2 месяца назад

    ဒီသီချင်းလေးအရမ်ကြိုတယ်❤❤❤❤

  • @hanthein3568
    @hanthein3568 4 месяца назад +2

    ငါလဲသူနဲ့ပျော်ပျော်ရွှင်စကားတေပြောခဲ့တယ်ကြည်နူးခဲ့တယ်ဒါပင်မဲ့နောက်ဆုံးတော့သူထွက်ခဲ့သွားခဲ့တယ်😢

  • @hantint7320
    @hantint7320 4 месяца назад +3

    သိပ်လွမ်းတာဘဲ ကံမကုန်ရင်တော့ ပြန်ဆုံကြတာပေါ့အကိုရယ်😭💔

  • @MaKhinNyeinChanAung
    @MaKhinNyeinChanAung 4 месяца назад +16

    လူတစ်ယောက်မေ့ဖို့ အချိန်ဘယ်လောက်ယူရမလဲ အချိန်တွေကြာသွားပေမယ့် ပြန်လာမယ်လို့ ထင်နေတုန်း😄

    • @saimin-fhdyt
      @saimin-fhdyt 3 месяца назад

      သူပြန်လာမယ်ထင်တာပဲ

    • @KEVIN-vy1cp
      @KEVIN-vy1cp Месяц назад

      စောင့်နေတုန်းဘဲ ပြန်လာမယ်အထင်နဲ့😅

    • @sulatt4476
      @sulatt4476 18 дней назад

      ဟုတ်ပါ့နော်တော်တော်ကြာပြီပြန်လာမယ်အထင်နဲ့စောင့်နေခဲ့တာ😊😔

  • @PoeEiPhyu-j5b
    @PoeEiPhyu-j5b 21 день назад

    တောင်ငူက အကိုနဲ့ တွဲက တာ နှစ်နှစ်ကျော်တယ် ကျမက ပုသိမ်ကလေ သိပ်ချစ်ခဲ့တာ ခုချိန်ထိ တောင်ငူဆိုပြီး တစ်ယောက်ယောက်ကပြောမိလိုက်ရင်တောင် ရင်ထဲ နင့်သွားတယ့် အဖြစ်‌ေတွများ😢😢ကျမတို့ လမ်းမခွဲဘဲ လမ်းကွဲသွားကြတာမျိုး

  • @maungyonhtwe6269
    @maungyonhtwe6269 Месяц назад

    သီချင်းလေးကြားတိုင်းကျမသူ့ကိုလွမ်းနေမိတယ် ကောင်းထက်ရယ်

  • @MinMin-e1w
    @MinMin-e1w 5 месяцев назад +6

    ကျွန်မမှာသိပ်ချစ်ရတဲ့လူတစ်ယောက်ရှိတယ် အရမ်းချစ်ရတဲ့သူလေးကရက်စက်တာကိုပြုံးပြုံးလေးကြည့်ရင်းအသက်ရှင်တယ်တစ်နေထားခဲ့ခံရတယ် လွမ်းလိုက်တာ 😞

  • @MoeMyintThu-s8k
    @MoeMyintThu-s8k 18 дней назад

    အရမ်းနက်သတိရပါတယ် 💔🥀

  • @thainthanthu5666
    @thainthanthu5666 4 месяца назад +3

    အရင်းနှီးဆုံး သူစိမ်းလေးပါပဲ..

  • @sawmyokoko-y5n
    @sawmyokoko-y5n 11 дней назад

    ဘယ်လိုလုပ်မေ့နိုင်မှာလဲ ဒီဦးနှောက်က အကောင်းကြီးရှိသေးတာကို🙂🙂

  • @dandi_momo
    @dandi_momo 4 месяца назад +18

    မန့်ဖတ်ပြီး ရင်ဘတ်ထဲက လူကိုလွမ်းလို့ငိုနေရပြီ

  • @yuukikiwi
    @yuukikiwi 2 месяца назад

    အရမ်းလွမ်းတယ် အမှတ်တရများစွာနဲ့ဖြတ်သန်းပြီးမှ ကံကြောင့်ဝေးခဲ့ရတယ်
    အမြဲမောင့်ကိုပဲ ရွေးချယ်မှာမို့ စိတ်မပူပဲ ပျော် "နေခဲ့ပါ😭

  • @LYKFG7657
    @LYKFG7657 4 месяца назад +3

    Introနဲ့တင်ကြွေကွဲစ်ု့နင့်စေနိုင်သော..

  • @MoePwintThu-nm1tf
    @MoePwintThu-nm1tf 6 месяцев назад +1

    သိပ်ချစ်ရတယ့်သူ့ကိုမပိုင်ဆြိင်ရဘဲသူငယ်ချင်းလိုဘဲဆက်ရျှိနရတယ် ဒါပေမယ့် ကိုယ့်အရမ်းချစ်တာကို သု့သိတော့ကျေနပ်ပါတယ် မကြာခင် သူ့ လိုအပ်နေတယ့်အခါ ဘာမှမလုပ်နိုင်တယ့် အဝေးကိုထွတ်သွားရတော့မှာမို့ ကျမ သိပ်ချစ်တယ့်သူ တခြားသူပိုင်ဆိုင်သွားမှာအရမ်းကြောက်နေတယ် ကျမပြန်လာမယ့်အချိန်ထိ ကျမကိုသူငယ်ချင်းလိုစောင့်နေမလား သူ့ က်ုယ့်အပေါ် အချစ်ရှိရင်သိပ်ကောင်းမှာ😢

  • @dogKing-gs6ke
    @dogKing-gs6ke Месяц назад

    ေကျးဇုပြုပိးပြန်လာေပးပါ😢

  • @SuSu-vb9pe
    @SuSu-vb9pe 14 дней назад

    အတိတ်ကတွေ့ခဲ့တဲ့myat noe ကိုလွမ်းတယ်............ပြန်လည်းလိုချင်းတယ်😖

  • @rukfah5953
    @rukfah5953 2 месяца назад

    အရမ်းချစ်ခဲ့တဲ့သူတစ်ယောက်ရှိခဲ့ဖူးပါတယ် ခုထိမေ့မရသေးဘူးပေါ့သူ့ကို သူကတော့အသစ်နဲ့ပျော်နေပါပြီ အသစ်တွေ့တော့မအဟောင်းမေ့ဆိုတဲ့အတိုင်းပဲ ကိုယ့်ကိုတစ်ယောက်တည်းထားခဲ့တယ်😢 ကိုယ်ကတော့သူ့ကိုအခုထိစွဲလန်းနေတုန်း

  • @VivoVivo-w8u
    @VivoVivo-w8u Месяц назад

    😢😢အရမ်းကြိုက်တယ်😢💔

  • @BhoneMawShwe
    @BhoneMawShwe 5 месяцев назад +1

    မင်းကြောင့်ငါ့မှာအရမ်းခံစားခဲ့ရဒါကိုမင်းမသိတခြားလူတွေနဲ့ပျော်ရွှင်နေတယ်မင်းကိုချစ်ခဲ့တာအရမ်းကြာတလုပြီမင်းသိပါတော့ ကျနော်ဒါကိုပြောချင်တာပါ

  • @NayChi-l4l
    @NayChi-l4l 4 месяца назад +1

    ကိုယ့်ကို သိပ်ချစ်ပါတယ်ဆိုတဲ့ သူကလည်း ကိုယ့်ထက်ပိုချစ်ရမဲ့သူရှိလာရင် ထွက်သွားကြတာပါဘဲ

  • @MinMhr
    @MinMhr 4 месяца назад +1

    လွမ်းတယ် အရင်တုန်းကအချိန်လေး ညအချိန်ဆို မနဲ့ စကားပြောတဲ့မအသံလေးတွေ အမြဲပြန်လိုချင်မိတယ် ဖြစ်နိုင်အုံးမယ်ဆိုရင် အရင်လိုမကိုပြန်လိုချင်တယ် မောင့်ဆီက ထွက်သွားတာ အရမ်းစောလွန်းတယ် မရယ်

  • @ChitZaw-u7s
    @ChitZaw-u7s 6 месяцев назад

    တဘဝလုံးနောင်တတွေနဲ့ရှင်သန်
    ရအောင် မင်းကလုပ်ပေးသွားတယ်
    မဟုတ်ဘူး
    ငါကိုယ်တိုင်က လုပ်ခဲ့မိတာပါပဲ
    အချစ်ရေ နေ့တိုင်းတယောက်တည်း
    ပြောဖြစ်တယ်ကွဲ့
    " ကျနော် ' မ ' ကို သိပ်ချစ်ခဲ့တာပါ " လို့
    💔

  • @DanZ-r5t
    @DanZ-r5t 2 месяца назад

    အရာအားလုံးကမနေ့တနေ့ကလိုပါပဲ။အချစ်ဦးမို့သတိရနေတယ်။လွမ်းတာထက် နာကျင်စရာများစွာနဲ့ပေါ့။မင်းရဲ့အမျိုးသားနဲ့အဆင်ပြေပါစေ။မပေါင်းဖက်လိုက်ရတဲ့ဇာတ်လမ်းတွေကို သိပ်ရင်နာတယ်။ဒါပေမဲ့မင်းကိုတော့ နာကျဥ◌်းတယ်။

  • @MinSoe-bb3hw
    @MinSoe-bb3hw 4 месяца назад

    လွမ်းတယ်ဗျာ❤

  • @Kaungkhantkyaw-w3g
    @Kaungkhantkyaw-w3g 2 месяца назад

    မမမေသူကျော်ကိုလွမ်းတယ်❤

  • @maybhone-h7
    @maybhone-h7 2 месяца назад

    သတိရတယ် လွမ်းတယ် အရင်ကတူတူ ဖြတ်သန်းလာတဲ့အချိန်တွေကိုယ် အကိုက တော့ဘယ်‌မှတ်မိပ့မလဲ ဘာပဲဖြစ်ဖြစ် အကိုကို‌တော့ မမှန်းရက်ဘူး ချစ်သေးလာဆိုလဲချစ်သေးတယ် ဖြစ်နိုင်ရင်ပြန်လာပေးပါအကိုရယ်😭😞

  • @yonkerki
    @yonkerki 3 месяца назад

    ဘယ်ရင်ခွင်မှာပဲနေနေ
    ဘယ်သူနဲ့ပဲ ရှိရှိ ဘယ်နှုတ်ခမ်းကိုပဲနမ်းနမ်း
    ပန်းပဲခူးခူး လမ်းပဲကူးကူး
    တစ်သက်သာ ဂရုစိုက်ပါ ။
    -ကိုဂျိမ်း

  • @သန်းအောင်-ပ၄ထ

    ဟုတာပေါ.အလိုလက်ပိအတသိချစ်ပေနေတာကို.သိသိကြီးကိုင်ထုပ်ပစ်နိင်တယ်.စိတ်နာလာဆိုတော့မနာတော့ပါဘူး.အရာအလုံးက.သူဘာသာသူပြန်အဆင်ပြေသွာတော့.ကျေးဇူးတော့တင်မိပါတယ်သင့်ခန်းစာလဲ့ရလို.အတွေအကြံလဲ့ရတာပေါ့.

  • @KhwarNyoThin-z5j
    @KhwarNyoThin-z5j 3 месяца назад

    ဒီနေ့လဲ လွမ်းတယ် ပါးရယ်
    ဆေးလိပ်တွေလျှော့သောက်ခိုင်းမယ့်မိန်းကလေးဟာ ပူတူးမဟုတ်တော့ဘူးနော် ဒါပေမယ့်လဲ ပါးကိုဂရုစိုက်ပေးမယ့်သူကတော့ပြောမှာပါလေ ပါးရဲ့တစ်နေ့တာကိုလဲ တခြားမိန်းမကိုပြောပြပြီးဘဝကိုဖြတ်သန်းနေမှာပေါ့နော် ပူတူးကလွဲလို့တခြားသူတွေကိုတန်ဖိုးထားတတ်တဲ့ပါး ပျော်ပါစေလို့ပဲဆန္ဒပြုပါတယ်

  • @Nanthazainthinthu-
    @Nanthazainthinthu- 2 месяца назад +2

    လွမ်းတယ်ကိုရယ်💔

    • @MgTom-5311
      @MgTom-5311 Месяц назад

      အမကိုလွမ်းတယ်ဗျာ

  • @YeLay-bp2dq
    @YeLay-bp2dq 5 месяцев назад +2

    အရမ်းလွမ်းတယ်မောင်

  • @minheinkoko-o4i
    @minheinkoko-o4i 2 месяца назад

    ဒီသချင်းလေးနားထောင်ရင် သိပ်ချစ်ရတဲ့သူမကိုတောင် သတိရသွားပါတယ်ဗျာ
    ဘာလို့လဲဆိုတော့ သူအိပ်ခါနီးကြရင် သီချင်းဆိုပြီးမှ သူကအိပ်ပျော်သွားတာဗျ
    ပြန်ရရင်တော့လိုချင်မိပါရဲ့ ကို့အမှားတွေအတွက်တောင်းပန်ပါတယ်

  • @Naylinn-00
    @Naylinn-00 4 месяца назад +11

    Comment ထဲကလူတွေအချင်းချင်းတွဲလိုက်ပါလား😢

  • @Yadioo464
    @Yadioo464 4 месяца назад +1

    ဘ၀မှာ ပထမဆုံးးခေါ်ဖူးတဲ့ အကိုဆိုတဲ့နာမ်စား ပထမဆုံးအချစ်ဆိုတာကိုနားလည်စေတဲ့ အဲ့လူ လွမ်းတယ် ဖက်ထားချင်တယ်

  • @NayLinWai-u2f
    @NayLinWai-u2f 28 дней назад

    အသက်ငယ်လို့ထားခဲ့တာဆိုတဲ့အမရေ မောင့်ထက်ငယ်တဲ့လူတွဲပြီးအရမ်းမဆိုးနဲ့နော် မင်းကိုလက်သာလွှတ်ပေးလိုက်ရတာ စိတ်မချဘူး

  • @EiPopo-zz7wz
    @EiPopo-zz7wz 4 месяца назад +3

    ပြေးလွမ်းစရာရီးစားကမရှိ...​ရှော..🥴

  • @PANDAKAUNGMALAY
    @PANDAKAUNGMALAY 6 дней назад +1

    Hi🥰🥰💕💖💕💖

  • @DavidLann2005
    @DavidLann2005 4 месяца назад

    ကျနော့်ကောင်မလေးက တအားနောက်တယ်ဗျ ခိုးရာလိုက်တာတောင်လူမှားရတယ်လို့

  • @ThanHtunSoe
    @ThanHtunSoe Месяц назад

    လွမ်းဝာယ်အရင်ကအချိန်လေး😢

  • @tazinphoo-kv6ii
    @tazinphoo-kv6ii 2 месяца назад

    အရင်ချိန်တေပဲပြန်ရောက်ချင်နေတယ် သူနဲ့ကြည်နူးခဲ့ရတဲ့အချိန်တေပေါ့😢

  • @PhyuPhyuTheint-r6e
    @PhyuPhyuTheint-r6e 6 дней назад

    မင်းရွေးချယ်လိုက်တဲ့သူနဲ့အဆင်ပြေပါစေ
    ငါကတော့ မျက်ရည်တွေနဲ့ အိမ်မက်ဆိုးတွေထဲက ရုန်းထွက်မရသေးဘူး

  • @paingsu5555
    @paingsu5555 2 месяца назад

    သံယောဇဉ်လေးတွေရှိသေးရဲ့လား လွန်ခဲ့တဲ့6နှစ် ကပုံရိပ်တွေကိုအခုထိမှတ်မိနေတုန်းပဲ နေ့တိုင်း ကို့အကြောင်းတွေးမိပါတယ် ပြန်လာခဲ့ပါ

  • @SitNaing-vy6oh
    @SitNaing-vy6oh 21 день назад

    တစ်ခါလွဲရင် ဘယ်လောက်ကြာတက်လဲဟင့်..💔

  • @NayLinWai-u2f
    @NayLinWai-u2f 28 дней назад

    သတိရတယ်အချစ်ရယ်

  • @MayThinkyaing-ue4ow
    @MayThinkyaing-ue4ow 3 месяца назад

    ချစ်ခဲ့တာအမှန်တကယ်ဆိုပေမယ့် မှားယွင်းတဲ့အတိတ်တွေကိုတော့ အကောင်းအတိုင်းပြန်လုပ်လို့မရတော့တဲ့အခါကျ ဒီအတိုင်း လမ်းခွဲပီး နေလိုက်တာက ပိုကောင်းပါတယ်..... ခံနိုင်ရည်တွေလဲ ကုန်ခမ်းနေခဲ့ပါပီ .... ချစ်တယ် လွမ်းတယ် အတိတ်ကို...ပြန်တော့ မသွားချင်တော့ဘူး 😅

  • @YoonWathiAung
    @YoonWathiAung 2 месяца назад

    လွမ်းတယ်ဟိုကလေး

  • @KyawThet-c2p
    @KyawThet-c2p 3 месяца назад

    အားလုံးကခနလေးပါဆိုပေမဲ့ အဲ့ခနလေးမှာတော့ မင်းအ‌ကြောင်းတွေပဲတွေးမိနေတရ်ကွယ်😢😢😢

  • @HtayHtay-fl1hf
    @HtayHtay-fl1hf 3 месяца назад

    လွမ်းတာထက်မင်းဂိုပိုမုန်းတယ်☺️

  • @ShweNadiMoe
    @ShweNadiMoe 3 месяца назад +2

    အရင်အကြောင်းတွေကိုမေ့ပစ်ချင်ပေ​မဲ့ခုထိမေ့မရသေးဘူး

  • @kyiphyu-h7g
    @kyiphyu-h7g 2 месяца назад

    ဘယ်မေ့ရပါမလဲအချစ်ရယ်....

  • @kosoe-w2e
    @kosoe-w2e 3 месяца назад

    အတိပ်ဆိုပေမဲလည်တစ်ခါတလေဆိုတာထက်ပိုတယ် သူမကိုသတိရတုန်ပဲ သူမှာအသစ်ရှိနေတာလဲသိတယ် လေ😢

  • @pekarboy1446
    @pekarboy1446 9 месяцев назад

    အချစ်ဦးဆိုတဲ့ မိန်းကလေးကို ကျွန်တော်သတိရတယ် အချိန်တိုင်းပဲ
    အမှတ်တရတွေအများကြီးနဲ့ မို့ စာသွားသွားပို့မိတယ် ပြီးရင်ပြန်ဖျက်တယ် ☺️
    ဘာကြောင့်မှမဟုတ်ပဲ ပင်ပန်းလာကြတဲ့ relationship မို့ ဖျက်ခဲ့ရပြီး ကျွန်တော့ဘက်ကတော့ သူပြန်လာမယ်လို့ပဲထင်နေမိတယ်..

    • @LyricsAnfx
      @LyricsAnfx  7 месяцев назад

      ကိုယ်သာ တကယ်ချစ်သေးရင် ပြန်ဆက်သွယ်လိုက်ပါဗျ relationshipတစ်ခုက မုန်တိုင်းပြီးရင် လေပြေလာစမြဲပါပဲ လေပြေကြီးပဲလာတာရုပ်ရှင်ထဲမှာပဲရှိတာပါခင်ဗျာ

  • @KhaingThazinaung-ub6th
    @KhaingThazinaung-ub6th Месяц назад

    ဒီတခါလွဲရင်တသက်လုံးတဲ့..!

  • @myateaindrea5218
    @myateaindrea5218 25 дней назад

    တကယ်တမ်းလမ်းခွဲရတော့လဲ လွမ်းခွဲစကားတောင်မပြောလိုက်ရပါဘူး😅

  • @KyawKyaw-w4f
    @KyawKyaw-w4f 3 месяца назад

    လွမ်တယ်ဗျာ😢😢

  • @hozifa-wk9rh
    @hozifa-wk9rh 4 месяца назад

    လွမ်းနေဆဲပါ ချစ်ရယ် 🥺

  • @Hnin-w8n
    @Hnin-w8n 3 месяца назад

    လူတစ်ယောက်ကိုမေ့နိုင်ဖို့ အချိန်ဘယ်လောက်ယူရတာလဲ အချိန်တွေက အတော်ကြာခဲ့ပြီ အခုထိမေ့မရသေးဘူး