လင်းနို့ဂူသို့ အလည်တခေါက်

Поделиться
HTML-код
  • Опубликовано: 7 фев 2025
  • လင်းနို့ဂူသို့ အလည်တခေါက်
    ဘားအံမြို့ကို ရောက်လို့ ကော့ဂွန်းဂူတို့၊ ရသေ့ပျံဂူတို့ကို သွားလည်ပတ်ဖြစ်လို့ အပြန်ကျရင် လင်းနို့ဂူကို ဝင်လည်ပတ်ပါ။ လင်းနို့ဂူက တောင်အောက်မှာရှိတာပါ။ ဂူထဲသို့ဝင်ဖို့က အဆင်မပြေပါဘူး။
    တောင်ပေါ်သို့တက်ရန် တောင်နံရံက နည်းနည်းမတ်ပါတယ်။ သံလှေကားတွေကို တွယ်တက်ပြီး တောင်စွယ်မှာတည်ထားတဲ့ ဘုရားကိုဖူးရင်း တောင်ပေါ်ကနေပြီး ရှုခင်းကြည့်တာတို့၊ ဓာတ်ပုံရိုက်တာတို့လုပ်ပြီး သံလွင်မြစ်အလှတရားကို ခံစားနိုင်ပါတယ်။
    လင်းနို့ဂူသွားမယ်ဆိုရင် ညနေစောင်းသွားတာအကောင်းဆုံးပါ။
    လင်းနို့တွေထွက်တာကို ကြည့်ချင်ရင်တော့ အောက်ဘက်ဂူပေါက်ဝရှိရာကနေ ကြည့်ပြီး မှတ်တမ်းတင်နိုင်ပါတယ်။ လင်းနို့တွေထွက်တဲ့ အချိန်က ရာသီအလိုက်ပြောင်းတတ်ပါတယ်။
    လင်းနို့တွေကို ဦးတည်ရာသို့ ပျံသန်းနိုင်အောင်၊ ဓာတ်ကြိုးတွေကို မတိုက်မိအောင် ပျံသန်းနိုင်စေရန် ပလပ်စတစ်ဘူးထဲကို ကျောက်ခဲထည့်ပြီး အသံမြည်အောင် တီးပေးတဲ့ ဦးလေးကို လင်းနို့တွေ ထွက်မယ့်အချိန်ကို မေးမြန်းနိုင်ပါတယ်။
    လင်းနို့တွေ တကောင်စ နှစ်ကောင်စ ထွက်လာရာကနေ အကောင်ရေ သိန်းနဲ့ချီပြီး ထွက်လာကြတဲ့အခါ မှတ်တမ်း ဗီဒီယိုရိုက်နိုင်ပါတယ်။
    မုတ္တမကွေ့ ပင်လယ်ထဲအထိ ပျံသန်းကာ အစာရှာကြတယ်လို့ဆိုပါတယ်။ ည(၂)နာရီလောက်မှာတော့ ဂူထဲကို ပြန်လာကြတယ်လို့ သိရပါတယ်။
    Zaw Hlaing Tun - Travel Diary 31
    #လင်းနို့ဂူ #traveldiary31 #zawhlaingtun #ကရင်ပြည်နယ် #သံလွင်မြစ် #သံလွင်တံတား #ဘားအံ #ဘားကပ်ကျေးရွာ

Комментарии •