စကခ(၁၅)တပ်မဌာနချုပ်ဒုတပ်မမှူးဦးဆောင်သည့်စစ်သားများနှင့်တပ်မိသားစုဝင် ရာချီ AA ထံအညံ့ခံ
HTML-код
- Опубликовано: 6 фев 2025
- ဓါတု(မဇ္ဈိမ)။ ။ရခိုင်ပြည်နယ်၊ဘူးသီးတောင်အခြေစိုက် စကခ(၁၅)တပ်မဌာနချုပ်မှ ဒုတပ်မမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်တပ်မိသားစုဝင်များလက်နက်ချအညံ့ခံခဲ့ကြောင်း အာရက္ခတပ်တော် (AA)က ယနေ့ မေလ ၆ ရက်တွင် ထုတ်ပြန်သည်။
မေလ ၄ရက်က လက်နက်ချအညံ့ခံခဲ့စဉ် ရိုက်ကူးထားသည့် ရုပ်သံဖိုင်ကို AA က ထုတ်ပြန်ခြင်းဖြစ်သည်။
စကခ(၁၅)တပ်မဌာနချုပ်အားထိုးစစ်ဆင်တိုက်ခိုက်မှုအပြီးတွင် အပြတ်အသတ်ရှုံးနိမ့်ကာ လုံးဝမလွတ်မြောက်နိုင်သည့်အခြေအနေ၌ လက်နက်ချအညံ့ခံခဲ့၍ အသက်ချမ်းသာရာရခဲ့ကြခြင်းဟု AA က ဆိုထားသည်။
စကခ(၁၅)မှ လက်နက်ချအညံ့ခံခဲ့ကြသူများကို AAတပ်ဖွဲ့ဝင်များက လုံခြုံရေးရယူ၍ခေါ်ဆောင်လာခဲ့ပြီး စုစုပေါင်းလူဦးရေ ၂၀၀ ထက်မနည်းပါရှိသည်ကို တွေ့ရသည်။ ဒဏ်ရာရသူအချို့ကို ထမ်းစင်များဖြင့် ထမ်းလာကြပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်အတူ ရိုဟင်ဂျာလူငယ်အချို့လည်းပါဝင်သည်ကို ရုပ်သံ၌ တွေ့ရသည်။
စကခ (၁၅) တပ်မဌာနချုပ်အား ကာလအတန်ကြာ ဝိုင်းရံပိတ်ဆို့ထားခဲ့ပြီး ဧပြီလ နောက်ဆုံးအပတ်မှ ထိုးစစ်အားအရှိန်မြှင့်ခဲ့ကာ ၁၂ရက်ကြာ အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးမှသိမ်းပိုက်ရယူနိုင်ခဲ့သည်ဟု AAက မေလ ၄ရက်တွင် ထုတ်ပြန်ထားသည်။ စစ်ကောင်စီထံမှလက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းများ နှင့် လက်နက်ချအညံ့ခံသော သုံ့ပန်းများကို ဖမ်းဆီးရမိထားကြောင်း ယင်းနေ့ ထုတ်ပြန်ချက်၌အသိပေးထားသည်။
စကခ(၁၅)တပ်မမှူးသည် ထွက်ပြေးလွတ်မြောက်သွားပြီး ဒုတပ်မမှူးဦးဆောင်ပြီး လက်နက်ချခြင်းဟု AAနှင့် နီးစပ်သည့်သတင်းရင်းမြစ်တဦးကပြောသည်။ စစ်ကောင်စီလက်အောက်ခံတယ်လီဂရမ် ချန်နယ်များ၌ စကခ(၁၅)ဒုတပ်မမှူးအကြောင်းကို ပြောကြားထားခြင်းမရှိဘဲ တပ်မမှူးသည် မောင်တောမြို့၌ရှိနေကြောင်း ရေးသားဖော်ပြထားကြသည်။
စကခ (၁၅) တပ်မဌာနချုပ်နှင့်ဗျူဟာဌာနချုပ်တို့သည်ရခိုင်ဒေသအတွင်းလူမျိူးရေး၊ဘာသာရေးပဋိပက္ခဖြစ်ပွားစေရန် အဓိကလုပ်ဆောင်ခဲ့သော ခေတ်အဆက်ဆက်လက်သည်တရားခံများဖြစ်သည်ဟု AAက ပြောထားသည်။
စစ်ကောင်စီ၏ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) များဖြစ်ကြသော စကခ (၅) တောင်ကုတ်၊ စကခ (၉) ကျောက်တော်နှင့် စကခ (၁၅) ဘူးသီးတောင်တို့သည် ရခိုင်ပြည်နယ်၌ရှိသည်။စကခ(၉) ကျောက်တော် လက်အောက်ခံတပ်ရင်းများအားလုံးကို ပြီးခဲ့သည့်ဖေဖော်ဝါရီလအတွင်း AA က တိုက်ခိုက်သိမ်းပိုက်ထားသည်။
စကခ (၁၅) တပ်မဌာနချုပ်လက်အောက်ရှိ ခမရ (၃၄၅)၊ ခမရ (၃၅၂)၊ ခမရ (၃၅၃)၊ ခမရ (၅၃၅)၊ ခမရ (၅၅၁)၊ ခမရ (၅၅၂)၊ ခမရ (၅၆၄)၊ ခမရ (၅၆၅) တပ်ရင်းများနှင့် ဘူးသီးတောင်ဗျူဟာလက်အောက်ခံတပ်ရင်းများဖြစ်ကြသော ခလရ (၂၃၃)၊ ခလရ (၂၃၄)၊ ခလရ (၂၆၃) နှင့် အမြောက်တပ် (၃၇၈) တို့ကိုထိုးစစ်ဆင်တိုက်ခိုက်နေပြီး ခမရ (၅၅၂)၊ ခမရ (၅၆၄) ၊ ခမရ(၅၆၅)၊ ခမရ (၅၅၁) နှင့် စကခ (၁၅) ဘူးသီးတောင်တပ်မဌာနချုပ်တို့အားအပြီးသတ်သိမ်းပိုက်ရယူထားပြီး ဖြစ်သည်ဟု AAက မေလ ၄ရက်ထုတ်ပြန်ချက်၌ အသိပေးထားသည်။သိမ်းပိုက်ရယူရန်ကျန်ရှိနေသေးသော လက်ကျန်စခန်းများကိုလည်း တပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်ဟု AAကထုတ်ပြန်ထားသည်။
စာတည်း - အေးချမ်း
#ဘူးသီးတောင် #စကခ(၁၅) #ဒုတပ်မမှူး #လက်နက်ချအညံ့ခံ
အညွှန်း- ဘူးသီးတောင် စကခ (၁၅) မှ လက်နက်ချသော ရာနှင့်ချီသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ(video- AA)
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
bit.ly/2VhJ12U
Subscribe our channel:
/ @mizzimanewstv
Follow us:
Facebook | Myanmar Language / mizzimadaily
Facebook | English language / mizzimamyanmarnews
Facebook | Mizzima+TV / mizzimaplustv
Twitter / mizzimanews
Telegram t.me/mizzimatv
Sportify open.spotify.c...
Mizzima TV App onelink.to/jnuwak
Mizzima Weekly Analysis & Insight Patreon patreon.com/Mi...
Website :
bur.mizzima.com
eng.mizzima.com
www.mizzima.tv
.....................
About us:
Mizzima today is recognized as the most accessed and trusted source of news for the people of Myanmar. Mizzima boasts over 21 million followers of our main Facebook page in addition to a digital daily newspaper in Burmese, Mizzima App, weekly English language magazine, and FM and shortwave radio broadcasting. In addition to the approximately 32 million people reached via Mizzima TV and Radio broadcasting.
မင်းတို့ကို ဗိုလ်ချုပ်ကမှာပြီးသား ရခိုင်ကိုလာလို့ရတယ် ပြန်လမ်းမရှိဖြစ်မယ်တဲ့ လိမ်မာရင်တော့ တချိန်ဌာနေပြန်ရမှာပေါ့ကွာ
ခုလိုရွေးချယ်လိုက်တာ အရမ်းမှန်ပါတယ်။ ခုဒီအထဲမှာ တပ်သားငယ်ငယ်လေးတွေ နဲ့ ရိုဟင်ဂျာ တပ်သားလေးတွေတွေ့ရတယ် ။ သင်တန်းတောင် တစ်လပြည့်အောင်တောင်တက်ရသေးရဲ့လားမသိ ။ မအလကတော့ သူ့အာဏာပါဝါနဲ့ ပြည်သူတွေဆီက ယူထားတာတွေကို လက်လွှတ်ဆုံးရှုံးရမှာဆိုးလို့ လက်အောက်ငယ်သားတွေရဲ့ အသကတွေကိုစတေးခံခိုင်းနေတာ ။ ဇဘဟ ဆိုတဲ့ဘောမကအမြဲပြောတာ ကျနော်ချစ်ရတဲ့ တပ်မတော်ကြီးနဲ့ တပ်ချူပ်ကြီးတဲ့ ရီရတယ် ဘောမအားလုံးထဲမှာ နင်အဆိုးဆုံးဘဲ မအလသာ ပြည်သူကိုကြည့်တဲ့တပ်မတော်သာဆို ခုလိုတွေဖြစ်စရာကိုမလိုတာ။ မဲလိမ်တယ်ဆိုတဲ့ အကြောင်းပြချက်ကြီးကလုံဝလိမ်ဆင်ကြီး ။ ကလေးသွားမေးတောင်သိတယ်။ ရွေးကောက်ပွဲမှာ NLD ဟာသောင်ပြိုကမ်းပြိုနိုင်တာ။ အခု မအလုပ်တဲ့ အမှု့ကြီးက နိုင်ငံတော်ပုန်ကန်မှု့ ။ အုန်းကျော်မြင့်လည်းနိုင်ငံတော်ကိုပုန်ကန်လို့ဆိုပီး နေဝင်းသေဏ်ပေးတယ်လေ။ အခုမအလဆိုပိုဆိုးမယ် အမှု့ပေါင်းမြောက်များစွာနဲ့ ICC တင်မကဘူး တော်တော်များများကခုံရုံးတွေတက်ရမှာ ။ အဲဒါသူဝဋ်လည်တာ ။ အပြစ်မရှိတဲ့ သမ္မတကြီးနဲ့ အမေစုကိုစကားပြောစက်လက်ဝယ်ထားလို့တဲ့ အမှု့ကလည်းယုတ္တိမရှိတာကြီး ။ ခင်ဗျားတို့ စစ်အုပ်စုတစ်စုလုံး ပုလင်းတူဘူးစို့တွေဘဲ အားလုံး အပြစ်ဒဏ်ပေးခံရမှာ ။ ခင်ဗျားက ကိုယ့် အထက်က အာဆီယံရော ကုလသမဂ္ဂ ကိုရော ဂတိတွေပေးပြီး ခင်ဗျားလုပ်ချင်ရာလုပ်တာ ။ ကမ္ဘာပေါ်မှာ အဆင့်မရှိဆုံးတပ်မတော် ကို ခင်ဗျားတို့မို့ အရှက်မရှိ Standard Army လို့ပြောရဲတာ အံ့ဩတယ်။
ဗမာစစ်သားတွေအနေနဲ့ကိုယ်ဗမာလူမျိုးကိုကာကွယ်နေရတာလည်းမဟုတ်ဘူးဗမာပြည်မှာဖြစ်နေတာလည်းမဟုတ်သည့်အတွက်လက်နက်ချအညံ့ခံတာဟာကုိယ်အသက်ကိုကာကွယ်တာဘဲအာဏာရှင်တည်မြဲဖို့တိုက်ေပးနေရတာကို
ရွေးချယ်မှုအမှန်ဆုံးပါ
Good Good
အလံဖြူထောင် ခြင်းဟာ...
မင်းတို့လည်း ချမ်းသာ။ အာရက္ခတပ်တော် လည်း ကျန်းမာ ၊ ငါကလည်း ဝမ်းသာတာပေါ့ကွာ။ မဟုတ်ဘူးလား။
အာရက္ခ တပ်တော် AA❤❤
လိမ္မာမှအိမ်ပါမယ်နော် မလိမ္မာရင်ဒီအချိန်ဆိုအသက်ပျောက်နေပြီ❤
AA ဗူးသီးကျော်ရောင်းနေတယ်
กองทัพAAทำได้ดีมากเลย
AAကိုမျိုးဖြုတ်ပစ်ပါ လူပါးဝနေတာ ၊အခုရခိုင်တွေငတ်ကုန်တာကိုဘာလို့စစ်တပ်ကရိက္ခါစားစရာတွေသွားရောင်းပေးတာလဲ၊အလုအယက်ဝယ်ကျတာအရှက်မရှိ၊
kyawmoe582 မင်းလာခဲ့လိုက်လေ သူများကို ပြောနေမယ့်အစား
အကြမ်းဖက််သမား အေအေက Natok ဗီဒီယိုပြု 😂😂😂😂😂
စောက်ပေါ😂
ဒတပမမှူးနဲ့ အပေါင်းအပါများ ဥာဏ်ကောင်းသွားပီ..ရွေးချယ်မှု မှန်ကန်သွားပီ
စစ်ခွေးတွေ ဘက်က မိရင် အရှင်မီးရှို့ လည်လှီး သတ်မှာ လူအခွင့်အရေးပေးလို့မရတဲ့ကောင်တွေမသနားနဲ့
ယုံကြည်လို့အလံဖြူထောင်ပြီးအညံ့ခံတာလေယုံကြည်မှုကိုသူတို့လိုအလွဲသုံးစားလုပ်ရင်သူတို့နဲ့ဘာထူးတော့မှာလဲကွ
စစ်အုပ်ချုပ်ရေးစနစ်အဆုံးသက်ပါစေ
(2024) ခုနစ်မကုန်စစ်ခွေးရဲခွေးဖြူစောထီးခွေးအုပ်ကြီးများယာအိမ်မှူးများစစ်သားစုစောင်းပေးသူမျာသေစေရမယ်ဟေ့
သူတို့ကို ထိုးကျွေးလို့ထိုးကျွေးမှန်းမသိတဲ့ အဲဒီ အုပ်ကြီးအပါအဝင် ယာအိမ်မှုးတို့ ဘာတို့က မြှောက်ပေးရင် ဂွေးတတ်အောင်ကတာတွေ ။
လူအန္ဓတွေဖြစ်သွားသောမြန်မာစစ်တပ်ကစစ်ကျွန်များ၊မင်းတို့ကိုအသက်ရှင်ခွင့်ပေးလိုက်တာ၊ပြန်လည်ပြင်ဆင်ခွင့်ပေးလိုက်တာဟာမင်းတို့ကျူးလွန်ထားတဲ့စစ်ရာဇဝတ်မူတွေအတွတ်တော့မင်းတို့ပြန်လည်ခံစားရမှာပဲ၊မင်းတို့နောက်ကကံကြမ္မာဟာအပစ်ဒဏ်ခတ်ဖို့အရိပ်လိုလိုက်နေပြီ။
မဂ်လာပါ
ကုလားတွေ များတယ်
ရိုဟင်ဂျာတွေများတယ်။
@@ထီးမူ ဘဂ်လီမူစလင်တွေပါ
ရခိုင်တွေ အများဆုံးပဲ စစ်တပ်မှာ
ခွေးရခိုင်@@SomeNaingWin-xf9ck
ခွေးရခိုင် ဝက် ရခိုင်
အာရက္ခတပ်တော်ကတော့ တစ်ကွက်ပီးတစ်ကွက်ပြနေတော့ မလေးစားပဲ့မနေနိုင်အောင်ပါပဲ့ဗျာ
AA🥰🥰💪💪💪
ဘူးသီးကြော် ကျွတ်ကျွတ်လေးရမယ်နော်😂😂😂
ကုန်ပါပြီကွာကျွတ်ကျွတ်
❤❤❤❤❤😊😊😊😊😊
❤❤❤❤
ကောင်းရော
ဒါကမူစလင်ကိုအေးမောင်တို့စကားနားထောင်ပီးမောင်းထုပ်လို့ရလာတဲ့အကျိုးကျေးဇူး
စစ်အစိုးအဆက်ဆက်လုပ်လာတဲ့ အကျိုးဆက်
စဥ်းစားတတ်မဲ့ ဦးနှောက်မပါ ထင်တယ်
ဆန်ကုန်မြေလေး နည်းနည်းပါးပါးရှင်း
ကိုယ့်နိုင်ငံသား/ဗုဒ္ဓဘာသာလူမျိူးတွေကို ပစ်သတ်ရန်အတွက် မွတ်ဆလင် ဘဂ်ါလီတွေကိုစစ်သင်တန်းပေးလက်နက်အပ်ပြီး သတ်ခိုင်းတဲ့ အမျိူးဘာ သာသနာစေါင့်တပ်ချူပ်/မဘသ တပ်မတော်ကြီးရဲ့ အမျိူးဘာသာချစ်ချက်ကတော့ ဘုရားစင်ပျောက်ရုံဘယ်ကမလဲ ဗုဒ္ဓဘာသာလူမျိူးပါအကုန်ရှင်းပစ်တာပေါ့ဗျာ၊ဒါပေမယ့် ဘဂ်ါလီဆိုတာလဲ ထမင်းစားပြီးလူလုပ်နေတာ၊AA ရခိုင်လူမျိူးဆိုတာ တကယ့်လူပါးတွေ၊ ဘဂ်ါလီတွေ စစ်သင်တန်းမတက်ခင်ကတည်းက လျိူ့ဝှက်ပြီး အကုန်ညှိထားပြီးပြီ ဒုန်း ဒိုင်း ဆို ကျနော်တို့ အလံဖြူထောင်လိုက်မယ်နော်တဲ့ ၊
စကတည်းကအဟောက်ခံနေရပြီ
Good Good Good
အမေမွှေးလာထဲက အသက်အပိုမပါလာလို့ ပညာဦးလိုက်တယ်ဆိုပါတော့။
သနားတာပဲသိတယ်
နားတော့မလည်ဘူး
လက်နက်ချပီး ပြည်သူ့ဘက်ကို ရပ်လိုက်ကြစမ်းပါကွာ...
ငါပြောတယ် မင်းလိုတွေကို လက်နပ်ကျပြီး ပြည်သူရင်ခွင် မြန်မြန်ဝင်လို ခုတော လူရုပ်မပေါက်တောဘူး
AAတပ်တော်လက်သံပြောင်ချက်
မဒိန်ကျင် AA အစွန်းရောက်တွေ
ဘာလုပ်ကြတာလဲလို့ရေပက်ကြတာလားလို့
အဲဒီထဲက ဘယ်နှစ်ယောက်က ရိုဟင်ဂျာတွေကို အတင်းအဓမ္မ စုဆောင်းထားတာလဲ။ ?
မသေးသူးလားနွတယ်😂😂
ဘုသီးတောင်မှာဆန်ဒပြရေ
ကလားတိအရင်ထွတ်ဖိုလား
အသီထွတ်ဖိုလားယက်နှစ်လန်မှာတလန်းကိုရွီးပါ
မအလမြင်အောင်ပြကြ
Is it malatary or AA
အကုန်သတ်ပစ်ကွာ
ပြည်သူသာ ညီ
မအလ မကြာဘူး သေမင်းဆီသို့
Burma army purpose is to make quarral between muslim and Rakhine.
Leee AA😂
ဟောင် စမ်း ခွေးတွေ😅
Kmkl AA
what r u fucking guys?
ဟဘောမ လောင်စမ်းစစ်ခွေးတွေစာတတ်နေပြီဟ
AA က မင်းအမေကြီးကို တက်ချသွားလို့ မကျေမနပ်ဖြစ်နေတာလား
Fuckin.AA.MILLTERY
Leee rso
မင်းအောင်ရေးတိုပြည်သူကိုအနိူင်ကြင်ပီးငါးထောင်ဖန်ရင်မင်းရဲ့စစ်တတ်ကြီးလဲ့နှစ်စသုံးစစတဲ့တကိုယ်တိုးလို့တိုင်ရင်းသားလက်နှက်ကိုင်များအားလုံးကလက်နှက်နဲ့လူးဝှောဖမ်းနေတာ
❤❤❤❤
ပြည်သူတွေကြိုဆိုပါတယ်မြန်မြန်လက်နက်ချကြပါဒါမှအကုန်အသက်ရှင်မှာပါကျေးဇူးပါ
မနိုင်မှလက်နက်ချသူတွေသုံးနှစ်ရှိပြီအမြင်မှန်မရသူတွေဘယ်နေရာသွားထားရမှာလဲလူပိုတွေ
ရခိုင်ပြည်အရင်လွတ်မြောက်မယ်တစ်ယောက်မှမထားနဲ့အပြတ်ရှင်းပါ