ကော့ဂွန်းဂူသို့ အလည်တခေါက်

Поделиться
HTML-код
  • Опубликовано: 31 янв 2025
  • ကော့ဂွန်းဂူသို့ အလည်တခေါက်
    ကော့ဂွန်းဂူသည် မြန်မာနိုင်ငံရှိ ထင်ရှားကျော်ကြားသည့် ကျောက်လိုဏ်ဂူများစွာရှိသည့်အနက် တစ်ခုအပါအဝင် ဖြစ်သည်။
    ကရင်ပြည်နယ်ရှိ သဘာဝထုံးကျောက်လိုဏ်ဂူများအတွင်း၌ ဗုဒ္ဓဘာသာဆိုင်ရာကိုးကွယ်မှု အမွေအနှစ်များစွာရှိသော ဤကော့ဂွန်းဂူသည် အထင်ရှားဆုံးနှင့် ယဉ်ကျေးမှုအမွေအနှစ်များ ကျန်ရှိနေမှုအများဆုံးဖြစ်သည်။
    ကော့ဂွန်းဂူသည် ကရင်ပြည်နယ် ဘားအံမြို့နယ် ကော့ဂွန်းရွာရှိ ကော့ဂွန်းထုံးကျောက်တောင်တွင် တည်ရှိသည်။
    သွားရောက်လည်ပတ်လိုသူများသည် ကွန်ပျူတာတက္ကသိုလ်တည်ရှိရာ ဘားကပ်ကျေးရွာဖက်မှ သွားရမည်ဖြစ်သည်။
    ကော့ဂွန်းဂူအဝင်ဝသည် ကျောက်ကမ်းပါးယံ အမိုးအောက်တွင်တည်ရှိသဖြင့် မိုးဒဏ်မှလွတ်ကင်းမှုရှိသည်။ ဂူအဝသည် အရှေ့ဘက်သို့မျက်နှာမူထားခြင်းကြောင့် နေရောင်ခြည်ကောင်းစွာရရှိသဖြင့် ဂူအတွင်းတွင် စိုထိုင်းမှုနည်းပါးကာခြောက်သွေ့မှုရှိသည်။
    ကော့ဂွန်းဂူရှိ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များမှာ စနစ်တကျ၊ ပုံစံကျနစွာ တည်ရှိနေခြင်းမဟုတ်ဘဲ ကျောက်တောင်နံရံ၏ အနေအထားနှင့် အလှူရှင်၏သဒ္ဓါစိတ်တို့အပေါ်မူတည်ပြီး တည်ရှိနေသည်။
    ကျောက်တောင်နံရံများ၊ ဂူနံရံနှင့် အမိုးပိုင်းတို့တွင် ဗုဒ္ဓဆင်းတုတော်များကို မွမ်းမံတန်ဆာဆင်ယင်ကာကပ်လှူထားသည်။
    ကော့ဂွန်းဂူ၌ ကျောက်ရုပ်ကြွသုံးခုကို ယှဉ်တွဲတွေ့ရှိရပြီး နှစ်ခုမှာ ဗုဒ္ဓဘာသာဆိုင်ရာဖြစ်ပြီးကျန်တစ်ခုမှာ ဟိန္ဒူအယူဝါဒဆိုင်ရာဖြစ်သည်။
    ကော့ဂွန်းဂူသို့ အားလပ်ရက်များတွင် ခရီးသွား ဧည့်သည်မြောက်မြားစွာ လာရောက်လည်ပတ်လျှက်ရှိသည်။ ကော့ဂွန်းဂူသို့ ရောက်ပြီးလျှင် ၎င်းအနီးအနားရှိ ရသေ့ပျံရွာမှ ရသေ့ပျံဂူသို့လည်းကောင်း၊ လင်နို့ဂူသို့လည်းကောင်း သွားရောက်လည်ပတ်သင့်သည်။
    Zaw Hlaing Tun - Travel Diary 31
    History Ref: Wikipedia
    #ကောဂွန်းဂူ #ကရင်ပြည်နယ် #traveldiary31 #zawhlaingtun #ဘားကပ်ကျေးရွာ #ကော့ဂွန်းရွာ

Комментарии •