ကံကော်အိုင်ရေတံခွန်

Поделиться
HTML-код
  • Опубликовано: 7 сен 2024
  • ကံကော်အိုင်ရေတံခွန်
    ကံကောင်အိုင်ရေတံခွန်သည် GPS Coordinate 21°50'58"N 96°25'14" E တွင်တည်ရှိပါသည်။ မန္တလေး-မေမြို့လမ်းဘေး ပြင်စာရွာမှသွားရပါသည်။ ပြင်စာရွာမှ ဆိုင်ကယ်များထားခဲ့ကြသည့် ခြံသို့သွားရာမြေသားလမ်းခွဲအထိ ကတ္တရာလမ်းဖြစ်၍လမ်းကောင်းပါသည်။ ကတ္တရာလမ်းမှ ခြံအထိလမ်းသည် တစ်မိုင်ခန့် သုံးမိနစ်ခန့်သွားရသောလမ်းသည် မြေသားလမ်းဖြစ်၍ မိုးမရွာရင် လမ်းကောင်းသော်လည်း ရေစိုနေပါက ဆိုင်ကယ်က လူကိုပြန်စီးမည့်လမ်းဖြစ်ပါသည်။ လမ်းပြစီစဉ်ပေးသည့် ဆိုင်ကယ်ထားခဲ့သည့်ခြံမှ ရေတံခွန်သို့ အသွားအပြန် ၆ နာရီခန့်မျှကြာပါသည်။
    လမ်းတွင် ချောင်းသုံးခု၊ အလွန်အန္တရယ်များသည့် ချောက်ကမ်းပါးယံသုံးခု၊ ကြိုးအကူအညီနှင့်တက်/ဆင်းပြုရသည့်နေရာသုံးခုနှင့် ရေတံခွန်နှစ်ခုကိုကျော်ဖြတ်ရပါသည်။ အန္တရယ်အလွန်ရှိပြီး ခြေတစ်လမ်းမှားတာနဲ့ မတွေးဝံစရာတွေဖြစ်ပေါ်နိုင်တဲ့လမ်းခရီးဖြစ်သောကြောင့် အမြင့်ကြောက်တက်သူများလုံးဝမသွားသင့်ပါ။
    ❗မိုးရွာလျှင်းလုံးဝမသွားသင့်ပါ တောင်အဆင်းလမ်းတလျှောက်လမ်းချောပြီး တောင်ကျရေနှင့်ရုတ်တရက်ကြုံလာနိုင်လို့ပါ။ ကျွန်တော်တို့အပြန်လမ်းမှာ တောင်ကျရေနှင့် ကြုံခဲ့ရပြီး အတော်ကိုတိုင်ပတ်သွားခဲ့ကြပါတယ်။ ပေ၅၀၀ခန့်နက်သည့် ‌ချောက်ကမ်းပါးဘေး ခြေတစ်ဖဝါးစာမရှိသည့် နေရာကနေ အရှိန်နှင့်စီးကျနေသည့် တောင်ကျရေကြားဖြတ်ကူးခဲ့ကြရပါတယ်။ အရှန်နှင်ကျနေသော တောင်ကျရေက နင်းထားသည့်ခြေထောက်ကို တွန်းနေသလို အောက်ကလည်းချောက်နက်ကြီးဖြစ်သဖြင့် တော်တော့်ကိုအန္တရယ်များခဲ့ရပါတယ်။
    ကံကော်အိုင်ရေတံခွန်သည် အခြားရေတံခွန်များကဲ့သို့ ကမ်းပါးယံထိပ်၊ တောင်ထိပ်များမှ ရေကျသည်မျိုးမဟုတ်ပါ။ တောင်ကိုဖောက်ထွက်ပြီးကျဆင်းလာတာမျိုးပါ။ တောင်ပေါ်ကချောင်းရေတွေက တောင်ကြားမှာ ဥမှင်လှိုkင်ပုံစံမျိုးထဲနစီးဝင်သွားပြီးမှ အပြင်သို့ထွက်ကျလာတာမျိုးပါ။ ရေတံခွန်တစ်ခုလုံး၏ သုံးပုံနှစ်ပုံလောက်ကနေရေကျနေပါတယ်။ မိုးရာသီရေကျမျာချိန်တခါတရံ ရေတခွန်တခုလုံးရေကျတက်ပါတယ်။ Video အပြီးပိုင်းနားမှာ ပုဲနှင့်တကွပြထားပါတယ်။
    ❗သတိပြုရန်မှာ ရေတံခွန်ခြေရင်းနာတဝိုက်သည်ရေအလွန်နက်သဖြင့် သတိပြု၍ ရေကူးရေဆော့ခြင်းများပြုလုပ်သင့်ပါသည်။ အဖြစ်အပျက်များလည်းဖြစ်ခဲ့ဖူးလို့ပါ။
    သွားလာရခက်ခဲသောလည်းရှု့ခင်းများအလွန်သာယာသောရေတံခွန်တစ်ခုဖြစ်ပါတယ်။ သဘာဝအတိုင်ကျန်ရှိနေသေးသော နေရာတစ်ခုဖြစ်သဖြင့် အမှိုက်များကိုသေချာလေးစွန့်ပစ်ပေးကြပါခင်ဗျာ။
    Profile
    ---------------------------------------
    Facebook / aung.gyi.5439
    Instagram
    www.instagram....
    ---------------------------------------
    Camera. Arkar
    Atun Lay
    Nay Shine
    Kyipyr
    ကျွန်တော့ channel လေးကိုလည်း subscribe လေးလုပ်ထားပေးကြပါအုံး ချစ်မိတ်ဆွေများခင်ဗျာ ❣️❣️
    #ကံကော်အိုင်ရေတံခွန်
    #ပြင်စာ
    #မေမြို့
    #ပြင်ဦးလွင်
    #ရေတံခွန်
    #waterfall
    #hiking
    #Myanmarwaterfall
    #MyanmarHiking
    #Arkar_Adventure_Trip_Myanmar
    #ArkarAdventureTripMyanmar
    #myanmaradventure
    #hikinglife
    #ArkarAdv

Комментарии • 3

  • @kokomaung
    @kokomaung 11 месяцев назад +1

    အရမ်းစိတ်ဝင်စားစရာပါ
    အမြဲအားပေးကြည့်ရှုခွင့်ရလို့ကျေးဇူးပါ

    • @arkar1082
      @arkar1082  11 месяцев назад

      ကျေးဇူးပါခင်ဗျ 🤗

  • @Queen-qb4jj
    @Queen-qb4jj 3 месяца назад +1

    baby dog pain foods,ကလေးကိုကျောသိုင်းလေးနဲ့ချီသင့်တယ်ကြာရင်မကောင်းဘူး😒