သမထနှင့်ဝိပဿနာ
HTML-код
- Опубликовано: 15 сен 2024
- သမထနှင့်ဝိပဿနာ
#သဲအင်းဂူဆရာတော်ဘုရားကြီး
#တရားတော်များ
#သမထနှင့်ဝိပဿနာ
☮️အတွင်းလောကဓံ နိုင်အောင်တိုက်ကြ☮️
.
အဇ္ဇတ္တသဏ္ဏာန် ... အတွင်းလောကဓံ
ပေါ်လာတဲ့ဝေဒနာတွေကို သည်းညီးခံမှ
အပြင်လောကဓံနိုင်တယ်။
.
အတွင်းလောကဓံ
နာလိုက်တာ ညောင်းလိုက်တာလို့
မခံနိုင်တဲ့ပုဂ္ဂိုလ်
အပြင်လောကဓံ ခံနိုင်ပါ့မလား။
.
အတွင်းလောကဓံမှ မနိုင်တဲ့ပုဂ္ဂိုလ်မှန်သမျှ
အပြင်လောကဓံ ဘယ်တော့မှ မနိုင်ဘူး။
.
ဘုရားရှင်ကိုယ်တော်မြတ်ကြီးဟာ ဘယ်ရန်ကို ... တိုက်သွားလဲ။
အတွင်းလောကဓံ ... တိုက်သွားတယ်။
အတွင်းလောကဓံ တိုက်သွားတော့
အပြင်လောကဓံ ရပေါ့ဗျာ့။
.
အတွင်းလောကဓံ တိုက်ဖို့ အရေးကြီးတယ်။
.
ဦးပဥ္ဇင်းလည်း
အတွင်းလောကဓံ ရုပ်ဝေဒနာတွေကို
နိုင်အောင် တိုက်လိုက်တော့ ဒကာကြီးရေ
တစ်နာရီခွဲ ... နှစ်နာရီ ... သုံးနာရီ
ထိုင်ချလိုက်တယ်။
.
မလှုပ်မယှက်ဘဲနဲ့ ဒီဝေဒနာသဘောကို
ဆုံးအောင် လိုက်ပြီး သမာဓိကိုယူပြီး
တစ်ခါတည်း အဆုံး လိုက်ကြည့်တယ်။
.
အဆုံးလိုက် လိုက်ကြည့်တော့
ဒီဝေဒနာ တစ်နေ့လုံးထိုင်လည်း
သည်းညီးခံနိုင်ပြီ။
.
သမာဓိကရလာပြီ ... သူ့သဘောသိတာကိုး
မင်းသဘော ဒါဘဲရှိတယ်
ငါအတိတ်ကတုန်းက မခံနိုင်ဘူးလို့
ငါထင်နေတာ
မင်းတက်ချင်တိုင်းတက်တော့
ငါမင်းကို ဂရုမစိုက်တော့ဘူး
ဝေဒနာသမာဓိရတယ်။
.
ဝေဒနာသမာဓိရတော့
ဝေဒနာ သင်ညာချည်း ဖြစ်နေတယ်။
ဝေဒနာမှာ သင်ညာဖြစ်နေတယ်။
.
တင်းတာပေါ်လို့ ... တင်းတယ်လို့သိတဲ့စိတ်
အဲ့ဒါ ဝေဒနာသင်ညာ ခေါ်တယ်။
.
ထုံတယ်လို့သိရင် ... ဝေဒနာသင်ညာ
ကိုက်တယ်လို့သိရင် ... ဝေဒနာသင်ညာ
အောင့်တယ်လို့သိရင် ... ကျပ်တယ်လို့သိရင်
ပူတယ်လို့သိရင် ... အေးတယ်လို့သိရင်
လှုပ်တယ်လို့သိရင် ... ဝေဒနာသင်ညာ
.
အဲ့ဒီ ဝေဒနာသင်ညာ ဖြစ်နေလို့ရှိရင်
သင်္ခါရဘဲ။
ပဋိစ္စသမုပ္ပဒ်လည်ရော
ဝေဒနာ တဏှာ ကူးနေပြီ။
.
ဝေဒနာ သင်ညာ ဖြစ်နေရင်
ဝဒနော တဏှာဘဲ။
.
ဝေဒနာ သင်ညာလွတ်ပြီး
ဝေဒနာ ပညာဖြစ်မှ
ပဋိစ္စသမုပ္ပဒ်လည်တာ ရပ်မယ် ဒကာကြီး။
.
ဝေဒနာသင်ညာနဲ့ ဆုံးအောင်လိုက်ကြည့်တယ်
အဝိဇ္ဇာသင်ညာနဲ့ ဆုံးအောင်လိုက်ကြည့်တယ်
ဝေဒနာသမာဓိရလာတော့
တစ်နေ့လုံးထိုင်လည်း
အဲ့ဒီဝေဒနာကို ဂရုမစိုက်တော့ဘူး။
.
ဒီအတွင်း လောကဓံ ဝေဒနာကို
သည်းညီးခံနိုင်တော့
အပြင် လောကဓံ သေနပ်ကြီးနဲ့လာလည်း
ဂရုမစိုက်ဘူး။
အတွင်းလောကဓံ နိုင်လာပြီ။
.
အတွင်းလောကဓံမှ မနိုင်ဘဲနဲ့
ခန္ဓာကိုယ်မှာ ... ဝေဒနာ တက်လာလို့
ညောင်းတယ် ... ကိုက်တယ်
ထုံတယ် ... ကျင်တယ်ဆိုရင်
ဓားမြှောင် ကြီးနဲ့ပြေးလာရင်
အမလေး ငါ့ထိုးတော့မှာဘဲဆိုပြီး
သေရမှာ ကြောက်မှာပေါ့။
.
အတွင်းလောကဓံ တိုက်ထားတဲ့ ပုဂ္ဂိုလ်က
လက်ပစ်ဗုံးကြီးနဲ့ ပစ်သွင်းလိုက်
သူမသတ်လည်း ကံကုန်ရင် ကိုယ်သေမှာဘဲ
သေရမှာ မကြောက်ဘူး။
.
အတွင်းလောကဓံ မနိုင်တဲ့ပုဂ္ဂိုလ်
သေရမှာ ကြောက်တာပေါ့ဗျာ။
.
အရိယာများက သေရမှာမကြောက်ဘူး။
ဒီခန္ဓာကိုယ်ကြီးက နဂိုတည်းကကို
ဒုက္ခသစ္စာ ဝေဒနာတုံးကြီး
သေရမှာမကြောက်ဘူး အရိယာများက။
.
ဘာကြောင့် မကြောက်လဲဆိုတော့
အတွင်းလောကဓံ နိုင်အောင်တိုက်ထားတယ်။
ရုပ်ဝေဒနာကို နိုင်အောင် တိုက်ထားတယ်။
အပြင်ဝေဒနာကျ ဘာ ဂရုစိုက်တော့မှာလဲ။
.
အဲ့ဒါကြောင့်မို့လို့ ဒကာ ဒကာမများ
လုပ်ကြပါ ကျင့်ကြပါ အသိပေးတာ။
.
အတွင်းလောကဓံ နိုင်အောင်တိုက်ကြရမယ်။
.
ကျေးဇူးတော်ရှင်
မူလပထမ သဲအင်းဂူဆရာတော်ဘုရားကြီး
အရှင်ဥက္ကဋ္ဌ
.
ဓမ္မဒါန မေတ္တာဖြင့်
သဲအင်းဂူဆရာတော်ဘုရားကြီး
အရှင်ဥက္ကဋ္ဌ၏ တရားတော်များ
/ @samsaravisitor
သာဓုသာဓုသာဓုပါဘုရား
သမထနဲ့ဝိပတ်သနာကွဲပြားသွားပါပြီဘုရား။
ကျေးဇူးပါဘုရား။သာဓု သာဓု သာဓုပါဘုရား။
သာဓု သာဓု သာဓု ပါဘုရား
သာဓု သာဓု သာဓု ပါဘုရား။
ကောင်းလေစွကောင်းလေစွကောင်းလေစွ
sadhu sadhu sadhu 🙏🙏🙏
😮😮😮😮
သာဓုသာဓုသာဓုပါအရွင္ဘုရား
🙏🙏🙏
🙏🙏🙏🙏🙏
ရုပ်နာမ်လှူပါသည်အရှင်ဘုရားဆုထူးပန်ပြည့်ဝပြိးနိဗာန်ရပါလိုတယ်ဘုရား
🌷🌷🌷🙏🙏🙏🙏🙏
သာဓုသာဓုသာဓုပါဘုရား🙏🙏🙏
သာဓုသာဓုသာဓုပါဘုရား