သထုံမြသပိတ်စေတီ
HTML-код
- Опубликовано: 4 дек 2024
- သထုံမြသပိတ်စေတီ (မြသပိတ်စေတီသမိုင်း)
ရေး - ဂီတာတင်အုန်း(ဦး)
ဆို - မေလှမြိုင်(ဒေါ်)
သထုံမြသပိတ်စေတီ ဤသီချင်းလေးက ရေဒီယိုဓါတ်ပြားရ တေးသီချင်းတစ်ပုဒ်ဖြစ်ပါတယ်၊ သထုံမြို့ရဲ့ မြသပိတ်စေတီ အကြောင်း ရေးဖွဲ့ထားတာ တွေ့ရပါတယ်။
ဖေဖေသည် စစ်တောင်းဇာတိ ဖြစ်သည်မို့ထင်ပါသည်၊ နီးစပ်သည့် သထုံမြို့အကြောင်းကို သီချင်းရေးဖွဲ့ စပ်ဆိုခဲ့တာ များပါသည်။
သာသနာ့ရောင်ခြည်၊ သုဝဏ္ဏသထုံပြည်၊ မြသပိတ်စေတီသထုံပြည်၊ သထုံမြသပိတ်စေတီ ဤသီချင်းအားလုံးသည် သထုံမြို့နှင့်မြသပိတ်စေတီ အားရေးစပ်ထားသည်ကို တွေ့ရပါသည်။
သထုံမြသပိတ်စေတီ ဤသီချင်းလေးကို တင်ပေးရင်းဖြင့် ဖေဖေ နှင့် ဂန္တဝင်အဆိုတော်ကြီး အန်တီ ဒေါ်မေလှမြိုင် တို့အား ရိုသေစွာဖြင့် ကန်တော့အပ်ပါသည်။
🙏🏻🙏🏻🙏🏻