မြေညီထပ်အခန်းကျဉ်းကို အိပ်ခန်း (၄) ခန်း ရအောင် ဘယ်လို ပြင်ဆင်ပေးထားလဲ...?
HTML-код
- Опубликовано: 8 фев 2025
- ဒီတစ်ခါမှာတော့ Sai Uni ကနေ အင်းစိန်မြို့နယ် တောင်သူကုန်းရပ်ကွက်မှာ ရှိတဲ့ မြေညီထပ်တိုက်ခန်းလေးကို One-stop Service Decoration ပြင်ပေးထားတာ ဖြစ်ပါတယ်။ ဒီမြေညီထပ်တိုက်ခန်းကတော့ အကျယ်အဝန်းအားဖြင့် 590 sqft ရှိတဲ့ အခန်းကျဉ်းဖြစ်ပြီး အိပ်ခန်း (၄) ခန်း ရအောင် ဘယ်လိုပြင်ဆင်ပေးထားလဲဆိုတာကို လေ့လာချင်တယ်ဆိုရင်တော့ ဒီဗီဒီယိုလေးကို အဆုံးထိ ကြည့်ရှုနိုင်ပါတယ်နော်....
Sai Uni ရဲ့ One-stop Service တွေအနေနဲ့ -
🔹 အကောင်းဆုံး Project တစ်ခု ဖြစ်လာစေဖို့ အခမဲ့ ဆွေးနွေးတိုင်ပင်ပေးခြင်း
🔹 Project တစ်ခု ဖန်တီးရန် လိုအပ်သည်များကို အခမဲ့ လေ့လာဆန်းစစ်ပေးခြင်း
🔹 လူကြီးမင်းတို့ စိတ်တိုင်းကျ Layout Plan နှင့် Design များ ရေးဆွဲပေးခြင်း
🔹 ကုန်ကျစရိတ် အနည်းဆုံးဖြစ်အောင် တွက်ချက်စီမံပေးခြင်း
🔹 အတွေ့အကြုံရှိ ကျွမ်းကျင်လုပ်သားများနှင့်
🔹 အရည်အသွေးပြည့် ပစ္စည်းကောင်းများကိုသာ အသုံးပြုပေးခြင်းအပြင်
🔹 𝗤𝘂𝗮𝗹𝗶𝘁𝘆 𝗖𝗼𝗻𝘁𝗿𝗼𝗹 𝗠𝗮𝗻𝗮𝗴𝗲𝗺𝗲𝗻𝘁 များကိုပါ နိုင်ငံတကာအဆင့်မီ ကျွမ်းကျင် Architecture များ ကိုယ်တိုင်ဦးစီးပြီး အထူးဝန်ဆောင်မှု ပေးလျက်ရှိပါတယ်။
𝗗𝗲𝘀𝗶𝗴𝗻𝗶𝗻𝗴 𝗔 𝗨𝗻𝗶𝗾𝘂𝗲 𝗟𝗶𝗳𝗲𝘀𝘁𝘆𝗹𝗲
========================
𝗦𝗮𝗶 𝗨𝗻𝗶 𝗖𝗼𝗻𝘀𝘁𝗿𝘂𝗰𝘁𝗶𝗼𝗻 𝗮𝗻𝗱 𝗗𝗲𝗰𝗼𝗿𝗮𝘁𝗶𝗼𝗻
Contact Number: 09 780 786 177, 09 780 786 199
Office Address အမှတ် (24/A), တိုက် (2), ပထမထပ်၊ မြို့ပြအိမ်ယာမြောက်ဘက်ခြမ်း၊ (8)မိုင်လမ်းဆုံ၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။
အိမ်ခန်းပိုင်ရှင်များ၊လုပ်ငန်းရှင်များ၊လုပ်ငန်းတာဝန်ခံ မန်နေဂျာများ လုပ်ငန်းအပ်နှံလိုပါက Sai Uni ကို ဆက်သွယ်နိုင်ပါသည်။
#saiuni #construction #decoration #PAE #ဆောက်လုပ်ရေး #အိမ်အလှဆင် #Renovation
ပြင်ဆင်ပြီးချိန်မှာ နဂိုလ်အနေအထား နဲ့ တော်တော် ပြောင်းလဲသွားပါတယ် ၊ ပြင်ဆင်ပေးတဲ့ ကုမ္ပဏီရဲ့ စေတနာ နဲ့ အရည်အချင်း အသိအမှတ် ပြုပါတယ် ၊
ကျေးဇူးပါဗျ
တိုက်ကသေးပေမဲ့ အတွင်းအပြင်အဆင် အရမ်းသဘောကျတယ်....စမတ်ကျတယ်....အရမ်းကြိုက်တယ်....ဆောက်ပေးတဲ့သူ တော်တယ်လို့ ပြောချင်ပါတယ်နော်...
ကျေးဇူးပါဗျ
စီစဥ်တာေတာ်လိုက်တာ
မိုက်တယ်နော်
ပြင်ခတခန်းလုံးဘယ်လောက်ကျလဲ
Goodidea
မိုက်တယ်ဗျာ
မြန်မာတွေ ပြောင်းလဲလာတယ်ဆိုတာ ဒါမျိုး
ခေတ်ဆွေး ခေတ်ဟောင်း အယူအဆတွေ ပျောက်ကုန်တာ ကောင်းတယ်
မဟုတ်ရင် တခါလာလဲ ဒီ Design ဒီ Decoration တွေ
ခုကျတော့ လုံးဝ လန်း
ခေတ်မှီပညာရှင်တွေပါ အခြေခံထက်သာလွန်နေသလိုဖန်တည်းတတ်တာဟာ ပညာအစစ်မှန်ပါပဲ ဝါသနာတူလို့ နှစ်ချိုက်မိပါတယ်။
ဆထက်တန်ပိုး အောင်မြင်တိုးနေပါစေ။
ကျေးဇူးပါဗျ
အဖွဲ့ရဲ့ ပေးဆပ်နိုင်စွမ်းစေတနာကိုမြင်ရပါတယ်@@saiuniconstuction
Sai Uni က idea တွေကို တော်တော်သဘောကျတယ် ဒီထက်မက အများကြီး ပိုပြီးအောင်မြင်ပါစေအကိုရေ ❤
😂😅. 3:24 k
အရမ်းသဘောကျတယ်❤❤❤❤❤❤❤❤❤❤❤❤❤
ကျေးဇူးပါဗျ
မြေဧရိယာကျင်းပေမယ့်ပြင်ဆင်မှုနဲ့အရောင်ဆေးကာလာတွေကြောင့်အတွင်းပိုင်းကျင်းတယ်လို့မခံစားဘူး စေတနာအပြည့်နဲ့လက်ရာသေသတ်တယ်ဗျာ
သူတောင်လိုက်ပြရင်းအသက်ရှူကျပ်နေသလားလို့😅😅..ဒါပေမဲ့လုပ်ထားတာတော့ မိုက်တယ်
idea အရမ်းကောင်းတယ် ကြိုက်တယ် ရှင်းပြတာလဲကောင်းတယ်
ကျဥ်းကျဥ်းလေးကိုစုံအောင်လုပ်ပေးသွားတယ် good ideaပဲ🎉
ကျေးဇူးပါဗျ
ကြိုက်လိုက်တာ ဆောက်ပြီးသားကို ပြန်ပြင်ချင်ရင်ရောကုန်ကျစရိတ်လေးသိချင် လို့ပါရှင်
စေတနာလေး ထားပြီး ဆောက်ပေးထားတာတွေ့ရပါတယ်....အောင်မြင်ပါစေနော်...good..
တော်တော် အနုပညာဒီဇိုင်း အမြင် ရှိတယ်လို့ ယူဆတယ်။
အောင်မြင်ပါစေ။
Wow amazing 😮ပါပဲဗျာ စမတ်ကျတယ်ဗျာ
စေတနာထားပြီးလုပ်ထားတာမြင်သာတယ်။ideaတွေကောင်းတယ်။အောင်မြင်မှုတွေလာမှာအသေအချာပါဘဲ။
ကောင်းလိုက်တာ၊သဘောကျတယ်။
🎉🎉🎉ပြင်ဆင်မှုလေးတွေအကူုန်သဘောကျ❤
15'45 တစ်ထပ်ခွဲစလပ်နဲ့ဆိုဘယ်လောက်ကျနိုင်လဲဗျ
မိုက်တယ် အကိုရေ ဒီအခန်းကိုတော့ တော်တော်လေး ခေါင်းစားထားပုံရပါတယ်
ကျေးဇူးပါခင်ဗျ
မိုက်တယ် ကာလာရွေးတာကအစ ကြိုက်တယ် 👍
အရမ်းမိုက် အရမ်းခိုက်တယ်လို့ပဲပြောချင်ပါတယ် စေသနာတွေ တွေ့ရတယ်
သဘောကျလိုက်တာကွယ်၊ကျေးဇူးပါ
အကြံပြုပေးချင်တာပါညီ
ရေချိုးခန်း တံခါးရဲ့ အောက်ဘက်မှာ
Shutter လေးတွေ ထည့်ပေးရင် ပိုပြည့်စုံသွားမယ် Exhaust Fan က လေစုပ်တဲ့ အချိန် အပြင်က ဝင်လာမယ့်လေက ဝင်ဝင်ခြင်း ကြမ်းပြင်ကို အရင်ခြောက်သွေ့သွားစေနိုင်တော့ ခြေချော်တဲ့ ကိစ္စ စိတ်ချသွားရနိုင်ပါတယ်
ညီတို့ အဖွဲ့အစည်း ဒီထက်ပို အောင်မြင်ပါစေ
ကျေးဇူးပါ ❤
ကျေးဇူးပါခင်ဗျ
Please hide 110v transformers
I respect sir
You are the one 💗
Very lucky for owner
ကျေးဇူးပါခင်ဗျ
ချစ်စရာလေး
Sai.uni decoration တော့ ကြိုက်တယ် ။
အရမ်းကြိုက်တယ်။
Interior design တွေ တကယ်မိုက်တယ် ဗျာ
မီးဖိုးချောင်မှာကျအလုံပိတ်ဆိုတော့ ဟင်းချက်ရင် အငွေ့တွေဘာတွေနဲ့ အစွန်းထင်နိုင်သလားဗျ
အရမ်းမိုက်တယ်
ကုန်ကျစရိတ်သိချင်ပါတယ်
စေတနာပါလိုက်တာ Budget များများသုံးလည်းစေတနာမပါတဲ့ ၊ အိမ်အလှဆင်အမြင်မရှိတဲ့ Construction ကထွက်သမျှ တောရုပ်ကမတက်လာဘူး တစ်အိမ်ကျော်က 2022-23 လောက်ကဆောက်တာ 3000 ကုန်တယ် တောရုပ်နဲ့ အိမ်ထဲဒွတ်တွနေတာပဲ ။
အကြံပြုတဲ့အတွက်ကျေးဇူးပါခင်ဗျ
ဖုန်းနံပတ်နဲ့လိပ်စာသိပါရစေ
မြေညီထပ်အခန်းကျဥ်းလေးကိုပြင်ထားပေးတာသဘောကျတာ အစ်ကိုရေ
ကျေးဇူးပါဗျ
ကုန်ကျစရိတ်ပြောပါ။ခေတ်အလျောက်စရိတ်မညိမ်တာသိပါသည်။
ဟုတ်ကဲ့တိုက်ခန်းလေးပြင်တာသိန်း610 ၀န်းကျင်ကျပါတယ်နော်
ကောင်းလိုက်တာ ❤❤❤
လေးဆယ်ခြောက်ဆယ်ကနေ၊နှစ်စဆယ်
ခြောက်ဆယ်၊အဲဒီကနေ၊ဆယ်ပေခြောက်
ဆယ်တွေဖြစ်ကုန်ကြတော့နေရတဲ့သူ
တော်တော်ခေါင်းစားပါတယ်။အခုလိုလေး
ကျတော့ပရိဘောဂနည်းနည်းနဲ့ဆိုရင်
မိသားစုလေးယောက်အတွက်အတော့်
ကိုအဆင်ပြေပါတယ်။
ကျေးဇူးပါဗျ
တော်လိုက်တာ
အခန်းကျဉ်းလေးကို သေသပ်နေအောင် လုပ်ထားတာ ကြည့်ရတာ စိတ်ချမ်းသာနေရော
သဘောတွေကိုကျနေရောပဲ...💙
Great job Sai Uni.
ဟုတ်ကဲ့ ကျေးဇူးပါ😍
NOT SO BAD.👍👏 SO SMART
နောင်ကိုအများကြီးတိုက်တွေဆောက်ရပါစေ
ကုန်ကျစရိတ်လေး😊
တော်လိုက်တာတန်လိုက်တာ❤❤❤
ကျေးဇူးပါရှင့်
Perfect
ရှယ်ပြင်ထားတာပဲ ။ အရမ်းသဘောကျတယ်ဗျာ ။ တစ်ခုပဲ မီးဖိုခန်းက တကယ်ချက်ရင် ထွက်လာမယ့် အနံ့တွေနဲ့ ဆိုတော့ ပြထားတဲ့ နောက်ဖေးတံခါးမကြီး ဖွင့်ပြီး ချက်ရင်တော့ အဆင်ပြေမယ် ။ ပိတ်ထားရင် လေလည်ပတ်မှုကောင်းအောင် တစ်ခုခု ထည့်ပေးရင် ပိုကောင်းမလားလို့ ။
အကြံပေးတဲ့အတွက်ကျေးဇူးပါခင်ဗျ
တော်ပါတယ်ဆရာ
Thanks a lot brother.
တည်နေရာကတိုက်ရှေ့ထွက်နေလို့စည်ပင်မြေပေါ်ရောက်နေသလားထင်ရတယ်
မိုက်တယ်။သဘောကျတယ်။ဆောက်သူတော်တယ်။
ကျေးဇူးပါဗျာ
စေတနာပါတယ်ဗျာ လုပ်ပေးထားတာ သပ်ရပ်လှပနေတာပဲ😊
အခန်းတွေက အလုံပိတ်တွေ အသက်ရှူကြပ်မှာပေါ့နော်
ငလျင်လှုပ်ရင် မြေမြှုပ်ပြီးသားပဲ
အဲ့တော့ ၂ကောင်လုံး MMLL ကွာ
@@TaYokeGyi1993 အဲ့တော့လဲ LP ကွာ
အသက်ရူ ြကပ်ပါသည်
ပရိဘောဂ ထည့်လိုက် လူ အပြင်ထွက်နေ စာကလေးအိမ် အစုံထည့်နေတော့ အကျဉ်းခန်းနဲ့တူ
အရမ်းကြိုက်ပါတယ်
အရမ်းကြိုက်တယ်❤
မောင်လေးရေ သိချင်တာလေးကူညီဖြေပေးပါနော် ရင်ကွဲကန်ထရိုက်တိုက်တွေမှာလှေကားအတက်ဝရန်တာအဝင်မှာသံပန်းတံခါးတပ်ရတယ်မဟုတ်လားအိမ်မကြီးကသစ်သားတံခါး
Good idea
အခန်းအကျယ်လေးတွေ ပြောပေးရင်ကောင်းမယ်
မိုက်တယ်ဗျာ ပြင်ဆင်ခ ဘယ်လောက်ကျလဲ
ဘယ်လိုဆက်သွယ်လို့ရလဲ.ဖုန်းနံပါတ်လေးပေးပါလား
အစ်ကို လုပ်ထားတာလေးကပြောဖွယ်ရာမရှိအကုန်မိုက်တယ် နေတဲ့လူဘယ်လိုနေလဲတော့မသိဘူးကြည့်ရင်းအသက်ရူခက်တယ် မီးမလာရင် သွားပြီ
good
တော်လိုက်တာ ကျင်းကျင်းလေးရအောင်လုပ်သာွးတာ
Impressive! Very tight budget ဆိုတော့ ဘယ်လောက်ကုန်ကျလဲ သိချင်မိ
သိန်း610ဝန်းကျင်ကုန်ကျပါတယ်ခင်ဗျ
600ဝန်းကျင် ဆိုအရမ်းတန်တယ် ဒီ ခေတ် အနေနဲ့
လက်ရာအရမ်းကောင်းတယ်
Very nice❤
❤အရမ်းသဘောကျပါတယ်❤❤❤ချစ်စရာကောင်းတယ်၊နေချင်စရာလေး
ဟုတ်ကဲ့ ကျေးဇူးပါရှင့်🤩
Nice in available area.
ဆောက်ပီးသားအိမ်ကို ဝယ်ပီးဖြစ်လို့လိုတာလေးတေဖြည့်ချင်ပါတယ် team နဲ့ လုပ်ပေးလို့ရပါလားဆရာ ဆက်သွယ်ပါရစေ
မင်ဂလာဒုံကပါရှင့်
တိုက်ကလေးကလှလိုက်တာ ဝယ်ချင်တယ် သရေဘဲကျ နိင်ပါတယ်
ကုန်ကျစရိတ်လေး သိပါရစေရှင့်
ဟုတ်ကဲ့ အဲ့တိုက်ခန်းလေးပြင်တာ သိန်း၆၁၀ ၀န်းကျင်ကုန်ကျပါတယ်နော်
အိမ်ဆောက်တာနဲ့ home interior design ပြောင်းပေးတာတွေက ရန်ကုန်မြို့တွင်းပဲ လုပ်ပေးတာလားရှင့်?
Right
🎉
ထမင်းစားခန်းမတွေ့ဘူး
ကုန်ကျစရိတ်သိပရစေ
ထမင်းစားမယ့်နေရာမရှိဘူး အိမ်ရှေ့ထွက်စားရမှာပေါ့
မိုက်တယ်ဗျို့
Very nice.
Thank You🥰
မိုက်ပါတယ်
Air conအတွက်စဉ်းစားပေးတာေလးသေဘာကျပါတယ်နစ်ကျပါတယ်
Very good
ကျေးဇူးပါရှင့်😍
တော်တော်လေးမိုက်တယ်
လန်းတယ် ပြင်ထားတာ
❤❤❤❤❤ချစ်စရာလေး
ဟုတ်ကဲ့ ကျေးဇူးပါရှင့် 😍
အဝင်တကားမအောက် တခါးလွတ်နေတာအဲကနေမြွေ ကြွက်တွေဝင်နိုင်တယ်
တံခါးဝင်ပေါက်က အဖီထုတ်ထားတာလား အဲလို လုပ်လို့ရလို့လား
ဆောက်ထားတာလေးတော့သဘောကျပါတယ် တောမှာနေတဲ့လူမို့လို့လားတော့မသိဘူး ကြည့်နေရင်းနဲ့ကိုအသက်ရှူကြပ်တယ်
ကျေးဇူးပါခင်ဗျ
အခန်းတွေက အလုံပိတ်တွေနော်--ကျန်းမာရေးနဲ့လုံးဝမညီညွတ်ပါ-မီးမလာတော့ airconလေလဲမရတော့ ဘယ်လိုလုပ်မလဲ လို့ပါ-
သဘောကျတယ်။စေတနာပါပါလေးလုပ်ပေးလို့ပိုပီတိဖြစ်ရတယ်။
ကိုယ်ဆောက်ဖြစ်ရင်လည်း ရွေးချယ်ဖို့ ရသွားပြီ။လူတိုင်းနီးပါးသိချင်တာကိုတော့ထည့်ပြောမသွားဘူး။အဲ့ဒါက ကုန်ကျစရိတ်ပါပဲ။အချိန်ကာလအရကုန်ကျစရိတ်ပြောင်းလဲနိုင်တာသိကြပေမယ့် ကိုယ့်အိမ်ဆောက်ချင်ပြင်ချင်ရင်ဘယ်လောက်ကုန်နိုင်လဲဆိုတဲ့အတွေးလေးနဲ့သိချင်ကြပါတယ်။
ပို၍အောင်မြင်ပါစေ😊
ကျေးဇူးပါခင်ဗျ
အဲလိုလေးလုပ်တာ ဘယ်လောက်ကုန်သွားလည်းသိချင်လို့ပါ
တစ်အိမ်လုံး အစအဆုံးရော ဆောက်ပေးလားဗျ အဲ့လိုဆောက်ရင် 1sqftကိုဘယ်လောက်နှုန်းယူလဲ သိချင်ပါတယ် (အရမ်းLuxuryဆန်ဆန်မဟုတ်ပဲ သာမန်လောက်ပဲဆောက်ရင်ကျသင့်မဲ့စျေးလေးပြောပေးပါ)
နေချင်စရာပဲ မိုက်လိုက်တာ
ရေချိုးခန်း တံခါးကို လေယာဉ်ပေါ်ကလို့ ခေါက်တံခါးလေးလုပ် အိပ်ခန်းကို နံရံကို အရှင် နေ့ခင်းဘက်ကျ အပေါ်လှန်တင် ဒေါက်ထောက် သို့မဟုတ် ချိတ် ထားမယ် ဘေးဘက်ကို ခေါက်လို့ထားမယ်ဆိုလဲ အဆင်ပြေသလိုလေးပေါ့ အဓိက ရွှေ့ပြောင်း လုပ်ပီး နေ့ခင်းဘက် နေရာ ပိုကျယ်တာပေါ့ 😊 ညဘက်က အိပ်ယုံပဲ လူသူမမြင်အောင် အခန်းအလွယ်တကူပြန်ဖွဲ့လို့ရမယ့်ပုံစံလေးတွေ ပေါ့ 😊 အပေါ်ထပ် ကို တတ်မယ့်လှေခါးကလဲ နံရံဘက်ကို လှန် ကပ်လို့ရမယ့်ပုံစံလေး တပ်ပေး တွေ့ဖူးမှာပါ လှေကားကို အဲ့လိုပုံစံလေး တစ်ချို့ အိမ်တွေ လုပ်ထားတာ ပြည်ပ က ကားအိမ်တွေ ထဲမှာ ပါတာလေ နေ့ခင်းဘက် ပိုနေရာ ကျယ်တာပေါ့ ဆရာ လုပ်တာ မဟုတ်ပါ အကြံပြုတာပါ ဖြစ်စေချင်တာလေး အကြံပြုတယ်ဆိုပေမယ့်လဲ မဖြစ်နိုင်တာတွေလဲ ရှိရင် ရှိနိုင်မှာပါပဲ 😊 ကိုယ့်အိမ်မှ မဟုတ်တာ 😊
အကျယ်ဘယ်လောက်လဲ အရည်က ဘယ်လောက်လည်း
လက်ဆောင်ထည့်ပေးထားတယ်တဲ့ စျေးကလဲ ကြည့်ဦးလေ မိုက်တာမိုက်တယ် စျေးကြောင့်မိုက်တာအရာရာငွေပဲ😊😊
ဘုရားစင်လေးလည်ထည့်ပြောပေးပါ
မိုက်တယ်
ကြိုက်တယ် လိပ်စာသိပါရစေ
စိတ်ဝင်စားတယ်
ငါတို့အိမ်ဆောက်ပေးသွားတ့ဲဆောက်လုပ်ရေးလက်၇ာကနေ့တိုင်းကြည့်ပီးမျက်ရည်ကျရတယ်တူသောအကျိုးပေးပါစေဆုတောင်းပေးနေတယ်
ဟုတ်ကဲ့ပါ အိမ်ဆောက်မယ်ဆိုရင် သေချာလေးရွေးချယ်ဖို့ကလည်း အရေးကြီးတယ်လေနော်
ရှောင်ရအောင်အမည်လေးသိချင်
18ပေ30 RC 2ထပ်ဆိုခန့်မှန်းဘယ်လောက်ကျမလဲ
ကြိုက်တယ်
ကျေးဇူးပါခင်ဗျ