မုန့်သိုင်းခြုံလုပ်နည်း
HTML-код
- Опубликовано: 8 фев 2025
- မြန့်မာ့ရိုးရာမုန့်လေးတခုဖြစ်တဲ့ မုန့်သိုင်းခြုံလုပ်နည်းလေးပါ။ အဟာရလည်းရှိပြီး လုပ်ရတဲ့ လွယ်တာမလို့ အိမ်မှာ အလွယ်တကူလုပ်စားနိုင်ပါတယ်.
မုန့်သိုင်းခြုံထဲမှာ အစာထည့်ဖို့အတွက် အုန်းသီး သကြားနဲ့ဆားလိုအပ်ပါတယ်။ အုန်းသီးကို ကျွန်တော်က ၁လုံးခွဲခြစ်ထားပါတယ်။
ဒယ်အိုးထဲ ဆီလေး အနည်းငယ်ထည့်ပြီး သကြားနဲ့ဆား။ အုန်းသီး ထည့်ပြီး ၅ မိနစ်လောက် မီးအေးအေး ထည့်ပြီး လှော်ပေးပါ။ ယိုပုံစံမဟုတ်တဲ့အတွက် အကြာကြီး အပူပေးစရာမလိုပါဘူး။
မုန့်သိုင်းခြုံမှာ ကြက်ဥ များမှ ပိုစားကောင်းတယ်လို့တော့ ထင််မိပါတယ်။ ကျွန်တော်က ကြက်ဥ ၃ လုံး သုံးပါတယ်။ ကြက်ဥတွေကို ခေါက်ပေးထားပါ. ကောက်ညှင်းမှုန့် ၁ ခွက် (နို့ဆီဗူး ၁ ဗူး) ဆန်မှုန့် ထမင်းစားဇွန်း ၁ ဇွန်း
ရေက ၁ ခွက် (နို့ဆီဗူး ၁ဗူး) ။ ဆား အနည်းငယ်ထည့်ပြီး အားလုံး သမအောင်မွှေပေးပြီး နာရီဝက်လောက် အခန်းအပူချိန်မှာ နှပ်ထားပေးပါ။ မုန့်နှစ်အပျစ်အကျဲက အခန်းအပူချိန်မှာ ထားထားတဲ့ နို့ဆီ ရဲ့ အပျစ်အကျဲနဲ့ အလားတူပါ။
ဒယ်အိုးထဲမှာ ဆီ လေးအနည်းငယ်ထည့်ပြီး မီးအားသေးသေးလေးပဲ အပူပေးပါ။ ကြက်ဥပါဝင်မှုများတဲ့အတွက် မီးအားပြင်းရင်ကြက်ဥက မာသွားပြီး မုန့်ခေါက်ရတာ အဆင်မပြေဘဲ မုန့်သားတွေကျိုးသွားနိုင်ပါတယ်။
အုန်းသီးအစာကို စားပွဲတင်ဇွန်း ၂ ဇွန်းစာလောက်ပဲထည့်ပေးပါ။ ၅ ထောင့်ပုံခေါက်ပြီး မီးအေးအေးနဲ့ပဲ အပူပေးပါ။မုန့်သားက အရောင်ပြောင်းသွားမှ ပိုပြီးစားကောင်းပါတယ်။
မုန့်သိုင်းခြုံကို တချို့တွေက ဂျုံမှုန့်နဲ့လုပ်ကြပေမယ့် ကောက်ညှင်းမှုန့်နဲ့လုပ်မှသာ စျေးမှာရောင်းတဲ့အရသာအတိုင်း တူမှာဖြစ်ပါတယ်။ အချိုကြိုက်ရင် မုန့်နှစ်ထဲကို နို့ဆီ အနည်းငယ်ထည့်ပြီးဖျော်ပေးလို့ရပါတယ်။
ကျေးဇူးပါအကိုရေ အချိန်အဆလဲ အရမ်းလွယ်ကူပါတယ် မုန့်ကြက်အူ ခေါ် မုန့်ချိုသွင်း လေးလုပ်ပြပါအုံးနော်😍😍😍
ဟုတ်။ ကြိုးစားပြီးတင်ပေးသွားပါမယ်ခင်ဗျာ😊
thks for your sharing receipe
Thank you 💞😊
ကျေးဇူးပါနော်❣❣
၅ထောင့်ဖြစ်အောင်ခေါက်ရတာ
ခက်မယ်ထင်တယ်😁
ဟုတ်။ လုပ်စားကြည့်ပါဗျ 😊
Thanks
Welcome😊
ကျေးဇူးပါ အားပေးနေပါတယ်😍😻🤗🐈🎉
ပွဲစျေးလာတိုင်းဝယ်စားဖြစ်တဲ့မုန့်လေး အရမ်းကြိုက် အိမ်မှာလုပ်စားလို့ရပြီ
ဘေးကင်းကျန်းမာ အဆင်ပြေပါစေ
ဟုတ်ကဲ့ အချိန်ရရင် လုပ်စားကြည့်ပါဗျ 😊ကျန်းမာပျော်ရွှင်ပါစေ 🙏🌷
အရမ်းကြိုက်လို့ကျေးဇူးတင်ပါတယ်
ဟုတ်။ ကျေးဇူးတင်ပါတယ်ခင်ဗျာ😊
ကျေးဇူးတင်ပါတယ်
ဟုတ်။ ကျေးဇူးတင်ပါတယ်ခင်ဗျာ😊
သိပ်ကြိုက်တဲ့မုန့်လေး ကျေးဇူးပါနော် အစ်ကို😊😍
ဟုတ်။ လုပ်စားကြည့်ပါဗျ 😊
😃😃😃ကျေးဇူးပါ
ကျေးဇူးတင်ပါတယ်ခင်ဗျာ
အချိုးကိုကျနေတာပဲ။ တော်လိုက်တာ။
သိပ်ခက်ပုံမရလို့ စမ်းကြည့်ပါဦးမည် 😻
Thanks always.
3 ခါမြောက် လုပ်ပြီးမှရတဲ့အချိုးအစား 😁 You're welcome ပါ 😊
@@Cookfork1 အာ့မေးမလို့ပဲ ဘယ်နခါမြောက်လဲလို့ 😁
Wow so amazing 🤩
Look delicious 🤤🤤😋
Thank you ❤️😊
@@Cookfork1 thanks too bro 😊
မုန့်သိုင်းမခြုံထားတာတွေချန်ထားဦးbro လာမြည်းဖို့😋😊😊🙏🙏👍ကျေးဇူးပါ
ဟုတ်။ စားပါဗျ 😊😊😊 ကျေးဇူးတင်ပါတယ်ခင်ဗျာ😊
အရမ်းကြိုက်😋😋😋
ဟုတ်။ လုပ်စားကြည့်ပါဗျ 😊
@@Cookfork1
အဲလိုမုန့်မျိုးဘဲအလည်မှာပဲနဲ့လုပ်တဲ့မုန့်လည်းလုပ်ပြအုံးနော်ဆရာ🙏
ဟုတ်။ ကြိုးစားပြီးတင်ပေးသွားပါမယ်ခင်ဗျာ
👍 good
Thank you 💞😊
အရမ်းကြိုက်တဲ့မုန့်ပါရှင့် ပွဲစျေးလာတိုင်းအမြဲဝယ်စားရတာ
ခုကိုယ့်ဘာသာလုပ်စားတော့မယ်😄😄😄
ဟုတ်ကဲ့။ လုပ်စားကြည့်ပါခင်ဗျ 😊
👍👍👍😍😍
Thank you ❤️😊
မဂ်လာပါ
မင်္ဂလာပါသူငယ်ချင်း 😊
အရမ်းကြိုက်တဲ့မုန့်လေး
ဟုတ် 😊
စားချင်တယ်
ဟုတ်။ လုပ်စားကြည့်ပါဗျ 😊
@@Cookfork1 မလုပ်တတ်ပါဘူးငယ်သေးလို့
ဟုတ် 😔
@@Cookfork1 စိတ်မကောင်းဖြစ်ပါနဲ့ငယ်သေးတော့ဟင်းချက်ခွင့်မရှိလို့ပါ😊
အရမ်းကြိုက်တဲ့ မုန့်တမျိုးပါ
ဟုတ်။ လုပ်စားကြည့်ပါဗျ 😊
မြေပဲလေးထည့်ပေးရင်ပိုကောင်း
ဟုတ်
Mochi မုန့် လုပ်နည်းလေး တင်ပေးပါ
တင်ထားပေးဖူးတယ်ခင်ဗျ
မန္တလေးကဘုရားပွဲဈေးတွေမှာဈေးသည်တွေဂျုံနဲ့ဘဲလုပ်ကြပါတယ်။စားလို့ကောင်းပါတယ်အိအိလေးပါ။ကျနော့်အကြ်ုက်ပြောတာပါ။သူ့ရဲ့မူရင်းကတော့ဂျုံနဲ့ပါ။နောက်ပိုင်းကြမှကောက်ညှင်းမှုန့်သုံးကြတာပါ။အကြိုက်တမျိုးဆီဆိုတော့ကြ်ုက်ရာလုပ်စားကြပါ။😁
ဟုတ်ကဲ့။ ကျွန်တော် 2 မျိုးလုံးလုပ်ကြည့်ပါတယ်။ ရန်ကုန်ပွဲဈေးမှာရောင်းတဲ့အရသာက ကောက်ညှင်းနဲ့မှ တပုံစံတည်းတူတာကြောင့် ကောက်ညှင်းကိုပဲယူလိုက်တာပါခင်ဗျ။ အခုလိုပြောပြပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ
အဲဒါဆန်မှုန့်လား ဂျုံမှုန့်လား
ကျေးဇူးတင်ပါတယ်
ကျေးဇူးတင်ပါတယ်ခင်ဗျာ🙏
ဂျုံမှုန့်နဲ့ လုပ်လို့ရမလားနော်
လုပ်လို့ရပေမယ့် အရသာက တော်တော်ကွာတယ်ဗျ။ ဂျုံမှုန့်နဲ့ဆို ပန်ကိတ်အရသာဖြစ်သွားလို့ပါ
ဝိုင်းဝိုင်းစက်စက်... LOL
😊