ပုပ္ပားတောင်ကလပ်(စကားဝါမြေ) ပုပ္ပားမြို့၊ Mount Popa in Nyang U, Kyauk Phataung Township, Myanmar

Поделиться
HTML-код
  • Опубликовано: 7 сен 2024
  • ပုပ္ပားတောင်ကလပ်သည် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ် ပုဂံမြို့၏ တောင်ဘက် ပုပ္ပားမြို့အနီး တည်ရှိပါတယ်၊ ပုပ္ပားမြို့လေးသည် UNESCO စာရင်းဝင် ကမ္ဘာ့ အမွေအနှစ်တစ်ခုဖြစ်သော ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေဖြစ် ပါတယ်၊
    ပုပ္ပား ဟူသောစကားလုံးသည် ပုပ္ပ ဟူသောပါဠိစကားမှဆင်းသက်လာပြီး “ပန်း” ဟူ၍ အဓိပ္ပာယ် သက်ရောက်ပါသည်။ စံကားဝါမြေ ရွှေပုပ္ပားတွင် စံကားဝါပန်းများပွင့်ချိန်၌ ရွှေတောင်ကြီး အလားပင် စံကားဝါပန်းများဖြင့် ဝင်းဝါမွှေးကြိုင်နေတတ်ပြီး အထူးသဖြင့် တန်ခူး၊ ကဆုန်၊ နယုန်လတို့ တွင် အများဆုံးပွင့်လေ့ရှိသည်။
    ပုပ္ပားတောင်ကလပ်ကို
    ၁။တောင်ကလပ် ၂။နဂါးရစ်တောင် ၃။ပန်းပေးတောင် ၄။ဘဇဂါမ်တောင် ၅။၀ဏ္ဏ ယက္ခတောင် ၆။ဝိဇ္ဇာဓရတောင်ဟူ၍ အမည်ခြောက်မျိုးဖြင့် ခေါ်ဝေါ်ကြသည်။ နံပါတ်လေးအမည်သည် ရှေး အကျဆုံးအမည်ဖြစ်သည်။
    ရာဇဝင်လာ
    ရာဇဝင်တွင် ခရစ်မပေါ်မီ အနှစ် (၄၄၃) က၊ ဧရာ၀တီမြစ်ရိုး၏ အလယ်ပိုင်းလောက်တွင် အံ့ဩဘွယ် အကြောင်းအခြင်းအရာ ငါးရပ် ပေါ်ပေါက်ခဲ့သည်ဟု ဆိုပေသည်။
    (၁) အသံကြီးစွာ မြည်လျက် မြေငလျင်လှုပ်ခဲ့သည်။
    (၂) ဖိုးဥမောင်အရပ်မှ ရေအိုင်ကြီးတစ်အိုင် ပေါ်လာသည်။
    (၃) စမုံ၊ စမြိတ် မြစ်နှစ်စင်း စီးဆင်းလာသည်။
    (၄) ပုပ္ပါးတောင် မြေကထွက်လာသည်။
    (၅) သရေခေတ္တရာ ဝန်းကျင်က ပင်လယ်သည် ခမ်းခြောက်သွားသည်
    ပထဝီဝင်
    ပုပ္ပါးတောင်မကြီးသည် (Mountain Poppa) ပင်လယ်ရေမျက်နှာပြင်အထက် (၄၉၈၁) ပေ အမြင့်မှာ ရှိပါတယ်၊ ပုပ္ပါးတောင်ကို ပုပ္ပါးတောင်မကြီး (၄၉၈၁ပေ) နှင့် ပုပ္ပါးတောင် ကလပ်(၂၄၁၇ပေ)ဟူ၍ နှစ်ခု ရှိတယ်လို့ ဆိုပါတယ်၊
    ယခု မိမိတို့ လှေခါးထစ်များဖြင့် တက်၍ ဖူးရသော တောင်သည် ပုပ္ပား တောင်ကလပ် ဖြစ်ပါတယ်၊ ပုပ္ပားတောင် ကလပ် မှာ (၂၄၁၇) ပေ အမြင့်ရှိပြီး ပုပ္ပား တောင်မကြီး ပေါက်ကွဲ ရာမှ ပဲ့ထွက်လာသောအစိတ်အပိုင်းဖြစ်သည်ဟု ဆိုကြပါတယ်၊
    ပုပ္ပား တောင်ကလပ်ကို မီးငြိမ်းတောင် ဟုလည်း ဆိုပါတယ်၊ ပုပ္ပားတောင်ကလပ် ထိပ်ရှိ စေတီ ပုထိုးများကို သွားရောက် ဖူးမြှော်မယ်ဆိုရင် လှေကားထစ်ပေါင်း (၇၇၇) ထစ် ကို တက်ပြီ ဖူးကြရပါတယ်လို့ စာပေတွေမှာ ဖတ်ဖူးခဲ့ပါတယ်၊ ပုပ္ပား တောင်ကလပ် ရှိသော စျေးသယ်တွေ ပြောတာကတော့ လှေခါးထစ် (၉၉၉) ထစ် ရှိတယ်လို့ ဆိုပါတယ်၊
    ပုပ္ပားတောင်တွင် သဘာဝအတိုင်းစိမ့်ထွက်နေသော ရေထွက်ပေါက် ၂၀၀ ခန့် ရှိသည့်ဟု ဆိုပါတယ်၊
    #ပုပ္ပားတောင်
    #ပုပ္ပားတောင်ကလပ်
    #ပုပ္ပားမြို့
    #စကားဝါမြေ
    #Mount Popa
    #Papa Mountain
    #Nyang U,
    #Kyauk Phataung Township,
    #Myanmar
    #မြန်မာ

Комментарии • 8

  • @GrandmotherChit
    @GrandmotherChit Месяц назад +1

    ငယ်ငယ်တုန်းကရောက်ဘူးတယ် သိပ်မမှတ်မိတော့၍ ပြန်လည်ကြည့်ရတာကျေးဇူးတင်ပါသည်

    • @Ven-Indaka
      @Ven-Indaka  Месяц назад

      ကုသိုလ် ထပ်တူ ရကြပါစေသာ 🙏🙏🙏

  • @user-uj8ne3gu7l
    @user-uj8ne3gu7l Месяц назад +1

    🙏🙏🙏

    • @Ven-Indaka
      @Ven-Indaka  Месяц назад

      ကောင်းကျိုး လိုရာဆန္ဒတွေ ပြည့်ပါစေသာ🙏🙏🙏

  • @kianrael8134
    @kianrael8134 Месяц назад +1

    သွားချင်တယ်

    • @Ven-Indaka
      @Ven-Indaka  Месяц назад

      ပုပ္ပားတောင် ကလပ်ကို သွားရောက် ဖူးမြော်ခွင့် ရပါစေသာ🙏

  • @julyaung5683
    @julyaung5683 29 дней назад +1

    စိတ်ဝင်စားလို့ကြည့်တာစကားပြောတဲ့သူကရှင်းပြနေတာကိုယ်ပါကြည့်ရင်းနားထောင်ရင်းအိပ်ငိုက်လာပီ😢

    • @Ven-Indaka
      @Ven-Indaka  29 дней назад

      သိသလောက် ပုပ္ပားတောင်ကလပ်ရဲ့ အကြောင်းလေးပါ❤❤❤❤❤