😍ဂျနိုအာမြို့ရဲ့ အလှဆုံးရင်ပြင်

Поделиться
HTML-код
  • Опубликовано: 9 фев 2025
  • 😍မဂ်လာပါခရီးသွားချစ်သူတို့ရေ
    မြန်မာပြည်သူပြည်သာူတိုင်းဆင်းရဲ ချမ်းသာမရွေး ခရီးသွားဗဟုသုတ အမြင်တွေ ကြွယ်ဝစေဖို့ရည်မှန်းထားတဲ့ ခရီးသွားချစ်သူ ကျွန်မမြန်မာပြည်သူ စာမျက်နှာလေးကနေ အားလုံးကို နီ လှိုက်လှဲစွာ ကြိုဆိုပါတယ်။
    ခုဒီနီ့ ဗီဒီယိုလေးကတဆင့် အီတလီနိုင်ငံရဲ့ ဆဌမအမြာက် အကြီးဆုံး ဂျနိုအာမြို့ကြီး ရဲ့မြို့လယ်က portoria ရပ်ကွက်ထဲ မှာတည်ရှိတဲ့ De Ferrari ရင်ပြင်ကြီးနဲ့ ရေပန်းကြီးရဲ့ အလှကို ခရီးသွားချစ်သူအားလုံး စိတ်‌လန်းဆနး်သွားစေဖို့ ခေါ်သွားမှာ ဖြစ်ပါတယ်။
    ၁၉ ရာစုမှာ ဂျနိုအာမြို့ ရဲ့ ဆိပ်ကမ်း ဖွံဖြိုးတို့ချဲ့မှုမှာ ငွေကြေး‌ေပါင်းေမြာက်မြားစွာ လှုဒါန်း၍ဂျနိအာမြို့အား မြေထဲပင်လယ်ရဲ့အဆင့်မှီ ပင်လယ်ဆိပ်ကမ်းမြို့ကြီးဖြစ်အောင် ပံ့ပိုးပေးခဲ့တဲ့ စီးပွားရေးလုပ်ငန်းရှင်လည်းဖြစ် လွှတ်တော်အမတ်လည်းဖြစ်တဲ့ Raffaele de Ferrari ကို ဂုဏ်ပြုတဲ့အနေနဲ့ De Ferrari လို့အမည်‌ေပးခံရတဲ့ ရင်ပြင်ကြီးလည်းဖြစ်ပါတယ်။
    မြို့သူမြို့သားတွေ ခဏအပန်းဖြေအနားယူ တွေ့ဆုံရာနေရာလည်းဖြစ်သလို အရေးကြီးတဲ့ မြို့ပြပွဲများ စုဝေးရာနေရာ လည်းဖြစ်ခဲ့ပါတယ်။
    အနီးတဝိုက်မှာရှိတဲ့ ပြဇာတ်ရုံကြီး စတော့အိတ်ချိန်းအ‌ဆောက်အဦးကြီးနဲ့ တိုင်းရုံး အုပ်ချုပ်ရေးမှုးရုံး စတဲ့ အဆောက်အဦး ကြီးတွေက ၁၉၃၆ ကတည်းက စတင်တည်ရှိခဲ့တဲ့ ဒီရေပန်းကြီးရဲ့အလှကို ပိုမို‌ေပါလွင် ထည်ဝါစေလို့ လာလည်တဲ့ နိုင်ငံခြားသားတိုင်း အမှတ်တရ မလွတ်တမ်း ဓါ်တ်ပုံရိုက်ကြတဲ့နေရာလေးလည်းဖြစ်ပါတယ်။
    ဒီရင်ပြင်ကြီးက ပင်လယ်ဘက်အခြမ်းမှာ တည်ရှိတဲ့ ရှေး‌ေခာတ်မြို့‌ေဟာင်းအဆောက်အဦးတွေနဲ့ရှေးဟောင်းသမိုင်းဝင် လမ်းကြိုလမ်းကြားတွေရှိရာဧရိယာနဲ့ ခောတ်နှောင်း အဆောက်အဦးကြီးများ ဆိုင်ကြီးများ ရုံးအဆောက်အဦးကြီးများ ရှိရာ အသွင်မတူတဲ့ ဧရိယာနှစ်ခုတို့ကို နှစ်ပိုင်းခွဲထားလျှက်ရှိနေပြီး
    ဂျနိုအာမြို့ ဘောလုံးအသင်း Serie A အဆင့် အောင်မြင်စွာ ဝင်ရောက်သည့်အခါတိုင်းနှင့် အီတလီအသင်း ဥရောပဖလား ကမာ့ဖလား စတဲ့ အရေးကြီးတဲ့ ဆုများရရှိချိန်မှာ မြို့သူမြို့သား လူငယ် လူကြီး ဘောလုံးဝါသနာ ပါသူတိုင်း ရင်ပြင်ကြီးသို့ နိုင်သွားသည်နှင့်တပြိုင်နက် အပြေးအလွှားသွားစုကြကာ အောင်ပွဲခံကြ‌ေကြာင်း တချို့တွေကရေပန်းထဲ ရေဆင်းချိုးပြီးခုံပေါက်ပျော်မြူးအောင်ပွဲဆင်ကြကြောင်း နီ မျက်မြင်ကိုတွေ သိမြင်ခဲ့ရတဲ့နေရာလေးလဲဖြစ်ပါတယ်။
    နီတို့ ဒီရင်ပြင်လေးမှာ လမ်းလျောက်ပြီး ဗီဒီယို ရိုက်နေတဲ့ ခုလို ဆောင်းဦးရာသီရဲ့ အောက်တိုဘာလဆန်းမှာ နေပူစာလှုံ အနားယူ အပန်းဖြေသူတို့နဲ့ စည်ကားနေပြီး ‌ေဘဘီလေးကလည်း ခိုလေးတွေ ခွေးလေးတွေ လူတွေကို လိုက်ငေးနေပြီး အေးငြိမ်းစွာ ရှိနေလို့ ခရီးသွားချစ်သူ မေမေလည်း အနှောက်ယှက်မရှိပဲ ဒီဗီဒီယိုလေးကို ရိုက်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။
    နီ့ရဲ့ဗီဒီယိုလေးတွေကနေ လိုက်လည်တဲ့ ခရီးသွားချစ်သူတိုင်းကို အထူးကျေးဇူးတင်ပါတယ်လို့ ပြောကြားရင်း အားလုံးကို နီအဝေးကနေ နှုတ်ဆက်ပါတယ်ရှင့်။
    #myanmartravelvlogger
    #tinninihtet
    #videooftheday
    #myanmartravelvlogger
    #genoa

Комментарии • 3

  • @hlamyosu4883
    @hlamyosu4883 2 года назад

    Thank you😍😍😍😍😍

  • @dhamathamee7772
    @dhamathamee7772 2 года назад

    ကျေးဇူးအများြကီးတင်ပါတယ်
    ကဘာ့အလှနေရာလေးတွေကိုကိုယ်တိုင်
    ရောက်နေသလိုမျိုး ခံစားြကည်နူးရတယ်

  • @myatkyawtun9879
    @myatkyawtun9879 2 года назад

    Thanks