၁၉၉၀ က ခိုင်ခင်ဦးရဲ့(ဒါလေးများ)အပါအဝင်သီချင်းလေးပုဒ်
HTML-код
- Опубликовано: 10 фев 2025
- "မခိုင်ရဲ့ ဒါလေးများ အပါအဝင် လေးပုဒ်"
(မခိုင် ခေါ် ခိုင်ခင်ဦး က ၁၉၈၂ မှာ မေတ္တာအသင်္ချေ ဆိုတဲ့ကားနဲ့ ဇာတ်ပို့အကယ်ဒီဆုရခဲ့ဖူးပါတယ် အဲဒီခေတ် တွေမှာ အကယ်ဒမီက နှစ်တိုင်း ရတဲ့သူမရှိရင် မပေးပါဘူး တကယ်တော်မှ ရနိုင်တဲ့ခေတ် )
၁၉၉၀ နှစ် (ဇွန်လမတိုင်မီ တလလ) စတိတ်ရှိုးပွဲတစ်ခုမှာ
မခိုင်က လယ်ပင်းကျယ်တဲ့တီရှပ်ဝတ်ပြီးကခုန်တော့ ပုခုံးသားတွေပေါ်ခဲ့တာကို ကျေးဇူးရှင်ကင်မရာမဲန်းက အကွက်တွေအကုန်ဆွဲလိုက်ခဲ့တော့ မြန်မာ့ယဉ်ကျေးမှုသရုပ်ပျက်ဘာညာဖြစ်သွားခဲ့ရတာလေး
ဒါပေမဲ့သူလုံလုံခြုံခြုံစည်းထားဝတ်ထားခဲ့ပါတယ်
လက်နဲ့လည်း အကြိမ်ကြိမ်ဆွဲတင်ခဲ့တာတွေ့နိုင်ပါတယ်
ဒီလောက်အနီးကပ်တွေဆွဲ အပေါ်ကနေဆွဲရိုက်တဲ့ ကင်မရာအကွက်တွေက
စည်းကျော်ပြီးရိုက်တဲ့ အကွက်တွေပါပဲ
ဇွန်လမှာ မခိုင်ကို ငါးနှစ် အနုပညာဘာမှ မလုပ်ရ ဆိုပြီး အရေးယူခဲ့ပါတယ် မြန်မာပြည်မှာ
ငါးနှစ်အနုပညာဘာမှမလုပ်ရဆိုတာက တသက်လုံးဘာမှမလုပ်နဲ့လို့ ပြောလိုက်သလိုပါပဲ
တကယ်ဆို သရုပ်ပျက်တာက ကင်မရာရိုက်ချက်တွေပါပဲ အဲဒီလို အောက်တန်းကျတဲ့ ကင်မရာရိုက်ကွက်တွေပါတဲ့ဗီဒီယိုကို ပြသဖို့ ပိတ်မယ် နောက် ကင်မရာမဲန်းကို အရေးယူ ဆိုတာမျိုး ဖြစ်သင့်တာပါ
မခိုင် က ဒါရိုက်တာ ထုတ်လုပ်သူလည်း မဟုတ်ဘဲ ကင်မရာအနီးကပ်ပြချက်များကြောင့် ဆိုပြီး သူကို အရေးယူတာဟာ လိုအပ်တာထက် များသွားတယ် ရက်စက်အနိုင်ကျင့်တယ်လို့ ခံစားမိပါတယ်
ကျွန်တော်တို့ တော်တော်များများက ဆင်ဆာကိစ္စအချို့တွေကို ဆုံးဖြတ်တာတော်တော်အားနည်းနေတယ်လို့လည်း မြင်ပါတယ်
တိုင်းရင်းသား စည်းလုံးရေးပျက်ပြားတာတို့ နိုင်ငံတော်အကြည်ညိုပျက်စေတာ ဘာညာ တွေလောက်နဲ့မကဘဲ လူအချင်းချင်းလေးစားမှု ပရိုက်ဗေစီလေးတွေ ထိခိုက်စေမဲ့ အရာတွေကိုပါ ဆင်ဆာလုပ်သင့်တာပါ
ဒီနေရာမှာ လူမျိုးရေးထိခိုက်တဲ့အသုံးအနှုံးတွေကအစ ပါဝင်ပါတယ် အသားမည်း တဲ့သူကို မဲလိုက်တာတို့
ဝတဲ့သူကို ဝလိုက်တာတို့ နှာခေါင်းကြီးတဲ့သူကို နှာကြီးတယ်ပြောတာတို့ ဆိုတာက သူတို့အားနည်းချက်တွေကို နောက်ပြောင်ခြင်းဖြစ်ပါတယ်
ဟိုးစစ်ကြိုခေတ်က ကုလားလူမျိုးတွေက မြန်မာနိုင်ငံမှာ ကျွန်အဖြစ် အလုပ်ကြမ်းသမားအဖြစ်အလုပ်လာလုပ်ကြတာနဲ့ (ရှေးလူကြီးတွေဆိုရိုးရှိတယ် ကျွန်ကုလားမယားဘာညာဆိုပြီး အမေ့ချွေးမလှလှလေးပြဇာတ်မှာ မောင်မေတ္တာက ညွန့်ဝင်းကို ပြောခဲ့တဲ့ စကားမျိုး ကို ဆင်ဆာဖြတ်သင့်တာပါ)
တခါ -
ဒါရိုက်တာ မောင်စပ်စုရိုက်ခဲ့ပြီး မြန်မာ့ရုပ်မြင်သံကြားကနေပြခဲ့တဲ့ မေ့ဖူးစာ ရုပ်မြင်သံကြားဇာတ်လမ်းမှာ မင်းသား ဦးသုမောင်ကြီး က အရှည်ကြီး (ကိုမျိုးမင်းသိန်းရဲ့ ရန်ကင်းတိုက်ခန်းထဲမှာ တစ်ယောက်ထဲ ထိုင်နေတုန်း အပြင်ကနေ မင်းသမီး ခင်သီတာထွန်းက တံခါးခေါက်တဲ့အခါ ဦးသုမောင်ကြီးက ( တံပျက်စည်းလှည်းတဲ့ ကုလားမ ထင်တယ် ကုလားမရေ ဘာညာ) ဆိုပြီးပြောတဲ့အခန်းကိုလည်း စကားပြောပြင်သင့်တယ်လို့ ထင်ပါတယ် ဟိုးရှေးတုန်းက တံပျက်စည်းလှည်းတဲ့ အလုပ်သမားတွေဟာ အိန္ဒိယ အမျိုးသမီးတွေ ဖြစ်ခဲ့ဖူးတိုင်း တသက်လုံးအဲဒီလို မခေါ်ဝေါ်မသမုတ်သင့်ဘူးလို့ မြင်ပါတယ် ကျွန်တော်တို့နိုင်ငံက ဗမာ အပါအဝင် တိုင်းရင်းသားတွေမှာ တရုပ်သွေး အိန္ဒိယသွေးတွေ ရောနေကြပါပြီ မြန်မာနိုင်ငံမှာမွေးတဲ့ အိန္ဒိယ တရုပ်လူမျိုးတွေကို ခွဲခြားဆက်ဆံတာတွေ မလုပ်သင့်ဘူး အကုန်လုံး သူ့ဖာသာ ဘာပဲကိုးကွယ်ကိုးကွယ် တဘာသာနဲ့တဘာသာ မစော်ကားမပြိုင်ဆိုင်သင့်ပါဘူး သူ့ကို ကိုယ်လေးစား ကိုယ့်ကိုသူကပြန်လေးစားပဲဖြစ်သင့်တာပါ
တခြားမကြည့်ပါနှဲ့ဗျာ စင်္ကာပူလို ဖြစ်အောင် လုပ်မယ်ဆိုပြီး တိုက်တွေ လမ်းတွေ တံတားတွေဆောက်နေသလို သူတို့ရဲ့ လူမျိုးဘာသာကွဲအချင်းချင်း ဘယ်လို ဆက်ဆံ လေးစားကြသလဲဆိုတာလေးကိုပါ မျက်ခြေမပြတ်လေ့လာအတုခိုးသင့်ပါတယ်
ယူအက်စ်မှာ- ဟိုးတုန်းက ကျွန်ဖြစ်ခဲ့ဖူးတဲ့ အာဖရိကန်လူမျိုးတွေကို အခု ကျွန်လို့ သုံးနှုံးခေါ်ဝေါ်တဲ့သူမရှိပါဘူး
တရားဥပဒေက အခိုင်အမာ ရပ်တည်ပေးသလို လူအချင်းချင်းကလည်း အပြန်အလှန်လေးစားကြပါတယ်
နိုင်ငံခြားရုပ်ဝတ္ထုပစည်းတွေ တိုးတက်ခေတ်မီတယ်ဆိုတာလောက်နဲ့ မသုံးသပ်သင့်ဘဲ သူတို့ဆီက စိတ်ပိုင်းဆိုင်ရာလူ့ကျင့်ဝတ်ကောင်းတာလေးတွေကိုလည်း လေ့လာသင့်ပါတယ် မြတ်စွာဘုရားရဲ့တရားတော်အထဲအကုန်ပါပြီးသားပါ သူတို့ဆီမှာ ဘာမှမရှိပါဘူး မထူးပါဘူးဆိုရင်တော့ မတတ်နိုင်ဘူးပေါ့ နိုင်ငံခြားကို အထင်ကြီးလို့ ကိုယ့်နိုင်ငံကို အထင်သေးလို့ ပြောနေတာတော့ မဟုတ်ပါဘူး ကျွန်တော့်အမြင်ကို ပြောတာပါ သဘောမတူရင်လည်း ခွင့်လွှတ်ပါဗျာ
(ကိုပက်ထရစ်တို့ရဲ့
Aurora မိုးသောက်ပန်း နဲ့ ကိုတိုးကြီး ကိုခိုင်ထူး ကိုစိုးလွင်လွင် နောက် ကိုချစ်ကောင်း ကိုမင်းကျော်သူ(တူးတူး) ပြီးတော့ မဆွေ မကော် မတင့် မနီနီဝင်းရွှေတို့ ကိုလည်း တင်ပေးပါ့မယ်
ကိုပက်တို့အဖွဲ့သားတွေငယ်ငယ်ပဲရှိသေးတယ် ကိုကျော်စိုးနိုင် ကိုဗညားနိုင် ကိုထူးထူး ကိုစောဒစ်ဆဲန် ကိုစိုင်းသာဋ္ဌေးတို့ နုစဉ်ငယ်စဉ်ကလက်သံတွေ ကြားရမှာပေါ့ဗျာ)
စန်းအောင်
အောက်တိုဘာ-၉-၂၀၁၈
မိတ်ဆွေတွေအတွက်
လင့်လေးပေးပါရစေ
အမေ့ချွေးမလှလှလေး ပြဇာတ် ပထမအပိုင်း
• Video
အမေ့ချွေးမလှလှလေး ပြဇာတ် ဒုတိယအပိုင်း
• Video