Khit Thit သတင်းဌာန၏ ဖေဖော်ဝါရီ ၁၂ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်
HTML-код
- Опубликовано: 11 фев 2025
- Khit Thit သတင်းဌာန၏ ဖေဖော်ဝါရီ ၁၂ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဖေဖော်ဝါရီ ၁၂ ရက်နေ့ မနက်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
-ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့ အခြေစိုက် အကြမ်းဖက် စစ်တပ်ရဲ့ ခလရ ၇၃ တပ်ရင်း အပါ အဝင် စစ်တပ် စခန်းတွေကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်သား ၇၀ ခန့်သေဆုံးပြီး တပ်ရင်း အတွင်းရှိ အဆောက်အအုံတွေအရေးကြီးစာရွက်စာတမ်းတွေနဲ့ ခဲယမ်းတွေကို သိမ်းဆည်း ဖျက်ဆီးနိုင်ခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ပဲခူးတိုင်း၊ သာယာဝတီ အုတ်ဖိုမြို့နယ်၊ ပဲခူးရိုးမအတွင်းရှိ မင်းလှဆည်ပေါ်ရှိ ရှင်းလင်းဆောင်စခန်း နဲ့ တာဝါတိုင်စစ်တပ်စခန်းတို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၅ ဦးသေဆုံးပြီး ဒုတပ်ကြပ် တစ်ဦးကို လက်နက်နှင့်အတူ အရှင်ဖမ်းမိခဲ့တယ်လို့ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ မှ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ရဲဘော်ဇော်ကြီးက ပြောပါတယ်။
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ အပေါက်၀ကျေးရွာအနီးမှာ စစ်ကောင်စီစစ်သင်္ဘော ၃ စီးကို AA က နစ်မြှုပ်လိုက်ကြောင်း ဓာတ်ပုံသက်သေတွေနဲ့တကွ ထုတ်ပြန်လိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။