Selkirk Collegeမှာ Post Graduate Diplomaတက်နေတဲ့အကြောင်း# PGBM at Selkirk College

Поделиться
HTML-код
  • Опубликовано: 6 сен 2024

Комментарии • 35

  • @user-je2cz7nl5s
    @user-je2cz7nl5s 8 месяцев назад +1

    မရေbachelorတက်ပြီးမှဒီကျောင်းကိုတက်လို့ရတာလားမ

  • @JuliaThazin
    @JuliaThazin Год назад +1

    ညီမလဲ MSc accounting and finance တက်မလို့ကျောင်းတွေရှာနေတာ Canada က UK တို့ US တို့ထက် ကျောင်းစရိတ်ရော နေစရိတ်ရောသက်သာသလို PR ရဖို့ကလဲပိုလွယ်တယ်ပြောလို့ပါ အနည်းဆုံး ၅-၁၀ နှစ်လောက်တော့အခြေချမယ်မှန်းထားလို့ international students တွေအတွက် finance/accounting အလုပ်အကိုင်ခွင့်အလမ်းကလဲများတယ်ပြောကြတယ်အမ အဲ့တာဟုတ်လားလဲသိချင်လို့အမ agent တွေပြောတာထက် တကယ်နေတဲ့သူတွေဆီကအကြံဉာဏ်လိုချင်လို့ပါ ပြီးတော့ညီမက engineering background ဆိုတော့ ဝင်ခွင့်ရပါ့မလားလဲစိုးရိမ်နေတာ ဖတ်သမျှကလဲ related field experience or diploma ရှိရမယ်ပဲရေးထားကြတယ် ညီမလို background နဲ့ တက်နေတဲ့အသိတွေများရှိလားအမ အဲ့တာလေးသိချင်လို့ပါ

    • @mayincanada4797
      @mayincanada4797  Год назад

      အသိတော့ မပြောပြတတ်ဘူး ညီမ။ ကိုယ်က ရေရှည် စိတ်ဝင်စားတာရယ်၊visaရဖို့နဲ့ ကနေဒါရောက်တဲ့အခါ အခြေချရင် အဆင်ပြေဖို့တွေကို စဉ်းစားလုပ်ပါ ညီမ။
      ဒီရောက်မှ ကျောင်းပြောင်း/program ပြောင်းတာ လုပ်ချင်လုပ်လို့ ရပါတယ်။ အချိန်ကုန် ငွေကုန် အလုပ်ပိုတာတော့ ရှိတာပေါ့လေ။ ကိုယ်ဖြစ်ချင်တာတွေ အခွင့်အလမ်းတွေဆိုတာ ပြောင်းလဲနေတတ်တာမို့ သေချာမပြောတတ်လို့ပါ။
      လောလောဆယ် ကျောင်းလျှောက်ပြီး visaအောင်ဖို့ အရင်ဦးစားပေးပေါ့နော်။

    • @JuliaThazin
      @JuliaThazin Год назад +1

      @@mayincanada4797 ဟုတ်အမ finance/management ၂ခုလုံးကိုတော့စိတ်ဝင်စားပါတယ် ဒီမှာလဲ LCCI 3 ထိပြီးပါပြီ jr accountant အနေနဲ့လဲ ၉ လလောက်တော့အတွေ့အကြုံရှိပါတယ် အခုတစ်နှစ်အတွင်းလဲ ACCA part 1 diploma ပြီးဖို့ပြင်ဆင်နေပါတယ် အသက်လဲ ၃၀ ရောက်ပြီဆိုတော့ လမ်းကြောင်းတွေခဏခဏပြောင်းဖို့တော့အဆင်မပြေလောက်တော့ဘူးထင်တယ်နော် အကြံပေးတာအတွက်လဲကျေးဇူးပါအမ လာဖြစ်တဲ့နှစ်ကျရင် အမဖက်ကအဆင်ပြေရင် အသိမိတ်ဆွေဖြစ်ချင်ပါတယ်

    • @mayincanada4797
      @mayincanada4797  Год назад

      @@JuliaThazin ဟုတ်ကဲ့။ good luck နော်။ English ကောင်းရင် Express Entry နဲ့လည်း ရနိုင်ပါတယ်။

  • @khai8155
    @khai8155 2 года назад +1

    အလုပ်လုပ်တဲ့အခါ University ranking က အရေးကြီးလားရှင့်.. ပြီးတော့ Saskatchewan တို့ Nova Scotia တို့ Alberta တို့က PR ရဖ်ို့ပိုလွယ်တယ်ဆိုတာ ဟုတ်လားရှင့်.. BC တို့ Ontaria တို့က competitive ဖြစ်လို့လို့ပြောကြလို့ University of Alberta တို့ဘာတို့လျောက်ကြည့်မလားလို့ .. အကြံလေးပေးပေးပါနော်.. ကျေးဇူးတင်ပါတယ် အစ်မ 🥰

    • @mayincanada4797
      @mayincanada4797  2 года назад +2

      အလုပ်တွေက interviewလုပ်ပြီးမှ ခေါ်ကြတာဆိုတော့ လူတစ်ဦးချင်းပေါ်ပို မူတည်ပါမယ်။ BC, Ontarioတို့က တိုးတဲ့သူများတယ်။ အထူးသဖြင့် BC။ University of Albertaက DLIဖြစ်တယ်, PGWPပေးတယ်ဆိုတော့ အဆင်ပြေပါတယ်။ PR pathway က အများကြီးနဲ့ခဏခဏပြောင်းနေတော့ အတိအကျတော့ မသိပါဘူး။ ဒါပေမယ့် International student တွေက ကျောင်းပြီး အလုပ်လုပ်တဲ့အခါ PRရမှာ သေချာသလောက်ပါပဲ။

    • @khai8155
      @khai8155 2 года назад

      May's Diary by MTH ဟုတ် ကျေးဇူးပါ

  • @gypsytaitum166
    @gypsytaitum166 2 года назад +1

    ညီမက အခုJan´23 Intake အတွက်LOA selkirk မှာရထားပါတယ် မြို့လေးကအေးအေးဆေးဆေးသဘောကြပေမယ့် part time အတွက်စိတ်ပူမိတယ်အမ .. နောက်ပြီးtransportation

    • @mayincanada4797
      @mayincanada4797  2 года назад +1

      Part time job က မြို့ကြီးတွေမှာ ပိုပေါတယ်၊ မြို့သေးမှာ ရှားတတ်တယ် ညီမလေး။ transportation က public transport ရှိပါတယ်။ သူက သတ်မှတ်ထားတဲ့ လိုင်းကား၊ သူ့အချိန်နဲ့သူသွားလာနေတာပါ။ ကိုယ်က ကားဝယ်ထားရင် လမ်းတွေက ကောင်းတော့ bus car အချိန်နဲ့ ညှိစရာမလိုဘူးပေါ့လေ။

  • @thantzawoo2810
    @thantzawoo2810 Год назад +1

    အမရေ လက်ရှိ ရန်ကုန်မှာ senior accountant နဲ့ လုပ်သက်က 7 နှစ်လောက်ရှိပါတယ်။ဘွဲက business management နဲ့ရထားတာပါ။အဲဒါ post graduate accounting diploma 2 year တက်ချင်လို့။ကျောင်းစရိတ် ။နေစရိတ်စားစရိတ် total အပြီးအစီး ဘယ်လောက်ကုန်မလဲ။ကျောင်းလျောက်ရင် ဘာတွေလိုမလဲ။part time လုပ်ရင်ရော အဆင်ပြေလား။ကျောင်းပြီးရင် work permit နဲ့ 3နှစ်လုပ်ပြီးရင် PR လျောက်လို့ရလား။အမျိုးသားနဲ့ ကလေးကို ခေါ်ချင်လို့ပါ။ကျေးဇူးပြု၍ ဖြေပေးပါနော်

    • @mayincanada4797
      @mayincanada4797  Год назад

      ကျောင်းရဲ့ information တွေကို ကိုယ်တက်ချင်တဲ့ ကျောင်းရဲ့ website မှာ ရှာပါ
      ကျောင်းတက်တယ်၊Work permit အချိန်အတွင်း ကိုယ်က အလုပ်လုပ်တယ်ဆို PRရဖို့ တစ်ခုခုနဲ့ ကိုက်ညီသွားတာ များပါတယ်။
      မိသားစုခေါ်ဖို့က visaအောင်ရင် ခေါ်လို့ရပါတယ်။

  • @godlittlechild
    @godlittlechild Год назад +1

    Thank you.

  • @netlabtraining4685
    @netlabtraining4685 2 года назад +1

    အစ်မရေ postgraduate တက်နေရင်: part time လုပ်ခွင်ရှိလားခင်ဗျ နောက် semester အတွက် ပြန်ရှာချင်လိုပါ။

    • @mayincanada4797
      @mayincanada4797  2 года назад +1

      20 hours per weekလုပ်ခွင့် ရှိပါတယ်။ semeter breakမှာဆို သတ်မှတ်ချက်မရှိ အလုပ်လုပ်လို့ ရပါတယ်။

    • @netlabtraining4685
      @netlabtraining4685 2 года назад +1

      @@mayincanada4797 Thanks ပါအစ်မ

    • @mayincanada4797
      @mayincanada4797  2 года назад

      @@netlabtraining4685 Thank you for watching

  • @maymyatnoe3111
    @maymyatnoe3111 2 года назад +1

    Medical background ဖြစ်​နေ​တော့ math requirements ​တွေကို ဘာနဲ့ ပြခဲ့လဲအမ ​ဖြေ​ပေးပါ​​နော်

    • @mayincanada4797
      @mayincanada4797  2 года назад

      အစ်မတုန်းက ဘွဲ့လက်မှတ် notary, transcript, English test results တွေနဲ့ လျှောက်ခဲ့တာ အဆင်ပြေတယ် ညီမ။ ထူးထူးခြားခြား မရှိခဲ့ပါဘူး။

  • @swe4671
    @swe4671 2 года назад +1

    Accounting တက်ဖို့အတွက် Maths တောင်းတာကလေ သီးသန့် ဖြေပေးဖို့လိုတာလား ဘယ်လိုမျိုးလဲရှင့်။

    • @mayincanada4797
      @mayincanada4797  2 года назад

      ကျောင်းကိုပဲ မေးကြည့်ပါရှင့်

    • @swe4671
      @swe4671 2 года назад

      ဟုတ်ကဲ့ပါရှင်

  • @ayekyawtpaing5168
    @ayekyawtpaing5168 2 года назад +1

    အမ မိသားစုနဲ့ဆိုတော့ show money ဘယ်လောက်ပြရလဲ။ show money အတွက် ဘယ်လိုပြင်ဆင်ခဲ့လဲအမ။ ညီမ က မိသားစုသုံးယောက်အတွက်ပြင်နေလို့ပါ။

    • @mayincanada4797
      @mayincanada4797  2 года назад +1

      ဟုတ်ကဲ့။
      IRCC မှာ ဖော်ပြထားတဲ့ minimum requirements ထက် ပိုပြခဲ့ပါတယ် ညီမ။

  • @winehninnthu18
    @winehninnthu18 2 года назад +1

    Hello sis, ညီမလဲ PGBA နဲ့ တတ်ဖို့ ကျောင်းရှာနေတာပါ Selkirk ကျောင်းလဲ လေ့လာမိသလောက် စိတ်ဝင်စားပါတယ် IS ထက် Duolingo ကိုဖြေဖို့ အားသာနေတာ ခုကျောင်းက လက်ခံတယ်ဆိုလို့ ကျောင်းလခ က ဘယ်လိုသွင်းရတာလဲ show money budget ကရော ဘယ်လောက် ပြရမလဲ ညီမက စင်ကာပူကနေ Join မှာပါ ဖြေခဲ့ပေးပါဦးနော် အမ ကျေးဇူးပါ 🙏

    • @mayincanada4797
      @mayincanada4797  2 года назад +1

      TOFEL or IELTS လိုပါတယ်။ Selkirk.caမှာ အသေးစိတ်ဝင်ကြည့်လို့ ရပါတယ်။

  • @Khin.Snowyu
    @Khin.Snowyu 2 года назад

    အမရေ အမက အခုတက်နေတဲ့ ကျောင်းကမြို့လေးမှာနေတာလားရှင့်?

    • @mayincanada4797
      @mayincanada4797  2 года назад +1

      မဟုတ်ဘူးညီမ။ ကျောင်းက onlineသင်နေတာမို့ အဲသည်နေရာ အစ်မမသွားသေးတာ။

    • @Khin.Snowyu
      @Khin.Snowyu 2 года назад +1

      @@mayincanada4797 ဟုတ်ကဲ့အမ ကျောင်းက ဘယ်တော့လောက် on compus learning ပြန်ဖြစ်မှာလည်းရှင့်?
      ညီမလည်း အဲ့ဒီကျောင်လေးလျောက်မလားလို့
      အဲ့မြို့လေးမှာဆို အိပ်ခန်းရှာလို့ လွယ်နိုင်လောက်လား?

    • @mayincanada4797
      @mayincanada4797  2 года назад +1

      @@Khin.Snowyu အဆောင်ရှိတယ် ညီမ။တစ်ယောက်တည်းဆို အဆင်ပြေတယ်။ မြို့က သေးတော့ အိမ်ရှာရခက်တယ်။
      လာမယ့် September 2022က စပြီး On campus လုပ်ဖို့ ပြင်ဆင်နေကြတယ်။😅
      အဆောင်တွေလည်း ပိတ်ထားတာဆိုတော့ on campus housing ရနိုင်မရနိုင် လေ့လာကြည့်နော်။ ကြိုပြီးစာရင်း ပေးထားရတတ်တယ်။

    • @Khin.Snowyu
      @Khin.Snowyu 2 года назад +1

      @@mayincanada4797 ဟုတ်ကဲ့အမ
      အဲ့မြို့လေးကိုပြောင်းသွားရင်လည်း အတွေ့အကြုံလေးတွေ share ပေးဦးနော်

    • @mayincanada4797
      @mayincanada4797  2 года назад

      @@Khin.Snowyu ဟုတ်ကဲ့