D (4) - တစ်ခါသိတာ အသိမြဲဖို့ အပ္ပမာဒေးနသမ္မာဒေထ အမြဲလုပ် - အပိုင်း(၁)

Поделиться
HTML-код
  • Опубликовано: 7 фев 2025
  • မဟာသဒ္ဓမ္မဇောတိကဓဇ ဦးမောင်မောင် (ပျဉ်းမနား) ၏
    ✳️ "တစ်ခါသိတာ အသိမြဲဖို့ အပ္ပမာဒေးနသမ္မာဒေထ အမြဲလုပ် အပိုင်း(၁)" တရားတော်၊ (၁၇/၁၂/၂၀၁၇)။
    🏵️ ဓမ္မစက်ကို စတင်လည်ပတ်စေဖို့အရေး မြတ်ဗုဒ္ဓ၏ အဦးထား နိဒါန်းစကားမှာ အစွန်းတရားနှစ်ပါးကို မပယ်ဖို့ မတွယ်ဖို့ အလေးပေး ဟောကြားထားပါသည်။
    🏵️ အထက်ပါအတိုင်းသတိပေးပြီးမှ သစ္စာတရားကိုဟော၍ ဓမ္မစက်ကိုလည်စေခဲ့ပါသည်။
    🏵️ မြတ်ဗုဒ္ဓသည် ထိုသစ္စာတရားကိုသာ နေရာ ဒေသ အချိန်ကာလ နှင့် တရားနာပရိသတ်၏ စရိုက်ကိုလိုက်၍ ပရိယာယ်မျိုးစုံဖြင့် (၄၅)ဝါ ပတ်လုံး မနေမနား ဟောကြားခဲ့ပါသည်။
    🏵️ မဟာဂရုဏာတော်ရှင် မြတ်ဗုဒ္ဓ၏ နောက်ဆုံးအမှာစကားမှာ ရဟန်းရှင်လူ အရိယာ ပုထုဇဉ် နှင့် နတ်ဒေဝတာမကျန် သတ္တဝါအားလုံးအတွက် ဖြစ်ပါတယ် "ဝယဓမ္မသင်္ခါရာအပ္ပမာဒေးနသမ္မာဒေထ"
    🏵️ ဤနောက်ဆုံးဩဝါဒ ကိုဓမ္မစကြာ ပညာဝိမုတ္တိသာသနာ လိုက်နာသူ ဓမ္မမိတ်ဆွေသူတော်စင်များအတွက် သပ္ပူရိသ မြတ်ဆရာက (၁၇/၁၂/၂၀၁၇)ခုနှစ်ကတည်းက မီးမောင်ထိုး မှာကြားခဲ့သည့် တရားတော်တစ်ပုဒ်ကို တင်ဆက်လိုက်ရပါသည်။
    🏵️ သူတော်စင်အပေါင်း
    ✳️ သံသရာစက်ရပ်နိုင်ပြီး
    ဓမ္မစက်လည်နိုင်ကြပါစေ ...
    ✳️ ဓမ္မစက်ရပ်နိုင်ပြီး
    ဝိမုတ္တိစက်လည်နိုင်ကြပါစေ ...
    ✳️ ဝိမုတ္တိရသကိုခံစားနိုင်ကြပါစေ ...
    🏵️ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု။

Комментарии • 28