ထူးအိမ်သင် - အဖေ(Lyric Video)

Поделиться
HTML-код
  • Опубликовано: 7 ноя 2024

Комментарии • 327

  • @Soe-q9u
    @Soe-q9u 9 месяцев назад +24

    အမေ့ကို အချစ်ဆုံး ဒါပေမယ့် အဖေက ပိုချစ်စရာကောင်းတယ်ဗျာ ဒီသီချင်းနားထောင်းတိုင်း မျက်ရည်နဲ့ ကန်တော့ပါတယ် အဖေ ကျုပ်ကို ခွင့်လွတ့်ပါ ဒေါသထွက်လို့ဆဲရင်တောင် ငါ ...သားတဲ့ ဘယ်တော့မှ မညာ တဲ့ လူက အဖေ ကျုပ် ကန်တော့ပါတယ်အဖေ 😢😢😢

  • @HninMg-q7s
    @HninMg-q7s 9 месяцев назад +67

    ရှိစဉ်ခဲ့တုန်းက တန်ဖိုးမထားခဲ့သမျှ မကြင်နာမိခဲ့သမျှ ဂရုမစိုက်မိခဲ့သမျှ အလေးမထားမိခဲ့သမျှ မရှိတော့မှ ကြီးမားတဲ့နောင်တရမိတယ်၊ လွန်ခဲ့ပြီ အစားထိုးပြန်မရတော့ဘူး ရှိတဲ့သူတွေ တန်ဖိုးထားကြပါကွာ နောင်တဆိုတာတအားဆိုးလှတယ်

    • @theingiayesoe
      @theingiayesoe 5 месяцев назад +2

    • @MayThu-r7g
      @MayThu-r7g 3 месяца назад

      မိဘဆိုတာ တစ်​ယောက်မရှိရင် လက်မောင်းတစ်ဖက်ပြုတ်သလိုပါပဲ ကျန်တာမပါသေးဘူးနော် ညီကိုမောင်နှမတို့ ကိုယ်ဘာသာဘယ်လောက်ရှိ၂ မိဘဆိုတာကိုယ့်ရှေ့ကမားမားမတ်မတ်ရပ်တည်ပေးတဲတန်တိုင်းကြီးပဲ

    • @kyawzinthet2583
      @kyawzinthet2583 12 дней назад

      အတူတူပါပဲဗျာ အဖေကသားကိုတကယ်မချစ်ဘူးထင်တယ် အမေဆိုတော့ ချစ်တာပေါ့သားရယ်တဲ့ ထုတ်သာမပြတာ ငါ့သားအိပ်ပျော်နေချိန်ဆို ဖက်လိုက် နမ်းလိုက်နဲ့တဲ့ အခုတော့လည်း လောကကြီးထဲကထွက်သွားခဲ့တာကြာပါပြီဗျာ

  • @yarzarchan6483
    @yarzarchan6483 Год назад +18

    အဖေရေ သားကိုလာကြည့်လိုက်ပါအုံး သားလေ လမ်းပျောက်နေပြီအဖေရ သာာဘာဆက်လုပ်ရမလဲဗျာ သားကိုလမ်းပြပေးပါအုံး

  • @user-gt6xw6wb9v
    @user-gt6xw6wb9v Год назад +23

    အဖေ ကောင်းရာသုဂတိလားပါစေ
    လွမ်းတယ်....😢

  • @winnaingsoe6512
    @winnaingsoe6512 4 года назад +45

    တခါတခါ အဖေကို အရမ်းသတိရမိတယ် ...
    မိုးနတ်မင်းဖြစ်ပါစေ ဖေဖေ🙏🙏🙏

  • @khinesoe7460
    @khinesoe7460 Год назад +17

    သား သတိရလိုက်တာ အဖေရယ် အဖေမရှိမှ ဖေ့ရဲ့တန်ဖိုးကိုကောင်းကောင်းသိခဲ့ရတယ် အင်အားတခုရော့သွားတယ် တိုင်ပင်စရာတယောက်ရော့သွားတယ် အားငယ်ချိန်ဆို ပိုတောင်သတိရမိတယ် ပင်ပန်းစွာရှာကျွေးခဲ့ပီး သားလေလည်း အဆင်ပြေရော အဖေကမရှိတော့ဘူး 😢😢

  • @Changeforyou.
    @Changeforyou. 9 месяцев назад +8

    အဖေရှိနေရင် အရမ်းကောင်းမှာပဲ။
    ကောင်းဆိုးတိုင်ပင်ချင်လိုက်တာ😢

  • @hankerheart
    @hankerheart Год назад +14

    အချိန်တွေသာနောက်ပြန် လို့ရရင် အဖေရဲ့ ဆုံးမမှုတွေ လိုချင်တယ် ဖေဖေ😢😢

  • @KyawGyi-dh4hf
    @KyawGyi-dh4hf 10 месяцев назад +9

    အရမ်းဆိုးတဲ့ ကျွန်တော် ကို အဖေ ပြောခဲ့ ဖူးတယ် ငါမရှိမှ နောင်တရမယ် တဲ့ အဖေမရှိတော့ မှ အဲ့ စကားက အမှန်တရား ဖြစ်နေလေရဲ့ 😢

  • @winaung6341
    @winaung6341 4 года назад +50

    ပရိတ်သတ်ရင်ထဲ
    ထိရောက်တဲ့ သံစဉ် စာသား
    ထားပေးခဲ့တဲ့ မှော်ဆရာ အစွမ်းရှိသူ
    တစ်ယောက်ပါ။နောက်ထပ် ဒီလို
    ပုဂ္ဂိုလ် ထပ်မရနိုင်တော့ဘူး

    • @zayyarhein1225
      @zayyarhein1225 2 года назад

      jk

    • @myluuluu-lx6ee
      @myluuluu-lx6ee 3 месяца назад

      မှော်ဆရာ မဟုပါဘူး မေတ္တာ သမားပါ

  • @kaungkaung8682
    @kaungkaung8682 Год назад +9

    2:18 အဖေဖစ်စေချင်တဲ့အတိုင်း လူတော်တစ်ယောက်ဖစ်အောင် သားအမြဲကြိုးစားနေပါတယ် အဖေ 🥺💓 အရမ်းချစ်တယ် အဖေ 💓 အဖေက သားရဲ့ စံပြပုဂ္ဂိုလ်တစ်ယောက်ပါ အဖေ ခြေရာကိုလဲ မှီအောင် အမြဲကြိုးစားပါမယ် အဖေ 🥺🙏

  • @pyaesone-f1n
    @pyaesone-f1n Год назад +5

    အမှားတွေရှိခဲ့ပေမယ့်လေ အမှန်ဖြစ်အောင်ပြင်ဆင်နေပါတယ် ဒီသားကယအဖေနဲ့ အမေကို လူကြားထဲမျက်နှာမငါ်အောင် ထားနိုင်အောင်ကြိုးစားနေတာမို့
    နောင်လာမယ့် နှစ်ပေါင်းများစွာကြာအောင် ကျွန်တော်နဲ့ရှိနေပေးပါ ကျွန်တော့်မှာ အဖေနဲ့အမေဘဲရှိတာ ချစ်တယ် အဖေ ချစ်တယ် အမေ❤

  • @kmmyanmar5262
    @kmmyanmar5262 2 года назад +21

    ဖေဖေရယ် လွမ်းလိုက်တာ သား အရမ်း လွမ်းတယ် ပြောစရာ စကား အများ ကြီရှိ့တယ် ဖေဖေ ။😌🙏

  • @paulmyanohm7439
    @paulmyanohm7439 Год назад +10

    ကျနော် အရွယ်မရောက်မီ
    ဖေဖေ အသည်းအသန် နေမကောင်းဖြစ်တော့
    ဘုရား တရားကို အာရုံပြုပြီး
    တစ်ခုဆည်းသောဆုကို တောင်းခဲ့ဖူးတယ်တဲ့...
    `ကျနော့ သားလေးလူလားမြောက်တဲ့ထိတော့
    ရှင်သန်ခွင့်ပြုပါ၊တာဝန်ကျေပါရစေ၊
    သားလေး အဖေ...ဆိုတာကို မှတ်မိသွားစေချင်လို့ပါ"
    အဖေတာဝန်ကျေခဲ့ပါတယ် အဖေရယ်...

  • @linhtwe42
    @linhtwe42 8 месяцев назад +7

    အဖေ့ရဲ့ချွေးနံသင်းနေတဲ့ ကိုယ်ကျင့်တရားကို ပိုပြီးချစ်ရတယ်ဗျာ...

  • @yarzarchan6483
    @yarzarchan6483 Год назад +7

    သားဘာဆက်လုပ်ရမှန်းမသိတော့ဘူးအဖေရေသား အဖေ့သားပါ သား မှားခဲ့ပါတယ် ဗျာ သားအနားမှာဘာမှမရှိတော့ဘူးအဖေ

  • @awgyi9007
    @awgyi9007 4 года назад +32

    အဲ့ဒီသီချင်းလေးကို၊နားထောင်တိုင်း၊အဖေ့ကိုအရမ်းသတိရတယ်အဖေရာ။

    • @novemberhtun1334
      @novemberhtun1334 2 года назад

      အနယပညာဖတိခွက်စားတေအကုန်အချောဂ်စား‌တွေ ငှက်ကြီးမပါဘူး

    • @palkyaw8756
      @palkyaw8756 Месяц назад

      I am no leave ok

  • @myomintun3232
    @myomintun3232 Год назад +8

    အဖေ သားကိုအရမ်းချစ်ပါတယ်လို့ မပြခဲ့ပေမယ့် အဖေဟာအနှိုင်းမဲ့သားကိုချစ်တယ်ဆိုတာ ပြောမပြလည်းသားသိပါတယ် အဖေ သားအခုအဖေ့လို့နေရာမာရောက်နေပြီအဖေ အဖေကောင်းရာဘုံဘဝမှာသာယာပျော်ရွှင်ပါစေလို့သားညတိုင်းဆုတောင်းပေးနေပါတယ် အဖေ့ရဲ့သားမိုက်

  • @maunghtetgyi2249
    @maunghtetgyi2249 4 года назад +211

    အဖေရှိတုန်းက တန်ဖိုးမထားမိခဲ့ဘူး အခုချိန်မရှိတော့မှ ဒီသီချင်းနားထောင်းမိတိုင်း ရင်ဖက်တွေအောင့်လိုက်တာဗျာ

    • @patrickwin9074
      @patrickwin9074 2 года назад +7

      ဖေဖေ့ကိုလွမ်းတယ်။ ဖေဖေသနားပါတယ်။

    • @minthuaung6279
      @minthuaung6279 2 года назад +6

      ထပ်တူကြေကွဲမိတယ်ဗျာ

    • @nyeinchanko1029
      @nyeinchanko1029 Год назад +12

      တူတူပါပဲ့broရယ် ဒါပေမယ့်ကျွန်နော်ကအချိန်မီသိပြီး ကျေးဇူးဆပ်ခွင့်ရလိုက်သေးလို့ဖြေသိမ့်လို့နိုင်ပါတယ်😔😔

    • @WaiYan-kd4ex
      @WaiYan-kd4ex Год назад +2

      me too bro😢

    • @WaiYan-kd4ex
      @WaiYan-kd4ex Год назад +1

      me too bro😢

  • @KhantNayMin
    @KhantNayMin 4 месяца назад +7

    ကျွန်တော်တို့ ဟာ ကျွန်တော်တို့ဘေးနားမှာရှိတဲ့ တန်ဖိုးအကြီးဆုံး လူသားတွေ‌ကိုမေ့မေ့လျော့လျော့နဲ့နေနေကြမိတယ်🥺🥺🥺
    အရမ်းသတိရတယ်အဖေ🙏🙏🙏

  • @hayhman8565
    @hayhman8565 2 года назад +6

    အဖေ့ကိုသတိရတယ် အခုဆိုအဖေသမီးတို့ကိုထားသွားတာ နှစ်နှစ်ဆယ်ကျော်ပြီးနော် အဖေရောက်လေရာဘဝမှာ အေးချမ်းပါစေ

  • @thawzz4522
    @thawzz4522 3 года назад +8

    အဖေ ခံစားနေရတဲ့ရောဂါကြီးမှ အမြန်ဆုံးသက်သာပျောက်ကင်းပါစေ အဖေ🥺🥺🥺

  • @EiKyaing-ns4ju
    @EiKyaing-ns4ju Год назад +5

    လွမ်းလိုက်တာ အဖေရယ်❤️

  • @yarzarchan6483
    @yarzarchan6483 Год назад +2

    အဖေရဲ့မြေးလေးရှိသေးတယ်ဗျ သားလဲသေရမှာမျိုးမဖြစ်ချင်ပါဘူးဗျာ ဒါပေမယ့်ဘထွက်ခွာသွားမှရမယ်ထင်တယ်အဖေသားပျောက်ကွယ်သွားမှ အေးမှာပါအဖေရာ

  • @paingset5975
    @paingset5975 8 месяцев назад +5

    နားထောင်တိုင်း မျက်ရည်စို့ရတဲ့ သီးချင်းလေး

  • @maayethirisoe6071
    @maayethirisoe6071 2 года назад +8

    ဒီသီချင်းလးနား​ထောင်မိတိုင်း အ​ဖေ့ကိုပိုသတိရတယ် 😢

  • @KIRA-KIRA1
    @KIRA-KIRA1 Год назад +5

    ဘဝမှာ ရစရာအမှတ်တရတွေ အများကြီးမရှိခဲ့ပေမယ့် အဖေ့ကြောင်း ပြန်ကြားရတိုင်း ကောင်းသတင်းတွေပဲမို့ အဖေ့သား ဖြစ်ရတာ ဂုဏ်ယူပါတယ်

  • @Victor-co6gy
    @Victor-co6gy 2 года назад +7

    i miss u dad i wish i could spend more time with u if there is another life😞

  • @thetmaung5849
    @thetmaung5849 2 года назад +4

    အဖေ မရှိတာ နှစ်၂၀ရှိခဲ့ပီ အသက်ကြီးလာတော့ ပိုသတိရတယ်🥲

  • @theingihlaing-uq7zu
    @theingihlaing-uq7zu 7 месяцев назад +1

    သတိအရမ်းရတယ်အဖေ
    Covidကြောင့်သာမဟုတ်ရင်
    အဖေကို အခုထိလုပ်ကျွေးခွင့်ရမှာ

  • @lwinmg-y3s
    @lwinmg-y3s 9 месяцев назад +3

    ကျွန်တော်အဖေမီးသွေးပွဲစားကြီး/အရက်သမားကြီးဦးလှတင်ကိုသတိရတယ်အခုလည်းငိုေနရပါတယ်အ။ ဖေကိုချစ်ကြပါစေ

  • @peter-ju7ug
    @peter-ju7ug 3 года назад +7

    အဖေရာယ် အရမ်းလွမ်းတယ်😭😭😭

    • @chomar4862
      @chomar4862 2 года назад

      တိုလည်းအဖေ့ကိုလွမ်းတယ်အဖေထွက်သွားတာကြာပြီလေတခါတခါအိမ်မက်ထဲလာပေးလို့ကျေးဇူးတင်တယ်အဖေ

  • @aungminsoe4127
    @aungminsoe4127 Год назад +2

    အဖေ့ကို သတိရလိုက်တာဗျာ
    ကျတော်တို့ကို ခွဲသွားခဲ့တာ 8နှစ်ရှိပါပေါ့လား🥲

  • @minimyo-ef4yq
    @minimyo-ef4yq Месяц назад +1

    ဘဝမှာ မဆုံရင်တောင် အဝေးကနေပဲဖြစ်ဖြစ် အပြင်မှာတစ်ခါလောက်တော့တွေ့ဘူးချင်တယ် အဖေကို လက်ရှိဘယ်ပုံလဲ့ဆိုတာ

    • @bohtet9582
      @bohtet9582 24 дня назад

      😢ဆန္ဒပြည့်ပါစေ

  • @maunghtetgyi2249
    @maunghtetgyi2249 3 года назад +11

    ကျွန်တော့အဖေကတော့ လောကဒဏ်ရာဒဏ်ချက်တွေကို ကျွန်ဝောာ်၉နှစ်သားထိပဲ ကာကွယ်ပေးခဲ့တာ🙏🙏

  • @ThaungMinKyaw
    @ThaungMinKyaw Месяц назад +1

    လွမ်းလိုက်တာ အဖေရာ အဖေသေတာတောင်မမြင်လိုက်ရတဲ့သားဘဝ တော်တော်ဆိုးပါတယ် အဖေရယ်😢😢😢😢😢

  • @KoKo-rn8tw
    @KoKo-rn8tw Год назад +2

    အခုချိန်အထိ အဖေ့ကိုချစ်တယ်တစ်ခါမပြောဖူးခဲ့ပေမဲ့ အခုလိုအနေဝေးတော့လည်း အဖေနဲ့အမေနှစ်ယောက်စလုံးကိုအရမ်းလည်းသတိရသလို အရမ်းလည်းချစ်တယ်ဗျာ😥😥

  • @CathyMona-se3ps
    @CathyMona-se3ps Месяц назад

    I am always with you Dad
    Please Stay with me for the rest of my life.Long time no see your smiles

  • @KoAungKo-n2g
    @KoAungKo-n2g Год назад +4

    အဖေ့ကို သတိရတိုင်း ဒီသီချင်းလေး နားထောင်ဖြစ်တယ်

  • @shinehtet1608
    @shinehtet1608 Год назад +2

    အဖေ့ကိုလွမ်းတယ်​ဗျာစောက်ရမ်းမုန်းတယ်လို့ပြောတဲ့အဖေ့ကိုစောက်ရမ်းလွမ်းတယ်

  • @LaeMon-y6h
    @LaeMon-y6h 7 месяцев назад +1

    သမီးတွေရဲ့အချစ်ဉီးကအဖေ တဲ့ ချစ်တယ်အဖေ မပြောလိုက်ရတဲ့စကားလေး…

  • @KoSaiTuu
    @KoSaiTuu 2 месяца назад +1

    အဖေရယ် သား ၆ တန်းနှစ်လောက်က အဖေဆုံးသွားခဲ့တယ် သားမှာ ခံစားချက်တွေ သိပ်မရှိခဲ့ဘူး ခုတော့ အသက်ကြီးလေလေ အဖေ့ကို သတိလေ ပါပဲ အဖေ့ကို ဘာမှ မလုပ်ကျွေးခဲ့ရပါဘူး ကံကြမ္မာရယ် လုပ်ရက် လိုက်တာ

  • @Nilar-bm2rj
    @Nilar-bm2rj 10 месяцев назад +1

    ၁၀နှစ်ဘလာက်ကတည်းကဆုံးသွားတာအခုဆို၈နှစ်ရှိပြီ ပြန်မလာတော့မှန်းသိပင်မယ့်မျှော်နေမိတုန်ဘဲအဖေ💔😭

  • @HantayzaSwe
    @HantayzaSwe 5 месяцев назад +2

    အဖေမွေးနေ့ရောက်တိုင်း အဖေကိုအရမ်းလွမ်းတာပဲ ဒီနေ့အဖေမွေးနေလေ အဖေသိလား” အဖေကို အရမ်းလွမ်းတာပဲ happy birthday ပါ အဖေ❤ ချစ်တယ် အဖေ

  • @aungkyawthan-sp2tj
    @aungkyawthan-sp2tj Год назад +2

    အဖေရဲ့နေရာမှာ အဖေအဖြစ်နဲ့ရောက်မ အဖေရဲ့ကျေးဇူး၊အဖေရဲ့ခံစားမှု ပြောမပြနိုင်အောင် !!!¡!

  • @natnyar
    @natnyar 3 года назад +4

    အဖေကျန်းမာပီးအသက်ရာကျော်ရှည်ပါစေ
    အဖေကိုအရမ်းချစ်တယ်

  • @ChoNyein-o8d
    @ChoNyein-o8d Год назад +1

    ဒီချိန်မှာ အဖေရှိနေသေးရင် ဒီလိုတွေဖြ၀်မှာ မဟုတ်ဘူး အခုတော့ အဖေ ရယ်😔😔😔

  • @minminepc9678
    @minminepc9678 4 года назад +10

    သူငယ်ချင်း လိုနေတဲ့အဖေပါ

  • @yanthein3002
    @yanthein3002 Год назад +1

    အဖေဟာအဖေပါဘဲ❤❤❤

  • @nainglin1698
    @nainglin1698 3 года назад +4

    မမြဲနားထောင်ဖြစ်တိုင်း ကိုယ်မလုပ်ပေးနိုင်သေးတဲ့ အရာတွေကို တွေးတိုင်း မျက်ရည်ကျမိတယ် အဖေ

    • @wai_min_hein
      @wai_min_hein  3 года назад +1

      မိဘဆိုတာ အကောင်းဆုံ အရှုံးသမားတွေပါ မိဘတွေအသက်ရှိစဉ်အချိန်မှာ တန်ဖိုးထားတတ်ဖို့ပဲ အရေးကြီးတာပါ ဒီထက်ကောင်းမွန်တဲ့ဘဝ ကောင်းမွန်တဲ့အခြေအနေမျိုး ခံစားစံစားရပါစေညီ

  • @aoikwaiinightmare887
    @aoikwaiinightmare887 28 дней назад

    အဖေကို အဖေချစ်တယ်လို့ တစ်ခါမှ ထုတ်မပြောခဲ့ဖူးပေမယ့် ဒီသီချင်းနားထောင်တိုင်း ကြားမိတိုင်း အမြဲမျက်ရည်တွေနဲ့ ကန်တော့နေမိတယ် ကန်တော့လျက်ပါအဖေ သားတို့၃ယောက်နဲ့အမေ့ဘေးနားမှာ နောင်နှစ်ပေါင်းများစွာအထိ သားတို့အလုပ်အကျွေးပြုနိုင်သည်အထိ ကျန်းကျန်းမာမာနဲ့နေထိုင်သွားရပါစေ အဖေ ညီကိုတွေလည်း အဖေသက်ရှိထင်ရှားရှိနေတုန်း အဖေ့ကို လေးစားသမှူနဲ့ အော်တာတွေရှောင်ရှားကြပါ အဖေ အမေဂုဏ်ယူရတဲ့ သားလိမ္မာ သမီးလိမ္မာလေးတွေဖြစ်ကြပါစေဗျာ ချစ်တယ် အဖေရယ် ❤️

  • @nainglinaung3641
    @nainglinaung3641 Год назад +4

    ​အဖေအတွက် သားကောင်း တစ်ယောက် ဖြစ်အောင်ကြိုးစားနေပါတယ်...💪💪🙏🙏❤ 1:54

  • @toeetoeemyinttoeetoeemyint3308
    @toeetoeemyinttoeetoeemyint3308 9 месяцев назад +1

    အဖေအမြန်ဆုံးကျန်မာပါစေ🥺🙏🙏🙏

  • @SandarWaraa
    @SandarWaraa 19 дней назад

    အဖေရေ ... အဖေမြင်ချင်တဲ့စာသင်သားရဟန်းလေးဖြစ်နေပြီဗျ "(

  • @KyawKhaingHToo-g4t
    @KyawKhaingHToo-g4t 6 дней назад

    အရင်းကတော့ အဖေတန်းဖိုးနားမလည်ခဲ့ဘူး အခုသီချင်းနဲ့ ထပ်တူကျနေတာပါ တဂယ်တန်း ကျနော် အဖေလဲ့ တံငါးသမာူ တယောက်ပါ ကျနော်လဲ့ တံငါးဘဝသမာူတယောက်အဖြစ် ကြီးပြင်လာူတာပါ😢😢

  • @myatsoesenseoperate5593
    @myatsoesenseoperate5593 10 месяцев назад +1

    World ,world world,and my family real life(for me and my family,soNever miss)

  • @ShweThaeThae
    @ShweThaeThae 9 месяцев назад +2

    ဖေကြီးကိုလွမ်းမိတယ်😢
    ဖေကြီးကောင်းရာမွန်ရာရောက်ပါစေ

  • @mwdcus-f1r
    @mwdcus-f1r Год назад +1

    အဖေ ချစ်တယ်😢😢😢

  • @kyalkalay8922
    @kyalkalay8922 10 месяцев назад +1

    အဖေ ကိုလွမ်းတယ် 😭😭😭

  • @jooniemon6953
    @jooniemon6953 2 года назад +2

    အဖေ မေတ္တာနဲ့ ကျေးဇူးတွေ

  • @OiGh-p3r
    @OiGh-p3r Год назад +2

    အဖေကိုသတိရတယ် 😢

  • @foenyi-oy1cf
    @foenyi-oy1cf 9 месяцев назад +1

    အဖေနဲ့အတူတူနေချင်တယ်❤❤❤❤

  • @JohneJuko
    @JohneJuko День назад

    အဖေကိုသမီးတို့ဘဝထဲကထွက်သွားမှာကြောက်တယ်
    အဖေသာမရှိတော့ရင်ဆိုတဲ့စိတ်နဲ့တင် ကမ်ဘာပျက်နေပီ😢

  • @chestexmytv1192
    @chestexmytv1192 3 дня назад

    ပြုစုစောင့်ရှောက် ပေးခဲ့တဲ့ အဖေကြီးနဲ့ အမေကြီး ကို ကန်တော့ပါတယ်
    သား လိမ္မာ ပါပြီ

  • @Phoenix17310
    @Phoenix17310 10 месяцев назад +1

    အ​ဖေကျန်းမာပါ​စေ

  • @ZinMiMiSoe-e5j
    @ZinMiMiSoe-e5j Год назад +1

    အဖေကျန်းမာနေပေးပါအဖေ 😢

  • @TracyWwl
    @TracyWwl 4 месяца назад +1

    ကလေးဘဝတုန်းကလို ဖေဖေရဲ့ပွေ့ဖက်နမ်းရှိုက်တာလေးကို ခုချိန်ထိသမီးလိုချင်တုန်းပါဘဲဖေဖေရယ် ဆယ်ကျော်သက်အချိန်မှာ သားအဖတေကြားမှာနွေးထွေးမှုကင်းမဲ့သွားခဲ့တယ် သူများဖေဖေတေလိုကြင်နာမပြတတ်ဖေဖေ သူများသမီး‌ေတွလိုတီတီတာတာချွဲချွဲနွဲ့နွဲ့မပြောတတ်ပေမဲ့ ဖေဖေ့ကိုကမ္ဘာကြီးလောက်ချစ်ပြီး ဖေဖေရဲ့အကြင်နာဂရုစိုက်မှုတေ အရမ်းလိုချင်တယ်ဖေဖေရယ်....

  • @JojoOnfire-g8t
    @JojoOnfire-g8t 5 дней назад

    အဖေနဲ့သိတတ်စထဲကမနေရပေမယ့်ရှိခဲ့ရင်လဲသီချင်းထဲကအတိုင်းပဲဖြစ်မှာပါ၊အဖေကောင်းမွန်တဲ့ဘုံဘဝရောက်ပါစေ။

  • @ayechanmoe7118
    @ayechanmoe7118 4 года назад +4

    အဖေ အမြဲတမ်းကျန်းမာပါစေ

  • @mghtetpu
    @mghtetpu 7 месяцев назад

    လွမ်းတယ် အဖေ ပြောပြစရာစကားလုံးမရှိလောက်အောင်ပါပဲ miss you Dad

  • @kyihtet1683
    @kyihtet1683 4 года назад +5

    လွမ်းတယ် အဖေ

  • @koluchoe8701
    @koluchoe8701 11 месяцев назад +1

    ဖေကြီး နေကောင်းအောင်နေနော် သားအမြန်ဆုံးပြန်လာခဲ့မယ်😢😢

  • @thuaungsan8188
    @thuaungsan8188 Месяц назад

    ချစ်တယ်အဖေ❤ 29.9.2024

  • @HtooEi-sp5ez
    @HtooEi-sp5ez 4 месяца назад

    အဖေဆိုတာ ရှိရင်တန်ဖိုးထားမခံရဘဲ မရှိတော့မှမျက်ရည်နဲ့ပဲအလွမ်းခံရတဲ့ အမေ့ခံလူသားတွေပါလေ😢😢😢😢

  • @sithu5395
    @sithu5395 5 месяцев назад

    အခုထိ သားရဲ့ ဘေးမှာ အမြဲရှိတဲ့အဖေ အသက်ရာကျော်ပါစေအဖေ❤

  • @tuestinmoe6417
    @tuestinmoe6417 Месяц назад

    အဖေ့ကို သတိရမိပါတယ်😢😢😢😢😢😢😢😢😢😢😢😢😢😢😢😢

  • @shahtetaung
    @shahtetaung 5 месяцев назад +1

    သီချင်းတွေက အတိတ်ရဲ့ မေ့ထားတာတွေ ပြန်ပေါ်စေတယ် မယုံရင် နားထောင်ကြည့်
    မျက်ရည်ခိုင်မှ နားထောင်ပါ
    ကိုယ်တစ်ယောက်တည်း နားထောင်ပါ မယုံရင် စမ်းကြည့်လေ

    • @HbdnDjndseej
      @HbdnDjndseej 5 месяцев назад

      မှန်တယ်😢😢😢😢😢😢😢😢😢😢😢😢😢😢😢😢😢😢😢

  • @mawar965
    @mawar965 9 месяцев назад +1

    ဖေကြီးကျန်းမာစိတ်ချမ်းသာပါစေ
    ချစ်တယ်ဖေကြီး

  • @Sanaymgmg-hc3gk
    @Sanaymgmg-hc3gk 8 месяцев назад +1

    သားမိုက်ကိုခွင့်လွှတ်ပါ ဖေ😢

  • @maphyolay3818
    @maphyolay3818 10 месяцев назад +1

    ချစ်တယ်အဖေ❤

  • @MamoeMAmoe-e4o
    @MamoeMAmoe-e4o Год назад +1

    အိမ်ြပန်ချင်လိုက်တာကွာ😢😢😢😢

  • @linhtet5407
    @linhtet5407 Год назад +1

    အဖေအကြိုက်ဆုံး အဆိုတော်😢😢😢

  • @ZawPaing-f5h
    @ZawPaing-f5h 11 месяцев назад +1

    ဆရာငှက်လိုလူမျိုး ဒီတစ်သက်တွေ့ရတော့မယ် မထင်ဘူး

  • @chit-pom
    @chit-pom 8 месяцев назад

    သမီးဘာလုပ်ရမလဲအဖေ

  • @SandarWin-ne9zt
    @SandarWin-ne9zt Год назад +1

    အဖေ ကိုလွမ်းလိုက်တာဗျာ

  • @AyeMm-q8n
    @AyeMm-q8n Месяц назад

    အဖေမရှိတော့ မှသားလိမ္မာတဲ့အဖြစ်မျိုး မလိုချင်ဘူး အဖေ သားကိုသိတတ်လိမ္မာတဲ့သားအဖြစ်နဲ့ အဖေ မြင်သွားစေချင်သေးတယ် အဖေမေတ္တာနဲ့ကျေးဇူးကိုသားဒီဘဝမှာ ဆပ်ခွင့်ရချင်သေးတယ် အဖေ
    အဖေ့ကိုသားအရမ်းချစ်တယ် အဖေ

  • @HeinKhantZaw-x9u
    @HeinKhantZaw-x9u 8 месяцев назад +1

    မိသားစု စုံစုံလင်လင်နဲ့အရင်လိုလေး ပြန်ပျော်ချင်တယ်

  • @phonekyaesinkophone2756
    @phonekyaesinkophone2756 4 года назад +6

    အဖေကြီး ကျန်းမာနေပါနော်🙏

    • @UTin-k1l
      @UTin-k1l 8 месяцев назад

      အဖေကျန်းမာရေးဂရုစိုက်ပါနော်အဖေ သားလဲအဖေိုသတိရနေပါတယ် အဖေ

  • @maykhin4742
    @maykhin4742 8 месяцев назад

    သတိရလိုက်တာပါပါရယ်

  • @Zarzoa-t7h
    @Zarzoa-t7h 5 дней назад

    အဖေသာအရက်မသောက်ခဲ့ရင်😭😭😭😭😭😭😭

  • @thuthuhein4542
    @thuthuhein4542 2 месяца назад

    အဖေ..💔

  • @salaijudsonlairamhtan3053
    @salaijudsonlairamhtan3053 7 месяцев назад +1

    အဖေရဲ့ အနစ်နာခံ ပေးဆပ်မူတွေကို စဥ်းစားလေး မျက်ရည်ဝဲလေဘဲ အဖေရေ သားနှစ်ယောက် ဖခင်ဖြစ်လာပြီမို့ စံပြထား အသက်ရှင်ပြနေတဲ့ အဖေတစ်ယောက်ရှိပြီး ဖခင်ကောင်းတစ်ယောက်ဖြစ်အောင် ဘယ်လိုနေထိုင်ရမယ်လို မသင်ပြပေမယ့် အဖေရဲ့လုပ်ရက်တွေက သားကို ဖခင်ကောင်းတစ်ယောက်ဆိုတာ ဘယ်လိုနေတယ်ဆိုတာ ပြသနေတယ်အဖေ

  • @RedMi-j5p2p
    @RedMi-j5p2p Год назад +1

    အဖေရာ.........😢

  • @NgaHtike-z8s
    @NgaHtike-z8s 10 месяцев назад +1

    ဖေဖေ ကို ချစ်တယ် ❣❤

  • @HtetMyet7662
    @HtetMyet7662 6 месяцев назад

    အဖေ့ကိုချစ်တယ် ဒီစကားကို ကျန်တော်ခုထိ မပြောရဲသေးဘူးဗျာ 😢

    • @jerryjerry6629
      @jerryjerry6629 3 месяца назад +1

      ပြောပါ ရှိတုန်းလေ😢

  • @ZawMyo-r7x
    @ZawMyo-r7x 2 месяца назад

    အရမ်းချစ်တယ်အဖေ❤❤❤သတိယနေတယ်

  • @SurprisedAlien-eo6fq
    @SurprisedAlien-eo6fq 6 месяцев назад

    လွမ်းတယ်အဖေ🥺♥️

  • @thidarhtay-pt9ts
    @thidarhtay-pt9ts Месяц назад

    လွမ်းတယ်အဖေရေ😢😢😢

  • @phyuphyuwin8771
    @phyuphyuwin8771 4 месяца назад

    အဖေ့တွက် ထူးအိမ်သင်သိချင်းရှာပေးရင်းနဲ့ ဒီသိချင်းတွေ့လို့ဖွင့်လိုက်တာ ရင်ထဲကြွေသွားတာပဲ။

  • @ThomasHtoo-lv3kp
    @ThomasHtoo-lv3kp 6 месяцев назад

    လွမ်းတယ်အဖေ အဖေမရှိမှ အဖေ့တန်ဖိုးနားလည်တယ် အဖေ🥺