A City of Romance Lijiang | နှင်းမှုံတွေနဲ့ တရုတ်ပြည်ရဲ့ အချစ်မြို့တော် လီကျန်း

Поделиться
HTML-код
  • Опубликовано: 17 окт 2024
  • လီကျန်းမြို့လေး က တရုတ်နိုင်ငံ၊ ယူနန်နယ် အနောက်မြောက်ပိုင်းက အေးချမ်းလှပတဲ့မြို့လေးပါ။ မြို့ဟောင်းတည်ရှိရာ အရပ်လည်း ဖြစ်တာမို့ နိုင်ငံခြားသား အရောက်အပေါက်များတဲ့ ဒေသတစ်ခုလည်း ဖြစ်ပါတယ်။ အနောက်နိုင်ငံသားတွေထက် အရှေ့တိုင်းသားတွေ ပိုကြိုက်တဲ့မြို့လေးလို့ ယူဆချင်စရာ ဖြစ်လောက်အောင် ထိုင်း၊ ကိုးရီးယား စတဲ့ နိုင်ငံသား ခရီးသွားတွေကို ပိုမြင်ရလို့ပါ။ ဒီ လီကျန်းမြို့လေးကို အရှေ့ပိုင်းရဲ့ ဗင်းနစ်မြို့လေးလို့ တင်စားကြတယ်။ ဗင်းနစ်လို ရေနဲ့ထိစပ်နေတယ်ဆိုတာမျိုးထက် အချစ်တွေနဲ့ ထုံးမွမ်းနေတဲ့မြို့လေးလို့ တင်စားခိုင်းနှိုင်းချင်တာပဲ ဖြစ်ပါတယ်။ မြို့လေးက ကဗျာဆန်တယ်။ သိမ်မွေ့တယ်။ ယဉ်ကျေးတယ်။ ရှေးဟောင်းအဆောက်အဦးတွေနဲ့ ဆန်းပြားတယ် ခမ်းနားတယ်။ ခေတ်နှောင်းကို မြင်ရသလို ခေတ်မီတဲ့ မျက်မှောက်ခေတ်ကမ္ဘာကိုလည်း ခံစားရစေတယ်။ သိပ်လှတဲ့ သဘာဝလက်ဆောင်တွေ ဒီနယ်မြေမှာ ရှိတယ်။ ရေခဲတောင်လား၊ ရေပြာအိုင်လား၊ တောတောင်စိမ့်စမ်းနဲ့ ရေတံခွန်လား၊ အကုန် ဒီနယ်မြေရှိနေတော့ လူတွေဟာ ဒီအလှတွေကို ခံစားရင်း အနုပညာဆန်ဆန် ချစ်အားကြီးကုန်ကြသလား တွေးမိပါတယ်။
    ရေခဲတောင်တွေ ပတ်လည်ဝန်းရံနေသလို၊ သဘာဝအလှတွေ၊ ယူနက်စကိုဝင်တဲ့ ရှေးမြို့ဟောင်းတွေ ရှိနေရာ လီကျန်းမြို့လေး အကြောင်းကို ဗီဒီယိုနဲ့ တင်ဆက်ထားပါတယ်ခင်ဗျာ...
    .
    အားလုံးပဲ အစဉ်ကျန်းမာဘေးကင်း စိတ်ချမ်းမြေ့ကြပါစေ...
    သီဟလုလင် (Thiha, the Traveller)

Комментарии • 5

  • @kokolwin1900
    @kokolwin1900 10 месяцев назад +1

    Thanks for sharing.

    • @ThihaLuLin
      @ThihaLuLin  10 месяцев назад

      Thanks for watching!☺️

  • @sapal9364
    @sapal9364 10 месяцев назад

    Wow very beautiful ♥️

  • @angelgirl8166
    @angelgirl8166 9 месяцев назад

    Thank you so much ❤

  • @swamyee5198
    @swamyee5198 10 месяцев назад

    မတွေ့တာကြာပီ