MY Travelogue ဘားအံခရီးသွားမှတ်တမ်း(၆)
HTML-код
- Опубликовано: 9 фев 2025
- #ကရင်ပြည်နယ်
#ဘားအံ
#ဆဒ္ဒန်လိုဏ်ဂူ
#ကော့ကသောင်ဂူ
MY Travelogue ကိုကြည့်ရှုနေကြတဲ့ ပရိတ်သတ်များအားလုံးပဲမင်္ဂလာပါ...ကရင်ပြည်နယ်အတွင်း ခရီးသွားခြင်းရဲ့ နောက်ဆုံးအပိုင်းဖြစ်တဲ့ (အပိုင်း-၆) မှာတော့ ထူးခြားအံ့ဩဖွယ်ရာ ကျောက်ဆောင်ကျောက်တုံးတွေတည်ရှိပြီး ဗုဒ္ဓယဉ်ကျေးမှုအမွေအနစ်တွေနဲ့ ရှေးဟောင်းသမိုင်းဝင်အကြောင်းအရာတွေတည်ရှိတဲ့ ဆဒ္ဒန်လိုဏ်ဂူအကြောင်းကို တင်ဆက်ပေးချင်ပါတယ်။ ဆဒ္ဒန်လိုဏ်ဂူဟာဆိုရင် ကရင်ပြည်နယ်မှာရှိတဲ့ဂူတွေထဲမှာ အကျယ်ဆုံးဖြစ်ပြီး ဂူအလျားကလည်းအရှည်ဆုံးဖြစ်ပါတယ်။ ကျောက်သားနံရံတွေမှာဆိုရင်လည်း အုတ်ခွက်ဘုရားတွေကို ပုံသဏ္ဍာန်အမျိုးမျိုးနဲ့စီတန်းကပ်ထားပြီး ဇွဲကပင်ပုံ၊ ဒေါင်းပုံ၊ ပြသာဒ်ပုံ၊ ကျိုက်ထီးရိုးဘုရားနဲ့ စေတီပုံတွေကိုလည်း ကပ်ထားပါတယ်။ ဂူထဲမှာဆိုရင် ကျောက်သွေးတွင်း၊ ဘီလူးတောင်၊ သမီးတော်စံအိမ်၊ ဆင်တိုင်နဲ့ ဆဒ္ဒန်ဆင်မင်းရေကစားခဲ့တဲ့နေရာတွေလည်းရှိပါတယ်။ ဆက်လက်ပြီး ကော့ကသောင်ဂူကိုသွားရောက်မယ်။ ကော့ကသောင်ဂူမှာဆိုရင် စကျင်ကျောက်တွေပြုလုပ်ထားတဲ့ နှစ်ကျိပ်ရှစ်ဆူသော ဗုဒ္ဓရုပ်ပွားတော်တွေလည်းရှိပြီး ရှေးဟောင်းကျောက်ကပ်ဘုရားတွေကိုလည်းဖူးမြော်ရင်း ဒီအစီအစဉ်ကနေ နှုတ်ဆက်လိုက်ပါတယ်။