#Suzuki

Поделиться
HTML-код
  • Опубликовано: 17 май 2024
  • မိတ်ဆွေအနေနဲ့ entry level adv or dual sport တစီးရှာနေရင် ရွေးချယ်စရာသိပ်များများစားစားမရှိပါဘူး။ Kawasaki ရဲ့ Versys 250/300 ကိုရွေးမလား။ BMW GS 310 R နဲ့ KTM 390 Adventure နဲ့ ဒီ Suzuki DL 250 A ။ Honda ရဲ့ Sahara 300 ကတော့ ဒီမှာမရှိလောက်ဘူးထင်ပါတယ်။ ဒီ ဘီးတွေထဲမှာ Versys က Thai ထုတ်၊ KTM,BMW နဲ့ Honda က India ထုတ် ၊ Suzuki က China ထုတ်ပါ။ 2017 နောက်ပိုင်းမှာ Motorcycle Manufacturer တွေက Entry Level Adv လောကထဲကို အပြိုင်အဆိုင်ဝင်ရောက်လာခဲ့ပါတယ်။
    ဒီနေ့မိတ်ဆက်ပေးမှာကတော့ Suzuki V - storm 250 or DL 250 A ဖြစ်ပါတယ်။ Asia market ကိုပဲအဓိက ဦးတည်ပြီးထုတ်လုပ်ခဲ့ပေမယ့် အနောက်နိင်ငံတချို့ကိူပါ တင်ပို့ရောင်းချခဲ့ပြီး 2021 နောက်ပိုငိးမှာတော့ တင်ပို့မှုတွေကို ရပ်ဆိုင်းခဲ့ပါတယ်။ 2023 မှာတော့ V-storm SX 250 ဆိုတဲ့နာမည်ပြောင်းပြီး Dual sport ဆိုတာထက်ပိုတဲ့ vibe မျိုးရအောင် ဖန်တီးထားပါတယ်။
    248 cc straight twin engine တပ်ဆင်ထားပြီး ပေါ့ပေါ့ပါးပါးနဲ့ အခုမှ adv ကိုစပြီးမိတ်ဆက်မယ့် rider တွေအတွက် သင့်တော်တဲ့ အင်ဂျင်ပါဝါ၊ riding position နဲ့ ခပ်နိမ့်နိမ့် seat height စတာတွေအပြင် electronic ပိုင်းမှာလဲ ရှိသင့်ရှိထိုက်တဲ့အနေအထားမျိုးတွေကို ထည့်သွင်းပေးထားပါသေးတယ်။ ဒါ့အပြင် side boxes , tail boxe အတွက်ပါ ready to install ပါပဲ။ Facility ပြည့်ပြည့်စုံစုံထည့်သွင်းပေးထားတဲ့အပြင် စျေးတန်းအရလည်း သင့်တင့်တာကြောင့် လူကြိုက်များသလို ပေါ့ပေါ့ပါးပါးနဲ့ ထိန်းသိမ်းရလွယ်ကူတာကြောင့်လည်း ပြိုင်ဖက်တွေကြားမှာ လုံးဝမျက်နှာမငယ်စေရပါဘူး။
    ဒီလောက်ဆို Suzuki DL 250 A ရဲ့ အကြောင်းကို အကြမ်းဖျင်းအနေနဲ့ ပြောပြပြီးပြီဆိုတော့
    အပြည့်အစုံကို video နဲ့ တကွ ပြောပြပေးသွားမှာမို့ အောက်ပါ RUclips channel လေးကို like & share နဲ့ subscribe လေးလုပ်ပြီး စောင့်မျှော်ကြည့်ရှုအားပေးကြပါအုံးခင်ဗျာ။
  • Авто/МотоАвто/Мото

Комментарии • 8

  • @zaygyigyi3926
    @zaygyigyi3926 2 месяца назад

    ကြိုက်တယ် ဗျာ😮😮

  • @minkhant4644
    @minkhant4644 Месяц назад

    ကိုစိုင်းအဲ့ကောင်လေး လေ ပုံးတွေတက်စီးရင်ရှေ့ဇတ်ကအရမ်းခါနေတယ် တော်တော်ခါတာ ဒါပေမဲ့ပုံး3ပုံးလုံးဖြုတ်လိုက်ရင်မခါတော့ဘူးဘာလို့ထင်လဲအကိုအကြံပေးပါအုံး

  • @ThanHtayAung-yz9sw
    @ThanHtayAung-yz9sw 2 месяца назад

    R1မျက်ဗျူးလေး review လေးလုပ်ပေးပါအုံးကိုစိုင်းရေ

  • @aungsu754
    @aungsu754 2 месяца назад

    2017 monster 797လေးလုပ်ပါအုံး

  • @yelinaung-zu1hz
    @yelinaung-zu1hz 2 месяца назад

    အိန္ဒိယဘီးတွေလဲ review လုပ်ပေးပါအုံး