ကီးကြောင်နေတာဘာကြောင့်လဲ | Fix Your Pitchy Voice
HTML-код
- Опубликовано: 31 май 2024
- ကီးကြောင်နေတာဘာကြောင့်လဲ
သီချင်းဆိုတဲ့အခါ အသံယိုင်တာ၊ ကီးကြောင်တာမျိုးက အကြောင်းအမျိုးမျိုးကြောင့် အခန့်မသင့်ရင်လူတိုင်း ကြုံရတတ်ပါတယ်။ ဒါပေမယ့် ဆိုတိုင်းလွဲနေရင်၊ ဆိုတိုင်းကြောင်နေရင် ကိုယ့်အသံနဲ့ပတ်သက်ပြီး တစ်ခုခုတော့ ပြုပြင်ဖို့လိုနေပြီလို့ သတ်မှတ်ရပါမယ်ခင်ဗျ။
ဒီဗီဒီယိုထဲမှာ အဖြစ်များတတ်တဲ့ အသံယိုင်ရခြင်း၊ ကီးကြောင်ရခြင်း အကြောင်းအရင်း ၅ ခုကိုထုတ်နှုတ်ပြထားပါတယ်။ ဘယ်လိုလေ့ကျင့်ပြုပြင်ရမလဲ ဆိုတာကိုပါ လမ်းပြထားပါတယ်ခင်ဗျ။
သဘောကျတယ်ဆိုရင် ကျနော့ချယ်နယ်လေးကို Subscribe လုပ်သွားပါအုံးခင်ဗျ။ နောက်များမှာလည်း ထပ်တင်ပါအုံးမယ်။ ကျေးဇူးတင်ပါတယ်ခင်ဗျ။
Vocal Talks RUclips Channel
/ @vocaltalks23
ဒါကတော့ ကျနော့သီချင်းတွေသီးသန့်တင်တဲ့ ချယ်နယ်ပါ။
/ @aabyarofficial
Follow me on Facebook
/ 100089028382977
#aabyar #vocaltalks #howtofixpitchyvoice #pitchyvoice #vocallessons #singinglesson Видеоклипы
Second လိုက်တဲ့ နည်းလေး သင်ပေးပါဦး... ကျေးဇူးပါ...
mix chest voice?
head chest voice!
Please... kogyi bya ❤
Yes, will do ❤️
အကိုရေသီချင်းရေးထားတယ်ကီးညိှပေးလို့ရမလား
ကျွန်တော်ကလေ စကားနည်းနည်းပြောလိုက်တာဖြစ်ဖြစ် သီချင်းနည်းနည်းဆိုလိုက်ရင် ဖြစ်ဖြစ် အသံဝင်သာတာ ဘာကြောင့်လည်းဗျ ပြောပြပေးပါနော် 😢
အသံအသုံးပြုတဲ့အခါ လည်ချောင်းကိုအသုံးပြုနေရင် အထိမြန်ပြီး အသံဝင်လွယ်ပါတယ်။ သီချင်းဆိုတဲ့သူဆိုရင် လည်ချောင်းအသုံးပြုပြီး အသံထုတ်တာလုံးဝမလုပ်ရပါဘူးခင်ဗျ။
သီချင်းဆိုတဲ့အခါ အနိုမ့်သံပဲထွက်နေလို့ အမြင့်သံကိုကော ကျင့်ယူလို့ရလား ဆရာ
တစ်ယောက်နဲ့တစ်ယောက်တော့ စွမ်းရည်တွေကမတူကြပါဘူး။ ဒါပေမယ့် နည်းလမ်းမှန်နဲ့လေ့ကျင့်ရင် အတိုင်းအတာတစ်ခုထိတော့ တိုးတက်လာနိုင်ပါတယ်ခင်ဗျ။
သီချင်းဆိုရင် flat ဖြစ်တယ် sharp ဖြစ်တယ်ဆိုတာ ရှင်းပြပေးလို့ရမလားဗျ
ရှိနေသင့်တဲ့အသံအနေအထားထက် အသံကနိမ့်နေရင် Flat. ရှိနေသင့်တဲ့အသံအနေအထားထက် အသံကမြင့်နေရင် Sharp ဖြစ်တယ်လို့ ခေါ်ပါတယ်။
@@VocalTalks23 ကျေးဇူးပါဗျ
သင်တန်းပေးလို့ရလားဆရာ။
ကျနော့ fb page ပါ။ အဲ့မှာစာပို့ပြီးလာမေးပေးပါနော်။ ကျနော် online class လေးလုပ်နေပါတယ်။ facebook.com/profile.php?id=100089028382977&mibextid=ZbWKwL
အသံနဲ့ပတ်သတ်တဲ့ သင်ခန်းစာတွေ လေ့လာစရာတွေ ဒိထက်အများကြီးတင်နိုင်ပါစေဗျာ....ဒီထက်ပိုပီးလည်း အားပေးနေမယ် ဆရာ
ကျေးဇူးတင်ပါတယ်ခင်ဗျာ။ ကြိုးစားနေပါတယ်။