ကြက်သားစဉ်းကော အစပ် Myanmar mince chicken curry
HTML-код
- Опубликовано: 15 сен 2024
- စပါးလင်ရနံ့လေးနဲ့ မွှေးမွှေးစပ်စပ်လေး စားကောင်းတဲ့ ကြက်သားစဉ်းကောအစပ် ချက်နည်းလေးပါ။
ပထမဆုံး
ကြက်သွန်ဖြူ - အမွှာ ၂၀
ကြက်သွန်နီ - ၃ လုံး
စပါးလင် - ၁ ချောင်း
ကို ထောင်းထား သို့မဟုတ် ကြိတ်ထားပေးပါ။
နံနံပင် - အနည်းငယ် ရဲ့ အမြစ်ကို ရေသေချာဆေးပြီး လှီးဖြတ်ထားပါမယ်။ အမြစ်ပိုင်းကို ဆီသတ်တဲ့နေရာမှာ သုံးပြီး အရွက်တွေကိုတော့ နောက်ဆုံး ဟင်းအိုးချခါနီးအုပ်မှာဖြစ်ပါတယ်။
ငရုတ်သီးစိမ်း - အနည်းငယ်
ကို လှီးဖြတ်ထားပေးပါ။
ကြက်ပေါင် (အရိုးထုတ်ထားတာကို) အတုံးလေးတွေတုံးပြီး ဓားနဲ့ နုတ်နုတ်စဉ်းထားပါ။ ညက်နေအောင် မစဉ်းဘဲ မညက်တညက် ဆိုရင် ရပြီဖြစ်ပါတယ်။
အရသာနှပ်ဖို့အတွက်
အချိုမှုန့် သို့ ကြက်သားမှုန့် - အနည်းငယ်
ဆား - ၁ ဇွန်း (လက်ဖက်ရည်ဇွန်း)
နနွင်းမှုန့် - ၁ ဇွန်း (လက်ဖက်ရည်ဇွန်း)
ကိုထည့်ပြီးနှပ်ထားပေးပါ။
ဒါဆိုရင်စချက်လို့ရပါပြီ။
ဒယ်အိုးထဲဆီထည့်ပြီး ထောင်းထားတာတွေကို မွှေးလာတဲ့အထိ ဆီသတ်ပေးပါ။
မွှေးလာရင်
နနွင်းမှုန့် - အနည်းငယ်
ငရုတ်သီးမှုန့် - ၁ ဇွန်း (စားပွဲတင်ဇွန်း)
ကိုထည့်ပြီး အနံ့ပျောက်တဲ့အထိဆီသတ်ပေးပါ။
ပြီးမှ နံနံပင်အမြစ်နဲ့ ငရုတ်သီးစိမ်းတွေထည့်မယ်။
အရသာနှပ်ထားတဲ့ ကြက်သားတွေထည့်မယ်။
မီးအေးအေးနဲ့ ကြက်သားထဲက ရေတွေကုန်ပြီး ကျစ်သွားပြီဆိုမှ အသားမြှုပ်ရုံရေနွေးထည့်ပြီး ၁၀ မိနစ်လောက်တည်ထားပေးပါ။
အသားတွေကျက်ပြီဆိုမှ ဆီပြန်လာအောင် မီးအားမြင့်ပြီး ဆီပြန်လာရင် နံနံပင်အုပ်ပေးပါ။
ဒါဆိုရင် မွှေးပြီးစားကောင်းတဲ့ ကြက်သားစဉ်းကော လေးရပြီဖြစ်ပါတယ်။
ပါဝင်ပစ္စည်းများ
ကြက်သွန်ဖြူ - အမွှာ ၂၀
ကြက်သွန်နီ - ၃ လုံး
ငရုတ်သီးစိမ်း - အနည်းငယ်
စပါးလင် - ၁ ချောင်း
နံနံပင် - အနည်းငယ်
ကြက်ပေါင်သား - အရိုးထုတ်ပြီးသား 2 ချောင်း
အချိုမှုန့် သို့ ကြက်သားမှုန့် - အနည်းငယ်
ဆား - ၁ ဇွန်း (လက်ဖက်ရည်ဇွန်း)
နနွင်းမှုန့် - ၁ ဇွန်း (လက်ဖက်ရည်ဇွန်း)
Florial Sunflower oil - ခွက် ၃ ပုံ၁ ပုံ
နနွင်းမှုန့် - အနည်းငယ်
ငရုတ်သီးမှုန့် - ၁ ဇွန်း (စားပွဲတင်ဇွန်း)
တို့လိုအပ်ပါတယ်။
အခုမှ ဒီချန်နယ်ကိုရောက်လာတဲ့ သူငယ်ချင်းအသစ်တွေလည်း ကျွန်တော့်ရဲ့ Cookfork1 ချန်နယ် ကို Subscribe ပြီးအားပေးသွားပါဦးခင်ဗျာ
။ ဗီဒီယိုအသစ်တင်တိုင်း သိရဖို့အတွက် ဘေးနားက ခေါင်းလောင်းလေးကိုလည်း နှိပ်ဖို့မမေ့နဲ့နော်...
ဗီဒီယိုကိုကြည့်ပြီး မရှင်းလင်းတာရှိရင်လည်း comment ပေးပြီးမေးလို့ရပါတယ်။
လာရောက်ကြည့်ရှုသူ သူငယ်ချင်းလုံး ကျန်းမာပျော်ရွှင်ကြပါစေ။
Firstပါရှင့်💖💖🤞
အကိုရေ😸😸
ကိုရီးယားငါးအသားပြားလုပ်နည်းလေးတင်ပေးပါလား သူတို့ကတော့fish cakeလို့တော့ခေါ်တာပဲ😍😍
တောင်းဆိုကြည့်တာပါ💛💛
ဟုတ်။ ကြိုးစားပြီးတင်ပေးသွားပါမယ်ခင်ဗျာ
@@Cookfork1 😽😽💖
Good
ဗိုက် ဆာ သွား ပြီ သား ရေ... ကျေး ဇူးပါ ,ချက် စား မယ် နော်..ကျန်းမာ ဘေး ကင်း အောင် မြင် ပါ စေ.
ဟုတ် 😊ကျေးဇူးတင်ပါတယ်ခင်ဗျာ 🌷ကျန်းမာပျော်ရွှင်ပါစေ 🙏
ကြက်တွန်ဖြူ ကြက်တွန်နီ ... မဟုတ် ပါ
ကြက်သွန်ဖြူ ကြက်သွန်နီ လို့  .
ပီသ အောင် ပြော နိုင် ပါစေ
ကောင်း တဲ့  ဘက် က... အကြံ ပြု တာ ပါ
🙂
စားချင်စရာကြီး
ချက်စားကြည့်မယ်ဆရာ
ကျေးဇူးပါ
ကျေးဇူးတင်ပါတယ်ခင်ဗျာ။ ကျန်းမာပျော်ရွှင်ပါစေ🌷🌷🌷
အရသာရှိမဲ့ပုံပဲနည်းယူလိုက်အုံးမယ်နော်
နံနံပင်အမြစ်ကိုတခါမှထည့်မသုံးဘူးဘူး
ကျေးဇူးပါကွယ်
ဟူတ်။ ထိုင်းဟင်းလျာချက်တဲ့အခါ သုံးလေ့ရှိတာကြောင့်ထည့်ချက်ဖြစ်သွားတာခင်ဗျ။ ပိုမွှေးစေပါတယ်
Thanks a million for sharing, love to follow easy steps and my skills are now improving 😌
Sending love from United state
You're the most welcome 😊
ညီလေး
တင်ဆက် ပုံ ကို အားပေး ပါ တယ်
ကြက်တွန် မဟုတ် ပါ ကြက်သွန် လို့ 
ပီ အောင် ပြော စေ. ခြင် ပါ တယ်
အခုလိုအားပေးတဲ့အတွက်ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာကျန်းမာပျော်ရွှင်ပါစေ။🙏🙏🙏
ကျေးဇူးပါ ရှင်
ချက်စားပါမယ်
ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်အစ်မ 🌷
ကျေးဇူးပါ 😻😊👍
စပါးလင်နံ့မွှေးမွှေးလေးနဲ့ ချက်စားပါဦးမယ်
ဘေးကင်းကျန်းမာပါစေအဆင်ပြေပါစေ
ကျေးဇူးတင်ပါတယ်ခင်ဗျာ။ ကျန်းမာပျော်ရွှင်ပါစေ🌷🌷🌷
Thanks for sharing such a simple and easy recipe with us it’s really helpful for me and I always look for ur video whenever I m in a lot of thoughts what to cook today
Thank you 😊 Hope you like my recipes ☺️
Mingalar par par, thank you for sharing.🎂🎂🎂
Thank you so much.
thanks for sharing to promote cooking on behalf of myanmar always !
Thank you 😊.
Thank you so much for sharing.
Thank you 🫰
ကျေးဇူးပါ 😍
ကျေးဇူးတင်ပါတယ်ခင်ဗျာ 🌷
ကျေးစူးပါဆရာ
ကျေးဇူးတင်ပါတယ်ခင်ဗျာ
စားချင်စရာပါ
ဟုတ်ကဲ့
အကိုယူတော့မယ်မချက်တက်လို့🤩❣️
😆😆😆ကျေးဇူးတင်ပါတယ်ခင်ဗျာ
Morning ကျရင်ချက်မယ်သား
သားကအခုဘယ်မှာေနတာလဲ
ရန်ကုန်မှာပါခင်ဗျ
ကြက်ငရုတ်ချက်နည်းလေးတင်ပေးပါဦးအကိုရေ
ဟုတ်။ ကြိုးစားပြီးတင်ပေးသွားပါမယ်ခင်ဗျာ
Thank you bro, I like it.
Thank you 🌷
စားခ်င္လာၿပီ
ဟုတ် 😊
Nicely presented 👌🤩😋
Thank you 😊
ချက်ပါပြီနော်
ဟုတ်။ ချက်စားကြည့်ပါခင်ဗျာ 😊
Thanks
Thank you 💞😊
Excellent
Thank you 😊
ကိုရီးယားထမင်းသုပ်လုပ်နည်းလေးကောပြပေးလို့ရမလာဗျ တင်မယ်ဆိုအကိုတင်တာစောင့်ပီးမှ လုပ်စားမယ်
တင်ပေးဖူးတယ်ခင်ဗျ
@@Cookfork1 ဟုတ်လား ဟီးကျနော်ကခုမှစဝင်ကြည့်တာမို့ပါ။ ဒါဆိုပြန်ရှာလိုက်ပါ့မယ်။ ကျေးဇူးပါဗျ။
ဆရာဆီများဒီခေတ်မသုံးတော.ဘူး
Cholesterol. ကြောင်.
ဟုတ်ကဲ့။
Thank you
Thank you par 😊
Thank
Thank you 🌷
စားကောင်းအုန်းမှာပါ..😻
ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ခင်ဗျာ
Thank u
You're welcome par 🌷
ချောကလတ်ကိတ်လုပ်နည်းတင်ပေးပါလား
ဟုတ်။ ကြိုးစားပြီးတင်ပေးသွားပါမယ်ခင်ဗျာ
အမြဲအားပေးနေပါတယ် အကို့ channel က ဟင်းတွေကို ပဲဲကြည့် ပီး မြန်မာဟင်းတွေကို ချက်ချက် ကြည့်ပါတယ် လာလည်သွားပါတယ်
အခုလိုအားပေးတဲ့အတွက်ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ🙏🙏🙏
ဝက်စဉ်းကော ပါ ချက်ပြပါအုံး
ဟုတ်။ ကြိုးစားပြီးတင်ပေးသွားပါမယ်ခင်ဗျာ
👍👍👍💯🙏🙏🙏
Thank you 🌷
👍👍👍
Thank you 🌷
😍😋😋😋🌹🙏🏻
Thank you ❤️😊
👍👍👍
ကျေးဇူးတင်ပါတယ်ခင်ဗျာ
ကျေးဇူးပါရှင်
ကျေးဇူးတင်ပါတယ်ခင်ဗျာ