စလေမင်းခွေး - စစ်ကိုင်းဦးဘိုးသင်း ( စ - ဆုံး )
HTML-код
- Опубликовано: 13 дек 2024
- ကောင်းစားလိုသောသူတို့သည် မိမိတို့အား ချီးမွမ်းသောစကားတို့အား ပရိယာယ်မျှသာအောက်မေ့လျှက် ထိုအချိန်တွင်သာမေ့ပစ်လိုက်ခြင်းကများသည်။ ကဲ့ရဲ့သောစကား၊ နိမ့်ချသောစကား၊ အပြစ်ဆိုသောစကားတို့ကိုကား နည်းပြသင်ခန်းစာတစ်ခု၊ ဆုံးမစာတစ်ခုဟုအောက်မေ့ပြီးသော် ၎င်းကိုပန်းထွက်ထားပြီးလျှင် မိမိတို့လိုရာပန်းတိုင်သို့ လောကတည်းဟူသောရေယာဥ်ဝယ် မိမိတို့လုပ်ငန်းလှေကို ကံဥာဏ်၊ ဝိရိယတည်းဟူသော လှော်တက်နှင့် မလျှော့သောဇွဲကိုအရင်းတည်ကာ ရောက်အောင်လှော်မြဲဖြစ်သည်။
------------------------------------------------------------------
၁၉၄၁ ခုနှစ် ဆရာ #စစ်ကိုင်းဦးဘိုးသင်း ရေးသားသော #စလေမင်းခွေး ဆိုတဲ့စာအုပ်ကို #အသံစာအုပ် အဖြစ် စ ဆုံး ဖတ်ပြထားတာဖြစ်ပါတယ်။
ရှားပါးစာအုပ်တွေကိုဖတ်ပြတဲ့ညီမကိုလည်းလေးစားမိပါတယ်.တန်ဖိုးထားပြီးလည်းနားထောင်မိပါတယ်တခေါက်မကပါ.ကျေးဇူးလည်းအထပ်ထပ်တင်မိပါတယ်.
ဟုတ်ကဲ့။ တန်ဖိုးရှိတဲ့စာပေတွေ မပျောက်ပျက်သွားအောင် ၊ မတိမ်ကောသွားအောင်ဆိုတဲ့သဘောနဲ့ပါ။ နားထောင်ပေးတဲ့အတွက်လဲ ကျေးဇူးတင်ပါတယ်ရှင့်။
စာအုပ်လေး
နားဆင်နေပါပြီ❤❤❤
ရာဇဝင်စာအုပ်တွေဖတ်ပေးတာ ကျေးဇူးပါ။ ဗဟုသုတရပါတယ်။
ဟုတ်ကဲ့။ ဆရာအရေးအသားတွေကို တော်တော်လေးသဘောကျမိလို့ပါ။
ကျေးဇူးပါဗျာ
ဦးဘိုးသင်းရဲ့အရေးအသားတွေကတော့ လက်ရာမြောက်လှပါတယ်။
ဟုတ်ပါတယ်ရှင့်။ ဆရာရဲ့ စာပေအမွေကို တန်ဖိုးထားရပါတယ်။
❤❤❤❤❤❤❤
ဦးဖိုးသင်းရဲ့စာတွေက ကောင်းတယ်ကျေးဇူးဘဲအမရေ။၊😍❤️🧡💛💚💚💙💙💜💜💜♥️💘💝💖💗💗💓💓💕💓💓💌
အမလဲ ဆရာရဲ့စာတွေကို တော်တော်သဘောကျနေမိတယ်။
ကျေးဇူးတင်ပါတယ်
ကိုယ့်ဖာသာဆိုဖတ်ဖို့အချိန်မပေးနိုင်ဘူး အလုပ်လုပ်ယင်းနားထောင်ရတော့အဆင်ပြေတယ်
ဝမ်းသာပါတယ်ရှင်။
ငမဲကျွန်ဝတ္ထုဖတ်ချင်ပါတယ်.တင်ပေးပါခင်ဗျား
ငမဲကျွန်ဝတ္ထုက ဝတ္ထုရသမပေးပါဘူး။ ကျောင်းသုံးပြဌာန်းစာအုပ်နဲ့ပိုတူပါတယ်။ အဆင်ပြေလို့နားထောင်ချင်တယ်ဆိုရင်တော့ ဖတ်ပြပေးပါမယ်။
တကယ်နားထဲရောက်ပါတယ်ဗျာ့ဖတ်ပြတာ ကျေးဇူးပါ
ကျေးဇူးပါရှင့်။
အားပေးနေတယ်နော်
ကျေးဇူးပါရှင့်
ငမဲကျွန်က ဘယ်မှာဖတ်ရမလဲ
အလင်းပြပါဦး
ငမဲကျွန်က ချန်နယ်တွေမှာတော့ဖတ်ပြတာမတွေ့သေးဘူး။ စာအုပ်တိုက်တွေကတော့ လတ်တလောပြန်ထုတ်နေပါပြီ။ ကိုယ်တိုင်တော့ဖတ်ပြီးသွားပါပြီ။ အရင်ခေတ်ပညာရှိအရေးအသားမျိုးဖြစ်ပြီး မဟောသဓာရှင်းထုံးတွေနဲ့တူပါတယ်။ ဇာတ်အိမ်အဖွဲ့မျိုးသိပ်မတွေ့ရတဲ့အရေးအသားမျိုးပါ။ကိုယ်တိုင်က ဇာတ်အိမ်အဖွဲ့တွေဘက်ကို ပိုကြိုက်တာမို့ မဖတ်ပြဖြစ်တာပါ။ ချန်နယ်ကနေ လုံးဝမဖတ်ပြဖြစ်ခဲ့ရင် ဖတ်ချင်တဲ့သူတွေအတွက် စာအုပ်လက်ဆောင်ပေးတဲ့အခါကျ ထည့်ပေးပါမယ်။
ဆရာရဲ့စာအုပ်တွေထဲမှာ စလေငခွေးတစ်အုပ်ပဲ ဇာတ်အိမ်နဲ့တွေ့ရပါတယ်။ ကျန်တာက ရှေးခတ်ပညာရှိအရေးမျိုးဖြစ်လို့ ဝတ္ထုအနေနဲ့ ဖတ်ပြဖို့မရွေးဖြစ်တာပါ။
ငမဲကျွန်တင်ပေးပါနော်
ငမဲကျွန်က ရသစာအုပ်ထက် ဗဟုသုတပေးတဲ့စာအုပ်မျိုးပါ၊ စလေမင်းခွေးလို ဇာတ်အိမ်မျိုးနဲ့သွားတာမဟုတ်ပါဘူး၊ မဟောသဓာဇာတ်လိုမျိုး ပြသာနာကူထုံးမျိူးပါ၊ အဲ့ဒါမို့ မဖတ်ပြပေးဖြစ်တာပါရှင့်။
မြန်မာရာဇဝင်တွေ ဖတ်ပြစေချင်ပါတယ်
ဟုတ်ကဲ့ ထပ်ဖတ်ပြနိုင်ဖို့ ကြိုးစားပါ့မယ်ရှင့်။
စလေမင်းခွေးအကြောင်း လေ့လာခွင့်ရပြီ
ကိုယ်တိုင်လဲ ဆရာ့ကျေးဇူးနဲ့ လေ့လာခွင့်ရခဲ့ပါပြီ။
အင်မတန်ကောင်းတဲ့စာအုပ်တအုပ်ပါဖတ်ပြတဲ့အတွက်ကျေးဇူးပါ
ဟုတ်ကဲ့ စာအုပ်ရွေးချယ်မှုအပေါ်မှာ သဘောကျပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
မြန်မာ့ သမိုင်းတွေ တင်ပေးပါ
မြန်မာမှန်ရင် မြန်မာ့ သမိုင်းကြောင်းသိထားရမယ်
ဟုတ်ကဲ့ရှင့် ကြိုးစားပြီးတင်ပေးပါမယ်။
အရမ်းကောင်းတဲ့စာရေးဆရာနှင့်စာဖတ်သူတို့အားအလွန်လေးစားပါတယ်ဗျာနောင်ကိုလည်းစာကောင်းပေကောင်းရာဇဝင်ကောင်လေးတွေဖတ်ပြပေးပါနော်ကျေးဇူးအထူတင်ပါတယ်ဗျာ
ဟုတ်ကဲ့ ထပ်မံရွေးချယ်ပြီးဖတ်ပြပေးပါမယ်။
အလုပ်လုပ်ရင်းနားထောင်ရတော့ကျေးဇူးအရမ်းတင်မိပါတယ်ရှင်
အဆင်ပြေတယ်သိရလို့ဝမ်းသာပါတယ်ရှင့် ။