''သခင်မြ၊ ဦးရာဇတ်နဲ့ရဲဘော်ကိုထွေးတို့မကျဆုံးမီနာရီပိုင်းအလိုကကြုံခဲ့ရသော အမှတ်တရဖြစ်ရပ်များ''

Поделиться
HTML-код
  • Опубликовано: 4 сен 2024
  • #Special_Report
    ◾ ''သခင်မြ၊ ဦးရာဇတ်နဲ့ရဲဘော်ကိုထွေးတို့မကျဆုံးမီနာရီပိုင်းအလိုကကြုံခဲ့ရသော အမှတ်တရဖြစ်ရပ်များ''
    မြန်မာနိုင်ငံမှာ အထိမ်းအမှတ်နေ့တွေများစွာရှိတဲ့အထဲမှာ ဇူလိုင် ၁၉ ရက်ဟာ နိုင်ငံသူနိုင်ငံသားတိုင်း မှတ်မှတ်ရရ ရှိတဲ့နေ့ပဲဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည်ခေါင်းဆောင်တွေလုပ်ကြံခံရတဲ့ ဇူလိုင် ၁၉ ရက်ကို အာဇာနည်နေ့အဖြစ်သတ်မှတ်ပြီး နိုင်ငံတော်အဆင့်အောက်မေ့ဖွယ့်အခမ်းအနားတွေကျင်းပလာခဲ့တာ (၇၆) နှစ်မြောက် ရှိပြီဖြစ်ပါတယ်။
    ၁၉၄၇ ခုနှစ်၊ ဇူလိုင် ၁၉ ရက်၊ နံနက် ၁၀ နာရီခန့်မှာ ရန်ကုန်မြို့ရှိအတွင်းဝန်ရုံး(ဝန်ကြီးများရုံး) မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ ပြန်ကြားရေးဝန်ကြီး ဦးဘချို၊ အလုပ်သမား‌ရေးရာဝန်ကြီး မန်းဘခိုင်၊ စီးပွားရေးနဲ့ထောက်ပံ့ရေးဌာနဝန်ကြီး ဦးဘဝင်း၊ ပြည်ထဲရေးဝန်ကြီး သခင်မြ၊ ပညာရေးနဲ့အမျိုးသားစီမံကိန်းဌာနဝန်ကြီး ဦးရာဇတ်၊ နယ်ခြားဒေသများဆိုင်ရာဌာနဝန်ကြီး မိုင်းပွန်စော်ဘွားကြီးစဝ်စံထွန်း၊ သယ်ယူပို့ဆောင်ရေးနဲ့လမ်းပန်းဆက်သွယ်ရေးအတွင်းဝန်ဦးအုန်းမောင်နဲ့ ဦးရာဇတ်ရဲ့သက်တော်စောင့် ရဲဘော်ကိုထွေးတို့ အစည်းအဝေးပြုလုပ်နေစဉ်မှာ လုပ်ကြံခံခဲ့ရပြီး ကျဆုံးခဲ့ပါတယ်။
    အာဇာနည်ခေါင်းဆောင်ကိုးဦးမကျဆုံးမီ သခင်မြ၊ ဦးရာဇတ်နဲ့ ရဲဘော်ကိုထွေးတို့ရဲ့ မိသားစုဝင်တွေကတော့ အဲဒီနေ့က နေအိမ်ကထွက်ခွာချိန်မှာ ထူးခြားမှုရှိခဲ့တဲ့အကြောင်းတွေကို ပြောပြထားတာနဲ့ပတ်သက်ပြီး ဒီကနေ့(၇၆) နှစ်မြောက် အာဇာနည်နေ့အတွက် ဂုဏ်ပြုတင်ဆက်လိုက်ပါတယ်။
    #19_July
    #thestandardtimetv
    #စံတော်ချိန်သတင်းဌာန
    Facebook Page - cb.run/XYtn
    Telegram - cb.run/e3Ok
    Viber - cb.run/WnV5

Комментарии • 3

  • @vkak1279
    @vkak1279 Месяц назад +2

    အရမ်းဝမ်းနည်း​ကျေကွဲခဲ့ရပါတယ်ရှင်😥😪😭😭😭😭😭😭😭😭😭😭😭

  • @ydhhzzh
    @ydhhzzh Месяц назад

    😢😢😢😢😢😢😢

  • @delay-cp1jz
    @delay-cp1jz 2 месяца назад

    😞