၀င်္ဂဘော်ဆင်စခန်းလေ့လာရေး နှင့် ၁၅ မိုင်ဘုရားဖူးခရီး vlog

Поделиться
HTML-код
  • Опубликовано: 10 фев 2025
  • ဒီ vlog လေးကတော့ ရန်ကုန်မြို့နဲ့ အနီးဆုံးဖြစ်တဲ့ ၃၉ မိုင်ဘုရားကြီးလမ်းခွဲက ၀င်္ဂဘော်ဆင်စခန်းကို သွားရောက်လေ့လာ လည်ပတ်ခဲ့တဲ့ vlog လေးပဲဖြစ်ပါတယ်။ ၀င်္ဂဘော်ဆင် စခန်းဟာ ပဲခူးရိုးမဧရိယာအစပ်ဖြစ်တာကြောင့်လည်း သစ်တောသစ်ပင်ထူထပ်ပြီး တော တောင်သဘာ၀အလှကိုလည်း ကြည့်ရှုခံစားနိုင်သလို၊ စခန်းမှာရှိတဲ့ ဆင်လေးတွေကိုလည်း ပျော်ပျော်ပါးပါးအစာကျွေးရင်း ဆင်စခန်းတလျှောက် ဆင်စီးလည်ပတ်လို့ရတဲ့ activities တွေလည်းရှိတာကြောင့် မိသားစုလိုက်၊ အဖွဲ့လိုက်သွားကြမယ့်သူတွေအတွက် တကယ့်ကို ပျော်စရာကောင်းတဲ့ နေရာလေးတစ်ခုလည်း ဖြစ်ပါတယ်။ ဆင်စခန်းကိုသွားရောက် လည်ပတ်ကြမယ့်သူတွေအနေနဲ့ သတိချပ်စရာကတော့ မှတ်ပုံတင်တွေကို မဖြစ်မနေ ယူသွားကြဖို့ လိုအပ်ပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ဘုရားကြီးလမ်းခွဲဂိတ်မှာ တစ်ခါ တရံ မှတ်ပုံတင်တွေစစ်တတ်ပါတယ်။

Комментарии • 7