ဓီရာမိုရ် - အိမ် - DI YAR MO -EAIN -HOME (COVER REMAKE)
HTML-код
- Опубликовано: 27 ноя 2024
- LYRICS -
ကမ္ဘာမြေမှာ ခိုလှုံရာ ခေါ်ဆိုခဲ့အိမ်...
ရံရွေလယ် ထည်ဝါစွာ ဆင်စွယ်နန်း အိမ်.....
ကျူထရံတွေ ကာရံကာ ဓနိမိုးအိမ်......
နှလုံးသားတွေ နွေးထွေးရင် ဒါဟာလည်း အိမ်.....
အိမ်တစ်အိမ်မှာ မှီတည်ရာ ဘာသာတရားတွေ....
ကမ္ဘာမြေကို ဖြူစင်စွာ အကြင်နာမျှဝေ..........
ပိုင်ဆိုင်ရာ တွယ်တာရာ ဒီရင်သွေးတွေ......
ဆည်းလည်းသံ လှိုက်ခတ်စေ ဒီချစ်ခြင်းတွေ.........
ကလေးလေးတွေ.... နွေးထွေးဖို့လေ.....
ကမ္ဘာမြေမှာ အိမ်တစ်အိမ်ကို ဆောက်ကြမယ်လေ.....
မြင့်မြတ်ခြင်းတွေ.....ငြိမ်းအေးခြင်းတွေ......
ကမ္ဘာမြေမှာ ညင်သာစွာ စီးဆင်းဖို့လေ.....
🎵🎶🎵🎶🎵🎶🎵🎶🎵🎶
အိမ်အပြင်မှာဝါပင်တွေ ကိုယ်တိုင် စိုက်မယ်...
ကိုယ်တိုင်ထွန် ဝါချည်မျှင် ဖျင်တဘက်ရယ်......
အိမ်အပြင်မှာ ကိုယ်တိုင်ထွန်
ကိုယ်တိုင် စိုက်တဲ့.....
စပါးရိပ်ချိန် ဝိုင်းဖွဲ့မယ် ဆန်အရက်ရယ်.....
ဒီအချိန်ဆို အိမ်အပြင်မှာ ကဗျာတွေရွတ်မယ်...
လာပါကွယ် အိမ်အပြင်မှာ ဂစ်တာတီးမယ်....
ရင်ခွင်မှာ ကြင်နာသူ ချိုအနမ်းရယ်.....
ချစ်မိတ်ဆွေ စည်းချက်ညီ အတူတူကမယ်....
ကလေးလေးတွေ...... နွေးထွေးဖို့လေ....
ကမ္ဘာမြေမှာ အိမ်တစ်အိမ်ကို ဆောက်ကြမယ်လေ.....
မြင့်မြတ်ခြင်းတွေငြိမ်းအေးခြင်းတွေ......
ကမ္ဘာမြေမှာ ညင်သာစွာ စီးဆင်းဖို့လေ.....
ရင်ခွင်မှာ ရှင်သန်ရာ
ခိုမှီရာ အိမ်တစ်အိမ်ကို
ကမ္ဘာမြေမှာ တည် ဆောက်ကြမယ်
အဆောင်အယောင်တွေ မဆင်ရင်စေ
ရင်ခွင်အိမ် ပျော်ရွှင်ပါစေ
ဒဏ္ဍာရီရာဇဝင်လို ဝိညာဉ်အိမ်
စိန်စီရာ ရတနာခြယ် သိင်္ဂါရီအိမ်
🎵🎶🎵🎶🎵🎶🎵🎶🎵🎶
တစ္ဆေတစ်ကောင် ဟန်ဆောင်သလို မာယာကင်းမဲ့
မနာလိုတဲ့ မစ္ဆရိယ ချည်နှောင်မှုမဲ့
ကံစီရင် ယုံကြည်စွာကမ္ဘာမြေမှာတို့အိမ်
ငါတို့အိမ်
ရဲရင့်လိုက် ချစ်တဲ့အိမ် တို့ဆောက်ကြမယ်
ကလေးလေးတွေ နွေးထွေးဖို့လေ
ကမ္ဘာမြေမှာ အိမ်တစ်အိမ်ကို ဆောက်ကြမယ်လေ
မြင့်မြတ်ခြင်းတွေငြိမ်းအေးခြင်းတွေ
ကမ္ဘာမြေမှာ ညင်သာစွာ စီးဆင်းဖို့လေ
ကလေးလေးတွေ နွေးထွေးဖို့လေ
ကမ္ဘာမြေမှာ အိမ်တစ်အိမ်ကို ဆောက်ကြမယ်လေ
မြင့်မြတ်ခြင်းတွေငြိမ်းအေးခြင်းတွေ
ကမ္ဘာမြေမှာ ညင်သာစွာ စီးဆင်းဖို့လေ