အဖေထက်သားတစ်လကြီးဆိုတဲ့စကားဘယ်ကပေါ်လာတာလဲ

Поделиться
HTML-код
  • Опубликовано: 7 сен 2024
  • မြန်မာပြည်ဖွားမိဘပြည်သူများသာမက အဝေးရောက်မြန်မာများအားလုံးမင်္ဂလာပါလို့နှစ်သစ်အကြိုနေ့မှာ နှုတ်ခွန်းဆက်သအပ်ပါတယ်ရှင်
    ယခုတင်ဆက်ပေးလိုက်တဲ့vlogလေးကတော့ မနေ့က တင်တာပါ ဒါပေမယ့် လိုင်းအခြေနေ မကောင်းတဲ့ နေရာကနေ တင်လိုက်ရတာမို့ သည်နေ့ညမှပဲ ပြသထော်ပြလာရတဲ့ အတွက် လိုအပ်ချက်ကလေး အနဲငယ်ရှိသွားရလို့ သီးခံပေးကြပါဖို့ မျှော်လင့်ပါတယ် အဓိကကတော့ မီးလေးကပျက် လိုင်းလေး က အဝိုင်းလည် ဟဲဟဲ သူ့အပြစ်ပါနော် ကြိုတင်တာကို လိုင်းလေးက လုပ်ချလိုက်တာ😜😊😊😊😊ဟုတ်အပျော်စတာပါ ရှင်
    June Go&Eat channel လေးကိုဝင်ရောက်ကြည့်ခဲ့ပေးလို့လည်း အားလုံးကို ချစ်ရပါတယ်ရှင် 🙏❤️ နောက်ထပ်အစီစဉ်ကောင်းများစွာကိုလည်း တင်ဆက်ပေးဦးမှာဖြစ်လို့ like and subscribe နဲ့ ခေါင်းလောင်းလေးကိုနှိပ်ခဲ့ပြီး ကိုယ်ပိုင်facebook မှာ ယခု video linkလေးကို ရှယ်ပေးသွားကြဖို့လည်း မေတ္တာရပ်ခံအပ်ပါရစေရှင်❤️🙏#entertainment #bagan #myanmarhistory

Комментарии • 7

  • @dadqiphone2
    @dadqiphone2 Год назад +1

    ဗဟုသုတ လေးများစွာရရှိအောင်တင်ဆင်ပေးလို့ကျေးဇူးအထူးပါ

    • @junegoeat
      @junegoeat  Год назад

      အမြဲစောင့်ကြည့်အားပေးလို့လည်းကျေးဇူးအထူးပါရှင်🙏

  • @dadqiphone2
    @dadqiphone2 Год назад +1

    တင်ဆက်မှုများ အောင်မြင်တိုးဆက်ပါစေ😊

    • @junegoeat
      @junegoeat  Год назад

      ပေးတဲ့ဆုနဲ့ပြည့်ပါရစေရှင့်🙏🙏🙏

  • @NyanWin-fv3gv
    @NyanWin-fv3gv 3 месяца назад

    အဲဒီနန်ကွန်းဟာ ရွှေစည်းခုံဘုရားမတည်ခင်ကတဲကရှိနေတာလို့ယူဆရတယ် နတ်တွေရဲ့လက်မောင်းမှာတွေ့ရတဲ့လက်ဖွဲ့ကြိုးကိုအခုထက်ထိယိုးဒယားလက်ဝှေ့သမားတွေစည်းလေ့ရှိတယ် နတ်တွေရဲ့ပုံပန်းသဏ္ဍာန်က တောင်အမေရိကမှာတွေ့ရတဲ့ပုံမျိုးပါ မြို့စောင့်နတ်ကွန်းလို့ယူဆရပါတယ် တချိန်ကအရက်နဲ့အသားဟင်းတွေကိုဆက်ကပ်လို့ရပေမဲ့ခွင့်မပြုတာကြာခဲ့ပါပြီ နတ်ကွန်းမှာရှင်းပြနေတဲ့သမိုင်းကြောင်းဆိုတာ ရှေးကမရှိခဲ့ပါ 37 မင်းနတ်ကိုအနော်ရထာခေါ်ကြောင်းဆိုရိုးရှိပေမဲ့ပုဂံခေါတ်က37မင်းထဲမှာဒီနတ်နှစ်ပါးမပါပါ ပါတဲ့သိကြားမင်းပုံတော်ကို 37 မင်းနတ်ကွန်းမှာတွေ့ရပါတယ် ပုဂံခေါတ်လက်ရာစစ်စစ်ပါ

  • @phoepyone498
    @phoepyone498 Год назад

    Bagan Vlog တွေထဲမှာ June Go & Eat က အဆင်ပြေဆုံးလို့ထင်ပါတယ် ဘုရားသမိုင်းကြောင်းလည်း သိရသလို နောက်ခံစကားပြောနဲ့ ရိုက်ကူးတင်ဆက်တာကလည်း တော် တော် ကောင်းပါတယ် အောင်မြင်ပါစေခင်ဗျာ

    • @junegoeat
      @junegoeat  Год назад +1

      😱. ဝမ်းသာမျက်ရည်တောင် ကျမိပါတယ် သည် comment လေး မြင်ရတာ
      ပထမဆုံး RUclips လမ်းလျှောက် ဖို့ စတင်ချိန်မှာ ငါ ဘာတင်ဆက် ရမလဲ ဘာတွေ လုပ်ရမလဲ ဘယ်လိုလေးတွေ တင်ဆက် ပြပေးရမလဲ ဖြစ်မှ ဖြစ်ပါ့မလား RUclips ရဲ့ တရားဝင် ဝင်ငွေရဖို့ အချိန် ရယ် ကြည့်ရူ့သူ အများကြီးရယ် နာရီပေါင်း ၄၀၀၀ရယ် ရဖို့က လွယ်ပါ့မလား ဆိုတဲ့ အတွေးပေါင်းများစွာနဲ့ အတူ သည် လိုတင်ဆက်မူ့ကိုပဲ ရွေးချယ်ကာ အမေ ကင်ဆာ ရောဂါနဲ့ ခွဲစိတ်ခန်း ဝင်ပြီး ရန်ကုန်က ရွှေလမင်းဆေးရုံ မှာ ၁၄ရက် ဆေးရုံတက်ပြီး အိမ်ပြန်လာတဲ့ အချိန် ၃ရက်မြောက်နေ့ကစလို့ သည် JUNE Go&Eat channel ကို နေ့တိုင်းတစ်ရက်မပျက် ကြိုးစားလေ့လာကာ လမ်းညွှန်သူမရှိ ကိုယ့်ဆုံးဖြတ်ချက်များဖြင့် ခုလို တင်ဆက်မူ့များကိုရွေးချယ် လိုက်ခဲ့တာပါ မိခင်ကြီး အနာကင်းကာ အသက်ရှည်များ ရှည်စေရန်လည်း အလို့ငှါ တန်ခိုးကြီး ဘုရားများမှာ လည်း သစ္စာပြုကာ ဆုတောင်းရတာလည်း အကြိမ်ကြိမ် အခါခါ
      သည်လိုနဲ့ ရုတ်တရက် ကျန်းမာနေရာကနေ ကျန်းမာရေး ခွဲစိတ်မူ့ အကြီးစား ပြုလုပ်ခဲ့ရတဲ့ မိခင်ကြီးကို ချုပ်ရိုးဖြေဖို့ ရန်ကုန်ကို ပြန်အသွားမှာ မိခင်ကြီးအတွက် ဗိုလ်တထောင်ဘုရား ကို ဘုရားဖူးသွားဖို့ ခေါ်သွားတဲ့ အခါ မိခင်ကြီးမှာ အရင်လို သိပ်မသွားနိုင်လို့ အမောနားရတဲ့ အဖြစ်ကို မြင်ရတဲ့အခါ အသိတစ်ခု ဝင်သွားမ်ိပါတယ် ကိုယ့်မိခင်ကြီးလို အဝေးကိုသွား ဘုရားဖူး ခက်နေတဲ့ မိဘပြည်သူ အဖိုးအဖွားအရွယ်တွေ အတွက် အထူး ရည်ရွယ် စိတ်ကူးရသွားမိပါတော့တယ်
      ဟုတ်ကဲ့ပါ ဒါကြောင့်လည်း ခု လို ပုဂံ အကြောင်းများကို အထူးလေ့လာကာ အိမ်ထဲကနေ ကိုယ်တိုင် သွားဖူးရသလို ဖြစ်အောင် သေချာ ရိုက်ပေးထားတာမို့ ဘုရားဖူးရတဲ့ မိဘပြည်သူတွေ အတွက် အစဉ်ပြေ တယ်လို့ ခုလို ပြန်စာလေး ရတဲ့ အတွက် ကျမ JUNE အပါဝင် မေမေတို့ ကပါ ဝမ်းသာကျေးဇူးတင်မဆုံးပါဘူး ဖြစ်နေရပါတယ် ဆက်လက်၍အထူး ကြိုးစားသွားပါ့မယ်လို့ ကတိပေးပါတယ်ရှင် ခုစာရေးတဲ့ သူကိုလည်း အထူးထူးကို အသိမှတ်ပြု ကျေးဇူးတင်ရပါတယ်ရှင်🙏