ဓနုဖြူမြို့က ရှေးဟောင်းသမိုင်းဝင်စေတီတော်ကြီး နှင့် ဓနုဖြူခံတပ်
HTML-код
- Опубликовано: 10 фев 2025
- ဓနုဖြူမြို့လေးဟာ ဧရာ၀တီတိုင်းဒေသကြီးထဲက လူဦးရေထူထပ်စည်ကားတဲ့ မြို့လေးတစ် မြို့ဖြစ်ပါတယ်။ အရှေ့အရပ်မှာ ဧရာ၀တီ၊ အနောက်ဘက်မှာ ပိဋကတ်ကျောက်စာ တိုက်၊ တောင်ဘက်မှာ ကျိုက္ကလွန်ပွန်းစေတီတော်ကြီးနှင့် မြောက်ဘက်မှာ ဓနုဖြူခံတပ် တို့တည်ရှိပါတယ်။ ဒါကြောင့်လည်း ဓနုဖြူမြို့လေးကို အရှေ့မှာနဂါး၊ အနောက်မှာ တရား၊ တောင်ဘက်မှာ ဘုရားနဲ့ မြောက်မှာ ဓား ဆိုပြီး တင်စားခေါ်ဝေါ်ကြတာပဲဖြစ်ပါတယ်။ ဓနုဖြူမြို့ဟာ စစ်သူကြီးမဟာဗန္ဓုလရဲ့ နာမည်ကျော် ဓနုဖြူခံတပ်မြို့ရိုးကြီးလည်း တည်ရှိတဲ့ အပြင် စစ်သူကြီးမဟာဗန္ဓုလရဲ့ ဂူဗိမာန်လည်းတည်ရှိတဲ့အတွက် လာရောက်လေ့လာကြ သူတွေလည်း များပြားလှပါတယ်။ ဒါ့အပြင် ဇန်နဝါရီလမှာ ဧရာ၀တီမြစ်ကမ်းနံဘေးမှာ သာယာလှပလွန်းတဲ့ ဥမ္မာဒန္တီကမ်းခြေလည်း ဖွင့်လှစ်ပြီဖြစ်တာကြောင့် လာရောက် လည်ပတ် အပန်းဖြေသူတွေနဲ့လည်း စည်ကားတဲ့ မြို့လေးတစ်မြို့ဖြစ်ပါတယ်။