The Place where the Crown Prince of Kanaung was assassinated.က​နောင်မင်းသားကြီးလုပ်ကြံခံခဲ့ရတဲ့​နေရာ
Поделиться
HTML-код
  • Опубликовано: 5 фев 2025
  • မြင်ကွန်း မြင်ခုန်တိုင်အ​ရေးအခင်းကြီးမှာ ​ခေါင်းဖြတ်လုပ်ကြံခံရတဲ့ အိမ်​ရှေ့စံက​နောင်မင်းသားကြီးရဲ့ ဂူက မန္တ​လေး​တောင်​ခြေမှာတင်ရှိပါတယ်။
    ​နေရာအတိအကျဆိုရင် ၁၂ လမ်းနဲ့ ၆၆ လမ်း​ထောင့်၊ကုသိုလ်​တော်ဘုရား အနီး၊နန်း​မြေဘုံသာစံနန်း​တော်ရာ စန္ဒါမုနိဘုရားထဲမှာဖြစ်ပါတယ်။
    အဲ့ဒီ​နေရာက ကုန်း​ဘောင်​ခေါတ်​နှောင်းပိုင်း၊မင်းတုန်းမင်းလက်ထက်မှာ အခုလိုဘုရား​တွေမတည်ရ​သေးပဲ
    ယာယီစံနန်း​တော်ကြီးဖြစ်ခဲ့ပါတယ်။
    မင်းတုန်းမင်းရဲ့သား​တော်၂ပါးဖြစ်တဲ့ မြင်ကွန်းမင်းသား နဲ့မြင်းခုန်တိုင်မင်းသား တို့ဦး​​​ဆောင်တဲ့ မြင်ကွန်းမြင်းခုန်တိုင်အ​ရေးအခင်း နန်းတွင်းလုပ်ကြံမှုကြီးမှာ က​နောင်မင်းသားကြီး ​ခေါင်းဖြတ်လုပ်ကြံခံရပြီး​နောက်
    မင်းတုန်းမင်းက
    ယာယီစံနန်း​တော်ကြီးကိုဖျက်သိမ်းပြီး က​နောင်မင်းသား မလွန်မင်းသား ပြင်စည်မင်းသား စကုမင်းသားတို့ကို အသီးသီး ဂူသွင်း သဂြိုလ်ခဲ့ကာ ​စေတီ​တော်တဆူကိုတည်ခဲ့ပါတယ်။
    ဂူနဲ့၂​တောင်အကွာမှာ​တော့ ဂန္ဓကုဋိတိုက်​ဆောက်ပြီး အမရပူရက စန္ဒါမုနိရုပ်ပွား​တော်မြတ်ကို ပင့်​ဆောင်ပူ​ဇော်ခဲ့ပါတယ်။
    အမရပူရက စန္ဒါမုနိဘုရားဆိုတာ ​​လှေကားထစ်​တွေနဲ့ရေကန်​တော်အကြီးကြီးရှိတဲ့ ထာဝရ မန္တ​လေး ဇာတ်ကားထဲက ​ဇာတ်ဝင်ခန်းနေရာလို့ လူသိများတဲ့ မဟာစန္ဒါမုနိဘုရားပါ။အဲ့ဒီက​နေ​ရွေ့​ပြောင်းပူ​ဇော်ထားတာပါ။
    စန္ဒါမုနိရုပ်ပွား​တော်မြတ်ကို ဘိုး​တော်ဘုရား စစ်ကိုင်းမင်းလက်ထက်မှာ သံပိသာချိန် ၁၁၃၆၈ ပိသာနဲ့ သွန်း​လောင်းခဲ့ပြီး လမင်းကဲ့သို့ ကျက်သ​ရေ​တော်ရှိတဲ့အတွက် စန္ဒါမုနိဘုရားလို့ ဘွဲ့​တော်အမည် တွင်ခဲ့ပါတယ်။
    မင်းတုန်းမင်းလက်ထက်မှာ​တော့
    က​နောင်မင်းသားကျဆုံးခဲ့တဲ့ မန္တ​လေး​တောင်​ခြေကိုပင့်​ဆောင်ကိုးကွယ်ခဲ့ပြီး
    နန်း​မြေဘုံသာ စံနန်း​တော်ရာ စန္ဒါမုနိဘုရားလို့ အမည်တွင်ခဲ့ပါတယ်။နာမည်ကခပ်ဆင်​ဆင်​လေးရယ်။ ​၎င်းကိုအစွဲပြု၍စေတီ​တော်ကိုလည်း စန္ဒါမုနိ​စေတီလို့ အမည်​ခေါ်တွင်ခဲ့ပါတယ်။
    က​နောင်မင်းသားကြီးရဲ့ အုတ်ဂူက ​စေတီ​တော်နဲ့ ဂန္ဓကုဋိတိုက်ရဲ့ကြားမှာရှိပြီး ​ကျောက်ပြား​ပေါ်မှာ
    အိမ်​ရှေ့စံက​နောင်မင်း သီရီပဝရ သုဓမ္မရာဇာ ရတနာပုံ (မန္တ​လေး)ဟု အစချီကာ က​နောင်မင်းသားအ​ကြောင်းအတိုချုပ်ကို အင်္ဂလိပ်မြန်မာ ၂ဘာသာ နဲ့ ​ရေးထိုးထားပါတယ်။
    သီီ​ပေါမင်းလက်ထက်မှာ​တော့ ရ​သေ့ကြီး ဦးခန္တီက ဦး​တောင်ပြီး ပိဋကတ်၃ပုံမှ အဌကထာ ဋီကာ ​ကျောက်စာချပ်​ရေ​၁၇၇၂ ချပ်ကို ပြုလုပ်​ပူ​ဇော်ခဲ့ပါတယ်။သမိုင်းစာကို သံစာတချပ်​ကျောက်စာတချပ်​ရေးထိုးခဲ့ပြီး စုစု​ပေါင်း​ကျောက်စာချပ်​ရေ ၁၇၇၄ ချပ်ကိုလည်း ​​​ ​လေ့လာနိုင်ပါတယ်။
    ​မြန်မာပြည်ကို ခေါတ်မီတိုးတက်တဲ့ စက်မှု​ခေါတ်သစ်နိုင်ငံ​တော်ဆီသို့ ​​ပြောင်းလဲနိုင်ဖို့ အားသွန်ခွန်စိုက်ကြိုးစားခဲ့တဲ့ အိမ်​ရှေ့စံက​နောင်မင်းသားကြီးက​​တော့ လူ​သေ​ပေမယ့် ဘယ်​တော့မှ နာမည်မ​သေပဲ မြန်မာ​တွေရဲ့ ရင်ထဲမှာ အမြဲရှင်သန်ကျန်ရစ်မှာပါ။
Комментарии • 104
  • @Win-j6q
    @Win-j6q 2 месяца назад +6
    ကျနော်ဟာ ကနောင်မင်းသားကြီးကို လေးစားကြည်ညိုတဲ့ ရှမ်းလူမျိုးတစ်ဦးဖြစ်ပါတယ် ကနောင်မင်းသားကြီးကံတော်ကုန်သွားတဲ့နေရာနားရောက်ဖူးခဲ့တာတောင်မသိမတွေ့ခဲ့တဲ့အတွက် ဝမ်းနည်းမိပါတယ် နောက်များ ရောက်ဖြစ်ခဲ့ယင် သွားပြီး လေ့လာကြည့်မှာပါ အခုလို မျှဝေပေးတဲ့အတွက်ကျေးဇူး တင်ပါတယ် တကယ်ကျေးဇူးပါ သမီးရေ
  • @JasmineUniverse-f8t
    @JasmineUniverse-f8t 5 месяцев назад +5
    ကျေးဇူပါ
    ဘုရား တရား သံဃာ နှင့် တကွ ရသေ့ကြီး ဦးခန္ဒီ အပါအဝင် နန်းတော်ဆိူင်ရာ ဘုရင် မင်းမြတ်များ နဲ့ နန်းတော်တွင်း ကို အနန္တဗုဒ္ဓ သာသနာတော မြတ်ထိ ကန်တော့ပါတယ် ဘုရား
    အားလုံး ကို ဘုရား တရား စောင့်ရှောက်ပါစေ
    နန်းတော်မျိူးရိုးအားလုံး ဘုရား တရား စောင့် ရှောက်ရျ် နိဗ္ဗန်ရောက်ကြပါစေ
  • @HanLin-u2b
    @HanLin-u2b 29 дней назад +3
    စားခွတ်လု အရည်အချင်းမဲ့တဲ့ ဗမာတွေသောက်ကျင့် ကုန်းဘောင်ခေတ်မှာအဆိုးဆုံး မင်းမျိုးမင်းနွယ်ချင်းသက်ကြဖြတ်ကြနဲ့ အဲ့သောက်လုပ်နဲ့ပဲ မြန်မာပြည် ကျွန်ဖြစ်ခဲ့ရတာ
  • @KyiSanlwin-l4e
    @KyiSanlwin-l4e 10 дней назад
    ဗဟုသုတ ရစေလို့ငှာ တင်ဆက်ပေးတာ ကျေးဇူးတင်တယ်။ ဒါပေမယ့်...​ဖြေးဖြေးနဲ့ မှတ်သားဖို့ လိုရင်းကိုပြောပေးရင်ပိုကောင်းမယ် အမိ😔
  • @nwesan9768
    @nwesan9768 5 месяцев назад +3
    ကျေးဇူးတင်ပါတယ်။ စိတ်မကောင်းစရာ သမိုင်းကြောင်းတွေပေ့ါ။ အခုအချိန်အထိပါဘဲ။ အောင်မြင်တိုးတက်ပါစေ။ 🍀🎉🍀
  • @heinzan3268
    @heinzan3268 5 месяцев назад +14
    ကနောင်းမင်းသားကြီလုပ်ကြံခံရတဲနေရာကစန္ဒါမုနိဘုရားမှမဟုတ်တာ ကနောင်းမင်းသားကနန်တွင်းလွှတ်တော်မှာလုပ်ကြံခံရတတာဟ စန္ဒါမုနိဘုရားက ကနောင်မင်သားအုတ်ဂူဘဲရှိတာပါဗျ
    • @adventureholidays9643
      @adventureholidays9643  5 месяцев назад +5
      ပြောပြ​ပေးတာ​ကျေးဇူးပါရှင့်
      က နောင်မင်းသားကြီးလုပ်ကြံခံခဲ့ရတဲ့ နေရာနဲ့ က နောင်မင်းသားကြီးအုတ်ဂူရှိ တဲ့ နေရာ မတူ သော ကြောင့်ယခုသွားခဲ့တဲ့ နေရာသည်အုတ်ဂူ နေရာသာဖြစ် ကြောင်းပြင်ဆင်ကြည့်ရှု​ပေးပါရန်​🙏🙏🙏ပြန်လည်ပြင်ဆင်ပြီးvideo အသစ်တင်​ပေးပါမယ်ရှင့်
    • @swanhtet1725
      @swanhtet1725 4 месяца назад +1
      က​နောင်မင်းကအဲ့မှာလုပ်ကြံခံရတာပါ
    • @Love-k6v9c
      @Love-k6v9c 2 месяца назад
      ကျွန်တော့်အဘွားရှိတုန်းက ကနောင်မင်းသားခေါင်းကျတဲ့နေရာက မန္တလေးဘိုးဘိုးကြီးရှေ့မှာ ပန်းဝိုင်းနေရာကြီး၂ခုရှိတယ် တောင်ဘက်ကပန်းဝိုင်းနေရာက ကနောင်မင်းသားခေါင်းကျတဲ့နေရာလို့ပြောပြလို့သိဖူးတယ် ဟုတ်မဟုတ်တော့မသိဘူး
    • @umikoko6887
      @umikoko6887 2 месяца назад
      ​@@adventureholidays9643အုတ်ဂူတောင်အဖောက်ခံရတယ်
    • @wineb909
      @wineb909 Месяц назад
      စောက်ရူးမြင်ကွန်းတို့လဲ နောင်တရ
      အဆိပ်မိသေ
      နိုင်ငံကကျွန်ဖြစ်
      အာဏာမက်လူမျိုးများ
  • @hanwinthein2126
    @hanwinthein2126 3 месяца назад +2
    တော်လိုက်တာ တိုင်းပြည်နဲ့လူမျိုးအတွက်အလွန်အကျိုးများမယ့် အမျိုးကောင်းသမီး
  • @123-KoYe
    @123-KoYe 7 дней назад
    ဟိုးးးတုန်းကတည်းက လူကောင်းတွေကို ခွေးကိုက်တာ ဒီနေ့ထိပါပဲ နောင်လည်း ဖြစ်လာအုံးမှာပဲ 🥺🥺
  • @ငြိမ်းရီ
    @ငြိမ်းရီ 2 месяца назад +1
    သမိုင်းအမွေအနှစ်တန်ဖိုးသိသူ ❤လေးစားဂုဏ်ယူပါတယ်။❤
  • @xiaoyang4076
    @xiaoyang4076 5 месяцев назад +1
    သမိုင်းကြောင်းကိုပြန်လည်ချပြပေးတဲ့အတွက် လေးစားဂုဏ်ယူလျက်ပါ။❤
  • @zawlin8718
    @zawlin8718 3 месяца назад +1
    မြင်းကွန်း မင်းသားက က ေနာင်မင်း ရဲ့ တူ ေတာ်သလို သမီးကို လက်ထက်ထား လို့ သမက် လည်း ေတာ် ေနပါတယ်
    သမိုင်းကို အမ္ န်အတိုင် း ပြည် ပြည်စံုစံု ေဖာ်ပြ ေစချင်ပါတယ်။
  • @AungNaingOo-q1e
    @AungNaingOo-q1e 3 месяца назад
    ဟုတ်ကဲ့!.. ခုလိုကနောင်မင်းသားအကြောင်းတွေကိုသိခွင့်ရတဲ့အတွက်ကျေးဇူးကမ္ဘာနော် မမ🌹🌹 တင်ဆက်တာလဲကောင်းတယ်🎉👌🏻
  • @sayargyi0077
    @sayargyi0077 4 месяца назад +3
    ပညာရှိတွေဆို မြန်မာပြည်က တန်ဖိုးမထား
  • @ayeayekhine30
    @ayeayekhine30 3 месяца назад +2
    ရွှေဘိုနယ်မုဆိုးဖိုရွာသူကြီးအောင်ဇေယျဆိုတဲ့သူကြီးကပေါက်ဖွားတဲ့မိသားစုတွေပါ၊ဘုရင်မျိုးနွယ်အစစ်မဟုတ်ပါ
    • @Vlogbyaung
      @Vlogbyaung 21 день назад +1
      ဟမင်းမျိုးမင်းနွယ်သွေးပါတယ်လေအလောင်းမင်းတရားကြီးရဲ့မိန်းမရဲ့အမေကအင်းဝဘုရင်ရဲ့နှမလေ
  • @UWinNaing-ny9uu
    @UWinNaing-ny9uu 3 дня назад
    မြန်မာနိုင်ငံမှာ ကတော်တဲ့သူတွေကို နေရာမပေးတာ သမိုင်းထဲမှာက သံသေမှ တပြည်ဝ ဘဒါသေ တဆွေဝ
  • @Ayesoe-p7e
    @Ayesoe-p7e 5 месяцев назад +2
    ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ
    • @adventureholidays9643
      @adventureholidays9643  5 месяцев назад
      Video ​လေးကိုကြည့်​ပေးလို့ ​လည်းကျေးဇူးအများကြီးတင်ပါတယ်❤
  • @myintsein3549
    @myintsein3549 5 месяцев назад +1
    Thardu TharduThardu par🙏🙏🙏🌷🌷🌷 Thanks for sharing. the Burmeese History knowledge of important. information. 😊 (London)
  • @KkKk-fg6lk
    @KkKk-fg6lk 5 месяцев назад +6
    အဲဒီ သူတောင်းစား နှစ်ယောက် ကြောင့်
    တိုင်းပြည် မတိုးတက်တာအခုထိ
  • @kyarnyokhin8640
    @kyarnyokhin8640 5 месяцев назад +1
      ​ကျေးဇူးအများကြီးတင်ပါတယ်ရှင့် အားတက်ရပါတယ်🥰🥰🥰
  • @SawtayzaLin-x4d
    @SawtayzaLin-x4d 5 месяцев назад
    ကျေးဇူးတင်ပါတယ်အမ
  • @thanzaw5711
    @thanzaw5711 3 месяца назад
    မန္တလေးတောင်ခြေ ရောက်လို့ ကနောင်မင်းသားရဲ့ အကြောင်း ကျောက်စာတွေလိုက်ဖတ်ရင် ရင်ထဲမှာတမျိုးကြီးပဲ လွမ်းသလိုလို ဆွေးသလိုလိုနဲ့😢😢
  • @GutgDgt-ci6id
    @GutgDgt-ci6id 5 месяцев назад
    ကျေဇူးတင်ပါတယ်
  • @BoBo-oz7yl
    @BoBo-oz7yl 5 месяцев назад
    ကျေးဇူးပါ
  • @DTt-y1n
    @DTt-y1n 27 дней назад
    မြင်ကွန်းမြင်းခုန်တိုင်တို့က
    ပုဂံမင်းသားတော်တွေလို့ဖတ်ဖူးပါတယ်
  • @PtMobile-vz9dg
    @PtMobile-vz9dg 5 месяцев назад
    ကျေးဇူးပါ....❤❤❤❤❤
  • @Myint-k8s
    @Myint-k8s Месяц назад
    ကနောင်မင်းသားကြီးက ြမင်ကွန်းရဲ့ ယောက်ခမလည်းတော်တယ် ညီမ
  • @kochit2171
    @kochit2171 5 месяцев назад +1
    မိနွေး အာန္ဒာဘုရားကြီးကို လဲ
    တင်ပြပေးပါလား မဟာမုနိ တောင်ဘက်နားကလေး
  • @nayayelin-nk4hc
    @nayayelin-nk4hc 5 месяцев назад +12
    စန္ဒာမုနိက ထူးထူးခြားခြား ကြေးဆင်းတု မဟုတ်ပဲ သံ နဲ့ သွန်းတဲ့ သံဗုဒ္ဓေဘုရား။
  • @phyomyatmaung
    @phyomyatmaung 3 месяца назад +1
    ကနောင်မင်းသားကြီးလုပ်ကြံခံရတာ နန်းသစ်တပ်မြို့ရိုးထဲက လွှတ်တော်မှာပါ နန်းတွင်းလည်းမဟုတ်ပါဘူး အဲ့နေရာက နန်းတော်အရှေ့ဘက်ယွန်းယွန်းရဲ့ လက်ယာဘက်မှာပါ
  • @koko-n5l6f
    @koko-n5l6f 5 месяцев назад +3
    ငါလိုးမမြန်မာတွေကအာလိုပဲအရင်ခေတ်တည်းကခုထိ ခုမှပညာတက်တွေပေါ်လာလို့ အာဏာရှင်ကိုဆန့်ကျင်နေကြတာ
    • @RmTenx
      @RmTenx 27 дней назад +1
      မင်းဆဲချင်ရင်လဲ ဒဲ့ဆဲကွာ မြန်မာဆိုရင် အားလုံးနဲ့ဆိုင်တယ် မင်းလဲပါတယ်
  • @RainBow-xz8ul
    @RainBow-xz8ul 5 месяцев назад +2
    မြင်ကွန်း မြင်ခုံတိုင်မင်းသားကြီး ၂ပါးအကြောင်း ပြောပြတင်ဆက်ပေးပါလား။
    မင်းသားကြီး၂ပါးရဲ့မျိုးရိုးရှာဖွေတင်ဆက်ပေးပါ။
  • @phoechit-x3t
    @phoechit-x3t 5 месяцев назад
    အေးကွာ အေးကွာ
    နွေးပြောလို့ သွားလိုက်မယ်။
    နွေးစိတ်ချမ်းသာရင်ပီးရောပဲ သွားလိုက်မယ်။
    ကျေနပ်ပီးမလား နွေး❤
  • @MaMaKyu-d2h
    @MaMaKyu-d2h Месяц назад
    သရက်မြို့
  • @WaiLinn-s2e
    @WaiLinn-s2e 3 месяца назад +1
    ခုချိန်ထိ ဒုကာချုပ်အဆက်ဆက် ပျောက်ခြင်းမလှပျောက်ရဲ့ ဇာတ်လမ်းပါပဲ့ လက်ရှိ စိုးဝင်းလည်း ထိုနည်း၎င်း ပါပဲ့ မအလ လက်ချက်နဲ့ပျောက်မှာပါ ကြားထဲက ဘယ်ဂျောင်ဂျို ဂျောင်ကြားက မှန်းမသိတဲ့ တာဇံပဲ့ new ကာချုပ်ဖြစ်လာမှာ
  • @MaMaKyu-d2h
    @MaMaKyu-d2h Месяц назад
    ​ဗျန်ကျရပ်ကွက်
  • @aungnaingwin1010
    @aungnaingwin1010 Месяц назад
    ရဲရဲကြီးပြောရဲပါတယ် မင်းတုန်းမင်းလက်ချက်ဘဲ့ဆိုတာ
  • @OoKyawMyint-o8f
    @OoKyawMyint-o8f 2 месяца назад
    တိုင်းပြည်ရဲ့အကြီးမါးဆုံးဆုံးရုံးမူဲ့ကြီး စက်မူ့ဖခင်ကြီး
  • @background2776
    @background2776 5 месяцев назад +1
    ကနောင်မင်းသားလဲ ဒီခေတ်အတွေးနဲ့ တွေးရင် ကြောင်တောင်တောင်တော့နိုင် ပြေးခဲ့ ရင် မသေဘဲ လွတ်ပီး အလုပ်တွေ အများကြီးလုပ်နိုင်မာကို ရင်ကိုသွားကော့ပေးမှတော့ ဟိုက ထိုးပီပေါ့ လုပ်ကြံချင်ပါတယ် ဆိုမှ😅😅😅
    • @aungthanoo4186
      @aungthanoo4186 5 месяцев назад
      ပြေးပါတယ် မလွတ်တာပါ
  • @ဖိုးသူ-ဂ၆ခ
    @ဖိုးသူ-ဂ၆ခ 5 месяцев назад +3
    ဒီလုပ်ကြံမှုကြီးကြောင့်မြန်မာတွေကိုလူရိုင်းတွေအဖြစ်ဝိတိုရိယဘုရင်မကြီးထံတင်ပြပြီးကာနယ်စလေဒင်ကတတိယကျုးကျော်စစ်ပွဲကိုဆင်နွှဲလိုက်တယ်လို့ဖတ်မှတ်ခဲ့ရဘူးပါတယ်🪶🪶🪶
    • @သစ်ပင်ကြီးတွေကြားထဲကအိမ်ကလေး
      @သစ်ပင်ကြီးတွေကြားထဲကအိမ်ကလေး 5 месяцев назад +1
      ကိုယ့်လူမျိုးတူအချင်းချင်း ကိုယ့်ဘာသာတူအချင်းချင်းပြန်သတ်နေကြတဲ့လူရိုင်းတွေပါဗျာ
    • @သစ်ပင်ကြီးတွေကြားထဲကအိမ်ကလေး
      @သစ်ပင်ကြီးတွေကြားထဲကအိမ်ကလေး 5 месяцев назад
      ဘာသာကလည်း လူရိုင်းဘာသာမို့လို့နေမှာပေါ့
    • @phyo-qo6uc
      @phyo-qo6uc 5 месяцев назад
      ​​ဘာသာနဲ့ မဆိုင်ပါဘူး ဘရာသား
      ဗုဒ္ဓဘာသာက အေးချမ်းတဲ့ ဘာသာပါ
      ဗုဒ္ဓတစ်ပါးထဲ ယုံရမယ် သတ်ရမယ် ဖြတ်ရမယ် စော်ကားရမယ်ဆိုတာ မပါပါဘူး အပြင်မှာ ဘုရားတွေ ဘယ်လောက်တည်တည်​ရင်ထဲမှာ ဘုရားတရား မကိန်းလို့ပါ ဗုဒ္ဓလမ်းညွှန်ချက်ဆုံးမချက်တွေက အရမ်းအေးချမ်းပါတယ် လူတွေကြောင့်ဖြစ်ရတာပါ @@သစ်ပင်ကြီးတွေကြားထဲကအိမ်ကလေး
    • @adventureholidays9643
      @adventureholidays9643  5 месяцев назад +3
      အ​ကြောင်းပြချက်တခုလို့ပဲ မြင်မိပါတယ်ရှင့် အဲ့ဒီအချိန်မှာ ​အောက်မြန်မာပြည်ကို အင်္ဂလိပ်က သိမ်းပြီး​နေပါပြီ ဘယ်လိုပဲဖြစ်ဖြစ်စစ်​ေရ္ လက်နက်အရာရာအားသာ​နေတဲ့ အင်္ဂလိပ် က အထက်မြန်မာပြည်ကို တနည်းနည်းနဲ့ သိမ်းကိုသိမ်းခဲ့မှာပါပဲ။
    • @ဖိုးသူ-ဂ၆ခ
      @ဖိုးသူ-ဂ၆ခ 5 месяцев назад
      @@adventureholidays9643 ဘုရင်မကြီးပေးအပ်လိုက်တဲ့တာဝန်ကသံတမန်ထူထောင်ဖို့ပါ။အကြောင်းပြပြီးသိမ်းလိုက်တာပါ
  • @MmspMmsp-g6p
    @MmspMmsp-g6p 2 месяца назад
    နောက်ဖေးစံ😂😂😂😂
  • @pro1-b4v
    @pro1-b4v 5 месяцев назад +2
    နန်းတွင်းစံနန်းအခန်းထဲထိ ဝင်ခုတ်တာပါ
    ခင်ဗျားပြောနေတာ
    သမိုင်းအမှားပါ
    😢😢😢😢😢
    • @adventureholidays9643
      @adventureholidays9643  5 месяцев назад +2
      ယခု​ရောက်ခဲ့တဲ့​နေရာသည် က​နောင်မင်းသားကြီး လုပ်ကြံခံရတဲ့​နေရာမဟုတ်ပဲ အုတ်ဂူ​နေရာသာ ဖြစ်ပါ​ကြောင်းပြင်ဆင်ကြည့်ရှု​ပေးပါရန် .☺️အဲ့တချက်လွဲ​နေတာ video အသစ်မပြင်ရ​သေးလို့ပါရှင့် ပြင်ပြီးရင် ဒီ video ကိုဖျက်ချမှာပါ။​ပြောပြ​ပေးတာ​ကျေးဇူးပါ​နော်
  • @ukyawwin8140
    @ukyawwin8140 5 месяцев назад +1
    ကနောင်မငိးသာလုပ်ကြံမခံရပဲ ရှင်ဘုရင်ဖြစ်ခဲ့ရင် မြန်မာနိုင်ငံဟာကိုလိုနီကျွန်ဘဝရောက်စရာအကြောင်းသိပ်မရှိဘူး
    မြင်ကွန်းနဲ့မြင်းခုံတိုင်ဟာတကယ့်သစ်စာဖောက် အာဏာရူးတွေပဲ ခွင့်မလွှတ်ထိုက်တဲ့ စောက်ရူးတွေပဲ
    သူတို့ကလုပ်ကြံတော့ အရည်ချင်းမရှိတဲ့မယား​ေကကေ်သီပေါကနန်းတက်ခဲ့လို့ ကျွန်ဖြစ်ရတာ
  • @thitlwin3882
    @thitlwin3882 5 месяцев назад
    က​နောင်မင်းသားကြီး​ခေါင်းကျတဲ့​နေရာကအခုစသုံးလုံးရုံးထဲမှာအဂ်လိပ်ကအမ်ဘီကာမယ်​တော်ကြီးအုတ်ဂူလုပ်ထားခဲ့တာရဟန်းပျိုဥက္ကဌဦးကုသလကတိုင်း​ကောင်စီဦးတင်လှလက်ထက်မှာြဖိုခဲ့တာပါသမိုင်းအ​ထောက်အထားရှိပါတယ်လက်လွတ်စပယ်မ​ပြောပါနဲ့
    • @adventureholidays9643
      @adventureholidays9643  5 месяцев назад
      ဟုတ် ​အခု​ရောက်ခဲ့တဲ့​နေရာက က​နောင်မင်းသားကြီး ကျဆုံးတဲ့​နေရာမဟုတ်ပဲ အုတ်ဂူ​နေရာသာ ဖြစ်​ကြောင်းပြင်ဆင်ကြည့်ရှု​ပေးပါရန် အဲ့တချက်​လေး လွဲ​နေတာပါရှင့် ☺️video ပြင်ပြီး အသစ်ပြန်မတင်ရ​သေးလို့ပါရှင့်ပြင်ပြီးရင် ဒီ video ကို ဖျက်ချမှာပါ။​ပြောပြ​ပေးတာ ​ကျေးဇူးအထူးတင်ပါတယ်
  • @UThanNyeinTun
    @UThanNyeinTun 2 месяца назад +1
    တိုင်းပြည်အနာဂါတ်မျိုးဆက်သစ်တွေကိုစက်မှု့ပညာတတ်စေခြင်လိူ့ဟ်ု
    အနောက်နိုင်တွေကိုစေလွှတ်ပညာသင်စေခဲ့တဲ့အိမ်ရှေ့စံပါ
    အနာဂါတ်မျိုးဆက်သစ်တွေကိုအမျှော်မြင်ရှိခဲ့ကြတဲ့သူတွေကတော့
    ၁!ယောမင်းကြီးဦးဖိုးလှိုင်
    ၂!ကနောင်မင်းသားကြီး
    ၃!ဗိုလ်ချုပ်အောင်ဆန်းတို့ဖြစ်ကြတယ်
  • @ThantZawOo-l1l
    @ThantZawOo-l1l 5 месяцев назад
    ကနောင်မင်းသားဟာမင်းအဖြစ်နဲ့လုပ်ကြံခံခဲ့ရတာပါတဲ့။
  • @mariastella7909
    @mariastella7909 5 месяцев назад +1
    တော်တဲ့လူကို ပယ်ထားတာ ထုံးစံဘဲကိုးနော်?
    • @adventureholidays9643
      @adventureholidays9643  5 месяцев назад
      ဒီ​နေ့​ခေါတ်လည်း အဲ့လိုပဲထုံးစံလိုဖြစ်​နေပြီ
    • @ukyawwin8140
      @ukyawwin8140 5 месяцев назад
      နင်တို့မိထွေးကုလားကုန်းမက ဘယ်နေရာမှာတော်တာလဲ ဖင်ခံတဲ့နေရာမှာလား
  • @nayminthu660
    @nayminthu660 2 месяца назад
    လုပ်ကြံတဲ့မင်းသားနှစ်ကောင် ဘာဆက်ဖြစ်လဲဆိုတာ သိခြင်လို့ပါ
    • @Vlogbyaung
      @Vlogbyaung 21 день назад +1
      ဗီယက်နမ်ပြေးသွားပါတယ်အခုဆွေတော်မျိုးတော်တွေဘဲကျန်ပါတော့တယ်
    • @nayminthu660
      @nayminthu660 21 день назад
      @ တိုင်းပြည်ဖျက်ကောင်နှစ်ကောင်ကြလွှတ်သွားတယ် မတန်ပါဘူးဗျား Thanks
    • @Vlogbyaung
      @Vlogbyaung 21 день назад
      @@nayminthu660 ဒါတောင်ဆွေတော်မျိုးတော်တွေဆိုပြီးသောက်ရှက်မရှိပြည်လာဝင်သေးတယ်
  • @WinThoo-g8w
    @WinThoo-g8w 3 месяца назад +1
    🏴‍☠️🏴‍☠️🇲🇲🏴‍☠️🏴‍☠️👽🏴‍☠️🏴‍☠️🗡🏴‍☠️🏴‍☠️အကျင့်ဆိုးတွေနဲ့ဗမာနိုင်ငံ
  • @ThaungNaing-s1o
    @ThaungNaing-s1o 5 месяцев назад
    မြိုကိုပြော
  • @pro1-b4v
    @pro1-b4v 5 месяцев назад
    နန်းတွင်းဟာလည်း အကုန်မီးရှို့သွားတာပါ
    အုတ်ရိုးပဲကျန်တယ် 😅
    • @pro1-b4v
      @pro1-b4v 5 месяцев назад
      ကနောင် ကို ဝိုင်းခုတ်ကြတာဟာ
      အိပ်ဆောင်ထဲအထိပါ
      ဘာအစည်းအဝေးပွဲမှ
      မလုပ်ပါဖူးးးး
      တူတွေက ဝိုင်းသတ်ကြတာပါ
      မြင်းကွန်းး မြင်းခုန်
      ညီနောင် ၂ပါးပါ
      ✌✌✌✌✌✌✌
  • @goldenfuture1960
    @goldenfuture1960 5 месяцев назад
    ၇ တန်း နှစ်ကရောက်ဖူးတာဆိုတော့ ရန်ကင်းတောင်လောက်ဘဲ ကောင်းကောင်းမှတ်မိတယ် သွားချင်သေးတယ် တချိန်ကအင်းဝမြို့ကြီးရယ်
    • @JaffyBarmy
      @JaffyBarmy 5 месяцев назад
      ဘာလားဟ ရန်ကင်းတောင်က မန်းလေးကဟ အခုကလည်း မန်းလေးအကြောင်းပြောနေတာ ဟ ငစားရ
    • @adventureholidays9643
      @adventureholidays9643  5 месяцев назад
      အခါအခွင့်သင့်ခဲ့ရင် မန္တ​လေး​တောင်​ခြေကစန္ဒါမုနိ ဘုရားဆီကိုလည်း လာခဲ့ပါ​နော်
  • @MarLar-or7hu
    @MarLar-or7hu 5 месяцев назад
    က​နောင်မင်းသားလုပ်ကြံခံရတာသန်လျှင်မှာမဟုတ်ဘူးလား
    အခုလက်ရှိသန်လျှင်မှာသူ့အုတ်ဂူရှိတယ်ဆုိ
  • @SoesittNaingHan
    @SoesittNaingHan 5 месяцев назад
    😝😝😝
  • @DrThanZawWin
    @DrThanZawWin 5 месяцев назад +1
    မင်းတို့ကလဲ နောက်ကြဟ့်ပြန်လှည့်နေတာပဲကွ
    • @adventureholidays9643
      @adventureholidays9643  5 месяцев назад
      ​ရှေ့ကိုမ​ရောက်​တော့တာ
  • @aungmyatyan6601
    @aungmyatyan6601 5 месяцев назад +1
    ကနောင်မင်းသားကြီးလုပ်ကြံခံရတာဗမာပြည်ကြီးရဲ့အကြီးမားဆုံးရှုံးမှုပါ
  • @OwnThan-y6z
    @OwnThan-y6z 5 месяцев назад
    ၁၈၆၆မှာဂျပန်နိုင်ငံမေဂျီမင်းလက်ထက်မှာစက်ရုံတခုမှမရှိသေယပါ
  • @ukoko8753
    @ukoko8753 5 месяцев назад
    အဲဒီကြောင့်ပဲမြန်မာဘုရင်တွေဝဋ်ကောင်းကောင်းလည်ခဲ့တာပေါ့ပညာမဲ့ခဲ့ကြလို့ဒီလိုတွေဖြစ်ခဲ့ကြတာ
  • @wintun7838
    @wintun7838 5 месяцев назад +1
    လှေပြေးရင်တက်ချိုးတါဗမာ
  • @OoOo-ml9cg
    @OoOo-ml9cg 5 месяцев назад
    မီးငယ်တကယ်အပြောကောင်းလို့ခုဖြစ်တည်နေသလိုပဲ
  • @SaiSai-gq4pw
    @SaiSai-gq4pw 3 месяца назад
    အဲလိုမျိုးကမင်းသားမဟုတ်ပါဘူးခွေးမင်းသားတွေပါ
  • @မြစက်တော်ရာ
    @မြစက်တော်ရာ 2 месяца назад +1
    ❤ဗမာတွေမထွန်းကားထွန်းကားမည့်ကြံလုပ်ကြံခံဘယ်တော့မှမတိုးတတ်မကောင်းစားဒါဟာမစ္ဆရိယအားကြီတဲ့ဒို့ဗမာကွ
  • @KyawKyaw-ng2ru
    @KyawKyaw-ng2ru 2 месяца назад +1
    မြန်မာ့သမိုင်းကလည်းတော်တဲ့လူဆိုအသက်တိုရတာနဲ့နိမ်ခံထားရတာနဲ့စောက်ကျက်သရေကိုတုန်းတယ်စောက်သဒေါင်းစားတွေဘဲအရည်အချင်းမရှိတဲ့လူတေဘဲအများဆုံးမင်းဖြစ်ကြတာ
  • @TunPyae-mx1jd
    @TunPyae-mx1jd Месяц назад +1
    ကနောင်မင်းသားကြီးဘုရင်ဖြစ်ရမှာ
  • @AngleLay-g1l
    @AngleLay-g1l Месяц назад +2
    လူတော်လူကောင်းပညာတတ်တွေကအမြဲလုပ်ကြံခံရတယ်နော်ကနောင်မင်းသားသာလုပ်ကြံမခံရရင်စက်မှုပညာဒို့နိုင်ငံထိပ်ဆုံးကနေမှာ😢😢😢😢😢😢😢😢😢😢😢😢😢😢😢😢
  • @SapalSapal-c9j
    @SapalSapal-c9j 9 дней назад
    ဦးခန္တီကသီပေါမင်းပါ