How to Compile C++ 2020 in Visual Studio Code

Поделиться
HTML-код
  • Опубликовано: 8 июл 2024
  • How to compile C++ 2020 code in Visual studio code.
    အခုလက်ရှိ clang, g++ compiler အတော်များများဟာ C++ 2020 version ကို support မလုပ်သေးပါဘူး။ ၂၀၂၀ အတွက်က အကြမ်းဖျင်းပဲအလုပ်လုပ်သေးတဲ့ working draft version ဖြစ်တာကြောင့် အလွယ်တကူ download လုပ်လို့ရနေတဲ့ C++ compiler အများစုက C++ 2017 ကိုသာ ပြည့်ပြည့်ဝဝ အလုပ်လုပ်အောင်ပဲ support လုပ်နေပါသေးတယ်။
    Visual Studio Code မှာ .vscode folder ထဲက tasks.json file ထဲမှာ "-std=c++2020" ဒါမှမဟုတ် "-std=c++20a" ပြင်လိုက်ပေမဲ့လည်း C++ 2020 code တွေက အပြည့်အဝ မှန်မှန်ကန်ကန်မလုပ်သေးပါဘူး။
    ဒါတင်မက codelite မှာလည်း C++ project ကို ၂၀၁၇ version ထိပဲ ဆောက်လို့ရပါသေးတယ်။
    C++ Programming language နဲ့ ပတ်သတ်ပြီးတော့ပဲဖြစ်ဖြစ် တခြား programming language နဲ့ ပတ်သက်ပြီးတော့ပဲဖြစ်ဖြစ် မေးခွန်းတွေ၊ အကြံပြုချက်တွေ၊ ဝေဖန်စာတွေ ပေးပို့လိုပါက channel ရဲ့ about မှာရှိတဲ့ email address ကို ဆက်သွယ်မေးမြန်းဝေဖန် အကြံပြုနိုင်ပါတယ်။
    C++ Programming language ပဲဖြစ်ဖြစ် တခြား programming language ပဲဖြစ်ဖြစ် လေ့ကျင့်ခန်းများ၊ အိမ်စာများကို စစ်ဆေးပေးလိုပါကလည်း အဲ့ဒီ email ကိုပဲ ဆက်သွယ်နိုင်ပါတယ်။ email နဲ့ ဆက်သွယ်မေးမြန်းလာတာတွေကို အတတ်နိုင်ဆုံး အချိန်မီပြန်လည်ဖြေကြားပေးမှာဖြစ်တဲ့ အတွက် သည်းခံစောင့်ဆိုင်းပေးကြဖို့လည်း မေတ္တာရပ်ခံပါတယ်။
    Programming နဲ့ပတ်သက်ပြီး ကလေးငယ်အရွယ် coder ကစပြီး professional coder ဖြစ်တဲ့အထိ လေ့လာလို့ရမယ် video တွေထိ တင်ပေးမှာမို့ အစဉ်အမြဲ စောင့်မျှော်အားပေးကြဖို့လည်း ဖိတ်ခေါ်လိုက်ပါတယ်။
    သင်ခန်းစာတခုချင်းစီအတွက် source code များကိုလည်း Gitlab မှာ ဒီ repository link ကနေရယူလေ့လာနိုင်အောင် တင်ထားပါတယ်။
    Source code repository
    gitlab.com/burmese/samples.git
    On social media
    On X (twitter) - @BurmeseCoder
    LinkedIn
    / burmese-coder
  • НаукаНаука

Комментарии •