ပြန်စည်ကားနေတဲ့ ကျိုက်ထီးရိုးဘုရားဖူးခရီး Vlog (Part - 1)

Поделиться
HTML-код
  • Опубликовано: 18 сен 2024
  • ကျိုက်ထီးရိုးဘုရားကို ဒီရက်ပိုင်းမှာ ဘုရားဖူးခရီးသည်တွေ တော်တော်များများ ပြန်ဝင်လာပါတယ်။ ကိုဗစ်နောက်ပိုင်းမှာ ဧည့်သည်အများဆုံး ပြန်ဝင်တဲ့ အချိနိလို့လည်း ပြောလို့ရပါတယ်။ ဒါကြောင့် ပြီးခဲ့တဲ့ရက်ပိုင်းက Inside Myanmar by YMK က ကျိုက်ထီးရိုးဘုရားသွားဖူးခဲ့တဲ့အကြောင်းကို အခုလိုပဲ ရိုက်ကူးတင်ဆက်ပေးလိုက်ပါတယ်နော်...
    ကားလက်မှတ်နဲ့ လမ်းကြောင်း
    ..................................................
    ...................................................
    ကားလက်မှတ်ကို ရွှေနဂါးကနေ ဖြတ်ပါတယ်။ ရန်ကုန်ကနေ ဘုရားတောင်ခြေ ကင်မွန်းစခန်းအထိ အသွားအပြန် တစ်ယောက်ကို ၂၅၀၀၀ ကျပ်ပါ။ အောင်ဆနိးကွင်းကနေ မနက် ၅နာရီ စထွက်ပြီး တာမွေ ကျောက်မြောင်း၊ လှည်းတန်း မြေနီကုန်း ၈မိုင် ပြည်လမ်းအတိုင်းဧည့်သည်တွေ ကြိုပေးပါတယ်။ အမြန်လမ်းပေါ်ကနေ မောင်းပါတယ်။ ၀မိုငျမှာ မှတိပုံတင်တစ်ခါစစ်ပါတယ်။ ကားပေါ်က ဆင်းစရာမလိုပါ။ ကားပေါ်က လမ်းညွှန်က ယူပြီး ဂိတ်မှာစစ်တာပါ။ ၃၉မိုင်ရောက်တော့ ဘောနက်ကြီးဘက်ကွေ့ပြီးရင်တော့ တစ်ခါစစ်ပါတယ်။ ဒီတစ်ခါတော့ ကိုယ့်မှတ်ပုံတင်ကိုယ် ကိုင်ဆောင်ပြီး လမ်းလျှောက်ဆင်းပေးရပါတယ်။ မြန်ပါတယ်။ စစ်ဆေးရေးဂိတ်တွေနား လက်ကိုင်ဖုန်းအသုံးမပြုဖို့ လိုပါတယ်။ လူကြီးနဲ့ သက်ကြီးရွယ်အိုတွေ ဆင်းဖို့မလိုပါဘူး။
    ဘုရားကြီး လမ်းဆုံက မိုးသောက်ကြယ်မှာ မနက်စာစားဖို့ ရပ်ပါတယ် နာရီဝက်ပါ။
    ညောင်ခါးရှည် စစ်ဆေးရေးဂိတ် အရင်လို အကြာကြီး မပိတ်တော့ပါ။ မြန်ပါတယ်။ မနက်၁၀ နာရီ တောင်ခြေ ယာဥ်ရပ်နားစခန်းကို ရောက်ပါတယ်။
    တောင်တက်ခရီး
    ...................................
    ....................................
    ခြေလျင်တက်သူတွေရှိပေမယ့် နည်းနေပါသေးတယ်။ တောင်တက်ကားနဲ့ တက်မယ်ဆိုရင် ဂိတ်မှာ စာရင်းပေးပြီး သူတို့ပြန်ပေးတဲ့ ကားနံပါတ်ရှာပြီး တက်ရပါတယ်။ လူတစ်ဦးကို ၄၀၀၀ ကျပ်ပါ။ ကေဘယ်လ်စီးချင်ရင် ရသေ့တောင်ကျရင် ဆင်းပါ။ ကားတွေက ကေဘယ်လ်ရှေ့မှယ ရပ်ပေးပါတယ်။ မစီးချင်ရင် ဒီကားနဲ့ပဲ ဆက်လိုက်သွားပါ။ ကေဘယ်လ်က လူတစ်ယောက်ကို ၁၀၀၀၀ ကျပ်ပါ။ အသွားအပြန်စီးရင်တော့ ၁၅၀၀၀ ကျပ်ပါ။ ကေဘယ်လ်က ၁၅မိနစ်လောက်ပဲ စီးရပါတယ်။ တောင်ပေါ်ရောက်ပါပြီ။
    တည်းခိုစရာ
    ......,........................
    ................................
    နေ့ချင်းပြန်ဆို တည်းခိုဖို့ စိတ်ပူစရာမလိုပေမယ့် ညအိပ်မယ်ဆိုရင် တည်းခိုဖို့က စီစဥ်ရတော့မှာပါ။
    ကြားရက်ဆိုရင်တော့ တည်းစရာ တည်းခိုဆောင် ဟိုတယ်က လွယ်လွယ်ရနိုင်ပေမယ့် ပိတ်ရက်ဆိုရင် လူများလို့ ခက်ခဲနိုင်ပါတယ်။ တည်းမယ့်ဟိုတယ် ကြိုတင်ဘိုကင်ယူသွားပါ။ ရင်ပြင်ပေါ် ပေ၄၀ တိုးချဲ့ဆောင်တွေရှိပါတယ်။ လူတစ်ဦးကို ၇၀၀၀ ကျပ်လို့ပြောပါတယ်။ စားသောက်ဆိုင်တန်းတွေဘက်ဆိုရင်တော့ သူတို့ ပြောတဲ့စျေးပါပဲ။ ကိုယ်တွေက Mountain Top Hotel မှာ တည်းပါတယ်။ ရင်ပြင်နဲ့ နည်းနည်းလှမ်းပေမယ့် တိတ်ဆိတ်အေးချမ်းပြီး Hotel ကနေ View လှလို့ တည်းဖြစ်ပါတယ်။ နှစ်ယောက်ခန်းတစ်ခန်း တစ်ညကို ၈၀၀၀၀ ကျပ်ပါ။ ရိုးရိုးလေးမှာက ငါးသောင်းတန်ကစရှိတယ်လို့ သိရတယ်။
    နှစ်စဥ်လာနေကျဘုရားဖူးတချို့ကတော့ ရင်ပြင်ပေါ်မှာ ဖျာ စောင် ခေါင်းဦးငှားပြီး အိပ်ကျပါတယ်။ ဖျာတစ်ချပ် တစ်ထောင် ခေါငျးဦးစောငျ ၅၀၀ ကျပ် စသဖြင့် ငှားပါတယ်။
    ဘယ်မှာစားမလဲ စျေးဘယ်လောက်လဲ
    ............................................................
    ............................................................
    ကျိုက်ထီးရိုးက ဧည့်များလာတာနဲ့အမျှ စျေးတွေကလည်း ဘာစားစား မေးစားရတော့တာပါပဲ။ ထမင်းဆိုင်တွေများပြီး အနည်းဆုံး ဟင်းတစ်ပွဲနဲ့ ၆၀၀၀ ကျပ်က စပါတယ်။ စားနဲ့ ဟင်းပေါ်မူတည်ပြီး ၆၀၀၀ ကနေ ၈၀၀၀ ထိ ရှိပါတယ်။ မစားခင်ပြောထားတဲ့စျေးနဲ့ စားပြီး သူတို့ ပြန်တွက်တဲ့စျေးလည်းကွာနေတတ်လို့ သေချာမေးပြီး စျေးတွက်ရင်လည်း ကိုယ်ပါ သေချာစစ်ပါ။
    ညဘက်အဆာပြေစားဖို့ မုန့်ဟင်းခါး၊ ခေါက်မုန့်၊ ဆီထမင်း ငါးကြော် ကောက်ညင်းပေါင်းသည်တွေအစုံရှိပါတယ်။ တောင်ပေါ်ဆိုတော့ ပုံမှန်ထက် စျေးကတော့ များပါတယ်။
    ဘယ်တွေသွားလို့ရလဲ
    ,......................................
    .......................................
    ကျီးကန်းပါးစပ်၊ မုဆိုးတောင်တွေက ထမင်းစားပြီး ရှေ့ဆက်သွားရင် ရောက်ပါတယ်။ ကျီးကန်းပါစပ်က လူငယ်တွေက သိပ်မသိသာပေမယ့် အတက်အဆင်းမတ်လို့ လူကြီးတွေဆိုရင် သတိထားသွားရပါမယ်။ လမ်းမှာ စျေးဆိုင်လေးတွေရှိပါတယ်။
    ရေတံခွန်သွားမယ်ဆိုရင် ရင်ပြင်ပေါ်မတက်ခင် ခြသေ်ကြီး နှစ်ယောက်နားမှာ ရေတံခွန်သွားမယ့်ကား ရှိပါတယ်။ လူပြည့်အောင်တော့ စောင့်ရပါတယ်။ အသွားအပြန်တစ်ယောက်ကို ၅၅၀၀ ကျပ်ပါ။ လူမစောင့်ချင်တာပဲ ဖြစ်ဖြစ် ကားမရှိရင်ပဲ ဖြစ်ဖြစ် ဆိုင်ကယ်နဲ့ သွားလို့ရပါတယ်။ ဆိုင်ကယ်တစ်စီးကို အသွား၇၀၀၀ ကျပ် အပြန် ၇၀၀၀ ကျပ်ပါ။ လူ၂ဦး တင်ပါတယ်။ မြန်ပါတယ်။ မိနစ်၂၀လောက်ပဲစီးရင် ရောက်ပါတယ်။
    ရေတံခွန်မှာ ရေချိုးဖို့စဥ်းစားထားပေမယ့် အဲ့ရောက်ရင်တော့ အေးစိမ့်နေပြီး ရေကလည်း ရေခဲရေတမျှမလို့ ဒီကာလမှာတော့ ရေချိူးဖို့ မဖြစ်နိုင်တော့ပါ။ ဓာတ်ပုံရိုက်ရင်တော့ တော်တော်လှပါတယ်။ ဘောကွင်း ရေကူးဘောင်းဘီငှားပါတယ်။
    အဆာပြေစားဖို့ စားသောက်ဆိုင်ရှိပါတယ်။
    အပြန်ကို ရွှေနဂါးက နေ့လယ်၁၂ နာရီ ကားပြန်ထွက်ပါတယ်။ အနည်းဆုံးတောင်ပေါ်က ၁၀ နာဲရီခှဲ ပြန်ထွက်နိုင်အောင်လုပ်ပါ။ မဟုတ်ရင် နေ့လယ်စာလွတ်နိုင်ပါတယ်။ တောင်အောက်ရောက်မှ လက်ဆောင် အမှတ်တရပစ္စည်း ဝယ်ပါ။
    ရွှေနဂါးက အပြန်ကျိုက်ထိုမြို့က ဘုရား၂ဆူ ဝင်ပေးပါတယ်။ အကြီးဆုံး ထိုင်တော်မူဘုရားကြီးနဲ့ ကျိုက်ဘောလောမှဲ့ရှင်ဘုရားပါ။
    ရနိကုန်ကို ညနေ ၆နာရီဝင်ပါတယ်။
    ကျိုက်ထီးရိုးဘုရားဖူး Review ကတော့ ဒီလောက်ပါပဲ...ဘုရားဖူးမသွားခင် အဆင်ပြေဖို့ ရေးထားပေးတာပါ။ ဘုရားဖူးသွားမယ့်သူတွေကို ပြန်ရှဲပေးပြီး ပြောပြလို့ရပါတယ်။ အခြေအနေက အမြဲပြောင်းလဲနေတာဖြစ်လို့ ဘုရားဖူးသွားမယ့် လမ်းကြောင်းနဲ့ ဒေသအခြေအနေကိုတော့ စုံစမ်းပြီးမှ သွားရင် အန္တရာယ်ကင်းပြီး စိတ်ချမ်းသာစွာဘုရားဖူးရမှာပါ။
    အားလုံးကို ကျေးဇူးပါ....
    #Kyikehteeyopagoda
    #myanmar
    #travelvlogger
    #ကျိုက်ထီးရိုး

Комментарии • 62