မိတ်ဖြစ် ဆွေဖြစ်

Поделиться
HTML-код
  • Опубликовано: 8 сен 2024
  • "မိတ်ဖြစ် ဆွေဖြစ်"
    ဒီစာအုပ်လေးကို ကိုဂျင်မီဟာ
    သာယာဝတီ အကျဉ်းထောင်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။
    အဲ့ဒီအချိန်တုန်းက ထောင်ထဲမှာ စာရေး၊ စာဖတ် လုပ်ဖို ဆိုတာ အင်မတန်မှ ခက်ခဲပြီး ပြုလုပ်တဲ့သူဟာလည်း အရိုက်အနှက် ခံရတာ ပြစ်ဒဏ်အမျိုးမျိုးပေးခံထိတာတွေ ရရှိတတ်ပါတယ်။
    ဒီလိုကြပ်တည်းခက်ခဲတဲ့ကြားထဲက ကိုဂျင်မီဟာ ဒီစာအုပ်ကို ဖြစ်မြောက်အောင် ရေးသားခဲ့ပါတယ်။
    ဒီနေ့ဆိုရင် ကိုဂျင်မီအပါဝင် ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင် နဲ့ ကိုအောင်သူရဇော်တိုကို အကြမ်းဖက် စစ်ကောင်စီက မတရားကွပ်မျက်ခဲ့တာ တလ တင်းတင်းပြည့်ပြီဖြစ်ပါတယ်။
    ဒီနေ့တစ်လ တင်းတင်းပြည့်တဲ့နေမှာ ကိုဂျင်မီ ရေးသားခဲ့ "မိတ်ဖြစ်ဆွေဖြစ်" စာအုပ်ကို ပြည်သူများ နားဆင်နိုင်ဖို အသံနဲ့ ကျမကိုယ်တိုင် ရွတ်လိုက်ပါတယ်။
    တော်လှန်ရေးအတွက် You tube ချန်နယ်တွေမှာ သွားရောက် နားစဉ်နိုင်ပါတယ်။
    နားစဉ်ဖိုကိုလည်း မေတ္တာရပ်ခံအပ်ပါတယ်။
    အခက်အခဲ အများကြီးကြားထဲက စာအုပ်ရရှိအောင်၊ PDF File ရရှိအောင်၊ စာအုပ် တခုလုံး အစအဆုံး ဓါတ်ပုံရိုက် ပေးပိုသူ တယောက်ချင်းစီတိုင်းတို ကျေးဇူးအထူးတင်ပါတယ်။
    ဒီစည်းလုံးမှုအားနဲ့ ရှေ့ဆက်ပြီး စစ်အာဏာရှင်ကို အပြီးတိုင် ကျမတို မောင်းထုတ်ကြပါမယ်။ မောင်းထုတ်နိုင်မယ်လိုလည်း ယုံကြည်ပါတယ်။
    ကျေးဇူးတင်ပါတယ်။
    " တရားတဲ့သူသာ နိုင်ကြေးဟေ့"

Комментарии • 713