အောင်မြင်သောနေ့ - ခင်နှင်းယု ( ၁၉၆၂ ခုနှစ် ၊ ပထမအကြိမ် )
HTML-код
- Опубликовано: 10 фев 2025
- ဒီစာအုပ်လေးကို လွတ်လပ်ရေးနေ့မှာ အဓိပ္ပါယ်ရှိရှိလေး အောင်မြင်သောနေ့ဆိုပြီး တင်ဖို့စီစဥ်ထားတာပါ၊ ဒီကြားထဲမှာ ချစ်ရတဲ့ကလေးလေးတစ်ယောက်ရုတ်တရပ်ဆုံးပါးသွားခဲ့တယ်၊ အောင်မြင်သောနေ့ထက် အမှောင်ဆုံးနေ့တွေဖြစ်ခဲ့တယ်၊ သံသရာကို စောစီးစွာနဲ့ဆက်လည်သွားတဲ့သူကလည်သွားပြီမို့ ကျန်ခဲ့တဲ့လူတွေကတော့ လုပ်စရာကျန်တာလေးတွေကို ဆက်လုပ်နေရတာပါပဲ ၊ ဒီစာအုပ်ကို ရုပ်ရှင်အနေနဲ့လဲ သိကြတာများလို့ ဖယ်ထားခဲ့တဲ့စာအုပ်လေးပါ၊ ဒါပေမဲ့ ချန်နယ်ဆက်မလုပ်ဖြစ်တော့တဲ့အချိန်မျိုးရှိလာခဲ့ရင် ငါဒီစာအုပ်လေးတွေမျှဝေဖြစ်ခဲ့တယ်ဆိုတာမျိုးလေးရှိနေချင်လို့ ဖတ်ပြဖို့ရွေးချယ်ဖြစ်ခဲ့ပါတယ်။ #audiobook #အသံစာအုပ် #ခင်နှင်းယု #အောင်မြင်ခြင်း
စာဖတ်ပြတဲ့သူလေးလဲကုသိုလ်အများကြီးရပါစေနောက်လဲနားထောင်ချင်ပါသေးတယ်.
Thank you this is a good book.
နားဆင်နေပါပြီ ❤❤❤
❤ Thanks 😊
ကျေးဇူးပါသမီးရေ
အမ အသံမကြားရပဲအိပ်မပျော်ဘူး❤
ကျေးဇူးတင်ပါတယ်၊ အမလဲပိုကောင်းတဲ့စာအုပ်တွေဖတ်ပြနိုင်အောင်ကြိုးစားပါမယ်။
Thanks. ရှား ပါး တဲ့ စာ အုပ်. အ ပြင် မှာ ဝယ် လို့ ခက် မဲ့ စာ အုပ် လို့ ထင် ပါ တယ်. အိမ် အ လုပ် လုပ် ရင်း အ စ အ ဆုံး နား ထောင် ဖြစ် သွား တယ်. အ ရမ်း ကြိုက်. ❤❤❤
6ကျေးဇူးပါမမရေ၊၊၊၊၊၊
မမဖတ်ထားတာတွေအကုန်နားထောင်မလို့ဒီနေ့၆ပုဒ်မြှောက်ရောက်ပြီ
❤❤❤ကျေးဇူးပါခင်ဗျာ
အကိုကစာအုပ်ဝင်မခန့်မှန်းဘူးနော် ၊ ဘာလို့လဲ
မမေသစ္စာဆု Hint ပေးထားတဲ့ ဇာတ်ကြောင်းတွေကို ကျွန်တော် တကယ်မသိလို့ပါခင်ဗျာ သေချာမသိပဲ ရမ်းမပြောချင်တာကြောင့်ပါ ပြီးတော့ ကျွန်တော်က အမျိုးသမီးစာရေးဆရာမကြီးတွေ နဲ့ ဆရာ တင့်တယ်၊ သန်း ဆွေ'၊ အောင်လင်း တို့ကို ကျွန်တော် မဖတ်ဖူးပါဘူး ကျွန်တော်က ခေတ်စမ်းစာပေ နဲ့ ကဗျာ၊ ဆောင်းပါး၀တ္တုတိုတွေ ဖတ်တာများပါတယ် ကျွန်တော့ဆရာရင်းက ဆရာမောင်သာနိုး ဖြစ်လေတော့ ကျွန်တော်ဖတ်မယ့် စာအုပ်တွေကို မသစ္စာခန့်မှန်းနိုင်မှာပါ ဒီဘက်ခေတ်မှာ ဂျူး၊ ပုညခင်တို့ကို မကြိုက်ပါဖူး မြင့်သန်း၊စပယ်ဖြူ နု၊ လင်းခါး၊ မိုးကျော်ဇင် တို့ကိုတော့ တော်တော်ကြိုက်ပါတယ် ဒီဖက်ခေတ်ဘာသာပြန်တွေကတော့ အမှားများ သမို့ မဖတ်ဖြစ်တော့ပါ (ဦး) ကြည်အောင် နဲ့ လှသန်းရဲ့ ကဗျာတွေကတော့ ကျွန်တော့အကြိုက်တွေပါပဲခင်ဗျာ မသစ္စာက စာအုပ်ရွေးတာကို ကြဉ်ရတာစာကြည့်တိုက်တွေ နီးစပ်ပုံရတယ်ထင်ပါတယ်ခင်ဗျာ ကျန်းမာရွှင်လန်းပါစေ မသစ္စာ🌼🌼🌼
@@sithusanmyint6337 ဟုတ်ကဲ့ စာကြည့်တိုက်ကနေ ရှာဖွေထားတာပါ၊ ဟုတ်ပါတယ် စာမြည်းတွေကလဲ ဘယ်စာအုပ်ခန့်မှန်းရခက်ပါတယ် ဖတ်ဖူးတယ်သူဆိုရင်တောင် ၊ ကိုယ်ကြိုက်တဲ့စာကြောင်းလေးတစ်ကြောင်းလောက်ပဲရေးပြတာမို့ ၊ အကိုဖတ်တဲ့ဒီဘက်ခေတ်စာရေးဆရာတချို့ကို ညမ မဖတ်ဖူးဘူး ၊ ညမကရှေးဟောင်းစာရေးဆရာတွေကိုပဲ ကြိုက်နေပြီးတော့ အဲ့ဒါရဲ့အသစ်ကို မမြည်းစမ်းကြည့်ဖြစ်ဘူးဖြစ်နေတယ်။
ရှေးက ဆရာကြီးတွေထဲမှာ ရွှေဥဒေါင်း၊ ဦးနု၊သိန်းဖေမြင့်၊ သိပ္ပံမောင်ဝ၊ မင်းသုဝဏ်၊ ဇော်ဂျီ၊ ဇေယျ၊သော်တာဆွေ၊ ထင်လင်း၊ မြသန်းတင့်တို့က စကားပြေ အရမ်းကောင်းတယ်ခင်ဗျ
ဒီဘက်ခေတ်မှာတော့
၁) လင်းခါး......ရေသေအိုင်
၂) မိုးကျော်ဇင် ..... လက်ဖက်ရည်ဆိုင်ထဲက အိမ်
၃) စပါယ်ဖြူနု .... အလွမ်းဆိုင်နဲ့ ခေတ် ရယ် အချစ်ရယ်
တို့ကို မြည်းစမ်းကြည့်စေချင်တယ်
စပါယ်ဖြူနုရဲ့ စကားပြေဟာ ကျစ်လစ်တယ် တော်တော်ကောင်းတယ် သူက ဇာတ်လမ်းကို ရပ်သင့်တဲ့နေရာမှာရပ်နိုင်တဲ့ စာရေးဆရာပဲ ဒါ သိပ်ထူးတယ်ခင်ဗျ ညီပုလေးရဲ့ ထက်မြက်တဲ့ဓါးသွားပေါ်က.....၊ မြေသူကြီး၊ လမင်းရဲချိုသာတဲ့.....၀တ္တုတွေလည်း သိပ်ကောင်းတယ်ဗျ။ နောက် ဒေါက်တာအောင်ကြီးရဲ့ စကားပြေ တော်တော်ထူးတယ် ရစ်သမ် ပါတဲ့ စကားပြေမျိုးခင်ဗျ🌼🌼🌼
@@sithusanmyint6337 ပြောရုံနဲ့တင်ဖတ်ချင်စရာလေး ၊ တချို့စာအုပ်တွေတော့ဖတ်ဖူးတယ်၊ တချို့တော့ လုံးဝမဖတ်ကြည့်မိသေးဘူး ၊ ညမအချိန်ယူပြီးဖတ်ကြည့်ဦးမယ်ရှင့်။ ကျေးဇူးတင်ပါတယ်၊ ညွှန်းပေးတာ ။
ဆရာမ ဇာတိက ဘယ်ကလည်းဗျ
@@HtarthutaAung ဝါးခယ်မကပါရှင့်။
ငိုလိုက်ရတာ😢
ဖြစ်တတ်တဲ့သဘောတစ်ခုကို သတိပေးဖို့အတွက် ဆရာမကတင်ဆက်ပေးထားတယ်လို့မြင်မိပါတယ်။
❤
ဆရာပေါဂျာရစ်စာအုပ်တေများများလေးတင်ပေးပါဗျအရမ်းကြိုက်လို့ပါ
ဟုတ်ကဲ့၊ ရှာထားလိုက်ပါမယ်ရှင့်။ ညမလဲသဘောကျပါတယ်၊ ဆရာ့အရေးအသားကပေါ့ပါးလို့ပါ ။