1A wifi ups ဆင်နည်း//How to make 1A wifi ups
HTML-код
- Опубликовано: 9 сен 2024
- ဒီချယ်နယ်မှာ DIY Projects တွေအတွက်အသုံးဝင်မယ့်အကြောင်းအရာများကိုအမြဲတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။
Like & Subscribe for more videos. Thanks..
#booster
#diy
#diyelectronic
#ups
ကျေးဇူးပါဆရာရယ် အခုက ပြပေးနေတာထက်လေ သင်တန်းပေးနေသလိုကိုဖြစ်ပါတယ် လေးစားပါတယ်ဆရာခင်ဗျာ။ သင်တန်းတောင်တက်ချင်စိတ်ပေါက်လာပါပြီ😁
တစ်ခုချင်းစီကအစအသေးစိတ်ပြပေးနေတာ❤
ဟုတ်ကဲ့ပါဗျာ..ကျေးဇူးပါ
ကျေးဇူးပါဆရာ
ကျေးဇူးတင်တယ် ဆရာ သိချင်တာ ရှင်းရှင်းလေးသိရတယ်
ဟုတ်ကဲ့ပါခင်ဗျာ
ဟုတ်ကဲ့ပါဆရာ UPS လုပ်တဲ့အခါ သုံးတဲ့ mah အပေါ်မူတည်ပီးး ဘယ်နှစ်နာရီခံလဲဆိုတာ တွက်ချက်ပုံလေး ရှင်းပြပေးပါအူး
2aupsဆင်ပုံလေပြောပြပေးလား
good
switch က ဘတ္ထရီမှာ တပ်ထားတာဆိုတော့ switch မဖွင့်ထားပဲ အားသွင်းရင် အားမဝင်ဘူးပေါ့ အဲ့လိုလား
Switch က battery level indicator အတွက်သီးသန့်ပါ..အဲဒါကြောင့် battery မှာတပ်တာပါ..
12.28V outputပြပီး wifiနဲ့ချိတ်ရင်မရတာဘာဖစ်လို့လဲဆရာ
အိမ်ခွံ ဘယ်မှာ ဝယ်လို့ရပါလဲ
သင်တန်းရှိလားဆရာ တက်ချင်ပါတယ်
မရှိပါဘူးခင်ဗျာ
တစ်နေ့ လုပ်ဖြစ်မဲ့ အစီစဥ်ထဲက တစ်ခုပါပဲ ဆရာရေ့ ကျေးဇူးပါ ခင်ဗျား
ဟုတ်ကဲ့ပါဗျို့..
အဲလိုfunction ကိုမှဘက်ထရီအကြီးသုံးဖို့အတွက်ကျ ဘယ်လိုလုပ်ရမလဲဆရာ ဘက်ထရီကိုအပြင်မှာထားမယ်ပေါ့ မီးပြတ်ရင်မီးလင်းမီးလာရင် အားသွင်း လုပ်ချင်ပါတယ် လုပ်ပေးရင်လဲဝယ်ယူချင်ပါတယ်ဆရာ
ဘက်ထရီ အကြီးက တိုက်ရိုက်သုံးလို့ရပါတယ်..
ဆရာခင်ဗျ ကျနော့် myanmar net စက်က 12.21v လောက် ဆို အလုပ်လုပ်ပါတယ်ဗျ အဲ့တာဆို အခုလို ups card တွေသုံးရင် 12v အတိပဲထွက်တာလား
ဒီကဒ်နဲ့ပဲဆင်လို့ရလောက်လားဗျ
2A ကဒ်ကစျေးမနိုင်သေးလို့ပါ 😢
Myanmar net က 2A ups ကဒ်သုံးမှရပါတယ်..battery ကိုလည်း 2S ဆင်ရပါတယ်..
ကျေးဇူးတင်ပါတယ်ဆရာ
မီးလာလို့ Auto မီးအားသွင်းထားပြီး အားပြည့်ပြီဆို auto ဖြတ်ပေးပါလားဆရာ
တည လုံးအားသွင်းထားလဲ မီးရောင်ကပြောင်းမသွားဘူးဆရာ
Auto ဖြတ်ပါတယ်..အားပြည့်ရင်မီးအနီက off သွားမှာဖြစ်ပါတယ်..အရောင်မပြောင်းပါဘူး..မီးပျက်မှပဲအစိမ်းပြောင်းပါမယ်..
ကျေးဇူးပါဆရာ
JP1 နဲ့ 2 ကိုခဲမပူးရသေးလို့ဖြစ်မယ်
ဆရာခင်ဗျာ
JP1 ကိုတွေ့ပါတယ်ဆရာ
JP 2 ကိုရှာမတွေ့လို့ပါဆရာ
ကူညီပေးပါဆရာ
မင်္ဂလာပါဆရာ။ ကျွန်တော် 12V1A Wifi ups ဆင်ကြည့်တာဆရာ။ Epc တိုက်ရိုက်ဆိုရင် 11.96v ထွက်ပါတယ်။ အားသွင်းတဲ့အခါမှာလည်း LED က အနီလေး မှိတ်တုတ်မှိတ်တုတ်လင်းပါတယ်။ ဒါပေမဲ့ မီးပျက်တဲ့အချိန်မှာ out put လုံးဝမထွက်ဘူး ဖြစ်နေပါတယ်။ Battery lvl ပြတဲ့ မီးလေးကတော့ အမြဲတမ်းစိမ်းနေပါတယ်။
(B + - )ကို မီးပျက်ချိန်ထောက်တိုင်းကြည့်တဲ့အခါမှာ 3.96v ပဲတက်ပါတယ်။ ဘာကြောင့်ပါလဲဆရာ။
Connection တွေတစ်ခုချင်းမီတာနဲ့ပြန်တိုင်းကြည့်ပါ..JP မှာခဲပူးမပူးစစ်ပါ အဲတာတွေမှန်နေရင်တော့ Card Error ဖြစ်တတ်ပါတယ်
battery အသစ်လဲပြီး ပြန်စမ်းကြည့်ပါတယ်ဗျ။ ဒါပေမယ့် မီးပျက်ချိန် output 3.90v ပဲ ထွက်နေပါတယ်။ 12v မထွက်ပါဘူးဆရာ။ connection လည်းမှန်ပါတယ်ဆရာ။ Jp တွေလည်း ခဲမိပါတယ်ဗျ
သက်ရှည်ကျန်းမာစိတ်ချမ်းသာ လိုရာဆန္ဒပြည့်ပါစေ
ကျေးဇူးပါခင်ဗျာ
12. v. 1.5aလေးပြောပြပေးပါ
အစ်ကိုရေပါဝါဘန့်ဘက်ထရီအပြား၁၀၀၀၀mahနဲ့ရောရလားကောင်းလားအကြံပေးပါအူံး
ရပါတယ်..
1A WiFi ကငွေဘယ်လောက်လည်း
ဆရာပြတဲ့ နည်းအတိုင်း ဆင်ထားပါတယ်ဗျ
အား အဝင်/အထွက် ဘာမှ မရှိချိန်ဆို
မီးသီးက မီးစိမ်းလေး မှိတ်တုတ် မှိတ်တုတ် လင်းနေလို့ဆရာ
မီတာထောက်ကြည့်တာလဲ အားလုံးအဆင်ပြေတယ်ဆရာ
အကြံလေးပေးပါဦးဆရာ 🙏
ဘာမှမဖြစ်ပါဘူး..ရပါတယ်
12 voltထွက်ပေမဲ့wifiစက်ကမီးတစ်လုံးတော့လင်းတယ်wifiအလုပ်မလုပ်ဘူး
12V 1A wifi စက်တွေအတွက်ပဲရပါတယ်...1A ကျော်လိုတဲ့ router တွေအတွက်ကတော့မရပါဘူး
Bi colour led က အနီပဲ လင်းတယ် မီးပျက်ရင် အစိမ်းလင်းမလာတာ ဘာလို့လဲဗျ
လင်းရမှာပါ..သေချာပြန်စစ်ကြည့်ပါ
ဆရာ တခုလောက်မေးပါရစေဗျ 1s 15000mahစက်နဲ့ myanmar net စက်မှာ သုံးတာ မီးပျက်ရင် upsက autoအလုပ်မလုပ်ဘူးဖြစ်နေတယ် မီးပျက်တာနဲ့ wifiက လိုင်းကျသွားတယ်ဆရာ ဘယ်နေရာမှာ errorဖြစ်လို့ လိုင်းကျတာလဲဆရာ myanmar netက 12v 1.5A (or) 12v 2A load လောက်ဆွဲလို့ 12v 1Aကဒ်နဲ့ အဆင်မပြေတာလားဆရာ ကျေးဇူးပြုပီး rpပြန်ပေးပါလားဆရာ🙏🙏🙏🙏🙏
Myanmar net ဆိုရင်တော့ 2A ups ကဒ်သုံးရပါမယ်..မီးပျက်တဲ့အချိန် လိုအပ်တဲ့ A ကိုမထုတ်ပေးနိုင်လို့ဖြစ်တာပါ..
3mm LED အစား 5mm LED သုံးလို့ရပါလားဆရာ
ရပါတယ်
input ကို 12v 2A adapter သုံးလို့ရလားဗျ
ရပါတယ်..
orginal 12v 1A adapter နဲ့ 12.6V 2A ချာဂျာ ဘယ်ဟာသုံးသင့်လဲဗျ
original adapter နဲ့လည်းအဆင်ပြေပါတယ်
2A wifi upsလေးလည်းလုပ်ပြပါဦးဆရာ
ဟုတ်ကဲ့ပါ ခင်ဗျ..
32'TV အတွက်ဆင်နည်းလေးလုပ်ပါအုန်းဆရာ🙏🙏
ဟုတ်ကဲ့ပါဗျ..
အိမ်ကwifiက 12volt 2Aလို့ရေးထားပါတယ်.အဲ့လိုဆိုဘယ်upsကတ်ကိုသုံးသင့်လဲ.
1A 1.5A 2A?
2A ရေးထားရင် 2A ကဒ်ပဲသုံးရပါမယ်..
12v.ups battery နဲ့သုံးရင်ရပါသလားဗျ။
ရပါတယ်..
1s 2s 3s battery pack လေးရှင်းပြပေးပါ ဆရာ
အရင် video တွေမှာတင်ထားတာရှိပါတယ်
ဓာတ်ခဲအားအပြည့်ရှိပြီး မီးပျက်ရင် လိုင်းပြုတ်သွားပြီး losဆိုတဲ့ မီးနီလေးက မှိတ်တုတ်မှိတ်တုတ်လေးပဲ ဖြစ်နေတာ ကဒ်ကြောင့်လားဆရာ
ကဒ်ကြောင့်ပဲဖြစ်မယ်ဗျ
ကတ်ပေါ်က Battery + - မှာ meter ထောက်ကြည့်တာ 4.2 v မထွက်ဘူး 3.7 v ပဲထွက်တာ ကတ် မကောင်းတာလားဗျ အားမသွင်းနိုင်ဘူးဖြစ်နေလို့ ဆရာ
ကဒ် Error ဖြစ်နိုင်တယ်ဗျ...4.2V အပြည့်ထွက်ရမှာပါ.
@@kktelectronics2023 thank u
1700batt လေးလုံးဆိုဘယ်နှစ်နာရီလောက် ခံလဲဆရာ
ငါးနာရီ ဝန်းကျင်ရပါမယ်..
ဆရာ ဆင်ပြီးသား Ups ကလေး ဘယ်မှာဝယ်လို့ရမလဲဗျ။
ခုလောလောဆယ်တော့ကျနော့်ဆီကုန်နေသေးတယ်ဗျာ..
သိချင်တာက. input adaptor. က votage နဲ့ ampere က များနေရင် ဖြတ်ပေးလား ပိုများတာသုံးရင် ကဒ်လောင်နိုင်လား
input 12V /A လည်း 1.5A လောက်ပဲသုံးမှအဆင်ပြေပါမယ်..
solar က 20V 2A.4A လောက်ထွက်တာကြားခံ 12V 1.5 A ထွက်တဲ့ step down ရှိလားဗျ
Battery 4လုံးထဲဆိုရင် အချိန်ဘယ်လောက်ကြာကြာသုံးရလဲဗျ
mAh ဘယ်လောက်တွေသုံးမယ်ဆိုတဲ့အပေါ်မူတည်ပါတယ်
5A amplifier အတွက်သုံးဖို့ဆင်လို့ရနိုင်မလားခင်ဗျာ
battery နဲ့ဆင်ရင်ရပါတယ်...ups card နဲ့တော့မရပါဘူး
Battery chargeဝင်မဝင်ဘယ်လို့သိရမလဲဆရာ
Level indicator ကိုကြည့်ရင်ရသလို ups card မှာပါတဲ့ led ကိုကြည့်ရင်ရပါတယ်..
Jp1 ကပူးထားပီးသား 12 Vထွက်တယ်
အားဝင်မြန်ေအာင်သွင်းတဲ့နေရာက R 1 R2 ဖြစ်နေတယ်ဗျ ပူးပေးရလားဗျ
ပူးရမယ့်နေရာ အဝိုင်း (pad) ပါရင်ပူးပေးလိုက်ပါ..
တွေ့ပါပီဗျ ကျေးဇူပါ ပူးပေးလိုက်ပါပီ
ဝယ်လို့ရလားဗျ
ခုလောလောဆယ်တော့ wifi ups နားထားသေးတယ်ဗျ..
ဆရာဆီ ကဒ်ဝယ်လို့ရလား
ကျနော့်ဆီ တော့မရှိတော့ပါဘူး
ဆရာအကြံပြုပေးကြပါ
Ups 1a ကဒ်လေး 18650 6လုံးနဲ့အဝင်အထွက် မှန်ကန်အောင်ကြိုးတေဆက်ထားပါတယ်
ဒါပေမဲ့ wifiနဲ့ချိတ်ကြည့်တော့ wifi စက်မာ ပထမဆုံးစပေါ်တဲ့မီးလုံးလေး၁လုံးပဲလင်းပြီး ကျန်တဲ့မီးတေလင်းမလာလို့ပါ မှိတ်တုတ်မှိတ်တုတ် မီးလေးကိုလင်းမလာပါဘူးအကြာကြီးဆောင့်တာတောင်တက်မလာလို့ပါ
wifi စက်က 1A လား 2A လားသေချာစစ်ပါ...2A ဆိုရင် 15V လောက်ကျွေးရပါမယ်..ပြီးတော့ Card error တွေလည်းအများကြီးရှိပါတယ်
3D print အထိုင်ဘယ်ကမှာလဲ bro
Double Z Electronic ကပါ..
ပြီးပြည့်စုံတဲ့
Video လေးတစ်ခုပါဗျာ
သင်ကြားခွင့်ရလို့ကျေးဇူးတင်ပါတယ်ဗျ
အလုပ်တွေအဆင်ပြေပြီး
လိုရာဆန္ဒတွေပြည့်ပါစေအကိုရေ🙏🙏😊😊
ကျေးဇူးပါခင်ဗျာ
Ups က မီးသီးလေးင အမြဲလင်းနေတာ ဘာဖစ်လို့လဲဗျ ဆရာ ဆင်သလို လိုက်လုပ်တာဗျ
error တက်တာဖြစ်နိုင်ပါတယ်..V တွေကိုမီတာနဲ့သေချာပြန်စစ်ပေးပါ..
ပါဝါဘန့် bratty 10000mah ဆို 1s ပဲ ခဲပူးပေးရမှာလားဗျ
ဟုတ်ပါတယ်
5000mah 2 လုံးမလို့ 2s ထိပူးပေးထားတာမှန်လားဆရာ
10000mah ကို 1Aစက်နဲ့သုံးရင်ကြာချိန်ဘယ်လောက်ရနိုင်ပါသလဲဗျ
10 နာရီဝန်းကျင်ပါ
@@kktelectronics2023 🤎
ဝယ်ချင်ပါတယ်၊ဖုန်းးနံပတ်လေးပေးပါ။
09427969125
ကျေးဇူးပါဆရာ
ဆရာသမားတို့အဲဒီဝိုင်ဖိုင်စက်ကိုဝယ်ရင်ဘယ်မှာလို့ဝယ်ယူလို့ရပါသလဲ
Facebook page တွေမှာရောင်းတဲ့သူအများကြီးရှိပါတယ်...ရှာကြည့်ပါခင်ဗျာ..
switchမဖွင့်ခင်မီးစိမ်းလင်းနေတာဟာchargerသွင်းရင်ဘာမမလိုလို့ဘဲ
ဘာကိုပြောချင်တာပါလည်းခင်ဗျာ..
တစ်ကဒ်လောက်ဝယ်ချင်ပါတယ်ဗျာဘယ်လောက်လဲ
ဟုတ်ကဲ့ပါ..အော်ဒါတွေဆင်ပေးဖို့လောက်ပဲထားပါတယ်ခင်ဗျာ..
ဆရာveidoကြည့်ပြီးအဲ့ကတ်နဲ့wifiဆင်ထားတာအတော်လေးအဆင်ပြေပါတယ်ဗျသုံးရတာ
ဟုတ်ကဲ့ပါဗျ
အရမ်းကောင်းပြီးတော်အမြင်ရှင်းနားလည်လွယ်ပါတယ်ဗျ
ကျေးဇူးပါခင်ဗျာ
boxတွေးဘယ်မှာဝယ်လိုရလဲဗျ
Diy ပစ္စည်းရောင်းတဲ့ ဆိုင်တွေမှာရပါတယ်..
ဘယ်မှာဝယ်လို့ရလည်းခင်ဗျ
Diy ဆိုင်တွေမှာရပါတယ်