စိုးရိမ်သင့်တဲ့ အခြေအနေမျိုးထိ တိုးတက်လာနေတဲ့ တရုတ်-ရုရှား စစ်ရေး ဆောင်ရွက်မှုများ | People's Spring

Поделиться
HTML-код
  • Опубликовано: 21 сен 2024
  • စိုးရိမ်သင့်တဲ့ အခြေအနေမျိုးထိ တိုးတက်လာနေတဲ့ တရုတ်-ရုရှား စစ်ရေး ပူးပေါင်း ဆောင်ရွက်မှုများ
    ဆယ်စုနှစ် သုံးခုလောက် ကာလအတွင်း အကြီးမားဆုံး ဖြစ်လာတဲ့ စစ်ရေး လေ့ကျင့်မှု တစ်ခုကို ရုရှားက အကောင်အထည် ဖော်ခဲ့ပါတယ်။ ထူးခြားတာ အဲဒီ စစ်ရေး လေ့ကျင့်မှုဟာ ရုရှားတစ်နိုင်ငံတည်း လုပ်ဆောင်တာ မဟုတ်ဘဲ တရုတ်နဲ့ အတူပူးတွဲ လေ့ကျင့်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။
    စက်တင်ဘာ ၁၀ ရက်နေ့က စတင်ခဲ့တဲ့ Ocean-2024 စစ်ရေးလေ့ကျင့်မှုတွေဟာ စက်တင်ဘာ ၁၆ ရက်နေ့မှာ ပြီးဆုံးခဲ့ပါတယ်။ Ocean-24ဟာ ရုရှားနဲ့ တရုတ်ကြား စစ်ရေး ပူးပေါင်း ဆောင်ရွက်မှုတွေ ပိုမို တိုးတက် အားကောင်းလာနေတယ် ဆိုတာကို ပီပီပြင်ပြင် ဖော်ထုတ်ပြလိုက်တဲ့ အခင်းအကျင်း တစ်ခုလို့လည်း ဆိုနိုင်ပါတယ်။ အဲဒီ နှစ်နိုင်ငံစလုံးကို ပြိုင်ဆိုင်နေတဲ့ အမေရိကန်နဲ့ အနောက်မဟာမိတ် နိုင်ငံတွေ အတွက်တော့ Ocean-2024ဟာ အလေးအနက် စိုးရိမ်ရမယ့် အချက်ပေး တပ်လှန့်မှု တစ်ခုလည်း ဖြစ်လာပါတော့တယ်။
    ရုရှားရဲ့ အရှေ့ဖက် ကမ်းလွန် ရေပြင်ကနေစပြီး ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ကျက်ထားတဲ့ စစ်ရေး လေ့ကျင့်မှုတွေကို တရုတ်နဲ့ ရုရှားရဲ့ ရေတပ်၊ လေတပ်တွေ ပူးပေါင်းပြီး အင်အား အလုံးအရင်းနဲ့ စစ်ရေး လေ့ကျင့်ခဲ့တာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် အမေရိကန်နဲ့ မဟာမိတ်တွေကို အတိအလင်း အင်အားပြ ခြိမ်းခြောက်လိုက်တဲ့ သဘောမျိုးလို့လည်း ယူဆလို့ ရပါတယ်။ သင်္ဘော အစီး ၅၀၀ ကျော်နဲ့ လေယာဉ်အမျိုးစုံ၊ စစ်သည်အင်အား ၉ သောင်းကျော် ပါဝင်တဲ့ လေ့ကျင့်မှုကြီးမှာ နိုင်ငံပေါင်း ၁၅ ခုကို လေ့လာသူတွေအဖြစ် တက်ရောက်ဖို့ ရုရှားက ဖိတ်ကြားခဲ့ပြီး အဲဒီထဲကမှ တရုတ် တစ်နိုင်ငံတည်းကသာ လေ့ကျင့်ရေးမှာ ပူးပေါင်း ပါဝင်ဖို့အတွက် သင်္ဘောတချို့နဲ့ လေယာဉ် ၁၅ စီးကို ရုရှား အရှေ့ဖျား ကမ်းလွန်ဒေသဆီ စေလွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။
    ရုရှား သမ္မတ ဗလာဒီမာ ပူတင်ကတော့ ရုရှားအပေါ် ရန်လိုမှုတွေ ထူထပ်လာတဲ့ နိုင်ငံတကာ ပတ်ဝန်းကျင်မှာ အခု စစ်ရေးလေ့ကျင့်မှုမျိုးက မရှိမဖြစ် လိုအပ်တယ်လို့ အကြောင်းပြခဲ့ပါတယ်။ စစ်ရေးလေ့ကျင့်မှု အခမ်းအနား ဖွင့်ပွဲ မိန့်ခွန်းမှာတော့ ပူတင်က ရုရှားဟာ မိတ်ဆွေ နိုင်ငံတွေနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေကို အရှိန်အဟုန် မြှင့်တင်သွားမယ်လို့ ပြောကြားခဲ့ပြီး ဒါဟာ တရုတ်ကို တိုက်ရိုက် ရည်ညွှန်းကြောင်း အလွယ်တကူ သိမြင်စေပါတယ်။ ရုရှားရဲ့ အင်အား အလုံးအရင်း စစ်ရေးလေ့ကျင့်မှုမှာ တရုတ်က တပ်ဖွဲ့ဝင်တွေ စေလွှတ် ပူးပေါင်းစေခဲ့တာမျိုးအပြင် မကြာသေးခင်ကလည်း ရုရှားကမ်းလွန်၊ အမေရိကန်ရဲ့ ပိုင်နက်ဖြစ်တဲ့ အလာစကာ ပြည်နယ်တဝိုက်မှာ ရုရှားနဲ့ တရုတ် ဗုံးကြဲလေယာဉ်ကြီးတွေ ပူးပေါင်းပြီး ကင်းလှည့် ပျံသန်းတာမျိုးတွေကို တွေ့လာရပါတယ်။ အဲဒီဧရိယာမှာ အရင်ကလည်း ရုရှား စစ်လေယာဉ်တွေ ပျံသန်းလေ့ ရှိပေမယ့် တရုတ် ဗုံးကြဲလေယာဉ်တွေနဲ့ အတူတူ ပူးပေါင်း ပျံသန်းတာမျိုးကတော့ ထူးကဲ အခြေအနေလို့ သတ်မှတ်ရမှာ ဖြစ်ပါတယ်။
    ရုရှားနဲ့ တရုတ်တို့ဟာ အရင်ကတည်းက နီးကပ်တဲ့ ဆက်ဆံရေးမျိုး ရှိခဲ့ဖူးပေမယ့်လည်း စစ်မဟာမိတ် အဆင့်မျိုးတော့ မရပ်တည်ခဲ့ပါဘူး။ ဒါပေမဲ့ ယူကရိန်း ကျူးကျော်စစ်ကို အကြောင်းပြုပြီး အနောက်နိုင်ငံတွေနဲ့ ပိုမို ခါးသီးလာတဲ့ ရုရှားဟာ တရုတ်နဲ့ ဆက်ဆံရေးကို မဟာဗျူဟာမြောက် မြှင့်တင်နိုင်ဖို့ ပိုမို အားထုတ်လာပါတယ်။ ဒီနှစ်ထဲမှာတင် တရုတ်-ရုရှား စစ်ရေး ပူးပေါင်းလေ့ကျင့်မှုတွေ ၁၁ ကြိမ်ထိ ပြုလုပ်ခဲ့ပြီး ဖြစ်သလို ရုရှားရဲ့ အကြီးကျယ်ဆုံး စစ်ရေး အင်အားပြမှု အခင်းအကျင်းမှာပါ တရုတ်ကို ပူးပေါင်းဖို့ ဖိတ်ခေါ်ခဲ့တာ ဖြစ်ပါတယ်။
    မဟာဗျူဟာနဲ့ နိုင်ငံတကာဆိုင်ရာ လေ့လာရေး စင်တာ (CSIS)ကတော့ အဲဒီ စစ်ရေးလေ့ကျင့်မှုတွေဟာ သဘောသဘာဝအားဖြင့် ပိုမို ရှုပ်ထွေးလာသလို ဖြန့်ကျက် လွှမ်းခြုံတဲ့ အကွာအဝေးတွေ ပိုကျယ်ပြန့်လာတာ၊ မဟာဗျူဟာမြောက် နယ်မြေတွေနဲ့ ရေပြင်တွေကို ရွေးချယ်တာတွေ ပိုပြီး အတွေ့များလာနေတယ်လို့ သုံးသပ်ခဲ့ပါတယ်။ ဥပမာအားဖြင့် ဂျပန်နိုင်ငံ အနောက်ဖက် ပင်လယ်ပြင်နဲ့ ပစိဖိတ် သမုဒ္ဒရာ မြောက်ပိုင်းတွေမှာ အဲဒီနှစ်နိုင်ငံ ပူးပေါင်းပြီး ကင်းလှည့်တဲ့ အစီအစဉ်တွေ ပိုထူထပ်လာတာကို တွေ့နိုင်ပါတယ်။
    အမေရိကန်ရဲ့ ပြိုင်ဘက်တွေလို့ သတ်မှတ်ထားတဲ့ နှစ်နိုင်ငံကြား ပိုပြီး စည်းလုံးလာနေတဲ့ အခြေအနေဟာ အိမ်ဖြူတော်က ပုဂ္ဂိုလ်တွေ အတွက် စိုးရိမ်စရာ ဖြစ်လာတာ မဆန်းပါဘူး။ တရုတ်ဟာ ယူကရိန်း စစ်ပွဲမှာ ကြားနေဝါဒ ကျင့်သုံးမယ်လို့ ကြွေးကြော်ရင်း နောက်ကွယ်ကနေ ရုရှားအတွက် စစ်ဘက် အရပ်ဖက် နှစ်မျိုးလုံး အသုံးပြုနိုင်တဲ့ ကိရိယာတွေ၊ ကုန်ကြမ်းတွေ ထောက်ပံ့ပေးနေတယ်လို့ အမေရိကန်က စွပ်စွဲထားပါတယ်။ တရုတ်ကတော့ အဲဒီလို စွပ်စွဲမှုတိုင်းကို ငြင်းဆိုပြီး ဘက်မလိုက် ရပ်တည်မှုကိုပဲ ကိုင်ဆွဲပါ့မယ်လို့ အတန်တန် ပြောနေပေမယ့် ရုရှားနဲ့ ဆက်ဆံရေး မြှင့်တင်လာတဲ့ အခြေအနေတွေကတော့ ကွဲပြားတဲ့ မျက်နှာစာ တစ်ခုဆီကို ညွှန်ပြနေပါတယ်။
    တစ်ချိန်တည်းမှာပဲ ပူတင်က အမေရိကန် ဦးဆောင်တဲ့ အနောက်နိုင်ငံတွေဟာ ရုရှားကို အကြိမ်ကြိမ် ရန်စနေတယ်ဆိုတဲ့ သဘောမျိုးတွေနဲ့ ဝေဖန်နေပါတယ်။ ဒါ့အပြင် တကယ်လို့သာ အနောက်မဟာမိတ် နိုင်ငံတွေဟာ ယူကရိန်း စစ်တပ်က အနောက်နိုင်ငံလုပ် တာဝေးပစ် စစ်လက်နက်တွေကို အသုံးပြုပြီး ရုရှားပိုင်နက် အတွင်းပိုင်းတွေထဲထိ တိုက်ခိုက်နိုင်အောင် ခွင့်ပြုခဲ့မယ်ဆိုရင် ရုရှားဟာ အမေရိကန်၊ ဥရောပ သမဂ္ဂ (EU)၊ NATO စစ်မဟာမိတ် အဖွဲ့တွေနဲ့ပါ စစ်တိုက်နေရပြီလို့ မှတ်ယူသွားမယ်ဆိုပြီး ခြိမ်းခြောက်ခဲ့ပါသေးတယ်။ အနောက်နိုင်ငံတွေနဲ့ တင်းမာမှုတွေ ဆိုးလာလေလေ၊ အားထားရမယ့် မိတ်ဖက်ကောင်းတွေ ပိုလိုအပ်လာလေလေ ဆိုတာကို နားလည်ထားတဲ့ ပူတင်ဟာ တရုတ်ကို ပိုပြီး ခပ်နီးနီး ဆွဲကပ်ထားဖို့ ကြိုးစားလာရပါတယ်။
    #ludunwayoo #လူထုနွေဦး #NewsUpdate
    𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
    𝗬𝗼𝘂𝗧𝘂𝗯𝗲 - / @peoplespring
    𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 - / ludunwayoo
    𝗪𝗲𝗯𝘀𝗶𝘁𝗲 - www.ludunwayoo...
    𝗜𝗻𝘀𝘁𝗮𝗴𝗿𝗮𝗺 - / ludunwayoo
    𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 - t.me/peoplespring

Комментарии • 61

  • @AyeChan-n6k
    @AyeChan-n6k 2 часа назад +22

    ကမ္ဘာ့ငြိမ်းချမ်းရေးကိုခြိမ်းခြောက်နေတဲ့ရုရှားနဲ့တရုတ်ဟာအင်မတန်ရွံစရာ စက်ဆုပ်စရာကောင်းတယ်၊သူတို့နှစ်နိုင်ငံဟာဟစ်တလာနဲ့တပုံစံထဲဘဲ၊တရုတ်ဟာသိက္ခါတစက်မှမရှိတဲ့ဗျောင်လိမ်​ဗျောင်စားနိုင်ငံလို့မြင်မိ

    • @UThanHtike-wj5ol
      @UThanHtike-wj5ol Час назад +1

      ထောက်ခံပါတယ် ဒီကွန်မြူနစ်နှစ်နိုင်ငံလုံးဟာ ကမ္ဘာ့ လုံခြုံရေးကို မြောက်ကိုရီးယားနဲ့အပြိုင် ခြိမ်းခြောက် နေတယ်လို့မြင်မိတယ်

  • @UThanHtike-wj5ol
    @UThanHtike-wj5ol Час назад +7

    တရုတ်ဟာအင်အားကြီးနိုင်ငံသာပြောတာ လုပ်သမျှအလုပ်ကမိန်းမလိုမိန်းမရချည်းပဲ

  • @naylinhtun1910
    @naylinhtun1910 Час назад +2

    စောက်တရုတ်အစိုးရ အမေရိကန်လက်ချက်နဲ့ အမြန်ကျဆုံးပါစေ

  • @KyawMin-wc1km
    @KyawMin-wc1km Час назад +4

    တရုတ်ကတော့ အကျင့်သိက်ခါမစောင့်ထိန်းပဲ ကောင်ကျစ်တဲ့ တဘို့ထဲသမားတွေ။ ပူတင်ကတော့ ထင်ရှားတဲ့ ရာဇဝတ်ကောင်။

  • @juckson7601
    @juckson7601 2 часа назад +5

    အန္ဒိယ ကစောက်ပေါပါ

  • @MyintMyatAung-l9r
    @MyintMyatAung-l9r 2 часа назад +5

    ပူတင်နိဂုံးတရုပ်ဆုံးမယ့်အချိန်ရောက်ပြီ

  • @LyLy-ob1ll
    @LyLy-ob1ll Час назад +1

    စောင့်ကြည့်ပါ အမေရိကန်က
    ရုရှား ကို ယူကရိန်း
    အရှေ့အလယ်ပိုင်းမှာ အီစရေး
    တရုတ် အတွက် ထိုင်ဝမ်
    ကို အနောက် နိုင်ငံတွေက
    ထိုးကျွေးပြီး
    လက်နက် ရောင်းလိမ့်မယ်
    စောင့်ကြည့်ပါ

  • @ZawMyoHtut-m8j
    @ZawMyoHtut-m8j 2 часа назад +2

    ချစ်တယ် ဂျာမုန်းလေး❤
    မတွေ့တာ ကြာပြီ😊

  • @kokhin501
    @kokhin501 51 минуту назад +1

    မင်္ဂလာပါ ချစ်ညီမ ဂျာ ( အရုပ်လေး ) 💖💖💖💖💖💖💖💖💖

  • @AyeLwin-y6u
    @AyeLwin-y6u 2 часа назад +2

    တရုတ်ကUsတောင်
    အပြောတမျိုး၊အလုပ်တမျိုး
    ရေတဖက်၊မီးတဖက်

  • @htoohtoo-u1z
    @htoohtoo-u1z Минуту назад

    ချ ချသာချကြ
    ကမ္ဘာကြီးမှာရန်လို လောဘကြီးသူတွေမြန်မြန်သေလေလေ
    နောင်လာနောက်သားသမီးတွေဟာ စစ်ရဲ့ ဆိုးရွားတဲ့ပြယုဂ်ကိုသတိတရားရစေနိုင်တာပေါ့
    ချ ချ မြန်မြန်သေကုန်လေ အေးလေဘဲဟေ့ 👏👏👏

  • @san-w4t6w
    @san-w4t6w Час назад +2

    တတိယကမ္ဘာစစ်ဖြစ်တော့မယ်ဘယ်သူမှကယ်မရဘူး နျူသုံးတော့မယ်

  • @ingyinkyin7974
    @ingyinkyin7974 2 часа назад +1

    ကြိုဆိုလျက်ပါ မဂျာမုန်း ♥👍🌹

  • @kozawtun671
    @kozawtun671 2 часа назад +2

    ညီမလေဂျုမုံရေးတရုတ်ရုရှားက ကမ္ဘာကိုမချိမ်ချောက်နိုင်ပါဘူး မြေပုံပျောက်မဲ့သဘော

  • @soewin7108
    @soewin7108 34 минуты назад +1

    thank

  • @san-w4t6w
    @san-w4t6w Час назад +3

    အာလုံးအ​ြိုင်သေကြရအောင်

  • @MgSoe-sb5yl
    @MgSoe-sb5yl 3 часа назад +1

    ဘေးကင်းပါစေ

  • @kingfighter1176
    @kingfighter1176 3 часа назад +2

    သက်ကြကွာ အားလုံးသေ နားနေ😢

  • @ASPOtada669
    @ASPOtada669 Час назад +1

    မင်္ဂလာပါဗျ။

  • @5v-wz1io
    @5v-wz1io 2 часа назад +2

    မာမီရဲ့တဦးတီးသမီးဖြစ်ပါစေဘဲစုတောင်းမေတ္တာထားတယ်❤❤❤❤❤❤❤
    ရုရှားဖြစ်ဖြစ်တရုပ်ဘဲဖြစ်ဖြစ်ကရုကိုမစိုက်ဘူးတယုပ်ရုပ်မာတယ်အင်အားကြီးလို့နိူင်ငံတကာချိန်းခြောက်နေတာဘယ်နိူင်ငံကိုမှစစ်မတိုက်ရဲဘူးစစ်မကြေညာရဲဘူတရုပ်ကစီးပွားရေသမားစီးပွားပျက်မှာကြောက်နေတယ်ကွာ

  • @5v-wz1io
    @5v-wz1io 2 часа назад +1

    တမီနစ်ကြေညာပေးပါ❤❤

  • @KingLove-g1c
    @KingLove-g1c 3 часа назад +1

    မီးလည်း မလာဘူး မြေးလေး ရေ
    နင့်ပုံကိုပဲ ထိုင်ကြည့်နေရတယ် မမိုက်ဘူး။ ပုပြောင်းမှ

  • @M-TM-T-ed9sy
    @M-TM-T-ed9sy 2 часа назад +1

    မင်္ဂလာပါ*

  • @htoosawsawsa
    @htoosawsawsa 57 минут назад +1

    US ကိုနိုင်စရာ မရှိဘူး...

  • @MinThway-js4yn
    @MinThway-js4yn 42 минуты назад +1

    😂😂တယုတ်ရေဘက်မလိုက်လို့ပါပဲ။ဘက်လိုက်တယ်လို့အတိအကြကြေငြာလိုက်လို့ကတော့မြန်မာပြည်သူကုန်လောက်ပြီ။😢

  • @thantzinoo9009
    @thantzinoo9009 2 часа назад +1

    👍👍👍👍👍👍

  • @KhinYatiCho-v1c
    @KhinYatiCho-v1c Час назад +1

    ယွမ်တွေကို ကမ္ဘာသုံးငွေဖြစ်အောင်တရုပ်ကြီးအရင်လုပ်ပါဦး

  • @linlin-xs4ff
    @linlin-xs4ff 2 часа назад +1

    ❤❤❤❤❤

  • @zawkhin2410
    @zawkhin2410 2 часа назад +1

    ဘာကိုစိုးရိမ်နေတာလဲ စောစောနှိပ်ကွပ်ပစ်လိုက်

  • @konaing-r5p
    @konaing-r5p 3 часа назад +1

    ❤❤❤❤❤❤❤❤❤🎉🎉🎉

  • @kunglay-d6r
    @kunglay-d6r 3 часа назад

    မဂ်လာပါ❤❤❤🎉🎉

  • @UZawLwin-z3f
    @UZawLwin-z3f Час назад

    မြောက်ပါ+လိုက်အုံး us ကပြင်းတယ်

  • @ThawngMU
    @ThawngMU 2 часа назад

    မြေကြီးကိုဖျက်မဲ့နိုင်ငံနှင့်လူမျိုးဟာမျိုးတုန်းစေမဲ့ထာဝရဘုရားသခင်ရှိလို့ထိုဘုရားကတာဝန်ယူလိမ့်မယ်ထိုဘုရား၌တာခိုင်ခန့်ခြင်းသာလိုအပ်မည်

  • @KoThanZawOo-k8u
    @KoThanZawOo-k8u Час назад

    Usကျရင်ကျေနပ်တယ်

  • @soe-ko9xc
    @soe-ko9xc 2 часа назад

    ဘယ်သူကစိုးရိမ်တာလဲ မင်းတို့သတင်းဌာနကလား

  • @san-w4t6w
    @san-w4t6w Час назад

    ဒါအမှန်တရားဘဲ မယုံရင်ကြည့် လပိုင်းဘဲ

  • @NaingLinnTun-b6m
    @NaingLinnTun-b6m 26 минут назад

    Chinaဟာ အောက်တန်းကျတဲ့နိုင်ငံပါ ဒါကြောင့်ကျဆုံးမှာပါ

  • @HMUEPYAE-hl7hu
    @HMUEPYAE-hl7hu 38 минут назад

    ❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤မဂ်လာပါ ကျမ်းမာပါစေ❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤

  • @KoThar-o2b
    @KoThar-o2b 2 часа назад

    ❤❤❤❤❤❤❤❤❤❤🎉🎉🎉🎉🎉🎉🎉🎉🎉

  • @สุมาลีหล่อแหลม-ฬ3ศ

    ✊👍💛😍

  • @muangdawnclock
    @muangdawnclock 3 часа назад +1

    I love you news bebe

  • @zawzaw-pt9sq
    @zawzaw-pt9sq 2 часа назад

    မင်္ဂလာပါ ချစ်ညီမ ဂျာ 💖💖💖💖💖💖💖💖💖

  • @locust.2612
    @locust.2612 22 минуты назад

    🇨🇳🇹🇭🇷🇺 ကို တိုက်မှာ မြန်မာကွ ဆန့်ကျင်တယ်ကွာ ဆန္ဒပါပြတယ် တရားပါစွဲးတယ်ကွာ L€€ ဖြစ်လား အက်လဲး ဟာ သွားပါပြီကွာ ထိုင်း🇹🇭 က မြန်မာပြည်သူတွေ ဟာ ငါတို့နဲ့ဘာဆိုင် ကောင်းဖို့(စောက်ကြောင်းပြ /လုပ်တက်သလို) လုပ်ကြတာ 🤌🤌🤌

  • @hlasoe-n5t
    @hlasoe-n5t 3 часа назад

    မဂ်လာ ပါ ဂျာလေ

  • @EiEi-i2x
    @EiEi-i2x Час назад +1

    မေတိကန်ရေ လှုပ်ရှားပါတော့ နင်မရှိရင် ကမ္ဘာကြီးဘယ်လိုဖြစ်သွားမလဲ အေးချမ်းမှာလား၊ ဆိုးယုတ်မှာလားမသိ ကိုယ့်အတွက်ချည်းဘဲကြည့်ရမဲ့အချိန်မဟုတ်တော့ဘူး၊ ကမ္ဘာ့နံပါတ်တစ်နေရာမှာ ငြိမ်းချမ်းရေးအတွက် မလုပ်နိုင် ရင်လည်း တရုတ်၊ ရုရှား၊ မြောက်ကိုးရီးယားကို အရှုံး ပေးလိုက်တော့ သူတို့က ကမ္ဘာ့ငြိမ်းချမ်းရေးကို ဖော်ဆောင်ပေးမှာပါ

  • @ZhangLu2822
    @ZhangLu2822 Час назад

    😂😅

  • @NanTaung-g9e
    @NanTaung-g9e Час назад

    ကုလသမကဗီဒိုအာဏာရှင်ရုရှားနဲ့တရုတ်နဲ့မဟာမိတ်မြောက်ကိုရီးယားနဲ့စစ်ရေးပူးပေါင်းတာဘာဖြစ်လည်း။ရုရှားနယ်စပ်ယူကရိမ်းကိုနေတိုးထဲဝင်ခိုင်းလို့ရုရှားကယူကရိန်းကိုဝင်တိုက်ရတာ။ဇလန်းစကီးတာဘက်မလိုက်ကြားနေရင်စစ်ဖြစ်စရာမရှိဘူး 6:33 6:33 6:33 ။မြန်မာနိုင်ငံလည်းစုကြည်အမေရိကန်မဲလိမ်ကြောင့်စစ်ဖြစ်ရတာ။ဟင့်၊‌ပြောရတာလည်းမောတယ်။😮😮😮😮😮😮😮😮😢😢😢😢😢

  • @HtooHtoo-uc2zq
    @HtooHtoo-uc2zq 2 часа назад +2

    စုတ်တယောက်နဲ့စောက်ရုရှားမြန်မြန်ကျဆုံးကြစမ်း

  • @tharngal8814
    @tharngal8814 3 часа назад

    ❤❤❤❤❤❤❤❤

  • @Macho-gn6cl
    @Macho-gn6cl 2 часа назад +2

    တရုတ်ခေါင်းဆောင်နဲ့ရုရှားခေါင်းဆောင်တွေကို အရင်သတ်နိုင်ရင်ကဘာကြီးငြိမ်းချမ်းပီ

  • @san-w4t6w
    @san-w4t6w Час назад +1

    ဦးသူဗိုလ်ဖြစ်မယ်ဒါပေမဲ့အုပ်ချုပ်ဘို့ရာလူမရှတော့ဘူး

  • @TunPaaung-pn1rz
    @TunPaaung-pn1rz Час назад +1

    သူယုတ်မာအချင်းချင်းစည်းလုံးတာမဆန်းဘူး

  • @san-w4t6w
    @san-w4t6w Час назад +1

    ကမ္ဘာမှာဗိုလ်ရယ်လို့မရှိတော့ဘူး

  • @MoonStar-vc9on
    @MoonStar-vc9on 2 часа назад +1

    အဲ့ဒိနှစ်ကောင်ပြန်ကိုက်ကြမှာ😂