ထားဝယ်မြို ရှင်ကိုးရှင် ဘုရားသမိုင်း Shin 9 Shin Pagodas In Dawei History

Поделиться
HTML-код
  • Опубликовано: 20 окт 2024
  • ထား၀ယ်မြိုမှ ရှင်ကိုးရှင် ဆိုသည်မှာ
    ၁။ ရှင်ပင်ခရု
    ထား၀ယ်မြို၊ကရင်ပြင်တောင်ရပ်ကွက်၊ အာဇာနည်လမ်းတွင်တည်ရှိသည့် ရှင်ပင်ခရုစေတီတော်ကိ် လွန်ခဲ့သော နှစ် ၃၀၀ က တည်ထားခဲ့သည်ဟု ယူဆကြသည်။ ရှင်ပင်ခရု စေတီတော်ကို ခရေပင်ကြီးနှစ်ပင်အကြား၌ပေါ်လာသည့် အလွန်ကြီးမားသော ခရုကြီး၏ အခွံပေါ်တွင် တည်ခဲ့သည် ဟုအဆိုရှိခဲ့သည်။ ထား၀ယ်ဒေသတွင် ခရေပင်ကို ရှားပင်ဟုခေါ်ဆိုကြကာ ရှားပင်နှစ်ပင်နှင့်ခရုပေါ်မှဘုရားဟူသည့် အဓိပ္ပာယ်ဖြင့် ရှား ပင်ခရုဟု ခေါ်ဆိုခဲ့ကြရာမှ ရှင်ပင်ခရုဟု အမည်တွင်ခဲ့ကြောင်း အစဉ်အဆက်ပြောဆိုခဲ့သည်။
    ၂။ ရှင်မုတ္ထီး
    ထား၀ယ်မြိုမှ ခြောက်မိုင်ကွာဝေးသည့် ရှင်မုတ္ထီးရွာသည် မုတ္တသုနခဂရမြိုမှ ရှင်မုတ္ထီးဟုအမည်တွင်ခဲ့ကြောင်း ယူဆကြသည်။ ထား၀ယ် မြိတ်မော်တော်ကားလမ်း၏ ယာဘက်ရှိ ရှင်မုတ္ထီးရွာတွင်တည်ရှိသည့် စေတီတော်တွင် ရှင်မုတ္ထီးရုပ်ပွားတော်ကို ဌာပနာ ထည့် သွင်းခဲ့သည်။ ရှင်မုတ္ထီးရုပ်ပွားတော်သည် သီဟိုဠ်ကျွန်းမှ ရဟန္တာအရှင်မဟာအရဟံက ပင်လယ်တွင်းသိုမျှောခဲ့သည့် ရုပ်ပွားတော် လေးဆူ အနက် တစ်ဆူဖြစ်ပြီး ကျန်သုံးဆူမှာ ပုသိမ်မြိုရှိ ရှင်မုဋ္ဌော ဘုရား၊ ကျိုက်ထိုမြိုမှ ကျိုက်ပေါလောမှည့်ရှင်ဘုရားနှင့်ကျိုက္ခမီရေလယ် ဘုရား ဖြစ်ကြောင်း အဆိုရှိခဲ့သည်။ရှင်မုတ္ထီးရုပ်ပွားတော်ကို ဆယ်ယူရရှိခဲ့သည့်နေရာသည် စေတီတော်၏အနောက် ဘက်မြစ်ကမ်း အနီး ဖြစ်ပြီး ထိုနေရာတွင် ရုပ်ပွားတော်ကို ဆယ်ယူခဲ့သည် ဆိုသည့် သီလရှင်ရုပ်ထုကို ထားရှိသည်။
    ခရစ်နှစ် ၁၉၂၄ ခုနှစ်တွင် တနင်္သာရီ တိုင်းမင်းကြီး မစ္စတာအိပ်ခ်ျအမ် စတီဗင်ဆင်သည် ရှင်မုတ္ထီးစေတီအနီးမှ မြေအုတ်ခွက် ၃၀၀ ကို ရရှိခဲ့သည်။အုတ်ခွက်ဘုရားအချို၏ ကျောဘက်တွင် ရှေးဟောင်း မွန်ကမ္ဗည်းစာများ ရေးသားထားသည့်အနက် သ္မိင်သြီတြိ ဘော၀နာဒိတျ သည် မြန်မာဘာသာဖြင့် သီရိတြိဘု၀နာဒိတျဓမ္မရာဇာဖြစ်ပြီး ပုဂံ ပြည့်ရှင် ကျန်စစ်သားမင်းကြီး၏ ဘွဲတော်ဖြစ်သည်။ ထား၀ယ်ကို ပုဂံခေတ်က ထဝါယ်၊ဒဝါယ် ဟုရေးသားခဲ့ကြပြီး အုတ်ခွက်ကမ္ဗည်းစာတွင်ပါရှိသော ထား၀ယ်မြိုကို အုပ်ချုပ်သူ ဓမ္မရာဇ် သမ္ဗေင်အနန္တဇေယျ (သံဗျင်အနန္တဇေယျ)သည် ကျန်စစ်သားမင်းကြီး၏ သစ္စာတော်ခံဖြစ်သည်။မြန်မာသက္ကရာဇ် ၉၅၅ ခုနှစ်တွင် ထား၀ယ်မြိုစားသူရိယကုမ္မာသမီးမောင်နှံသည် ကြေးချိန်ပိဿာ ၁၀၀ ရှိသည့် ကြေးခေါင်းလောင်းကို ရှင်မုတ္ထီးစေတီသို လှူဒါန်းခဲ့သည်။
    ၃။ ရှင်တောင့်ပုံ
    ပေ ၂၀၀၀ ကျော်အမြင့်ရှိသည့် တောင်ကုန်းပေါ်တွင်တည်ထားသည့် ရှင်တောင့်ပုံစေတီသည် ထား၀ယ်မြိုမှ ၁၈ မိုင်ကွာ ဝေးပြီး သရက်ချောင်းမြိုနယ်တွင်တည်ရှိသည်။ တောင့်ပုံသည် မြားပုံး၊ မြားပလုံး၊မြားကျည်တောက်များစုပုံထားသည့်နေရာဟုအဓိပ္ပာယ်ရှိသည်။ တောမုဆိုးမောင်နွားသည် ရှင်တောင့်ပုံစေတီတော် ကုန်းမြင့်ပေါ်တွင် မုဆိုးဘ၀ကို စွန့်၍ သူ၏ မုဆိုးအသုံး အဆောင်ပစ္စည်းများကို စုပုံ မီးရှိပြီး ရှင်ဂေါဝိန္ဒအမည်ဖြင့် ရသေ့၀တ်ခဲ့ကာ ရှင်တောင့်ပုံစေတီကို တည်ထားခဲ့သည်ဟုဆိုကြသည်။ ရှင်တောင့်ပုံစေတီကို ပျူခေတ် သိုမဟုတ် ပုဂံခေတ်ဦးပိုင်းလက်ရာဟု ဆိုကြသော်လည်း ခိုင်မာသော အထောက်အထားများ မတွေ့ရှိရသေးပါချေ။
    ၄။ ရှင်မော်
    လောင်းလုံမြိုနယ်အတွင်းရှိ ရှင်မျှော်တောင်ဘုရားသည် တောင်ပေါ်စေတီတစ်ဆူဖြစ်ပြီး ထား၀ယ်မြိုမှ ၅၂ မိုင်ကွာဝေးသည့် ကြက်လွှတ် ကျေးရွာတွင်တည်ရှိသည်။ဘုရားသမိုင်းများအဆိုအရသက္ကရာဇ် ၂၃၈ ခုနှစ်၊တပေါင်းလပြည့်နေ့တွင်ရှင်မျှော်တောင်စေတီကို တည်ထားခဲ့ပြီး ပုဂံဘုရင်များဖြစ်ခဲ့ကြသည့် အလောင်းစည်သူမင်းနှင့်နရပတိစည်သူမင်းတိုလာရောက်ကုသိုလ်ပြုခဲ့ကြသည်ဟုဆိုသည်။
    ပင်လယ်ရေတက်ချိန်တွင် ပင်လယ်ကမ်းခြေနှင့် အတန်ငယ်လှမ်းသည့် နေရာရှိ ကျောက်တုံးကြီး တစ်တုံးပေါ်တွင် တည်ထား သော စေတီငယ်အနီးမှ ရေပြင်သည် ဒယ်အိုးကဲ့သိုဖြစ်လာကာ စေတီကို ရေလွှမ်းမိုးရှိခြင်းမရှိချေ။
    ရှင်မျှော်တောင်အောက်၊အုတ်စင်မြောက်စခန်းတွင်ရှိသည့် ရေအိုင်ငယ်သည် ပင်လယ်ဒီရေတက်ချိန်တွင် ဆားငန်ရေများ ၀င် ရောက်လေ့ရှိသော်လည်း ဒီရေကျသွားချိန်တွင် ရေချိုအိုင်အဖြစ်သာတည်ရှိနေသည်ဟုဆိုသည်။ရှင်မျှော်တော်၏ အံ့ဖွယ်ခြောက်ဖြာ ကိုလည်း ဘုရားသမိုင်းစာအုပ်များတွင် ရေးသားဖော်ပြလေ့ရှိကြသည်။
    ၅။ ရှင်တောက်ထိန်
    ထား၀ယ်ခရိုင်၊လောင်းလုံမြိုနယ်၊ကမြောကင်းကျေးရွာတွင် တည်ရှိသည့် ရှင်တောက်ထိန်စေတီကို ရှင်ကိုးရှင်တစ်ဆူဟု ဆိုကြ သော်လည်း မူလရှင်တောက်ထိန်ဘုရားသည် စေတီတော် အရှေ့ဘက်သိမ်အတွင်းရှိ တ၀ဂူတွင်ကိန်း၀ပ်စံပယ်နေသော ရုပ်ပွားတော်ဖြစ် သည်။ရှင်တောက်ထိန်ကို ဓာတ်ဘုရားဟုလည်း ခေါ်ကြပြီး နှစ်စဉ် သီတင်းကျွတ်လပြည့်နေ့တိုင်း ဆွမ်းတော်ကြီးတင်ပွဲ ကျင်းပလေ့ရှိ သည်။
    ၆။ ရှင်ဥသြ
    ထား၀ယ်မြို၊ပိန္နဲတောရပ်ကွက်၊ ရွှေကျောင်းကြီး၀င်းအတွင်း၌ တည်ရှိသော ရှင်ဥသြစေတီ သည်ဖောင်းရစ် ၁၁ ရစ်ရှိသဖြင့်တည် ဆောက်ပုံ ထူးခြားသော စေတီတစ်ဆူဖြစ်သည်။ရွှေတောင်စားမင်း၊ မင်းရှင်ဇော်သည် သက္ကရာဇ် ၁၁၂၂ ခုနှစ်တွင် ပိန္နဲတောရပ်တွင် ရွှေကျောင်းကြီးကိုဆောက်လုပ်၍ နန်းစံခဲ့ကာ သက္ကရာဇ် ၁၁၂၂ ခုနှစ်တွင် နန်းဦးစေတီအဖြစ် ရှင်ဥသြစေတီကို တည်ခဲ့သည်။မင်းရှင်ဇော် သည် ရွှေဥသြစေတီကိုတည်အပြီး နှစ် နှစ် အကြာတွင် ရွှေတောင်စားစေတီကို ထပ်မံ တည်ထားခဲ့သည်။
    ၇။ ရှင်ဇလွန်
    လောင်းလုံမြိုနယ်အတွင်းရှိ သာဂရ မြိုဟောင်းတွင်တည်ရှိသော ရှင်ဇလွန်စေတီတော်၏ ခေါင်းလောင်းပုံ အထက်ပိုင်းပတ်လည် တွင် ပုံဖော်ထားသည့် အင်္ဂတေပန်းကနုတ်များတွင် သိရိ၀စ္ဆပုံများပါရှိနေသဖြင့် ရှင်ဇလွန်ကို ပျူခေတ်နှင့်ခေတ်ပြိုင်တည်ရှိခဲ့သည့် စေတီ ဟု ယူဆမှုများရှိခဲ့သည်။သာဂရမြိုဟောင်း၊ အတွင်းအပြင် မြိုရိုး၊ကျုံးနှင့်ပျူသင်္ချ င်း(အရိုးအိုးကုန်း)တိုကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ထိန်းသိမ်း စောင့်ရှောက်ထားသည်။
    ၈။ ရှင်ဓာတ်ဝဲ
    ရှင်ဇံတည်ခဲ့သည့် ရှင်ဓာတ်ဝဲစေတီသည် ထား၀ယ် ရေဖြူ မော်တော်ကားလမ်းမှ ခုနစ်မိုင် ဝေးသော မောင်မယ်ရှောင်ရွာတွင် တည်ရှိသည်။
    ၉။ ရှင်ဆံတော်
    ကလိန်တောင် ဆံတော်ရှင် ဆုတောင်းပြည့် ဘုရားဟုထင်ရှားသည့် ရှင်ဆံတော်စေတီကို ရေဖြူမြိုနယ်၊ကလိန်အောင်တောင် ပေါ်တွင်တည်ထားသည်။ကလိန်အောင်တောင်သည် ထား၀ယ်မြိုမှ မြောက်ဘက်သို ၄၇ မိုင်ကွာဝေးသည်။

Комментарии •