သူ့ရှေမှာ ရှယ်အောင်ပွဲခံနေတဲ့ အမ်ဘာပေကို ဂုတ်ကြီးရော်နယ်ဒို ဘယ်လိုတုံပြန်ခဲ့လဲ ?

Поделиться
HTML-код
  • Опубликовано: 5 сен 2024
  • ပြီးခဲ့တဲ့သောကြာနေ့က ယူရို ၂၀၂၄ ကွာတားဖိုင်နယ်မှာ ပြင်သစ်ကို ပင်နယ်တီအဆုံးအဖြတ်နဲ့ရှုံးနိမ့်ခဲ့ပြီးနောက် ပေါ်တူဂီတိုက်စစ်မှူး ရော်နယ်ဒိုရဲ့ ယူရိုမျှော်လင့်ချက်တွေဟာ အဆုံးသတ်သွားခဲ့ပြီဖြစ်ပါတယ် ။ ဒီနေ့ဗီဒီယိုမှာတော့‌ ရော်နယ်ဒိုနဲ့ မက်ဆီတို့ရဲ့အားပြိုင်မှုဟာ တစ်ဖြေးဖြေးနဲ့အဆုံးသတ်ပိုင်းကိုရောက်ရှိလာနေပြီးဆိုတဲ့အကြောင်းအရာတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ် ။
    တစ်ဖက်မှာ ရော်နယ်ဒို Idol အဖြစ်သတ်မှတ်ထားတဲ့ အမ်ဘာပေကတော့ ဂိုးရဖို့ရုန်းကန်နေရတာတောင် ဆီးမီးဖိုင်နယ်အဆင့်ကိုတက်ရောက်သွားခဲ့ပြီးဖြစ်ပါတယ် ။ အမ်ဘာပေဟာ ပေါ်တူဂီကို ပင်နယ်တီအဆုံးအဖြတ်နဲ့အနိုင်ရရှိခဲ့ပြီးနောက် ပေါ်တူဂီအသင်းသားတွေကိုတောင် ဂရုမစိုက်ဘဲ ကွင်းထဲကို ပြေး၀င်ပြီးအောင်ပွဲခံသွားခဲ့ပါတယ် ။ လက်ရှိ အချိန်မှာရော်နယ်ဒိုရဲ့အကောင်းဆုံးအချိန်တွေက အတိတ်မှာကျန်ခဲ့ပြီ လို့ဆိုရမှာဖြစ်ပြီး အမ်ဘာပေ တို့လို လူငယ်ကစားသမားတွေရဲ့ခေတ်ကိုရောက်ရှိလာခဲ့ပြီဖြစ်ပါတယ် ။
    ပြင်သစ်နဲ့ပေါ်တူဂီပွဲမှာဆိုရင်လည်း သူတို့နှစ်ဦးစလုံးဟာ သက်ဆိုင်ရာနိုင်ငံအသင်းတွေအတွက် ပင်နယ်တီအဆုံးအဖြတ်ကို ဦးဆောင်ခဲ့ကြတဲ့သူတွေဖြစ်ပါတယ် ။ ရော်နယ်ဒိုဟာ ပေါ်တူဂီအတွက် ပထမဆုံးပင်နယ်တီကို ၀င်အောင်ကန်သွင်းနိုင်ခဲ့ပြီး ရီးရဲလ်မှာရှိခဲ့တဲ့ရွှေရောင်နေရက်တွေကအတိုင်း‌ စိတ်အေးအေးထားဖို့ပြောတဲ့ပုံစံနဲ့အောင်ပွဲခံသွားခဲ့ပါတယ် ။ ရော်နယ်ဒိုအတွက်ကံမကောင်းခဲ့တာက ပြင်သစ်ဘက်က ပင်နယ်တီ (၅) ကြိမ်စလုံး၀င်တဲ့အချိန်မှာ ယာအိုဖီးလစ်ရဲ့ကန်ချက်က တိုင်ထိခဲ့တာကြောင့် ပေါ်တူဂီတို့ ယူရိုကို နှုတ်ဆက်ရဖို့ဖြစ်လာခဲ့ပါတယ် ။
    #supersundaysports #euro2024 #france

Комментарии • 4