ထိမိ၍ လဲစရာ မဖြစ်စေနဲ့ / တခြားဘာသာကို မစော်ကားနဲ့ / မပုတ်ခတ်နဲ့ (Myanmar Sermon 2024)
HTML-код
- Опубликовано: 13 дек 2024
- တခြား ဘာသာ ကို မစော်ကားနဲ့ ❌
သူတပါးအတွက် ထိမိ၍ လဲစရာ မဖြစ်စေနဲ့
သင်တို့ အခွင့်ကို အားနည်းသော သူတို့၌ ထိမိ၍ လဲစရာအကြောင်း မဖြစ်စေခြင်းငှာ သတိပြုကြလော့။
(၁ ကောရိန္သု ၈:၉)
သက်သေခံသလိုနဲ့ တရားဟောတာလဲ
ရှောင်ကြည်ပါ
သူတပါး ခွန်အားမရဘဲ ထိမိ၍ လဲစရာဖြစ်နေ တတ်တယ်
ကိုယ့်ရဲ့ အ၀တ်အစား အားဖြင့်လဲ
ထိမိ၍ လဲစရာ ဖြစ်တတ်တာမို့
အထူး သတိထားပါ
တောဂေါ်လီ လိုလို
Rapper လိုလို ၀တ်စားပြီး
တရားပလ္လင် ပေါ် တက်တာတွေ ရှောင်ပါ
ကိုယ့်ရဲ့ အစားအသောက်အားဖြင့်လဲ
သူတပါး ထိမ်၍ လဲစရာမဖြစ်ဖို့
ကျမ်းစာက သွန်သင်ထားပါတယ်
သို့ဖြစ်၍၊ ငါ၏အစားအသောက်သည် ငါ့ညီအစ်ကိုကို မှားယွင်းစေလျှင်၊ ငါ့ညီအစ်ကို၌ မှားယွင်းစရာအကြောင်း မရှိစေခြင်းငှာ၊ အမဲသားကို အစဉ်မပြတ်ရှောင်မည်။
၁ ကောရိန္သု 8:13
ကိုယ့်အားဖြင့် တပါးသူ ခွန်အားရစရာပဲ
ဖြစ်ဖို့
ကိုယ့်အားဖြင့် သူတပါး မလဲ ဖို့
ဝိညာည်တော် သင့်ကို အလင်း ပေးပါစေ
ဤ နှုတ်ကပတ်တော် သည်
သင် လျောက်လှမ်းရမဲ့ ဘ၀ခရီးအတွက်
မီးအိမ် သဖွယ် အလင်းပေးပါစေ
နှုတ်ကပတ်တော်သည် အကျွန်ုပ်ခြေရှေ့မှာ မီးခွက်ဖြစ်၍၊ အကျွန်ုပ်လမ်းခရီးကို လင်းစေပါ၏။
(ဆာလံ 119:105)