Guitar တလုံးဝယ်ရင် ဘာတွေသိထားရမလဲ | Buying Guide: How to Buy Your First Guitar !
HTML-код
- Опубликовано: 8 сен 2024
- #ဂစ်တာဝယ်နည်း #acoustic #sixstringsoul
1. Guitar တလုံးဝယ်ရင် သိထားရမဲ့အချက်များ
2.ဂစ်တာတလုံးဝယ်ရင် ဘာတွေသိထားရမလဲ
Hay guys , i 'm Chan Myae from myanmar. I want to share my acoustic guitar experience to all of you. Fingerstyle cover, Fingerstyle lesson,Technique also include Tab note. So if u enjoy my content subscrible ,like and share for support me . Thank all .
Subscribe here ...... / @sixstringsoulfingerstyle
My Facebook Page .... / coversongandguitartuto...
ဒီ Guide ကတော့ Beginner အတွက်ပါ ။ အဆင်ပြေကြတယ်ဆိုရင် Part 2 အနေနဲ့ Tone wood သစ်သားအကြောင်းတွေ . Top solid .Laminate ကွာခြားမှုတွေ . အသုံးများတဲ့ Guitar wood တွေ အဲ့လိုမျိုးတွေ ထပ်လုပ်ပေးဖို့ရှိပါတယ် ။
လုပ်ပေးပါဦး အစ်ကို
ရမ်သမ် ကောင်းကောင်းတီးနိုင်တာမို့ အကို့အနောက်ကထင်ရူးသားနဲ့လုပ်ထားတဲ့size40japn madeလေးတံဆိပ်က ဘာလဲဗျ အကိုဖြေပေးပါအုံး
ဝယ်ချင်လို့ ဘယ်ဆိုင်မှာ ဝယ်ရင်ကောင်းမလဲလိပ်စာလေးပေးပါခင်ဗျာ
December guitar storeမှာစိတ်ချရပါတယ်bro
ကျေးဇူးပါဆရာ
ကျေးဇူးပါ ဆရာရေ❤
thank u
ကျေးဇူးအများကြီးတင်ပါတယ်ဗျ
@@shinthant_linn ဟုတ်ကဲ့ပါဗျ
Waiting to part 2 bro...
Part 2 လာမယ် bro . Data သိပ်မစုံသေးလို့
Solid top ဖြစ်တဲ့ဂစ်တာရဲ့အားသာချက်ပြောပြပါဆရာ။ ကျေးဇူးတင်ပါတယ်။
Solid top ကတော့ ကြိုးဆွဲအားဒဏ် ပိုခံနိုင် .
အသံထွက်ပိုကောင်းမယ် ။ laminate နဲ့ တော်တော်ကွာပါတယ် ။ ဆိုးတဲ့အချက်က ကျနော်ပြောထားသလို သစ်တွေကုန်တာရယ် ရာသီဥတုဒဏ် နည်းနည်း
ဂရုရိုက်ရတာရယ်ပဲ ရှိတာပါ ။
❤ကျေးဇူးပါ 🙏ခင်ဗျ
ကျေးဇူးပါ အကို
@@ZawmyoHtet-lg7jn ဟုတ် bro .
၃သိန်းခွဲတန်ထဲက Eq ပါတာကောင်းလာ
မပါတာ ပိုကောင်းလာ အသံquality သိချင်တယ်ဆရာ
EQ က bro မသုံးဘူးဆို မပါတာရွေးဝယ်ပါ ။
သုံးမယ်စဥ်းစားထားမှ ပါတာဝယ်ပါဗျ
အသံထွက်ကတော့ အတူတူပါပဲ ။
အကို ဂစ်တာမာလေ ရမဟာအိုး ဆိုတာရှိလာ အကို
ကျနော်သွားဝယ်တာ ၅၀၀၀၀နဲ့ရောင်းတယ် အ့တာ ဝယ်ရတာတန်မလာအကို စျေးနှုန်းနဲ့ အိုးအမျိုးအစားကို ကျနော် ခွဲမတတ်ဖြစ်နေလို့ ပြောပေးပါအုန်းအကို
Yamaha က ၅သောင်းနဲ့တော့ မရနိုင်ပါဘူး bro
Used အဟောင်းတောင် ၃သိန်းအထက်က စရှိပါတယ်ဗျ ။ bro ပိုသိချင်ရင် Page မှာလာမေးနိုင်ပါတယ်။
Deviser L625N ကဝယ်သင့်လား အကြံလေးပေးပါအုံးဗျ
စိတ်ရှည်ရှည်နဲ့ရှင်းပြပေးလို့မသိသေးတာတွေသိရလို့ကျေးဇူးတင်ပါတယ်ဗျာ🙏😊👏👏👏👍
ဟုတ်ကဲ့ပါ bro
Electric guitarဝယ်ခဲ့ရင်ကောဗျာဘာတွေသိထားသင့်ပါသလဲနည်းနည်းလောက်သိသလောက်ရှင်းပြပေးပါခင်ဗျာ
🥺🥺🥺🥺😘😘😘
Electric ကတော့ သစ်သားထက် gain ကောင်းဖို့ကသူ့မှာပါတဲ့ Pick up တွေပေါ်လဲ မှုတည်ပါတယ် ။
ကြားထဲကခံရတဲ့ effect . pedal တွေ Amp တွေကောင်းဖို့လဲ လိုပါတယ်ဗျ ။
Guitar နဲ့ amp ကိုပဲ ဂျပ်ထိုးတီးတာက အသံထွက်ကောင်းမှာ မဟုတ်ပါဘူး ။
ဝယ်ရင်သိထားရမှာက bridge ခုံတွေ pick up တွေ
သံချေးတတ်တာတို့ .အလုပ်မလုပ်တာတို့ .
အပ်ဝင်သလို အသံထွက်နေတာ တို့ကိုစစ်ရင်
ရပါပီ ။
yamaha တလုံးကျွန်တော်မှ၀ယ်ထားတယ် အသံသိပ်မကောင်းဘူးဆရာ ကျွန်တော်မကောင်းတဲအိုးကိုေရွးမိသွားတယ်အဲတုံးကအစသင်ဘာမှနာမလည်းတော့ ဘလွမ် ရှိတဲဂီတာလဲမကောင်းတာဖြစ်နိုင်လာ ဆရာ😊😊နောက်တလုံးထပ်၀ယ်မလို့ မ၀ယ်ခင် ဆရာကိုအရင်လာကြည့်တာ❤❤
Yamaha ကတော့ မကောင်းတာ သိပ်မရှိပါဘူး bro
Guitar setting တခုခု လိုနေတာဖြစ်မယ် ။
အသေးစိတ်သိချင်ရင် Fb page မှာလာမေးပေးပါ bro ။
ဟုတ်ကဲပါ❤️
Yamaha F600 အဆင်ပြေနိုင်လားဗျ
@@KoTuttPe Yamaha ကတော့ အသံထွက် သစ်သား အပြစ်ပြောစရာ မရှိပါဘူး
ကောင်းပါတယ်ဗျ
yamaha fg150j နဲ့ yairi yf 04ဘယ်ဟာဝယ်သင့်လဲဗျ
၂ခုလုံးက jp brand ဖြစ်ပီး အရမ်းတော့မကွာဘူး bro Yamaha Fg ကတော့ solid top ဖြစ်ဖို့များတယ် S.yairi ကတော့ laminate ဖြစ်မယ်
အဲတာရယ် size shape ရယ် ကွာမယ် .အသံထွက်ဆိုရင်
ကျနော်က S.yairi ကိုပိုကြိုက်တယ် bro .
Sir guitarကို ဘယ်လိုရိုရိုသေသေကိုင်ရမလည်းဗျ ကျွန်တော် ဆောင်တွေ ပေါ်တင်ထားတာတောင် နောက်က အိုးက ဟနေတယ် ပြီးတော့ပျက်စီးနေတယ်
Guitar stand ဒါမှမဟုတ် ချိတ်နဲ့ ထားသင့်တယ် bro
ထောင်ထားတာ လဲထားတာမျိုးက အချိန်မရွေး
ထိနိင်လို့ပါ ။ ရာသီဥတု ပူတာရယ် ရေငွေ့များတာမျိုးရယ်ကြောင့်လဲ body ထိနိုင်ပါတယ်ဗျ ။
Guitar ပေါ်လဲ မှုတည်သေးတဲ့အတွက် သစ်သား
သိပ်မကောင်းရင်လဲ ဖြစ်တတ်ပါတယ်
၂သိန်းခွဲပတ်ချာလည် စျေးတန်းလောက်မှာ ဘယ်အမျိုးအစားကို ရွေးသင့်လဲဗျ
China ထဲကဆို NG နဲ့ Kepma မဆိုးပါဘူးဗျ
စျေးကတော့ kepma ကပိုများမယ် .
ကျွန်တော် beginnier တုံကတလုံးဝယ်ပီပီဗျ အခုအကောင်းထဲကလိုချင်လို့ F310 Yamaha ဝယ်ချင်လို့ tune ချိတ်လို့ရတဲ့ဟာလိုချင်တယ် ၃သိန်းဝန်ကျင် လောက်သုံးမှာ brand မမက်ဘဲ။ တခြားအကောင်းနဲ့အစုံပါတာရှာဝယ်ရမလား 4:14
F 310 ကတော့ Yamaha ဆိုတဲ့အတိုင်း ကောင်းပါတယ်ဗျ သူကတော့စျေးအနည်းဆုံး budget အလုံးပေါ့နော် ။ဘာဝယ်သင့်လဲ ဒီထက်ပိုသိချင်ရင်တော့ ကျနော့ FB PAGE မှာလာမေးလို့ရပါတယ်
ဒီမှာကြ စာအများကြီးရိုက်လို့ အဆင်မပြေလို့ ။
Yamahaနဲ့ tyma ဘာပိုကောင်းလဲဗျ
@@Leo-vo5cf Yamaha က ပိုကောင်းပါတယ်ဗျ ။ Tyma က china made ပါ .
ဆရာ 2သိန်းကျော်ကျော်ထဲကဆို NG နဲ့ K.marth ဘယ်ကောင်ပိုကောင်းနိုင်ပါလဲဆရာ။ ပြီး ဘူးသီးအိုးနဲ့ အချိုင့်အိုး ကွာခြားချက်လေးကောသိခြင်လို့ပါဆရာ။
NG ကတော့စျေးရော အသံထွက်ရောကောင်းတယ်
K marth တော့သေချာမသိဘူး bro တီးကြတာလဲ သိပ်မတွေ့ရဘူး ။ ဘူးသီးအိုးက အိုးကြီး size 41 dreadnought လို့ခေါ်ပါတယ် . အချိုင့်ပါတာက
Cut away ပါ ကွာခြားတာက အချိုင့်ပါတော့ 12 fret
နောက်က note တွေတီးလို့ရတာရယ် size ပိုသေးသွားနိုင်တာရယ်ပါ ။
နောက်က second 41 sizeအိုး ဆိုတဲ့ guitar တန်ဘိုးလေးပြောပေးလို့ရမလား ကြိုက်လို့
Japan used လေးပါဗျ ။ ၂သိန်းခွဲပဲ ရှိပါတယ် တန်တယ်ပြောရမှာပဲ ။
infinity နဲ့yadana guitarဆိုဘယ်ဟာပိုကောင်းလဲဗျ beginnerပါဗျ အခုမှစသင်မှာပါ
Infinity ကတော့ ပျော့တယ်လို့ လူပြောများနေကြလို့
မဝယ်သင့်ပါဘူး bro .
Yadana ကတော့ အသံထွက်မဆိုးဘူး။
ကျွန်းနဲ့ မဟော်ဂနီ ကပိုကောင်းပါတယ်ဗျ ။
@@SixStringSoulFingerstyle ဟုတ်ကဲ့ကျေးဇူးပါဗျ
Yamaha ll6 ကဝယ်သင့်လားဆရာ
သူ့စျေးတန်းထဲမှာသူ့ထက်ကောင်းတာရှိလား
Yamaha LL6 က top spruce .B&S rosewood
All solid ဆိုတော့ ရှယ်ပါပဲဗျ ။ စျေးကတော့ အခု
used တွေရောင်းနေကြတာ ၂၀ လောက်ရှိမယ်
Bro .အဲ့စျေးတန်းထဲက သူ့ထက်ကောင်းတာဆို
Brand အနေနဲ့ Taylor ပဲရှိမယ် ။ Martin ကတော့များမယ် ။ သူနဲ့စျေးတူတဲ့ Yamaha တွေကတော့
LS26 .LS56 . A series ထဲက A5R A6R ရှိမယ် bro ။ ပိုသိချင်ရင် FB page မှာလာမေးလဲ ရပါတယ်
ဒီမှာကြ အများကြီးရေးလို့မရလို့ ။
ထင်းရှူးသားလည်းလိုချင်တယ်ဗျ ပေါ့ပေါ့လေး အနေတော်လောက်လည်းတီးချင်တယ် ဘယ်လိုအသားမျိုး၀ယ်ရမလဲဗျ
သစ်သားကောင်းတယ်ဆို weight ကတော့ ရှိမှာပဲ bro ။ ပေါ့ပေါ့ပါးပါးဆိုရင် size ရွေးသင့်တယ်
40 41 အိုးကြီးမဝယ်ဘဲ jumbo .travel size ထဲကဝယ်မယ်ဆို ကိုင်ရတာ သယ်ရတာ အဆင်ပြေမှာပါ ။
ဂီတာအခုမှစတီးမှာပါဆရာ ၃သိန်းကျော်၄သိန်းဝန်းကျင်လောက်ဆိုဘယ် brand တေကောင်းလဲခင်ဗျာ အကြံပေးပါအုံးဗျ
Ashton brand ကောင်းတယ် ၃ သိန်းခွဲ ၄ သိန်းလောက် ရှိမယ် အသံတော့တော်တော်စွာတယ်ဗျ 😊
China ထဲကဆို Kepma .NG . Tyma . Iron X
အဲတာလေးတွေ အသံမဆိုးပါဘူးဗျ ။
Japan used ထဲကတော့ Yamaha . Morris .
Legend လိုမျိုးတွေ ရနိုင်ပါတယ် ။
ပိုသိချင်ရင် fb page မှာလဲ လာမေးနိုင်ပါတယ်
@@SixStringSoulFingerstyle ကျေးဇူးပါဆရာ
@@user-vs7wf3ct2m ဟုတ်ကဲ့ကျေးဇူးပါဗျာ
အခုမှ စတီးရင် ဘယ်လိုအမျိုးအစား၀ယ်သင့်လဲဆရာ
စျေးပေါ်မှုတည်ပီး ရွေးရမှာပါဗျ ။ China ထဲမှာကောင်းတာ Tyma .Kepma . Iron X . ၃သိန်းအထက်လောက် သုံးမှရမှာပါ ။
၁ခွဲ၂သိန်း လောက်ဆို China ထဲက NG ကောင်းပါတယ်ဗျ။ အဲ့အောက်ကတော့ local ထဲက Yadanar တို့ Kima ခိုင်မာတို့ ရှိပါတယ် ။
ဂီတာကိုလိုင်းပေါ်ကဝယ်ရင်ရောအဆင်ပြေပါ့မလား ဆရာ
ဆိုင်မှာသွားစမ်းကြည့်ပြီး ဝယ်တာပိုကောင်းတယ် bro
မအားလို့ online ကဝယ်မယ်ဆို နာမည်ရှိတဲ့ဆိုင်မျိုးကနေ အသံဖိုင်ပို့ခိုင်းပြီးရွေးပါ ။ ပျက်ရင် service ပြန်ပေးနိုင် warranty ပေးနိုင်တဲ့ ဆိုင်မျိုးဆို အဆင်ပြေပါတယ်။
Electric ထဲက ဝယ်ချင်ပါတယ်ဆရာ ၇သိန်း ဝန်းကျင်လောက်က
ဘယ်လိုဝယ်ရမလဲဗျာ
Electric ကတော့ ပါဝင်တဲ့ pick up . Brand .
Shape . Gain . အဲ့လိုတွေကြည့်ဝယ်ရတာမို့
နာမည်ရှိတဲ့ Brand တခုခု ဥပမာ Ibanez . Fender.
Yamaha pacifica . အဲ့လိုမျိုးတွေရှာပီး အသံထွက်နားထောင် ရွေးကြည့်ပါဗျ ။
Infinity L series ဝယ်သင့်လားဗျ
infinity တော့သိပ်မကြိုက်ဘူး bro
သစ်သားပိုင်းပျော့တယ် ရေရှည်မခံဘူး ။
ဗိုက်ဖောင်းတာတို့ .bridge ခုံကြွတာတို့ အဖြစ်များတယ်
@@SixStringSoulFingerstyleကျေးဇူးအများကြီးတင်ပါတယ် ဆရာ ဒီ့ထက်မက အောင်မြင်ပါစေ။
ဆရာ၁သိန်းလောက်ထဲကဆို မြန်မာmadeဘယ်တံဆိပ်လောက်ကောင်းမလဲရှင့်
Local ထဲကတော့ KIMA ခိုင်မာ . မိုးဟိန်း . KZ .အဲ့တာတွေတော့ ကျနော်ဝယ်ပေးဖူးတာ မဆိုးပါဘူးဗျ ။
ပိုသိချင်ရင်တော့ Fb page မှာလာမေးပေးပါဗျ
ဒီမှာ link ချပြလို့ မရလို့ပါ ။
အခုမှ စသင်မှာပါ
ဆရာရေ kepma eq အပါကို 230000 နဲ့၀ယ်သင့်လားဗျဘာတွေစစ်သင့်လဲမသိဘူး
EQ ပါရင် တန်တာပေါ့ bro . Used ဝယ်မယ်ဆို
စစ်ရမှာက အကွဲရာ အက်ရာ body မှာမပါဖို့
Bridge ခုံကြွ . ဗိုက်ဖောင်းတာမဖြစ်ဖို့
L key ဘယ်လောက်လှည့်ထားလဲပါ မေးကြည့်ပါဗျ ။
Japan Used Guitar ထဲက..ယူရင်..ဘယ် Brand လေးက..အဆင်ပြေလောက်မလားဆရာ..အပိုင်း ၂ လဲ...ဆက်တင်ပေးပါဆရာ
JP used ထဲကယူရင်တော့ စိတ်ချရတဲ့သူ ပျက်ရင်ပြန်ပြင်ပေးနိုင်တဲ့သူဆီက ဝယ်ရင်ပိုကောင်းပါတယ် bro ။ Brand တွေကတော့ Yamaha . Morris . Jame . Suzuki အဲ့လို long time သုံးလို့ရတဲ့
ဟာတွေမဆိုးပါဘူး ။ တချို့ နာမည်မရှိတဲ့ hand made guitar လေးတွေလဲ ကောင်းပါတယ်ဗျ ။
သိန်း ၃၀ လောက်ဆို ဘယ်ဟာ ဝယ်သင့်လဲ ခင်ဗျ။ စင်ကာပူကပါ
အဲ့စျေးလောက်ဆို Top solid . All solid လိုမျိုးဝယ်ပါဗျ ။ Yamaha ထဲကရှိမယ် ။ Taylor လိုနာမည်ကြီး
Brand တွေလဲရှိပါတယ် ။ စလုံးမှာ ဘယ် guitar တွေရှိလဲမသိတော့ သေချာမပြောပြတတ်ဘူး bro
5 7 12 အသံလေးကဘယ်လိုတီးတာလဲအကို မသိလို့ပါ
ဘယ်နားလေးကို ပြောတာလဲ bro မရှင်းလို့ပါ
ဆိုင်လိပ်စာ
ဖုန်းနံပါတ်ရမလားခင်ဗျာ
အဲ့ video ထဲကဆိုင်က နိုင်ငံခြားက ဆိုင်ပါဗျ ။
Ygn ထဲမှာဆို ဆိုင်အတော်များများ ရှိပါတယ် ။
ဂစ်တာအကြောင်းတော့နားမလည်ပါဘူးရှင့်။အဲ့တာကြောင့်ခုဂစ်တာဝယ်ချင်တာကို used ပြန်ဝယ်သင့်လားဒါမှမဟုတ်အသစ်ပဲဝယ်သင့်လားရှင့်။ပိုက်ဆံကတစ်သိန်းကျော်လောက်ပဲသုံးမှာမို့ပါရှင့်။ပြောပြပေးပါဦးဆရာရေ🙏🙏
used guitar ဝယ်တာက သိမှရွေးတတ်မှ အဆင်ပြေမှာမို့ သိပ်မသိသေးရင် အသစ်ပဲပိုကောင်းပါမယ်ဗျ။
အသစ်မှာလဲ local ယူမလား china ယူမလား
တချက်ပြန်ရွေးရအုံးမှာပါ ။ ဒီထက်ပိုသိချင် မေးချင်ရင် Fb page မှာလာမေးနိုင်ပါတယ်ဗျ ။
ဆရာရေ ၈သောင်းလောက်သုံးရင်လည်းmyanmar madeပဲရတာလားဗျ ခုမှစသင်မှာမလို့ပါ
8 သောင်းပတ်လည်ဆို infinity တို့ mantic တို့ ရှိမယ်ထင်တယ် china made .
ဒါပေမဲ့ local ထဲက ထင်းရှုးအိုးလိုမျိုးက ပိုကောင်းပါတယ် bro အပေါ်ကကောင်တွေက ပျော့တယ် ။
@@SixStringSoulFingerstyle ဟုတ် ကျေးဇူးပါ broရေခုလိုsharingလုပ်ပေးလို့
@@SixStringSoulFingerstyle local madeတွေမှာသုံးထားတဲ့ကော်က နိုင်ငံခြားအိုးတွေမှာသုံးထားတဲ့ကော်ရဲ့အရည်အသွေးကိုမှီလားဗျ
@@watanda7856 ကော်ကတော့ သုံးကြတာတူမယ် bro မကွာလောက်ဘူး . ကွာတာ နည်းပညာ နဲ့
သစ်သားပါ ။
oms တေကောင်းလားဆျာ
oms က guitar brand လား bro ။
အဲ့တာတော့ မသိလို့ပါ
MEEGOOရောကောင်းလားဗျ
@@PhoeZaw-n4f အဲ့ brand တော့ မသိလို့ bro
China made ပဲလား
hi bro , remember you :)
ဟုတ် . မဂ်လာပါဗျ ။
infinity လေးရောကောင်းလားဆရာ ၀ယ်မလိုပါ
Infinity ကအသံမဆိုးပေမဲ့ ပျော့တယ်လို့ အပြောများတယ် bro ။ china ထုတ် အဲ့စျေးတန်းမှာ infinity
ထက်ကောင်းတာ အများကြီးပါဗျ ။
ထင်းရူးပေါင်းသားဂီတာနဲ့
ဘားမားထင်းရူးဂီတာဘယ်ဟာကအသံပိုကောင်းပြီးကြာရှည်ခံလဲ ဆရာ
Local ထင်းရှုးကတော့ပိုကောင်းမယ်ဗျ ။
နာမည်ရှိတဲ့ brand ကိုရွေးပါ ။
China အထပ်သားတွေထက်တော့ ပိုကောင်းပါတယ်။
China မှာဆိုလဲ NG တို့ Kepma တို့ဆို ကောင်းပါတယ် ။
85000လောက် ကောင်းတာရနိုင်လားဆရာ
အဲ့လောက်ကတော့ local တွေထဲကပဲရနိုင်မယ် bro
ထင်းရှုးလိုမျိုး ရွေးဝယ်ပါ ။ china တွေက ၁ခွဲလောက်မှ ရမယ်ထင်တယ် ။
1ခွဲထဲက infinity l series ကအသံထွက်ကောင်းလားဗျ
chat box လာခဲ့မယ်နော် ဘရိုရေ ကျတော် သာမန်လူတန်းစားဆိုတော့ အဝယ်မှားမှာဆိုးလို့
hote bro
ကီးဘုတ္မေရာင္းဘူးလာဆရာ
KB တော့မရောင်းပါဘူးဗျ ။ guitar ဝယ်ဖို့ knowledge share တာပါ ။
ကျေးဇူးပါ ဆရာရေ❤
ကျေးဇူးပါဆရာ
ဟုတ်ကဲ့ပါ ။
ဆရာဂစ်တာတစ်လုံးကိုဘယ်လိုထိန်းသိမ်းသင့်လဲဗျ
Hard case . Bag နဲ့ထား stand နဲ့ထားပါ။
လဲမထားရပါ case ကိုလဲမလဲရ ထောင်ထားပါ ။
ထောင်ထားရင်လဲ လဲကျနိုင် တိုက်မိနိုင်ပါတယ် ။
နရံမှာ wall plug နဲ့လဲ ချိတ်ထားနိုင်ပါတယ် ။
အပူချိန်များတဲ့နေရာ အစိုဓါတ်များတဲ့နေရာမှာ
မထားပါနဲ့ ။ တီးနေတဲ့ကြိုး guage ကိုလဲသိထားရပါမယ် ကြိုး guage ပြောင်းရင် fret မြင့် bridge ခုံကြွတာဖြစ်နိုင်ပါတယ် ။
5000အောက်ရှိလား ဆရာ
၅သောင်းအောက် ပြောတာလား bro
၅သောင်းလောက်က မြန်မာ made တွေတော့ရနိုင်ပါတယ်ဗျ ။
Age 13
50000
ဘယ္မွာဝယ္လို႔ရနိုင္လဲ
ဆရာ2သိန်းခွဲတန်လောက်စိုဘယ်အမျိုးအစားထဲက၀ယ်သင့်လဲ
NG .Kepma .Tyma . K marth .Cate . အဲ့ကောင်လေးတွေတော့ မဆိုးဘူး ။ Japan used ထဲကဆို Yamaha .Morris. Jame. Suzuki သူတို့ကတော့ second ဆိုတော့ ရွေးဝယ်နိုင်မှ ကောင်းမယ် bro ။
ဆရာဂီတာမတီရင်ကြိုးလျှော့ထားသင့်လာဗျ
ပုံမှန်ကတော့ ကြိုးလျှော့စရာကို မလိုတာဗျ ။
ဒါပေမဲ့ ကျနော်တို့ နိုင်ငံရဲ့ ရာသီဥတုအပူချိန်ရယ်
စျေးပေါတဲ့ guitar သစ်သားတွေရယ် ကြောင့်ဒီပြဿနာဖြစ်ရတာပါ ။ မိမိ guitar ကသိပ်မကောင်းဘူးလို့ထင်ရင် ၅ရက်လောက်မတီးဘဲထားမယ်ဆိုရင်
အပေါ်ဆုံး ၆ ၅ ၄ သုံးကြိုးလောက်လျှော့ထားနိုင်ပါတယ်ဗျ ။
ဆရာခုကိုင်ထာတဲဂီတာအမှုးစာရကရောကောင်လားဆရာ
အခုကိုင်ထားတာ Mantic ပါဗျ။ သိပ်အကောင်းကြီးတော့ မဟုတ်ပါဘူး ကျနော်က ပြင်ပီးသုံးနေလို့ပါ ။
ဒီဟာမဝယ်ဘဲ ဒီထက်ကောင်းတာတွေ ဝယ်သင့်ပါတယ်ဗျ စျေးလဲသိပ်မကွာပါဘူး ။
ဒီတိုင်းထောင်ထားရင်ရောရလားဗျကြိုးမလျော့ပဲနဲ့ဆရာ
ပုံမှန်ကတော့ ကြိုးလျော့စရာမလိုပါဘူး ။
ရာသီဥတုပူတာ .guitar သစ်သားသိပ်မကောင်းတော့
ကြိုးတင်းအားကြောင့် fret မြင့်နိုင်တာကြောင့်လျော့ကြတာပါ ။ bro guitar အခြေနေပေါ် မှုတည်ပါတယ်ဗျ ။ japan guitar တွေလိုမျိုး သစ်သား quality ကောင်းတာတွေဆို လျော့စရာကိုမလိုတာပါ ။
တလုံးကိုဘယ်လောက်လောက်ရှိလဲဗျ
Guitar တော့မရောင်းသေးပါဘူး bro
ဆရာဆိုင်ကဘယ်မှလဲဆရာ
@@NayAung-n6o ဆိုင်တော့ မဖွင့်နိုင်သေးပါဘူးဗျ ။
ကျေးဇူးပါရှင့်❤
Welcome ပါဗျ .
ဆရာစျေးကဘာ်လောက်ရှိလဲ
5 သောင်းလောက်ကနေ ၂ခွဲ ၃သိန်းလောက်အထိ
ရှိပါတယ် bro ။