Это видео недоступно.
Сожалеем об этом.

မြို့ပြဂျန်ဇီ (Opinion/ရုပ်သံ)

Поделиться
HTML-код
  • Опубликовано: 12 июл 2024
  • မြို့ပြဂျန်ဇီ (Opinion/ရုပ်သံ)
    ~~~~~~~~~~
    ကျမက မြို့ပြမှာ ရှင်သန်နေထိုင်နေတဲ့ ဂျန်ဇီတစ်ယောက် ဖြစ်ပါတယ်။ ပုံမှန်အခြေအနေဖြစ်ခဲ့ရင်တော့ ရှေ့တစ်နှစ်လောက်ဆိုရင် ဘတ်ချ်လာတစ်ခုခု ရမယ့်အရွယ်ပေါ့။ ဒါပေမဲ့ ကျမတို့ဟာ ပုံမမှန်တဲ့ အခြေအနေထဲ တဆုံးထိအောင် ကျနေတဲ့သူတွေဖြစ်တယ်။
    ပညာရေးနဲ့ ပတ်သက်တဲ့ ကျမကိုယ်တွေ့တချို့ကို ပြောပြချင်ပါတယ်။ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းလိုက်တော့ ကျမရဲ့ ကျောင်းပညာရေးက တက္ကသိုလ်ဝင်တန်းလို့ခေါ်တဲ့ ဆယ်တန်းပါ။ ၂၀၂၀ ခုနှစ်ကတည်းက ကိုဗစ်ကြောင့် ဆယ်တန်းစာမေးပွဲနဲ့ လွဲခဲ့ရတဲ့အဖြစ်ဟာ ၂၀၂၁ မှာလည်း ထပ်လွဲရပြန်ပါတယ်။ မိသားစုထဲမှာ ရှေ့ကနေ ဆယ်တန်းကို ထူးချွန်စွာအောင်မြင်ခဲ့တဲ့ မမလောက် ကျမက မတော်ပေမဲ့ ကျမလည်း အနည်းဆုံး ဒီသုံးလေးလုံးလောက်တော့ ရနိုင်မယ်လို့ မျှော်မှန်းထားခဲ့မိပါတယ်။ အာဏာသိမ်းလိုက်တော့ ကျမရဲ့အိပ်မက်တွေ ပျောက်ရှကုန်ပါတယ်။
    အာဏာသိမ်းခါစကတော့ ကျောင်းက သူငယ်ချင်းတွေနဲ့အတူ ချိန်းချိန်းပြီး ဆန္ဒထွက်ပြပါတယ်။ နောက်ပိုင်း စစ်တပ်ကအကြမ်းဖက်ဖြိုခွဲကာ သတ်ဖြတ်ပြလာတော့ ကျမတို့လည်း လမ်းပေါ်မထွက်ရဲတော့ပါဘူး။ အဲဒီကာလအတွင်းပဲ ကျမရဲ့ဖေဖေလည်း မြို့ထဲမှာ ဆန္ဒပြရင်း ဖမ်းဆီးခံရပြီး အင်းစိန်ထောင်ထဲ ရောက်နေပါတယ်။ ၂၀၂၁ ဇွန်လ ကျောင်းတွေ ပြန်ဖွင့်တော့ အစိုးရကျောင်းမတက်တော့ဘဲ ကျမ cdm လုပ်ပါတယ်။ ကျမရဲ့ ရှေ့ဆက်လျှောက်ရမယ့် ကျောင်းပညာရေးနဲ့ ပတ်သက်ပြီး ဖေဖေ့ဆီကလည်း ဘာအကြံဉာဏ်မှ မရနိုင်တော့ပါဘူး။ မေမေကလည်း ဖေဖေ့သောကနဲ့ ထောင်ဝင်စာပို့ဖို့ လုံးပန်းရင်း အချိန်ကုန်တာ များပါတယ်။ ဖေဖေပြန်လွတ်လာတော့ ကျမ CDM လုပ်ပြီး ကျောင်းမတက်တာကို ကျေနပ်နေပုံရပါတယ်။
    ……………
    နွေဦးစင်ရော် ရေးသားတဲ့ “မြို့ပြဂျန်ဇီ” အတွေးအမြင် ဆောင်းပါးကို ခေးလု ရွတ်ဖတ်တင်ဆက်ထားတာ ဖြစ်ပါတယ်။ ငွေမောင်းသံ ပရိတ်သတ်ကြီး နားဆင်ကြည့်ရှုနိုင်ကြဖို့ တင်ဆက်လိုက်ရပါတယ်။
    #ငွေမောင်းသံ မီဒီယာ

Комментарии • 23

  • @user-be6ns6fu3n
    @user-be6ns6fu3n Месяц назад +3

    မဂ်လာနံနက်ခင်းလေးပါ ငွေမောင်းသံရေမျှဝေတာကျေးဇူးအထူးတင်ရှိပါတယ်ရှင် 👋👋👋💙💙မြို့ပြဂျန်းစီတွေကနေ တောထဲကဂျန်းစီ ဂန်တွေကိုင်နေရပြိး 💯🤘⭐🌹💞ပြည်သူကာကွယ်ရေးတိုင်းရင်းသား ချစ်သောအားလုံး ကျန်မာဘေးကင်းရန်ကွာကြပါစေအထိအခိုက်မရှိအောင်ပွဲအလိလီဆွတ်ခူးနိုင်ကြပါစေ 🙏🙏🙏💙💙အာဏာဆိုတာ ဘာကင်ဆာလဲ စစ်ခွေးတသိုက့်လုံး ဂန်နဲ့ကင်းပစ်မယ် 💯💯💯♥♥♥🇨🇳🇨🇳🇨🇳

  • @yinnandar6521
    @yinnandar6521 Месяц назад +3

    မင်္ဂလာပါ ❤❤❤

  • @dawnmyatmyint4885
    @dawnmyatmyint4885 Месяц назад +3

    မြို့ပြဂျန်ဇီ လေးများရော ကျေးလက်ဂျန်ဇီ လေးများအတွက် ရင်လေးစရာ ...... ေတွးလိုက်တိုင်း အရိုးနာ အမျိုးပါဆဲချင်ပေါ့ဗျိုး

  • @NawPyae579
    @NawPyae579 Месяц назад +4

    မဂ်လာပါရှင့်❤❤❤နားဆင်ပန်းခူးခဲ့ပါပြီ❤❤❤

  • @thannaingthannaing8391
    @thannaingthannaing8391 Месяц назад +2

    ❤❤❤

  • @ohnmarswe59
    @ohnmarswe59 Месяц назад +2

    Thanks ❤🌷🌹🌻

  • @user-lx8if4rn7c
    @user-lx8if4rn7c Месяц назад +1

    ❤❤❤❤❤

  • @user-bs5ev4uq8d
    @user-bs5ev4uq8d Месяц назад +1

    ❤❤❤❤❤❤❤❤

  • @user-mr7jw8sf8m
    @user-mr7jw8sf8m Месяц назад +1

    ငွေမောင်းသံ ❤❤❤

  • @MyoKo-xo8ik
    @MyoKo-xo8ik Месяц назад +1

    ❤❤❤🎉❤❤❤

  • @user-xh8tq5wl9o
    @user-xh8tq5wl9o Месяц назад +1

    ❤❤❤❤❤❤❤❤❤❤❤

  • @chanonpiandee956
    @chanonpiandee956 Месяц назад +1

    ❤❤❤❤❤😊😊😊😊😊

  • @dawmon4944
    @dawmon4944 Месяц назад +1

    Morning 🎉🎉🎉

  • @dawnmyatmyint4885
    @dawnmyatmyint4885 Месяц назад +1

    မင်္ဂလာပါငွေမောင်းသံ🎉🎉🎉🎉🎉🎉

  • @user-yk4ps4pv1s
    @user-yk4ps4pv1s Месяц назад +1

    မဂ်လာပါ​ငွေ​မောင်းသံ

  • @b2a194
    @b2a194 Месяц назад +1

    တော်လှန်အားပေး ❤

  • @myatkhinhtoon6426
    @myatkhinhtoon6426 Месяц назад +1

    ❤ take care.good luck

  • @thaetone7156
    @thaetone7156 15 дней назад

    Thanks ❤❤❤

  • @Yuki-Ueda2
    @Yuki-Ueda2 Месяц назад

    Thanks

  • @user-jg3hw7io3b
    @user-jg3hw7io3b Месяц назад +2

    မအလ. ခွေးမျိုး စခ. တွေကို သုပ်သင်တော့မဲ့ ဂျမ်ဇီ

  • @user-rf4ny1uo9s
    @user-rf4ny1uo9s Месяц назад

    ဒီလိုဘယ်ကျန်ထာမယ်ကောင်းမာစိတ်ကူးနေတယ်အဝေးကိုသွားမာလာစင်စားနေတယ်

  • @MaMaKhine-jl3wp
    @MaMaKhine-jl3wp Месяц назад +2

    စောက်သက်ရှည်လွန်းသောလူယုတ်မာတွေ