ခါကာဘိုရာဇီကိုတက်ကြမည့်TCCM အဖွဲ့သားများနဲ့ တွေ့ဆုံခြင်း - အပိုင်း(၁)

Поделиться
HTML-код
  • Опубликовано: 7 окт 2024
  • ဒီတစ်ခါမှာတော့ မြန်မာပြည်မှာသာမက အရှေ့တောင်အာရှရဲ့ အမြင့်ဆုံးတောင်လည်းဖြစ် ရေခဲဖုံးလွှမ်းနေတဲ့ တောင်လည်းဖြစ်တဲ့ ခါကာဘိုရာဇီတောင်ကို တက်ရောက်ကြမည့် Technical Climbing Club of Myanmar (TCCM) မှ ကိုပြည့်ဖြိုးအောင်၊ ကိုဇော်ဇင်ခိုင်တို့နဲ့ တွေ့ဆုံမေးမြန်းထားတာလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။
    သူတို့အဖွဲ့ဟာ ခါကာဘိုရာဇီတောင်ကိုတက်ရောက်ပြီး တောင်ရဲ့ အမြင့်ပေ အတိအကျကို လက်တွေ့တိုင်းတာကြတော့မှာပါ။ လောလောဆယ်မှာတော့ တောင်ရဲ့အမြင့်ဟာ ၅၈၈၁ မီတာ (၁၉၂၉၅ ပေ)လို့ သိထားကြပေမဲ့ ဒီ ကိန်းဂဏန်း မှန်/မမှန် အတည်ပြုနိုင်ဖို့ သူတို့ ကြိုးစားကြမှာပဲဖြစ်ပါတယ်။
    ဘာလို့ သူတို့ ဒီလို တိုင်းချင်ရတာလဲ....အရင်ကရော ဘယ်သူတွေ တိုင်းကြည့်ခဲ့ဖူးသေးလဲ...
    ဒီလိုတောင်မျိုးကိုတက်ရင် ဘယ်လိုအခက်အခဲတွေ ကြုံနိုင်မလဲ...
    သူတို့ ဘာတွေပြင်ဆင်ထားပြီးပြီလဲ... စတာတွေကို သူတို့က အသေးစိတ် ရှင်းပြပေးထားပါတယ်။
    တောင်တက်ဝါသနာပါသူတွေရော... ကိုယ့်နိုင်ငံရဲ့ ဂုဏ်ယူစရာ ဒီလိုအမြင့်ဆုံးတောင်မျိုးကို စိတ်ဝင်စားတဲ့သူတွေရော ဒီတွေ့ဆုံမေးမြန်းခန်းကို ကြည့်ရင်း ဗဟုသုတတွေ အများကြီး ရကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

Комментарии • 9