ကျောက်ဆည်၊ စဉ့်ကိုင်နဲ့ တံတားဦးမှာ တစ်မြို့နယ် လူ(၂၀၀)ရဖို့ဆိုပြီး စစ်အုပ်စုက နေ့စဉ်ရက်ဆက် ပေါ်တာဆွဲ
Поделиться
HTML-код
  • Опубликовано: 9 фев 2025
  • လမ်းပေါ်နဲ့ ရွာတွေ သာမက မြို့ပေါ်ရပ်ကွက်တွေအထိ ဝင်ရောက် ပေါ်တာဆွဲလို့ လူငယ်တွေ ထွက်ပြေးနေရ၊
    တေဇ/MFP ၊ ဩဂုတ် - ၂၀
    မန္တလေးတိုင်း ကျောက်ဆည်၊ စဉ့်ကိုင်နဲ့ တံတားဦးမြို့နယ်မှာ ဩဂုတ်လ(၁၅)ရက်က စလို့ (၁၉)ရက် ညပိုင်းအထိ စစ်အုပ်စုက နေ့စဉ်ရက်ဆက် ပေါ်တာဆွဲ လူသစ်စု နေပြီး တစ်မြို့နယ်ကို လူဦးရေ(၂၀၀) ရရှိသည်အထိ ပေါ်တာဆွဲဖို့ စီစဉ်ထားတယ်လို့ သတင်းကြားရကြောင်း ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
    ဩဂုတ်လ(၁၅)ရက်ကနေ (၁၈)ရက်အထိ ကျောက်ဆည်၊ စဉ့်ကိုင်နဲ့ တံတားဦးနယ်ထဲ စစ်အုပ်စုက လမ်းဆုံ လမ်းခွတွေမှာ နေရာယူကာ အလုပ်သွားအလုပ်ပြန်ချိန်တွေမှာ အဓိကထား ပေါ်တာဆွဲသလို ကျေးရွာတချို့ကို စီးနင်း ဝင်ရောက်ပြီး ပေါ်တာဆွဲရာက ဩဂုတ်လ(၁၉)ရက်က စလို့ နေ့ည၊ အချိန်မရွေးတော့သလို မြို့ပေါ် ရပ်ကွက်ထဲအထိ စီးနင်းဝင်ရောက် ပေါ်တာဆွဲနေတယ်လို့ ဆိုပါတယ်။
    ဩဂုတ်လ(၁၅)ရက်က စလို့ ကျောက်ဆည်နယ် ပွတ်တိုင်၊ အနောက်ငယ်တိုး၊ ညောင်ပင်ဇောက်၊ ကြောင်ပန်းကုန်း၊ ရွာတော်၊ ဒွေးလှ၊ ရှားပင်၊ ကျီးအိပ် စတဲ့ ကျေးရွာတွေက လူငယ်(၁၅၀)ကျော် ပေါ်တာဆွဲ ဖမ်းဆီးခံရပြီး လူ(၂၀၀) မပြည့်သေးတာကြောင့် ဩဂုတ်လ(၁၉)ရက် ညပိုင်းမှာတော့ စစ်အုပ်စုက ကျောက်ဆည်မြို့ပေါ် ရပ်ကွက်တွေထဲ အထိ စီးနင်းဝင်ရောက် ပေါ်တာဆွဲနေတယ်လို့ ကျောက်ဆည်မြို့ခံတစ်ဦးက MFP ကို ပြောပါတယ်။
    “မြို့အဝင်အထွက်တွေမှာ နေရာယူပြီး မှတ်ပုံတင်စစ်ရင်း ပေါ်တာဆွဲတာ။ အခုတော့ (၂၀၀) မပြည့်သေးလို့ မြိူ့ထဲ ဦးလှည့်သွားတယ်။ မြို့နယ် တစ်မြို့နယ်ကို (၂၀၀) ရအောင် ဆွဲမယ်လို့ကြားတယ်”
    ဩဂုတ်လ(၁၅)ရက်ကနေ (၁၈)ရက်အထိ ကျောက်ဆည်နယ် ကျေးရွာတွေက လူ(၁၅၀)ဝန်းကျင် ပေါ်တာဆွဲ ခံရတယ်လို့ ဆိုပါတယ်။
    “လိုက်ရွေးကြတဲ့ မိဘတွေ ပြောပြတာက ပထမရက်က (၇၀)လောက်ပဲ ရှိသေးတယ်။ ဗိုလ်နဲ့ မတွေ့လို့ နောက်ရက် တခါထပ်သွားတော့ (၁၅၀)နီးပါး ရှိပြီတဲ့။ (ပေါ်တာဆွဲထားသူတွေကို) နတ်ရေကန်တပ်ဘက် ခေါ်သွားတယ်” လို့ ကျောက်ဆည် ဒေသခံက ပြောပါတယ်။
    ဩဂုတ်လ(၁၉)ရက် မနေ့က ည(၈)နာရီကျော်မှာ ကျောက်ဆည်မြို့အရှေ့ဘက်က ရွာတန်းရှည်ရွာကို စစ်အုပ်စုက စီးနင်းကာ လျှက်စစ်မီးတွေ ဖြတ်ပြီး ပေါ်တာဆွဲ ဖမ်းဆီးနေလို့ လူငယ်တွေ ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။
    “အရှေ့ဘက် ရွာတန်းရှည်မှာ အိမ်စာရင်းနဲ့ ၀င်ဆွဲနေတာ။ မီးလည်း ဖြတ်ထားပါတယ်။ အဲ့ဒီရွာက စစ်မူ့ထမ်း သုံးယောက်တောင်းတာ မပေးလို့ဆိုပြီး ရွာကို ကြိုက်တဲ့သူကို ဆွဲပါလို့ အုပ်ကြီးက ပြောထားလို့ လူငယ်တွေ (၁၅)ရက်နေ့ ကတည်းက ကောင်းကောင်း မအိပ်ရဲကြဘူး။ တောထဲရှောင်နေကြရတာ” လို့ ကျောက်ဆည်နယ်၊ ရွာတန်းရှည်ရွာကို စစ်အုပ်စုက စီးနင်းပေါ်တာဆွဲနေကြောင်း ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။
    စစ်အုပ်စုက ပေါ်တာဆွဲကာ အတင်းအဓမ္မ စစ်သားသစစုဆောင်းတာ၊ ဖမ်းဆီးငွေညှစ်နေတာတွေကြောင့် ဒေသခံတွေ ထွက်ပြေးပုန်းရှောင်နေရတယ်လို့ ဆိုပါတယ်။
    “လူငယ်တွေ အကုန် တောထဲ ရှောင်ကြတယ်။ ရွာထဲ မိန်းမနဲ့ ကလေးတွေပဲ ရှိတယ်။ ကျောင်းသားတွေကတော့ မရှောင်ကြဘူး”
    ပေါ်တာဆွဲ ဖမ်းဆီးသူတွေထဲ စစ်အုပ်စုခန့် ကျေးရွာအုပ်ချုပ်ရေးမှူးရဲ့ မိသားစုနဲ့ ဆွေမျိုးနီးစပ်သူတွေ၊ ငွေပေး ရွေးထုတ်နိုင်သူတွေတော့ ပြန်လည် လွတ်မြောက်တယ်လို့လည်း ကျောက်ဆည် ဒေသခံတွေက ပြောပါတယ်။
    “ရာအိမ်မူးသားနဲ့ တူက ပြန်ရောက်လာပြီး သူ့သားလေး ပြန်ပါမလာလို့ ဆိုပြီး အဒေါ်ကြီး တစ်ယောက်တော့ ငိုယို နေလေရဲ့” လို့ ကျောက်ဆည် ဒေသခံတစ်ဦက ပြောပါတယ်။
    တံတားဦးမြို့မှာလည်း ဩဂုတ်လ(၁၆)ရက်က စလို့ မြို့အဝင်အထွက်တွေမှာ စစ်အုပ်စုက နေရာယူပြီး လမ်းသွား လမ်းလာတွေကို ပေါ်တာဆွဲ လူသစ်စုရာ ဩဂုတ်လ(၁၆)ရက် မနက်ပိုင်းမှာတင် လူဦးရေ ရာနဲ့ချီ ပေါ်တာဆွဲ လူသစ် စုခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
    “(ဩဂုတ်-၁၆ရက်) မနက်(၇)နာရီခွဲ တံတားဦးမြို့ အနောက်အထွက် (မြို့သာလမ်း) လက်ပံကွေ့မှာ ခရီးသွား ပြည်သူတွေနဲ့ မန္တလေးကို အလုပ်သွားလုပ်တဲ့ လူငယ်တွေ (အများစုက နေ့စား - ပန်းရံ) ကို ဆိုင်ကယ်တွေ တားပြီး ချောဆွဲထားတဲ့ ကားတွေပေါ် အတင်း တက်ခိုင်းတယ်။ ထွေအုပ်ရုံးကို ပထမဆုံး ခေါ်သွားပါတယ်။ ခေါ်သွားတဲ့ကား အရေအတွက် ခုနှစ်စီး၊ ကားအမျိုးအစားတွေက ကန်တာ၊ လိုက်ထရပ်တွေ ဖြစ်ပြီး ခန့်မှန်း လူ (၂၅၀)ခန့် ရှိပါမယ်။ ဖမ်းဆီးပြီးနောက် မိသားစုဝင်တွေကို ဖုန်းဆက်ခေါ် လက်မှတ်ထိုးခိုင်းပါတယ်။ ခန့်မှန်း လူ (၂၅၀)ထဲက (၈၀)ခန့်ကို ညနေ(၄)နာရီအချိန် ကန်တာတစ်စီး၊ လိုက်ထရပ်တစ်စီး အပြည့်နဲ့ ဘယ်လင်းဘက် (ကျောက်ဆည်- ဘယ်လင်း) ပို့နေပါပြီ” လို့ ဒေသခံ သတင်းရင်းမြစ်က MFP ကို ပြောပါတယ်။
    တံတားဦးမှာ စစ်အုပ်စုက မနက်ပိုင်းနဲ့ ညနေပိုင်း အလုပ်သွား၊ အလုပ်ပြန်ချိန်တွေ ပေါ်တာဆွဲပြီး ငွေပေးနိုင်သူကို ငွေညှစ်ပြီး ပြန်လွှတ်ကာ ငွေမပေးနိုင်သူကိုတော့ စစ်သားသစ် စုဆောင်းတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
    “တချို့ရွာက လူတွေတော့ ငွေအများပေးပြီး လာဘ်ထိုးတဲ့ သူတွေကတော့ (ဩဂုတ်-၁၇ရက်) မနေ့က ပြန်လွတ် လာတယ်။ ငွေမထိုးနိုင်တဲ့ သူတွေကတော့ အတင်းအဓမ္မ ပေါ်တာ အဆွဲခံရတာပေါ့။ တကယ်တော့ အကြမ်းဖက် စစ်အုပ်စုက အနုကြမ်း စီးသလိုမျိုး ဖြစ်နေတာ။ ဖမ်းခံရသူ အများအပြားက သာမန် လက်လုပ်လက်စား၊ နေ့စားသမားတွေ များတယ်။ ငွေပေးရင် ပြန်လွှတ်ပေးတယ်၊ ငွေမပေးနိုင်ရင် ပြန်မလွှတ်ပါဘူး။ ပြန်ပေးဆွဲသလို မျိုးပါ”
    စဉ့်ကိုင်မြို့နယ်၊ ရွာဘိုရွာ လမ်းဆုံ အပါအဝင် စဉ့်ကူးနယ်မှာလည်း စစ်အုပ်စုက ဩဂုတ်လ(၁၆)ရက်က စလို့ တွေ့သမျှလူ ပေါ်တာဆွဲ ဖမ်းဆီးကာ စစ်သားသစ် စုဆောင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
    စစ်အုပ်စုဟာ မန္တလေးမြို့ပေါ်မှာလည်း ပေါ်တာဆွဲ စစ်သားသစ် စုဆောင်းတာတွေ လုပ်နေပြီး အဓိကအားဖြင့် စစ်ဘေးရှောင် ပြည်သူတွေ လာရောက် ခိုလှုံနေထိုင်တဲ့ ရပ်ကွက်တွေကို ပစ်မှတ်ထားကာ ဧည့်စာရင်း စစ်ရင်း ဖမ်းဆီးငွေညှစ်တာ၊ စစ်သားသစ် စုဆောင်းတာတွေ လုပ်နေတာလို့ မြို့ခံတွေက ပြောပါတယ်။
    မန္တလေးမှာ စစ်အုပ်စုက ပေါ်တာဆွဲ လူသစ်စုထားသူနဲ့ ပျူတွေကို စစ်သင်တန်းပေးနေစဉ်/Photo - စစ်အုပ်စု
    #Mandalay_Free_Press_MFP
Комментарии • 72
  • @thinNga
    @thinNga 5 месяцев назад +10
    မဟုတ်သတင်းကြေ ညာ၊ငါအဲဒီမှာနေတာဘာပေါ်တာမှမစွဲဘူး၊သတင်မီဒီညာကြီး
    • @LynnJohnny
      @LynnJohnny 5 месяцев назад
      ဟရောင်..အခုတစ်နိုင်ငံလုံးပေါ်တာဆွဲနေတာမင်းမမြင်ဘူးလားကွ
    • @Ukoko318
      @Ukoko318 5 месяцев назад
      ​@@LynnJohnnyပြည်ဖျက်မဒညာတွေက အမျိုးမျိုး သတင်းလိမ်တွေ တင်ပြနေတာပြည်သူ ပြည်သားများ သတိထားကြပါ အလိမ်အညာ သတင်း တွေများပါတယ်
    • @miro-gg2vm3lh3j
      @miro-gg2vm3lh3j 5 месяцев назад
      သတင်း အမှန်ပါ bro ရေ တကယ်ဆွဲတာပါ
  • @levinho590
    @levinho590 5 месяцев назад +4
    ဗုဒ္ဓဘာသာ လူငယ်လူရွယ်တွေ များများသေလေ သီတဂူကြီး သာဓုခေါ်လေ 😂😂😂
  • @KoMyo-z1w
    @KoMyo-z1w 5 месяцев назад +3
    ပေါ်တာဆွဲတယ်ဆိုတာမဟုတ်ဖူးကွာ...ဘယ်ကောင်စဖွတာလည်း...ငါနေ့စဥ်အဲလမ်းသွားနေတာ...
    • @momdad-y7n
      @momdad-y7n 5 месяцев назад
      မဟုတ်တဲ့သတင်းကိုယုံတဲ့သူရှိတော့သိတဲ့သူကရှင်းပြတာကျေးဇူးပါ
    • @Ukoko318
      @Ukoko318 5 месяцев назад
      ​@@momdad-y7nပြည်သူ့စစ်မှုထမ်းဖို့ ဆင့်ခေါ်တာမလာလို့ ကိုယ်တိုင်လိုက်ခေါ်နေကြတာ ဘာ
    • @miro-gg2vm3lh3j
      @miro-gg2vm3lh3j 5 месяцев назад
      ​@@momdad-y7nသတင်းအမှန် တံတားဦးမှာပါသွားတာ ပေါက်ကိုယ်တော်liveမှာ၀န်ခံထားတာရှိတယ်သွားကြည့် အမှန်ဟ
  • @MyoMyintTun-v4d
    @MyoMyintTun-v4d 5 месяцев назад +3
    ပြည်သူတွေ စားစရာမရှိ နေစရာမရှိ ပြေးစရာမြေမရှိ
  • @HlaKyaw-ph6bx
    @HlaKyaw-ph6bx 5 месяцев назад
    မမှန်မကန်ပြောသူများ
    တူသောအကျိုးပေးပါစေ
    သတင်းပြောတဲ့ ကလေးမ
    လည်း မုသာဝါဒ ကံထိုက်ပါစေ
  • @hanlinhanlin4504
    @hanlinhanlin4504 5 месяцев назад
    ​ေလးစာပါတယ်ညီငယ်တို
  • @LynnJohnny
    @LynnJohnny 5 месяцев назад +7
    ငွေထိုးလေပေါ်တာဆွဲလေပါပဲ၊ ငုံခံလေပေါ်တာအဆွဲခံရမှာပဲ၊
    • @linuxuser5540
      @linuxuser5540 5 месяцев назад
      မှန်ပဗျာ
    • @KoHteinWin-v7o
      @KoHteinWin-v7o 5 месяцев назад
      ငုံ့မခံရင် ငုံခံပေါ့ကွာ
  • @unyinttin3773
    @unyinttin3773 5 месяцев назад +2
    နေသာသလိုနေတဲ့ကျောက်ဆည်၊စဥ့်ကိုင်၊မြစ်သား၊တံတားဦး၊ကူမဲ၊ပျော်ဘွယ်စတဲ့မြို့နယ်ကကောင်တွေယခုတော့သိကြပြီလား၊တော်လှန်ရေးစကထဲကမင်းတို့အားလုံးပါလျှင်ဒီတိုက်ပွဲကပြီးပြီ။
    • @HtunHtun-x9w
      @HtunHtun-x9w 5 месяцев назад
      ခု မှာ သတိထားမိတယ် ဟုတ်ပါဗျာအဲနယ်တေ pdf တောင် မရှိပါလား တကယ်ဘောမတေလား
    • @aungaung-el3yk
      @aungaung-el3yk 5 месяцев назад
    • @Ukoko318
      @Ukoko318 5 месяцев назад
      ရှိတဲ့နယ်ဘက်က ပဒက်တွေလဲ မကြာခင် မျိုးပြတ်သွားကုန်တော့မှာ မယုံမရှိကြနဲ့ စောင့်ကြည့်လိုက်
    • @myohtut-th2uf
      @myohtut-th2uf 5 месяцев назад
      ကျောက်ဆည်kddf ရှိတယ်လေ
      broတို့မသိကြတာလား
    • @Ukoko318
      @Ukoko318 5 месяцев назад
      @@unyinttin3773 နေရမယ်များမှတ်နေလား မကြာခင်ချောကုန်တော့မှာ မစဥ်းစားတတ်တာ အာ့ကြောင့် ငပိန်းငပိတ် ငနီပိန်းဘဝကမကျွတ်မလွှတ် ဘွရောက်ရတော့မှာ ငပိန်းတေ ဆက်လုပ်နေလဲ ပင်ပန်း ရုံသာဖစ်မယ် ငပိန်းဒေရဲ့လမ်းက ၂ လမ်းပဲရှိတယ် အလင်းဝင်မလား အသေခံမလား ဒီ ၂ လမ်းကြိုက်တာရွေးကြပါ ဒါဘဲ ငပိန်းဒေ ဆက်လုပ်နေလဲ စစ်တပ်ကိုတော့ ဘယ်ကမ္ဘာရောက်ရောက် တိုက်လို့မနိုင်ပါဘူးဆိုတာ ရဲရဲကြီးအာမခံရဲပါတယ် ဒါ တပ်က အဆုံးထိ မလုပ်သေးဘူး နားလည်တတ်ရင်သိမယ် ဉာဏ်မမီရင်မသိဘူး မသိတတ်လို့လဲ ခုလိုဘွမျိုးရောက်ကြရတာပါ ဒုက္ခအဖုန်ဖုန် သောကအစုံစုံ ခံစားနေကြရခြင်း ဖြစ်တယ်
  • @AungAung-m9f2w
    @AungAung-m9f2w Месяц назад
    ဂွမကျဘို။လေ ယ😊😊ဉ်များ///သာန်ပေးပါ
  • @hayman3443
    @hayman3443 5 месяцев назад
    ဘယ်လင်အရှေ့ဘက်နားက နတ်ရေကန်စစ်တပ်က စစ်သားစုဆောင်းရေးတတ်ပါအမြန်သုပ်သင်ပေးကြပါအဲ့တတ်ကို
  • @aungkyawphyo1535
    @aungkyawphyo1535 5 месяцев назад +1
    🎉🎉🎉🎉🎉🎉🎉🎉🎉
  • @ngenge9575
    @ngenge9575 5 месяцев назад +3
    ငုံခံ သူ များ ရာက
    တုန့်ပြန်သူ
    အားပါ ကျမယ်
    သတိထားနေ ကြပါ
  • @KyawKyawMoe-nj9ic
    @KyawKyawMoe-nj9ic 5 месяцев назад
    ဆွဲပါစေ တောထဲကျမသွားပေကပ်နေတာ ပါပါစေ
  • @MMK-1290
    @MMK-1290 5 месяцев назад +3
    ကယ်ကြပါအုံး နိုင်ငံတကာ ဘယ်သူမှ မကူညီကြတော့ဘူးလား
    • @leodon-d2r
      @leodon-d2r 5 месяцев назад
      နိုင်ငံတကာဆိုတာကလည်း သူတို့အကျိုးစီးပွားမပါရင် လှည့်ကိုမကြည့်တာလေ😅😅
    • @Ukoko318
      @Ukoko318 5 месяцев назад
      😂😂😂😂မင့် ပထွေးတောင် လာလို့မရဘူး နိုင်ငံ တိုင်းမှာ စည်းမျဥ်းရှိတယ်လေ လေ့လာလိုက်ပါအုန်း ငပိန်း မုဆိုးမထမီခြုံသားသမီးတေရေ😂😂😂
  • @စောဘဦးလေး
    @စောဘဦးလေး 5 месяцев назад +3
    လွတ်မြောက်နယ်မြေတွေ ပြေးကြဟ
  • @HtayHtay259HtayHtay25
    @HtayHtay259HtayHtay25 5 месяцев назад +1
    လက်နက်ရပြီးရင်ပြန်တိုက်ကြ
  • @ThuHtetNaing-f4b
    @ThuHtetNaing-f4b 5 месяцев назад
    သေပါလား
  • @stdland
    @stdland 5 месяцев назад
    မြို့လုံးကျွတ် သင်တန်းပေးလိုက်ရင် ပိုထိရောက်နိုင်ပါတယ်
  • @htmre
    @htmre 5 месяцев назад
    ဒီကြားထဲ စစ်🐕ကိုအားပေးထောက်ခံနေသူကရှိတယ် အခုလိုကုန်ဈေးနုန်းကြီးနေတဲ့အချိန်မှာ ကိုယ့်မိသားစုဘယ်လိုထမင်းဝမလဲမစဥ်းစားပဲ နိုင်ငံပျောက်မှာ အထူးစိုးရိမ်နေတဲ့ ko may ko loeတွေကရှိသေးတယ်
  • @thaemang
    @thaemang 5 месяцев назад
    လက်နက်ရပီးရင် အလှံဖြူထောင် စစ်ခွေးတွေကို ပြန်ချ
  • @MgMgthant-hv1yy
    @MgMgthant-hv1yy 5 месяцев назад
    far စကား😂😂😂😂
  • @MayThazin-t3h
    @MayThazin-t3h 5 месяцев назад
    ချီးပန်းနေတာလားပဒက်မရေ
    ၂၀၀ပြည့်အောင်နင့်ကိုပါဆွဲမှာ
  • @deenana9216
    @deenana9216 5 месяцев назад +1
    မိစ္ဆာအာဏာကိုလိုလားတဲ့အုပ်ကြီးတေ
    • @htetmyat4518
      @htetmyat4518 5 месяцев назад
      Porter ဆိုတော့ အထမ်းသမားပေါ့။
  • @chitoo-b4c
    @chitoo-b4c 5 месяцев назад
    ပိုက်ဆံပေးလဲ မျိုစို့ပီးထပ်စွဲတယ်ဆိုတော့ အနုနည်းနက်ဓါးမြတိုက်တဲ့စစ်ခွေးတွေပါ
  • @ukyanaung989
    @ukyanaung989 5 месяцев назад
    နင်လင်အကြမ်းဖက်လူသစ်စုတာနင်မမြင်လား?
  • @htetmyat4518
    @htetmyat4518 5 месяцев назад
    Porter ဆိုတာ အထမ်းသမား။
  • @aungmyinnaung2201
    @aungmyinnaung2201 5 месяцев назад
    အများအားဖြင့်လူငယ်တွေအနေမတတ်
    အသွားမတတ်ကြလို့ပေါ်တာဆွဲခံကြရ
    တာခံကြပေါ့
  • @PhoeThar-u7e
    @PhoeThar-u7e 5 месяцев назад
    အလံဖြူထောင်ပါ
  • @aungmyinnaung2201
    @aungmyinnaung2201 5 месяцев назад
    နေရာတ်ုင်းမှာလူငယ်တွေလုပ်ချင်သလိုလုပ်နေကြအပျော်ကြီးနေကြလို့ခံကြ တာ
    သနားနေသူတွေကသာအရူးဖြစာနေကြရတယ် အသွားအလာအနေအထိုင်
    မှအဆင်ခြင်ကြတာခံရမှာပေါ့
  • @MgMgMyint-p9u
    @MgMgMyint-p9u 5 месяцев назад
    ပေါ်တာဆိုတာ တခါမှမ မြင်ဘူးသေးဘူး
  • @hanlinhanlin4504
    @hanlinhanlin4504 5 месяцев назад
    ဖာသယ်မရဲစစ်မူထမ်းလို​ေခါတယ်ကုလားတက်မရဲ
  • @MgMgMyint-p9u
    @MgMgMyint-p9u 5 месяцев назад
    ဪ😂😂😂😂😂😂
  • @KokoLay-in3it
    @KokoLay-in3it 5 месяцев назад
    သတင်း အမှားတွေ ကြေငြာနေတဲ့ ဖာသယ်မပါ မယုံကြပါနဲ့
  • @WuttYee-zb8hg
    @WuttYee-zb8hg 5 месяцев назад
    ဖာပါးစပ်😂😂😂😂😂
  • @ThuHtetNaing-f4b
    @ThuHtetNaing-f4b 5 месяцев назад
    ဖာမစောက်ပိုတေ
  • @USoeUSoe-s3d
    @USoeUSoe-s3d 5 месяцев назад
    ဖာသယ်ပေါက်ကရတွေပြော
    • @makalayar2284
      @makalayar2284 5 месяцев назад
      အဲ့ဖာသယ်မလူတကာလိုးအဖိုးမရတဲ့ဖာသယ်မဖာစကားခြင်းကြားရေမတင်
  • @manchesterunited8206
    @manchesterunited8206 5 месяцев назад +1
    မဟောင်နဲ့ကွ ချကျ မင်းတို့အဖေ မြောက်သုံးကောင်ဆို ပေါ်တာထက်တောင်အဆင့်မြင့်တယ် ခုမှထဟောင်နေတယ် ခွေးမ ဖာအသံနဲ့
  • @bestmobile1497
    @bestmobile1497 5 месяцев назад
    စောက်ရူး မင်းတို့ဆွဲလည်း စစ်တိုက်ချင်စိတ်မရှိရင် ဘာလုပ်မှာလဲ
  • @Yamone-i4w
    @Yamone-i4w 5 месяцев назад +3
    ဘောမတွေလိုက်ရမှာ
  • @Koko-t5j2w
    @Koko-t5j2w 5 месяцев назад +1
    ဆွဲတာအဆန်းလားလူတိုင်းစစ်မှုထမ်းရမယ်လေလစာမရတဲ့KIAတို့TNLAတို့ကိုးကန့်တို့အကုန်ဆွဲနေတာဘဲ
  • @HtayHtay259HtayHtay25
    @HtayHtay259HtayHtay25 5 месяцев назад +1
    ပြန်ပြီးမှမတိုက်ဘဲငြိမ်ခံနေကျတော့ကိုယ့်ဆီလာပြီလေတပ်ထောက်ခံသူတွေဆွဲလေ
  • @ကိုပိုင်ဂေါက်သီးရောင်းဝယ်ရေး
    လူထုမကြည်တရာမဝန်လုတ်နေတဲ့မည်သည်အဖွဲမဆိုရှုတ်ချပါသည်
  • @HlaMyo-zc3jd
    @HlaMyo-zc3jd 5 месяцев назад +1
    တိုင်းပြည်အတွက်လူတိုင်းတာဝန်ရှိတယ်
    • @leodon-d2r
      @leodon-d2r 5 месяцев назад
      တာဝန်ရှိရင် မင်းအပါအဝင် မင်းသောက်မျိုးတွေပါ တန်းစီပြီး စစ်မှု့ဝင်ထမ်းလေကွာ😂😂 တိုင်းပြည်အတွက်ဆိုပြီး ၂ကျပ်ကွက်လာမနင်းနဲ့ဟ..
      လက်တဆုပ်စာ အဘတွေရဲ့ အာဏာတည်မြဲရေးအတွက် မြေသြဇာဖြစ်ပေးရမဲ့ကိတ်စကြီးလေ.. ဦးဏှောက်ရှိတဲ့ကောင်တွေဆို စဥ်းစားတက်မှာပါ
  • @kogyimin5535
    @kogyimin5535 5 месяцев назад
    မပြေးတော့လဲလိုက်သွားပေါ့ငါနဲ့မဆိုင်သလိုနေတဲ့ကောင်တွေသွားပေါ့
  • @MinKhant-b9x
    @MinKhant-b9x 5 месяцев назад
    လောက်ကိုင်ပြေးကြကွအာ့ကလွတ်မြောက်နယ်မြေ
  • @MyoZaw-le2gd
    @MyoZaw-le2gd 5 месяцев назад +1
    ခွေးတွေကိုမြို့ထဲ့အဝင်မခံနဲ့ဆဲ့လွတ်
  • @MyoZaw-le2gd
    @MyoZaw-le2gd 5 месяцев назад +1
    စစ်ခွေးရဲ့ခွေးအသေဆိုးနဲ့သေဆုံးပါစေ
  • @maroo-t3z
    @maroo-t3z 5 месяцев назад
    မဟုပ်ဘူးလို့ပြောနေသူတွေကသူခိုးတွေမို့သူတို့ကအခိုးထွက်နေကြလို့မသိကြတာပါ
  • @SanKoKo-se3cb
    @SanKoKo-se3cb 4 дня назад
    ငြိမ်းချမ်းရေးဆွေးနွေးနေဖို့ပြင်ဆင်ထားတာပါ😂😂❤