သိပ္ပံပညာနှင့် အဖြေမရှာနိုင်သော်လည်း လက်တွေ့တွင် အမှန်တကယ်တည်ရှိနေသောနေရာများ
HTML-код
- Опубликовано: 30 июн 2019
- နှစ်တွေအများကြီးကျော်လွန်လာပြီးနောက် ကမ္ဘာကြီးကိုကျွန်တော်တို့နားလည်ထားတာတွေလည်း အတော်
ပြောင်းလဲသွားပါတယ်။ ကမ္ဘာကြီးက ပြားနေတယ်လို့လည်း မတွေးကြတော့ပါဘူး ။ အများစုကတော့ အရင်တည်း
က မတွေးကြတာပေါ့ဗျာ။ မီးတောင်တွေ ဘယ်လိုပေါက်ကွဲလဲဆိုတာလဲ သိလာသလို ကျွန်တော်တို့ခြေချနိုင်သမျှ
ကုန်းမြေတိုင်းကိုလည်း လေ့လာစူးစမ်းခဲ့ကြပါတယ်။ အဲ့ဒီထဲမှာမှ ကျွန်တော်တို့လက်ရှိမှာနေထိုင်နေတဲ့နေရာ သို့
မဟုတ် သိပ္ပံပညာရှင်တွေက သီးသန့်သွားရောက်စူးစမ်းတဲ့နေရာအချို့ဟာ ကျွန်တော်တို့ကို ယခုထိ ဝေခွဲမရဖြစ်စေ
တုန်းပါပဲ။ ဟုတ်ပါတယ် ဒီနေ့ ကျွန်တော် ပြောပြမယ့် အကြောင်းအရာကတော့ သိပ္ပံပညာနှင့် အဖြေမရှာနိုင်ပေမယ့်
လက်တွေ့မှာ အမှန်တကယ်တည်ရှိနေတဲ့နေရာ (၁၀) ခုပဲ ဖြစ်ပါတယ်။
No 10 : မြန်မာလို့ဘာသာပြန်ရင် မကောင်းဆိုးဝါးရဲ့ ရေနွေးကရားလို့ အမည်ရတဲ့ Devil’s Kettle
ခင်ဗျားအနေနဲ့ အန္တရာယ်ရှိပြီး သိပ္ပံပညာနဲ့တောင် အဖြေရှာဖို့ခက်တဲ့ နေရာတွေကို တွေးကြည့်မယ်ဆိုရင်တော့
မင်နီဆိုတာ ပြည်နယ်ဟာ (Minnesota) သင့်စိတ်ထဲရောက်လာမယ့် ပထမဆုံးနေရာမဟုတ်လောက်ပေမယ့် Superior စူပီရီယာ ရေကန်ရဲ့မြောက်ဖက်ကမ်းခြေမှာ တည်ရှိတာကြောင့် တစ်ခုခုတော့ ထူးခြားနေမယ်လို့နားလည်နေမှာပါ။ ဒီနေရာမှာ ထိတ်လန့်ဖွယ် လျှို့ဝှက်ချက် တစ်ခုရှိနေပါတယ်။ အဲဒါကတော့ ဧရာမကျောက်တုံးကြီးတွေကြောင့် နှစ်ခြမ်းကွဲနေတဲ့ ရေတံခွန်ကြီးပဲ ဖြစ်ပါတယ်။ ရေတံခွန်ရဲ့တစ်ခြမ်းက မြစ်ထဲကိုအတားအဆီးမရှိ စီးဆင်းသွားပြီးတော့ အခြားတစ်ခြမ်းကတော့ ၁၀ ပေ လောက်နိမ့်ဆင်းသွားတဲ့လမ်းကြောင်းကတစ်ဆင့် အရှိန်ပြင်းပြင်းနဲ့မြေအောက်တစ်နေရာကို စီးဆင်းပျောက်ကွယ်သွားပါတယ်။ အဲဒီ့လမ်းကြောင်းက ပဟေဠိဆန်လှပြီး ရေစီးကြောင်းက ဘယ်ကပြန်ထွက်လာမလဲဆိုတာကို သိပ္ပံပညာရှင်တွေက နည်းပေါင်းစုံနဲ့ဖော်ထုတ်ခဲ့ပေမယ့် အခုထိအဖြေရှာမရသေးပါဘူး။ သူတို့ဟာ မြင်သာထင်သာရှိမယ့် ရောင်စုံဘောလုံးတွေကိုရေထဲကိုပစ်ချကြတယ်..ပြန်တွေ့လို့တွေ့ငြားပေါ့ ။ ဒါပေမယ့်..ရေစီးကြောင်း
စီးဝင်သွားတဲ့ ပဟေဠိတွင်းပေါက်ကြီးထဲ ပစ်ထည့်လိုက်သမျှဟာ ဘယ်တော့မှ ထပ်မပေါ်လာတော့ပါဘူး။ အဲ့ဒီအထဲ
ကိုသာ ပြုတ်ကျခဲ့မယ်ဆိုရင် ဘယ်အချိန်၊ ဘယ်နေရာမှာ ပြန်တွေ့ရမယ်ဆိုတာ ဘယ်သူမှမသိနိုင်တာမို့လူတွေ
တတ်နိုင်တာတစ်ခုကတော့ အဲ့ဒီအနားကို မသွားဖို့တားမြစ်ရုံပဲရှိပါတယ်။
No 9 : Fire Eagle Nest, Sibera မီးလင်းယုန်အသိုက်
ခင်ဗျား တစ်နေရာရာကို သွားပြီးတော့ ပတ်ဝန်းကျင်က စွမ်းအားတွေက တစ်ခုခုမှားယွင်းနေသလိုလို ဖြစ်နေပြီး
ကြောက်စရာလို့ ခံစားရတာမျိုး ကြုံဖူးပါသလား။ ပြောရမယ်ဆိုရင်တော့ အဲ့ဒီခံစားချက်ဟာ ကျွန်တော်ထပ်ပြောပြ
မယ့်နေရာမှာ ကြုံရမယ့်အရာတွေပါပဲ။ Fire Eagle Nest ဆိုတာကတော့ နတ်ဆိုးတွေရဲ့ပိုင်နက်လို့ ဒေသခံတွေက
သိကြတဲ့ ဆိုက်ဘေးရီးယားသစ်တောရဲ့ အလယ်ဗဟိုမှာရှိတဲ့ တောင်ပေါ်ချိုင့်ဝှမ်းနေရာတစ်ခုပါပဲ။ ဆန်းကြယ်တာက
တော့ ဘယ်သူမှ အဲ့ဒါထက် ပိုမသိကြတာပါပဲ။ ဒီချိုင့်ဝှမ်းကြီးရဲကသက်တမ်းဟာ နှစ်ရာပေါင်းနည်းနည်းထက် မပိုနိုင်သလို၊ သိပ္ပံပညာရှင်တွေ အစက ထင်မှတ်ထားသလို ဥက္ကာပျံတွေကျရောက်လို့ဖြစ်ပေါ်တာမျိုးလည်း မဟုတ်ဘူးလို့ဆိုပါတယ်။ ဒီ့ထက်ဆန်းကြယ်တာကတော့ နာမည်မကျော်ကြားတဲ့ အဏုမြူျဓာတ်ပေါင်းဖိုအနားက သစ်ပင်လိုပဲ..အဆိုပါချိုင့်ဝှမ်းရဲ ့အနီးတစ်ဝိုက်မှာရှိတဲ့ သစ်ပင်တွေဟာ ကြီးထွားမှုနှုန်း အဆမတန်မြင့်မားနေတာဖြစ်ပါတယ်။ အဲ့ဒီချိုင့်ဝှမ်းဆီ အတော်နီးနီးသွားဖူးတဲ့သူတွေဟာ အပြင်းအထန် ခေါင်း
ကိုက်တာမျိုးနှင့် အန်တော့မလို အော်ဂလီဆန်တာမျိုးတွေ ကြုံတွေ့ရတတ်ပါတယ်။ Eugeny Vorobiev ယူဂျီနီ ဗိုရိုဘိ ဆိုတဲ့ စူးစမ်းရှာဖွေသူတစ်ယောက်ကတော့ ကျန်းမာရေးအကောင်းပကတိကနေ ၎င်းချိုင့်ဝှမ်းနဲ့ ကီလိုမီတာအနည်းငယ်လောက် ကွာဝေးတဲ့နေရာအရောက်မှာ နှလုံး ဖောက်ပြန်ပြီး ရုတ်တရက် သေဆုံးခဲ့ပါတယ်။ ဖြစ်လာမယ့်အကျိုးဆက်ကို လက်မခံနိုင်ရင်တော့ ကိုယ်သွားရောက်လည်ပတ်ချင်တဲ့စာရင်းထဲ မထည့်သင့်တာ အသေအချာပါပဲဗျာ။ Развлечения
ဗဟုသုတရစရာတွေ ကမ္ဘာကြီးရဲ့ထူးဆန်းအံ့သြဖွယ်တွေကိုတင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်
Thank you for your information.
ေက်းဇူးပါ။
ကျေးဇူးပါဗျာ။
Thanks alot.❤
ဗဟုသုတ ရပါတယ်ဗျ ကျေးဇူးတင်ပါတယ် အသစ်လည်းထပ်တင်ပေးပါဦးဗျ
အရမ်း ဗဟုသုတ ဖြစ်ပါတယ်
ကျေးဇူးပါ
Thanks for your information.
ကျေးဇူး
ကျေးဇူးပါ
ႀကိဳက္တ
ယ္ဗဟုသုတရေစပါတယ္
ကျေးဇူး တင်ပါတယ်❤
စကားပြောတော်တော်.
ကောင်းဒါဘက်ဗျာ....
နားထောင်လို့အရမ်းကောင်း
တယ်ဗျာ..သရဲဇာတ်လမ်း
တွေတင်ပေးပါလား ဆရာ..
အရမ်းကောင်းတယ်
Thank you sir.
ကျေးဇူးပါကွယ် ဗဟုတုတရပါတေရှင့်❤
အရမ်းမိုက်တယ်😱😱😱😱😱😍😍
ဘဲရီးတော်ကီကျွေနေပီ❀👍👍👍👂👂👂👏👏👏
အသိပညာတွေရပါတယ်ကျေးဇူးပါ နောက်ထပ်သဘာဝလွန်ဖြစ်ရပ်တွေကိုစောင့်မျော်နေပါကြောင်း😉😉🤣😆
အကို.အခုလို့ ဗဟုသုတ တွေ
တင်ပေးတဲ့တွက်
ကျေးဇူးအထူးတင်ရှိပါတယ်
အောင်
ဗဟုသုတရလိုကောင်းပါတယ်
Thank❤❤❤❤
ကြိုက်တယ်ဗျာ စကားပြောပုံးက
Oh my! Interesting 🤔🧐
ရေကင်းသွားချင်တယ်
Good.Thanks for sharing.
တင်ပြမှုအားလုံး၊ စိတ်ဝင်စားပါသည်။ ကျေးဇူးပါ။
အသံကောင်းတယ်
မသိတာတွေ မျှဝေပေးလို့ ကျေးဇူးတင်ပါတယ် ❤
Thankyou so much
🎉🎉
အသံအရမ်းကောင်း
ကျေးဇူးတင်ပါတယ်အကို အကို့အသံရယ် စကားပြောဆိုသံရယ် တကယ်ကောင်းတယ်အကိုရေ😁❤
ဟုတ်ကဲ့ပါ။ အားပေးတဲ့အတွက် ကျေးဇူးပါ။ ဆက်ပြီး ကြိုစားတင်ဆက်သွားပေးပါမယ်။
ကျန်းမာပါစေ
မိုက်တယ်ဗျာ့တင်ပြချက်ကတော့။
Antarctica က ရေကန် ကိုသွားခြင်တယ်, ဘာကြောင့်လဲဆိုတော့ တားမြစ်နေရာတွေများလွန်းလို့ အဲဒီ Antarctica က ကျွန်တော့အတွက် the most interesting place ဘဲ
အရမ်းကောင်းတယ်
ိထ့နငေညဘလလျုာက6က
မိုးကြိုးပစ်တဲ့နေရာ
Good very very good.
မိုက်တယ်
မလိုအပ်တဲ့ပုံ လျောက်ထည့်ထားတာက ကြည့်ရတာ အရမ်းမျက်စိနှောက်စေတယ်ဗျာ
ပစ်လိုက်တဲ့ပူစီဖောင်းက အတုကြီး အစစ်ဆိုယုံနိုင်သေးတယ် အစစ်ပုံလေးသုံးဖို့တိုက်တွန်းပါရစေ
အကြံပြုတာပါခင်ဗျာ
လေးစားပါတယ်
အပြုသဘောဆောင်တဲ့ ဝေဖန်မှုအတွက် ကျေးဇူးပါ။ ပိုကောင်းအောင် ကြိုးစားသွားပါမယ်။
တောသားလုပ်မနေနဲ့
အသံမည်တဲ့ ကျော်တုံးတွေဆီရယ် ~~ ကျောက်ရုပ်ဖြစ်သွားသွားတဲ့ ရေတံခွန်ရယ် ~~သွားချင်မိပါတယ် ဒါနဲ့ အကို တင်ပြတာတွေအရမ်းကောင်းတယ်~~fighting~~^^
ဗဟုသုတရတာကျေးကျေးပါရှင့်
အကိုစကား အကိုရဲ့အသံ ပြီးတော့ အကိုပြောပြပေးသွား နေရာက ေတာ်တော်လေးကိုစိတ်ဝင်စားဖိုကောင်းတယ် နောက်လည်း အကို့ရဲ့video တွေကို ကွန်တော်စောင့်မျှော်နေပါမယ် ကျေးဇူတင်ပါတယ်္။
စိတ်ဝင်စားဖှို့ကောင်းတယ်ဗျာ
အယ် အယ် နဲ့ထည့်မပြောပါနဲ့
ကျန်တဲ့တင်ပြပုံတော်တော်ကောင်းပါတယ်
Good
နောက်ထပ်တင်ပေးပါဦးရှင့်
အမွှာမောင်နှမတွေမွေးတဲ့ Twin Town မြို့အရပ်ဒေသကိုဇီဝဗေဒပညာရှင်တွေခေါ်သွားပြီးလေ့လာချင်တယ်...ဘာကြောင့်လဲဆိုတော့ ကလေးမမွေးတဲ့အမြုံမိန်းကလေးတွေနဲ့အမြုံယောကျ်ားလေးတွေအတွက်ကလေးရကြောင်းနည်းလမ်းတစ်ခုများရှာတွေ့လာမလားလို့ပေါ့ဗျာ...
The first one can be tested by gps in my opinion and track something in it
အရမ်းကြိုက်တယ် ဗျ.ဒီChannel. တင်ပြပုံလဲ ကောင်းတယ်..။ဆက်ဆက်စပ်တွေးခေါ်မှုနဲ့ တင်ပြထားတဲ့အရာတွေကလဲ.ဖြစ်နိုငအခြေများပြီး.လက်ခံလို့ရတဲ့ အကြောင်းတွေကြီးပဲ..။အမြဲအားပေးမယ်ဗျို့ ဆက်ပြီး..။
👌
No. 10
Information အမှန်တွေ ဘဲ ပြောစေချင်တယ် သေချာမသိတာမျိုး သို့မဟုတ် attention လိုချင်တာမျိုးကိုတော့မပြေားသင့်ပါဘူး
ြကိုက်ပါတယ်
Good 😊🐱
စကားပြောသူရဲ့အပြောကြောင့် အကြောင်းအရာက ပိုထူးဆန်းသွားတာကိုတွေ့ရပါတယ်...ချီးကျူးပါတယ်....
good
စကားပြောအသံလေးကိုကြိုက်တယ် ပြတ်သားတယ်
Simp
အလယ်ရောက်ဖူးချင်တယ်ဗျာ👍
အကယ်၍များအခွင့်အရေးတခုအနေနဲ့ရခဲ့ရင်သက်ရှိများရှင်သန်နေနိုင်သေးတဲ့ရေခဲပြင်အောက်ကအမေ့လျှော့ခံရေကန်ကိုစိတ်ဝင်စားပါတယ်*ကျေးဇူးပါ⚖️
🍹🤵🏳️🌈💎
Yes
😍😍😍👍
God. ဖန်ဆင်းနေရာ
Pot End နားကဟာနဲ့တူတူပဲအကိုပြောနေတာ
့နဲနဲပဲကွာတယ် သူများတွေနဲ့မတူအောင်ရှာပြီးတင်ပါလား.
ကြိုက်တော့ရမ်းကြိုက်ပါတယ် အားပေးနေပါတယ်
ဟုတ်ကဲ့ပါ။ အားပေးတဲ့အတွက် ကျေးဇူးပါ။ မတူညီတဲ့ အကြောင်းအရာတွေကို ကြိုစားတင်ဆက်သွားပေးပါမယ်။
👍🏾👍🏾👍🏾🌷🌷🌷
နံပါတ်9မှာ အဲ့နေရာကိုသွားရင်သေရင်သေဒါမှမဟုတ် အန်တာမျိုးတေဖြစ်မယ်ဆိုရင် အဲ့ဒီပုံတေကဘယ်ကရောက်လာတာလဲဟင်😕
❤
❤❤❤❤❤
မြန်မာမှာလည်းရှိတယ် အသံမည်တဲ့ကျောက်တုံးတွေက
❤❤❤😊
เราเคยเรียนที่เมียนมา เรียน သူငး်တန်းကလေး - ၂တန်း At လှိုင်းဘွဲမြို. အမှတ်(၁)ကျောင်း อยุ่ใกล้ๆ အထက်တန်းကျောင်း ตอนเรียนเราสอบได้ " ပထမ ที่หนึ่งทุกปีนั้นเอง"😁😁👍👍✌✌ငါ့ဆရာမနာမည်ကတော့ ဆရာမမြင့်ရည် ပါရှင်😘🙇♀️❤🤗
🎉❤🎉
ခုပြောသူကမြန်မာ့အသံကဦးသန်းထိုက်နဲ့တူလိုက်တာ...ဆွဲဆောင်မှု့ရှိတယ်
ေကာင်းတယ်
🥰🥰🥰
အဲ့ဒီ တွင်းကြီးထဲကို ဘောလုံးအကြီးကြီးကိုကြိုအရှေကြီးနဲ့ချီပြီးချကြည့်လို့မရဘူးလား
1 ဗော်စတော့ ရေကန် ကိုယ့် သွားရောက်လေ့လာချင့်တယ်..ဘာဖြစ်လို့လဲ့ဆို့တော့ စိတ်ဝင်စားဖို့လဲ့ကောင်း မယုံကြည့်နိုင်အောင်ကို ထူးဆန်ပြီး အံ့ဩစရာကောင်းတယ်နေရာလေ့ဖြစ်လို့ပါ..ဗျာ့😮😮😊😊
Us too! Very interesting place!
ကြောက်လွန်းးလို့ ဘယ်နေရာမှမသွားချင်ပါ အကုန်လုံးအထူးအဆန်းကြည့်ပဲ ထပ်ခါထပ်ခါနားဆင်ဖို့ ယူထားတယ် ဆက်ပီးတင်ပေးပါ
အိုင်းစတိုင်း ပြောသလိုဘဲ ဘာသာရေးသိပံက ဆက်နွယ်နေတယ်
ဗော်စတော့ရေကန်ကိုပါ
ရေကန်ပြာ ကမြန်မာနိုင်ငံကမြသပိတ်ရေပြာအိုင်လည်းပြာနေတာပဲလေbro
မှန်ပါတယ်။
❤❤
နံပါတ်(၁)က
"မြေအောက် ချောင်း"ရှိတယ်ဆိုတာကို
ကျောင်းသားဘဝက သင်တာကို ဂရုမစိုက်မိလို့လား
Video တစ်ခုရပြီးရောဆိုပြီး ဂျင်းထည့်နေတာလား
ရေပွက်"ဆူနေတဲ့နေရာကိုသွားချင်ပါတေ ဘုရားဖန်ဆင်းထားးတဲ့နေရာဖိတေ ညီမကျမ်းစာမှာဖတ်မိလိုက်ပါတေ တဂေရှိတာပဲ သွားချင်စရာ😢❤❤
အကိုယ့်ကိုလဲ လေယဥ်၁စီးလောက်ဖန်ဆင်းပေးသနားဖို့ပြောပေးပါလားက်ိုယ်တော့ကို။နော်ညီမငေး❤❤❤❤❤❤❤❤❤
တပေါဒါ မြစ်
ဘောလုံးထဲ လိုကေးရှင်းထည့်ပြီး နံပါတ်၁က ရေတွင်းပေါက်ထဲပစ်ချကြည့်လေ ဘယ်အထိဆင်းသွားလည်းဆိုတာရေဒါမှာသိရမှာပေါ့
အဲ့ဒီတွင်းကြီးထဲ နျူကလီးယားဗုံးပစ်ချပြီး အနစ်ကြီးရောက်မှခွဲပစ်ကြည့်လိုက် ဘယ်လိုနေမလည်း
ခင်းများကြီးရဲ့တော်ကီတွေကနားထောင်လို့ကောင်းပါတယ်လို့😁😁😁
မှတ်ချက်။ ။တွံတေးသိန်းတန်အသံဖြင့်ဖတ်ရန်
LOL! Thanks much. ဆက်အားပေးနော်။
ဗေဒင်ဟောတဲ့အသံနဲ့တူတယ်
😮
🎉
အထဲကိုကုံဆင်ချင်တယ့်..😁🙏🙏🙏🙏
အယ်။ မလုပ်ပါနဲ့။ ပြန်မပေါ်လာပဲနေဦးမယ်။
အခု့အသံတင်ဆက်တဲ့ အကိုက အရင်ကရေရီယိုမြန်မာအသံက ကိုဇော်မင်းနောင်မဟုတ်လားဗျ ငယ်ငယ်ထဲကအကိုအသံကိုမှတ်မိနေလို့
ကျော်ထက်အောင် ရဲ့အသံနဲ့တူတယ်
Voice-over က ကိုသားညိုပါ။
ကိုသိထားတဲ့ဘက်ကဘဲစဥ်းစားရင်တော့ထူးဆန်းနေမှာဘဲ....
ကိုယ်မသိထားတဲ့...ရုပ်နာမ်တွေရဲ့အရောအစပ်ဘက်ကကြည့်ရင်တော့..ဘာမှမထူးဆန်းပါဘူး...
ကိုယ်မသိတဲ့အရာက...ဘယ်ဟာမဆိုထူးဆန်းတယ့လို့ထင်နေတဲ့စိတ်ကြောင်ပါဘဲ...
အသစ်ဆုံးပထမ
ဇာတ်မင်းသားလား
ထားခဲတဲ့အရာတွေကျောက်
ဖြစ်သွားတာကိုသွားပြီးလေ့လာချင်ပါတယ်။
စုံစည်းခွင့်ရှိပြီးပေါင်းစည်းခွင့်မရှိတဲ့ pacific ocean and atlantic ocean အကြောင်း ရှင်းပြပါ
မင်းပြောတာရိုင်းတယ် မင်းထက်သိပြီးပြီ
ကျွန်တော်တို့တော့ ရိုင်းတာမျိုးမပါရအောင် အတတ်နိုင်ဆုံးသတိထားပါတယ်။ ရိုင်းရိုင်းစိုင်းစိုင်းပြောလိုက်တယ်ဆိုတဲ့ နေရာလေးကို တစ်ချက်ပြပေးပါလား။