အင်တာနက်က ကြော်ငြာတွေကိုဘယ်လိုပိတ်မလဲ

Поделиться
HTML-код
  • Опубликовано: 28 апр 2020
  • ဒီ Video လေးမှာ အင်တာနက်မှာ တက်တဲ့ကြော်ငြာတွေကို ဘယ်လို ပိတ်ရမလဲဆိုတာ ဝေမျှပေးထားပါတယ်ခင်ဗျ။ ကျနော်တို့ ရုပ်ရှင်ကြည့်တဲ့အခါတက်တဲ့ ကြော်ငြာတွေကို ဘယ်လိုပိတ်မလဲ.. ဖေ့ဘုတ်ကို ကြော်ငြာမတက်ပဲ့ ဘယ်လိုသုံးမလဲဆိုတာ ဝေမျှပေးထားပါတယ်နော်..
    ရုပ်ရှင်ကြည့်တဲ့အချိန်နှင့် အင်တာနက်သုံးတဲ့အချိန် ကြော်ငြာခဏခဏတက်လို့ စိတ်ညစ်နေရပါသလား
    ဟုတ်ကဲ့ အားလုံးပဲ့ မင်္ဂလာပါ ကျနော် ဒီနေ့ ဝေမျှပေးသွားမယ့် အကြောင်းရာလေးကတော့ ကျနော်တို့ အင်တာနက်ကနေ ရုပ်ရှင်ကြည့်တာပဲ့ဖြစ်ဖြစ် ဝက်ဆိုဒ့်တွေကြည့်တာပဲ့ဖြစ်ဖြစ် အင်တာနက်အသုံးပြုတဲ့အခါမျိုးမှာ ကြော်ငြာတွေခဏခဏတက်နေတာတွေကို ဘယ်လိုပိတ်ကြမလဲဆိုတာကို ဝေမျှပေးချင်ပါတယ်။
    ကဲ့.. အဲဆိုရင် အစီစဉ်လေးမစတင်ခင်မှာ ကျနော့်ရဲ့ RUclips Channel လေးကို Like and Subscribe လေးလုပ်ပေးတော့ အသစ်တင်တိုင်းအရင်အဦးဆုံးသိရအောင်လို့ဘေးနာ;းက Notification ခေါင်းလောင်းလေးကိုလည်း နိုပ်ခဲ့ပေးဖို့တောင်းဆိုအပ်ပါတယ်ခင်ဗျာ။
    ကဲ.. အဆင်သင့်ဖြစ်ရင်စလိုက်ကြရအောင်ဗျာ.. ကျနော် ဒီနေ့ မိတ်ဆက်ပေးမယ့် အရာလေးကတော့ Adblock ဆိုတဲ့ Google Chrome extension လေးပဲ့ဖြစ်ပါတယ်။ ဒေါင်းလုတ်လုပ်သူပေါင်း ၁၀ သန်းကျော်ရှိထားတဲ့ Google Chrome extension လေးပဲ့ဖြစ်ပါတယ်။ Google Chrome Extension ဆိုတာ Google Chrome Browser တွင် တပ်ဆင်အသုံးပြုရတဲ့ Plug-in ကိုဆိုလိုတာဖြစ်ပါတယ်။ Adblock ဆိုတဲ့ Google Chrome extension လေးကတော့ အင်တာနက်အသုံးပြုတဲ့အခါ တက်လေ့ရှိတဲ့ မလိုလားအပ်တဲ့ malware, scrams, cryptoccurrency miner တွေပါတဲ့ ကြော်ငြာတွေ Bannerတွေ Pop up တွေ အပြင် ဗွီဒီယိုကြည့်တဲ့အခါတက်လေ့ရှိတဲ့ ကြော်ငြာတွေကိုလည်း တားဆီးပေးမှာပဲ့ဖြစ်ပါတယ်။ သူ့အကြောင်းအပြည့်စုံကိုဖတ်ချင်ရင်တော့ Video Description မှာ Link ချပေးထားပါတယ်ခင်ဗျာ။
    chrome.google.com/webstore/de...
    ဒါဆိုရင် ဘယ်လို Install လုပ်ကြမလဲ?
    Adblock ဆိုတဲ့ Google Chrome Extension လေးကို Google Chrome Install လုပ်ထားတဲ့ Mac ကွန်ပျူတွေ Windows ကွန်ပျူတာတွေမှာ install လုပ်နိုင်ပါတယ်။
    ကဲအဲဆိုဆိုလို့ရှိရင် ကျနော်နဲ့အတူတူ Install လုပ်ကြရအောင်နော်..
    ပထမဦးဆုံး မိမိကွန်ပျူတာမှာရှိတဲ့ Google Chrome Browser ကိုဖွင့်လိုက်ပါ။
    ပြီးရင် Google Search မှာ Adblock Google Chrome Extension ဟုရိုက်လိုက်ပါ
    ဒါဆိုရင် အပေါ်မှာမြင်တွေ့နေရတဲ့အတိုင်း Adblock Extension လေးကျလာမှာပဲ့ဖြစ်ပါတယ်။
    အဲဒီလင့်ကို Click လုပ်လိုက်ပါ ပြီးရင် Add to Chrome ကိုနိုပ်လိုက်ပါ ။ ဒါဆိုရင် Google Chrome ရဲ့ညာဘက်ဒေါင့်မှာ လက်ဝါးပုံပါတဲ့ Stop SIgn လေးနဲ့ အိုင်ကွန်လေးကို မြင်တွေ့ရမှာပဲ့ဖြစ်ပါတယ်။
    ဒါဆိုရင် ကျနော့်အနေနဲ့ ကြော်ငြာတွေရှိတဲ့ ဝက်ဆိုဒ့်တစ်ခုကို သွားရောက်ပြီး ကြည့်ရှုကြည့်ပါမယ်။
    ကြော်ငြာတွေ မတက်တော့ပါဘူး.. Adblock icon လေးမှာ ကြော်ငြာတွေကိုပိတ်ထားတဲ့ အရေအတွက်ကိုမြင်ရမှာပဲ့ဖြစ်ပါတယ်ခင်ဗျာ။
    နောက်ပြီး RUclips ကိုသွားရောက်ပြီး Video တစ်ခုကို သွားရောက်ကြည့်မှာဖြစ်ပါတယ်။
    နောက်ပီး ဖေ့ဘုတ်က Facebook Watch နဲ့ သွားကြည့်မှာဖြစ်ပါတယ်။
    ကဲအခုလို ကျနော်ဝေမျှပေးသွားတဲ့ အကြောင်းရာလေးကို ကြိုက်နှက်သက်လိမ့်မယ်လို့မျှော်လင့်ပါတယ်။ သူငယ်ချင်းများအနေနဲ့ ကျနော် ဝေမျှပေးတဲ့နည်းလမ်းလေးအတိုင်း မိမိကွန်ပျူတာ လုပ်ကြည့်နိုင်ပါတယ်။ အဆင်မပြေတာရှိရင် ဗွီဒိုယီုအောက်မှာရှိတဲ့ ကွန်မန့်မှာ ဝင်ရောက်ရေးပေးသွားပါလို့ တောင်းဆိုအပ်ပါတယ်ခင်ဗျာ။
    အခုလို ဗွီဒယိုလေးကိုဆုံးအောင်ကြည့်ရှုပေးတဲ့ သူငယ်ချင်းအယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ပါတယ်။
    သူငယ်ချင်းများအားလုံး မင်္ဂလာရှိသေးနေ့လေးဖြစ်ကြပါစေ.. နောက် ဗွီဒီယိုမှာပြန်ဆုံကြတာပေါ့နော်..
    #Adblocker #BlockAds #၁၀မိနစ်နည်းပညာ #၁၀မိနစ်နည်းပညာ
    🦜 FOLLOW US
    💬 𝙼𝚎𝚜𝚜𝚎𝚗𝚐𝚎𝚛: bit.ly/3kyS7PA
    🏠 𝙵𝚊𝚌𝚎𝚋𝚘𝚘𝚔 𝙿𝚊𝚐𝚎: bit.ly/3hG0gQt
    👨🏻‍💻 👩🏻‍💻 သီးသန့် - 𝙵𝚊𝚌𝚎𝚋𝚘𝚘𝚔 𝙶𝚛𝚘𝚞𝚙: bit.ly/2FIcknf
    🎬 𝐘𝐨𝐮𝐓𝐮𝐛𝐞 𝐂𝐡𝐚𝐧𝐧𝐞𝐥 - 𝐒𝐮𝐛𝐬𝐜𝐫𝐢𝐛𝐞: bit.ly/3mw4pue
    📷𝙸𝚗𝚜𝚝𝚊𝚐𝚛𝚊𝚖: bit.ly/2FObTHW
  • ХоббиХобби

Комментарии • 6

  • @user-gj2bj8hk4n
    @user-gj2bj8hk4n 4 месяца назад

    ဖုန်းမှာလုပ်ပြပေးလို့ရမလားအကို လိုင်းသုံးနေရင်းကြော်ငြာတေခနခနတက်လာနေလို့ပါ

  • @user-gj2bj8hk4n
    @user-gj2bj8hk4n 4 месяца назад

    ဖုန်းမှာလုပ်ပြပါလားအကို လိုင်းသုံးနေရင်း ကြော်ငြာတေခနခနပေါ်နေလြိ့လို့ပါ

  • @user-gj2bj8hk4n
    @user-gj2bj8hk4n 4 месяца назад

    ဖုန်းမှာလုပ်ပြပေးလို့ရမလားအကို လိုင်းသုံးနေရင်းကြော်ငြာတေွခနခနတက်လာနေလို့ပါ

    • @10MINSTECH
      @10MINSTECH  4 месяца назад

      ဟုတ်ကဲ့ လုပ်ပြပေးမယ်နော်

  • @user-cx9uk3ke7v
    @user-cx9uk3ke7v Год назад

    ဘယ်လိုမှလုပ်လို့မရလို့ဆရာ

  • @user-yw3te7nk6z
    @user-yw3te7nk6z 7 месяцев назад

    နားမလယ်ဘူး ရှင်းပြတာ