ကမ္ဘောဒီးယန်းဘိုးဘေးတွေ ပါဝင်တည်ဆောက်ခဲ့ကြတဲ့ ပဲခူးမြို့က မဟာစေတီဘုရားကြီး
HTML-код
- Опубликовано: 10 фев 2025
- ဒီ vlog လေးကတော့ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ မဇင်းရပ်ကွက်မှာ တည်ရှိတဲ့ စိတ်ဝင်စားစရာကောင်းလွန်းတဲ့ ရှေးဟောင်းသမိုင်းဝင် စေတီတော်ကြီးတစ်ဆူဖြစ်တဲ့ မဟာစေတီဘုရားကြီးကို သွားရောက်ဖူးမြော်ခဲ့ တဲ့ ဘုရားဖူး vlog လေးပဲဖြစ်ပါတယ်။ မဟာစေတီတော်ကြီးဟာ ဒုတိယမြန်မာနိုင်ငံကို တည်ထောင်ခဲ့တဲ့ ဘုရင့်နောင်မင်းတရားကြီး တည်ထားကိုးကွယ်ခဲ့တဲ့ စေတီတော်ကြီးဖြစ်တာကြောင့် အလွန်တရာမှ ရှေးကျတဲ့ စေတီတော်ကြီးတစ်ဆူလည်း ဖြစ်ပါတယ်။ ဒါ့အပြင် မဟာစေတီတော်ကြီးကို ပြည်တွင်းက ဘုရားဖူးခရီးသည်တွေသာမကပဲ ပြည်ပ အိမ်နီးချင်းနိုင်ငံတွေဖြစ်ကြတဲ့ ထိုင်းနိုင်ငံနဲ့ ကမ္ဘောဒီးယားနိုင်ငံသားတွေကလည်း လာရောက် ဖူးမြော်ကြည်ညိုကြပါတယ်။ မဟာစေတီတော်ကြီးကို စတင်တည်ဆောက်ခဲ့စဉ်အခါက ခမာ (ယခု ကမ္ဘောဒီးယား)လူမျိုးတွေလည်း ပါဝင်တည်ဆောက်ခဲ့ကြတယ်လို့ လေ့လာခဲ့ရပါတယ်။ ကမ္ဘောဒီးယားဘုရင်သီဟာနုကိုယ်တိုင် မြန်မာပြည်ကို ချစ်ကြည်ရေးခရီးအဖြစ် အလည်အပတ်လာရောက်ခဲ့စဉ်အခါကလည်း ရှေးခေတ် ကမ္ဘောဒီးယန်း ဘိုးဘေးတို့ ပါဝင်တည်ဆောက်ခဲ့ကြတဲ့ ပဲခူးမဟာစေတီတော်ကြီးကို သွားရောက်ဖူးမြော်ဖို့အတွက် မြန်မာအစိုးရဆီ ခွင့်ပန် တောင်းဆိုခဲ့ဖူးကြောင်းကိုလည်း လေ့လာသိရှိခဲ့ရပါတယ်။ ဒ့ါအပြင် ဘုရင့်နောင်မင်းတရားကြီး ယိုးဒယားပြည်ကို သိမ်းပိုက်ခဲ့စဉ်အခါက ယိုးဒယားဘုရင့်သမီးတော်တစ်ပါးဖြစ်တဲ့ ဆုပန်ကလျာကို မိဖုရား အဖြစ် သိမ်းပိုက်တော်မူခဲ့ပါတယ်။ အဲဒီလို ဘုရင့်နောင်မင်းတရားကြီးသိမ်းပိုက်ခဲ့တဲ့ ထိုင်းမင်းသမီးဆုပန်ကလျာကို ထိုင်းလူမျိုးတွေက ယနေ့ထိထက်တိုင် နတ်ဘုရားမတစ်ပါးအ ဖြစ် ယုံကြည်ကိုးကွယ်ခဲ့ကြပါတယ်။ ဒါကြောင့်လည်း ပဲခူးမဟာစေတီတော်ဘုရားကြီးကို ထိုင်းလူမျိုးတွေဟာ နှစ်စဉ်နှစ်တိုင်းလာရောက်ကြပြီး ဆုပန်ကလျာရဲ့ နတ်နန်းရှေ့မှာ ပူဇော်ပသမှုတွေကို ပြုလုပ်လေ့ရှိကြပါတယ်။ ဒါကြောင့် ရှေးဟောင်းသမိုင်းဝင်အနေနဲ့ သာမက ယုံကြည်ကိုးကွယ်မှုဆိုင်ရာသမိုင်းကြောင်းတွေအရပါ စိတ်ဝင်စားစရာကောင်း လွန်းတဲ့ ပဲခူးမဟာစေတီတော်ကြီးအကြောင်းကို အများပြည်သူ ဖူးမြော်ကြည်ညိုနိုင်ဖို့ရန် အတွက် ရိုက်ကူးတင်ဆက်ပေးလိုက်ရခြင်းပဲ ဖြစ်ပါတယ်ခင်ဗျာ။