"အဖေ့မယား" စာရေးသူ - မြသန်းတင့် (သြဂုတ်တစ္ဆေများနှင့်အခြားဝတ္ထုတိုများ)

Поделиться
HTML-код
  • Опубликовано: 15 сен 2024
  • အဖေ့မယား
    (သြဂုတ်တစ္ဆေများနှင့်အခြားဝတ္ထုတိုများ)
    စာရေးသူ - မြသန်းတင့်
    စာဖတ်သူ - နန်းသိင်္ဂီ
    ကြာချိန် - ၁၅ : ၁၂ မိနစ်
    စာမြည်း
    “ကျွန်တော့်အဖေ အသက် ငါးဆယ်အတွင်းမှာ သူ့ကို လက် ထပ်ခဲ့တာပဲ။ အဲဒီတုန်းက သူက အသက် ၂၀လောက်ပဲ ရှိသေးတယ်” ဟု ကျွန်တော်က ရှေ့နေကို ပြောပြသည်။ အဖေသည် စာကောင်းကောင်း မတတ်သည့် ရှေးဆန်သော ကန်ထရိုက်တာကြီး တစ်ဦးဖြစ်သည့်အတွက် ရသည့်ငွေများကို ဘဏ်တိုက်တွင် အပ်လေ့မရှိဘဲ သူ့အိပ်ခန်းထဲက ဘီရိုကြီး တစ်လုံးထဲတွင် ထည့်ထားလေ့ရှိသည်။ ကျွန်တော်တို့တစ်တွေ မိသားစုတစ်စုတည်းအဖြစ် ဥမကွဲသိုက်မပျက် ရှိခဲ့စဉ်တုန်းကတော့ အဖေ ထိုသို့ ပိုက်ဆံ အလွယ်တကူ ထားသဖြင့် ကျွန်တော်တို့ ပျော်ခဲ့ကြသည်။ သူနောက် အိမ်ထောင်ပြုမည်ဟု ပြောလိုက်သည့်အခါ၌ အမေ၊ ကျွန်တော့်အစ်ကိုကြီး၊ ကျွန်တော်နှင့် အိမ်ခွဲ၍ နေကြသော ကျွန်တော်တို့ အစ်မများ စသည့် ကျွန်တော်တို့ မိသားစု အသိုက်အဝန်းတွင် ဗုံးကြီးတစ်လုံး ပေါက်ကွဲ သကဲ့သို့ ဖြစ်ခဲ့ရသည်။ အပေါ်ဆုံးထပ်ကို အဖေနှင့် သူ့နောက်မိန်းမ အတွက် ဘီရိုကြီးကို ပေးလိုက်ရသည်။ ကျွန်တော်တို့သည် အဖေ့မိန်းမ ၏နုနယ်ပျိုမျစ်မှုနှင့် အလှတို့ကြောင့် တအံ့တသြ ဖြစ်နေကြသည်။ အမေ ငိုယိုရင်းက ဆို့နစ်တုန်ရီသော အသံဖြင့် “တို့အားလုံးတော့ ဒုက္ခလှလှကြီး ရောက်ပြီ။ စားစရာဆိုလို့ ပဲတောင့်ကလေး တစ်တောင့်တောင် ရှိမှာ မဟုတ်တော့ဘူး” ဟု ဆိုသည်။
    *ယခုအသံ file များကို ကြော်ငြာမပါဘဲ Mp3 နဲ့ ရယူချင်ပါက အဖွဲ့ဝင်ပြီး ရယူနိုင်ပါတယ်။
    *အဖွဲ့ဝင်လိုပါက Messenger Link မှတဆင့် (သို့မဟုတ်) Viber Link မှတဆင့် စာပို့ဆက်သွယ်နိုင်ပါတယ်။
    🔰 LH Messenger Link - m.me/listenersh... (Or)
    🔰 LH Viber Link - invite.viber.c....
    🔰 LH Website Link - www.lhaudiobook.combN&lang=en
    🔰 LH tiktok Link - www.tiktok.com...

Комментарии •