Khit Thit သတင်းဌာန၏ ဇူလိုင် ၁၉ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Поделиться
HTML-код
  • Опубликовано: 5 сен 2024
  • Khit Thit သတင်းဌာန၏ ဇူလိုင် ၁၉ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
    By ရန်ကုန်ခေတ်သစ်
    ဒီကနေ့ ဇူလိုင် ၁၉ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
    - အကြမ်းဖက်စစ်ကောင်စီက ယာယီသမ္မတအဖြစ် တင်မြှောက်ထားတဲ့ မြင့်ဆွေဟာ အထူး ဆေးကုသမှု ခံယူနေရတာကြောင့် မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်ကောင်စီဟာ သက်တမ်းတိုးပြီး တိုင်းပြည်ကို အုပ်ချုပ်ဖို့ အကျပ်အတည်း ဆိုက်နေတယ်လို့ တရားလွှတ်တော်ရှေ့နေအသိုင်းအဝိုင်းဆီကနေ သိရပါတယ်။
    - ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ညီနောင်မဟာမိတ် တပ်တွေက ၄ ရက်ကြာ ထိုးစစ်ကို ရပ်ထားပေးပြီး တဲ့နောက်မှာပဲ ၄ ရက်ပြည့်သွားပြီဖြစ်တဲ့အတွက် ဒီကနေ မနက်ပိုင်းစပြီး လားရှိုးနဲ့ မိုးကုတ်မြို့နယ် တွေမှာ တိုက်ပွဲတွေအပြင်းအထန် ဖြစ်ပွားနေပြီလို့ ဒေသခံ ပြည်သူတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
    - မန္တလေးတိုင်းက စဉ့်ကူးမြို့နယ်မှာရှိတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ ထုံးကြီးတပ် စခန်းကို တော်လှန်ရေး တပ်ဖွဲ့တွေက ထပ်မံ သိမ်းပိုက်လိုက်ပြီး ၊ ပျူစောထီး ခေါင်းဆောင် ကျော်စိုး ဆိုသူကို အရှင်ဖမ်းဆီးရမိထားတဲ့အပြင် ၊ နောက်ထပ် ပျူစောထီး အယောက် ၅၀ နီးပါးက အလံဖြူထောင် လက်နချက်ခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

Комментарии • 749