မအောင်မြင်တဲ့ ဘိုလီးဗီးယား အာဏာသိမ်းမှုအပြီး ကြည်းတပ်နဲ့ ရေတပ် အကြီးအကဲဟောင်းတွေ အဖမ်းခံရ

Поделиться
HTML-код
  • Опубликовано: 5 окт 2024
  • မအောင်မြင်တဲ့ ဘိုလီးဗီးယား အာဏာသိမ်းမှုအပြီး ကြည်းတပ်နဲ့ ရေတပ် အကြီးအကဲဟောင်းတွေ အဖမ်းခံရ
    ဇွန် ၊ ၂၈
    မအောင်မြင်ခဲ့တဲ့ အာဏာသိမ်းမှုအပြီး ဘိုလီးဗီးယားမှာ ကြည်းတပ်နဲ့ ရေတပ် အကြီးအကဲဟောင်းတွေ အပါအဝင် ဒါဇင်နဲ့ချီတဲ့ လူပုဂ္ဂိုလ်တွေကို အစိုးရက လိုက်လံ ဖမ်းဆီးနေပါတယ်။
    ဇွန်လ ၂၆ ရက်နေ့က ဘိုလီးဗီးယား နိုင်ငံရဲ့ မြို့တော် လာပက်ဇ်မှာ သံချပ်ကာယာဉ်တွေနဲ့ စစ်သားတွေက ဖြန့်ကျက်လိုက်ပြီး သမ္မတ အိမ်တော်ကိုပါ ပိတ်ဆို့ထားလိုက်ပါတယ်။ စစ်သားတွေဟာ လွှတ်တော်နဲ့ အစိုးရရုံးတွေကိုပါ စီးနင်းထားခဲ့သလို သမ္မတ အိမ်တော်ကိုလည်း ချိုးဖျက်ဝင်ဖို့ ကြိုးစားခဲ့ပါတယ်။ တချိန်တည်းမှာပဲ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ပြည်သူတချို့ကို စစ်သားတွေက မျက်ရည်ယိုဗုံးတွေ ပစ်ခတ်ပြီး လူစုခွဲခဲ့ပါတယ်။
    #ဘိုလီးဗီးယား #မအောင်မြင်တဲ့အာဏာသိမ်းမှု #ကြည်းတပ် #ရေတပ် #အဖမ်းခံရ
    #DeltaNewsAgency #DNA

Комментарии • 14

  • @Sports-R10
    @Sports-R10 3 месяца назад +3

    အများပြည်သူ တင်မြှောက်ခြင်းမရှိပဲ အာဏာသိမ်းချင်သူ
    မှန်သမျှ အဝီစိငရဲ ကျရောက်ကြပါစေ

  • @nyanlin4172
    @nyanlin4172 3 месяца назад +7

    အာဏာဘယ်လို သိမ်း ရတယ်ဆိုတာ
    မြန်မာနိုင်ငံမှာ လာပြီး အတွေ့အကြုံယူသင့်တယ်😂😂

    • @Vok_xio
      @Vok_xio 3 месяца назад

      😅

  • @ThawZin-t1v
    @ThawZin-t1v 3 месяца назад +3

    စစ်ခွေးသန်းရွှေ သိန်းစိန် မောင်အေး ခင်ညွန့်တို့ကိုလည်းဖမ်းရမယ်

  • @joel773
    @joel773 3 месяца назад +2

    အာဏာသိမ်းတာက စစ်မှန်တဲ့ ဒီမိုကရေစီ ဖော်ဆောင်ပေးပို့တဲ့😂😂😂

  • @siskhwaykiller23
    @siskhwaykiller23 2 месяца назад

    အာဏာဘယ်လိုသိမ်းရသလဲ မင်းအောင်လှိုင်ဆီမှာ သင်ယူချင်တယ်ဆိုရင်တော့ အခုနေ မှီသေးတယ် သိမ်းပြီးရင် ဘယ်လိုနေရမယ် ဘယ်လိုအိပ်ရမယ် ဘာဆေးသောက်ရမယ်လို့ သင်ပြပေးပါလိမ့်မယ် 😂😂😂

  • @Demon36963
    @Demon36963 3 месяца назад

    မင်းတို့‌တွေ မအလလောက်တောင် စောက်ဖြစ်မရှိဖူး။

  • @Appolo-w1i
    @Appolo-w1i 3 месяца назад

    ဘယ်လိုလို့စစ်တပ်ကအာဏာသိမ်းချင်နေတာလဲ၊ပူတင်ရဲ့ပယောဂများပါသလားပေါ့ 😊

  • @funnyvideoinmyworld2295
    @funnyvideoinmyworld2295 3 месяца назад +1

    မင်းအောင်လှိုင်ထက်တုံးတဲ့ကောင်ကိုတွေ့ဖူးပြီး😅

  • @MyoMyintTun-v4d
    @MyoMyintTun-v4d 3 месяца назад

    ဘိုလီးဘီးယာကို လေးစားတယ် မြန်မာလဲ အဲ့လိုဖြစ်ရမှာ ဥပဒေကို လေးစားတဲ့နိုင်ငံ

  • @MICHILI-eg2mp
    @MICHILI-eg2mp 3 месяца назад

    General aung san လိုပါသွားမှာ Danger

  • @ryanaunguae
    @ryanaunguae 3 месяца назад

    တပ်သားတွေရဲ့ brain level ပဲ

  • @minminoo33
    @minminoo33 3 месяца назад

    ‌ဒီသတင်းစကြားတော့အလွန်စိတ်မကောင်းဖြစ်သွားတာတကယ်ပါအာဏာရှင်အောက်နေဖူးမှသိတာဘိုလီးဘီယားနိုင်ငံကပျောက်ကျားစစ်ဘုရင်လို့ယနေ့ထိကမ္ဘာကလက်ခံထားတဲ့ချေဂွေဗားရားကိုသတ်ခဲ့တာ